Showing posts with label mine lin. Show all posts
Showing posts with label mine lin. Show all posts

Thursday, March 31, 2011

Aids / Donation to Myanmar Earth Quake Victims

အားလုံးသိတဲ့ အတိုင်းပဲ မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှမ်းပြည် အရှေ့ပိုင်းနားမှာ နေသူတွေ အနက် တာလေ၊ မိုင်းလင်း၊ ကျကူနီရွာမှာ နေသူတွေ ငလျင်ဒဏ်ခံခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သလို အသက်ဆုံးရှုံးမှုတွေလဲ ဖြစ်ခဲ့ပါတယ်။

အခုလဲ တတ်နိုင်သလောက် ကူညီပေးချင်တဲ့ ဆန္ဒနဲ့ မိမိတို့ တစ်နိုင် အလှူငွေများ ကောက်ခံပြီး ငလျင်ဒဏ်သင့် ဘေးဒုက္ခ ရောက်သူတွေကို ကူညီဖို့ ဆောင်ရွက်နေပါတယ်။
ရည်ညွှန်း ။ ။ နိုင်းနိုင်းစနေ ရဲ့ “အလှူခံပါရစေ


အကျဉ်းအနေနဲ့ ပြောရရင် နိုင်းနိုင်းစနေ ဘလော့ထဲက အချို့ကို တင်ပြပါရစေ။

ရရှိတဲ့ငွေတွေကို လှူဖို့ဘယ်လို အစီအစဉ်ရှိလဲလို့ မေးမြန်းလာသူတွေကို အကြမ်းဖျင်း (လိုအပ်တာကို ဦးစားပေးပြီး) တွက်ချက်ပါတယ်။ ဒါကလဲ ငလျင်ဒဏ်သင့်သူတွေ လိုအပ်မယ်ထင်တဲ့အရာတွေကို ကိုယ်တိုင်သွားရောက် ကူညီခဲ့တဲ့ စိုင်းရဲ့မျက်မြင်ကိုယ်တွေ့တချို့ပါ။
အဲဒီဒေသမှာ အဓိကလိုအပ်နေတာက သောက်သုံးရေ၊ မိုးကာ၊ ရွက်ဖျင်၊ စားနပ်ရိက္ခာတွေပါ။ 
တကယ်လို့ ရေတွေကြည်လာပြီဆိုရင် ရေကိစ္စက ပြီးသွားပါပြီ။
နောက် တခြားလှူဒါန်းသူတွေကြောင့် မိုးကာတွေ လုံလောက်ပြီဆိုရင် နေအိမ်အတွက် ကျွန်မတို့လှူဒါန်းနိုင်ပါတယ်။ 
အိမ်တော်တော်များများ၊ ဘုန်းကြီးကျောင်း တော်တော်များများလည်း ပြိုပျက်သွားတဲ့အတွက် ယာယီအိမ်၊ ကျောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ အလှူငွေ ကောက်ခံရရှိတဲ့အပေါ် မူတည်ပြီး ဒာလှူကကြီးသင့်သလို ကြီးသွားမှာပါ။ 
အဓိက လှူဒါန်းဖြစ်မယ့်နေရာက ဝေးခေါင်ပြီး လူသူအရောက်နည်းတဲ့ နေရာဖြစ်ပါတယ်။ 
လှူဒါန်းမယ့်သူရှိပြီဆိုရင် တာချီလိတ်မြို့က စက်အား၊ လူအားနဲ့ကူညီမယ့်သူတွေက အဆင်သင့်ရှိနေပါတယ်။ 
လှူဒါန်းရရှိတဲ့ငွေတွေကို နေ့စဉ် အပ်ဒိတ်ဖော်ပြသွားမှာပါ။ 
အလှူဖြစ်မြောက်ဖို့အတွက် လိုအပ်တဲ့အကြံဉာဏ်တွေကိုလည်း ပေးနိုင်ကြပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်...
ဆက်သွယ်လှူဒါန်းလိုသူများ အောက်ပါ အဆက်အသွယ်ကနေ စုံစမ်း လှူဒါန်းနိုင်ပါတယ်။ အခုအချိန်မှာ မိမိတို့ရဲ့ တတ်နိုင်သလောက် ကူညီမှုများဟာ ငလျင်ဒဏ်သင့်သူတွေအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်။

စေတနာရှိသလောက် ပါဝင်လှူဒါန်းချင်သူများ
- မြန်မာပြည်ဆိုရင် စိုင်း "soelintck@gmail.com" 
- စင်ကာပူဆိုရင် ဘွိုင်းဇ် "mr.boyz@gmail.com" 
- အမေရိကန်ဆိုရင် "nineninesanay@gmail.com"
- ယူကေက ဆိုရင် "redpapyrus@gmail.com" ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

- PayPal အကောင့်နဲ့ လွဲချင်တယ်ဆိုရင်လဲ ရပါတယ်။ကျွန်တော်တို့ဆီကို အီးမေးလ်နဲ့ ဆက်သွယ်လိုက်ပါခင်ဗျား။ ပေးပဲလ်အတွက် ဆက်သွယ်ရမယ့် လိပ်စာကို ပို့ပေးလိုက်ပါ့မယ်။
- အထက်ဖော်ပြပါ နေရာများကို လွဲပေးဖို့ အခက်အခဲ ရှိနေသူများအတွက် ကျွန်တော်တို့ စီစဉ်ပေးနေပါတယ်။ ထပ် အကြောင်းကြားပေးပါ့မယ်။


ဒါမှမဟုတ် ထိုင်းနိုင်ငံတွင်းက လှူဒါန်းချင်သူများအတွက် ထိုင်းဘဏ်အကောင့်လဲ ရှိပါတယ်။
Bank - SIAM COMMERCIAL BANK PUBLIC COMPANY LIMITED. THAILAND.
NAME - MISTER U MYINT LWIN
A/C No. - 636-215770-1

ကောက်ခံရရှိလာတဲ့ အလှူငွေနဲ့ အလှူရှင်များ စာရင်းကို ဒီမှာ ဖတ်ရှုပြီးတော့ ကုသိုလ်ယူ ပီတိပွားနိုင်ကြပါပြီ။

Monday, March 28, 2011

Myanmar Earth Quake Update Image 27/03/2011 (Kya-Ku-Ni)

တာချီလိတ်က သူငယ်ချင်း ကိုစိုင်း မနေ့က ကျကူနီ ရွာကို ရောက်အောင် သွားခဲ့ပါတယ်။
လမ်းအခြေအနေက အတော်ကို ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ သူကြုံခဲ့ရတာတွေကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါတယ်။

ခရီးမဝေးပေမယ့် လမ်းဆိုးတော့ ညနေ ၅နာရီခွဲလောက်မှအဲဒီကိုရောက်တယ်။ 
ကားလမ်းကသွားမရအောင်ဆိုးတယ်။ 
ဆိုင်ကယ်ပဲ မနည်းမောင်းရတယ်။ 
ရွာမှာ အိမ်၁၄၀ကျော်လောက် ပျက်စီးသွားတယ်။ 
အကုန်နီးပါးလောက်ဆိုပါတော့ ။ 
လူကတော 22 ယောက်သေပြီး 57 ယောက်ဆေးရုံတင်ထားရတယ်။ 
အနည်းအပါးထိခိုက်တာကတော့ မနည်းဘူး။
အဲဒီက အရမ်းခေါင် ဝေးလွန်းတဲ့အတွက် ကူမယ့်သူက ဘယ်သူမှမရောက်ဘူး။ 
ရွာမှာတော့ စစ်တပ်ကလာပို့ထားတဲ့ ခေါက်ဆွဲဖာနဲ့ ရေသန့်တွေနည်းနည်းပဲရှိတယ်။ 
 လူကြီး 2ယောက်3 ယောက်လောက်ပဲ ရွာမှာကျန်တော့တယ်။ 
ကျန်တဲ့သူတွေကတော့ ထွက်ပြေးကုန်ကြပြီ။ ညဆို ရွာမှာမအိပ်ရဲကြလို့ တောထဲ၊ တောင်ယာတဲတွေမှာ သွားအိပ်ကြတယ်။ 
သူတို့လူအများသေရတာက ဘုရားရှိခိုးကျောင်းထဲမှာ ဆုတောင်းပွဲကျင်းပနေချိန်မှာ ငလျင်လှုပ်လိုက်လို့ ဘုရားကျောင်းပြိုကျပြီး အကုန်လုံး ဒုက္ခရောက်ကုန်တာ။ 
သေတာ လူငယ်တွေများတယ်။ 
အဲဒီကျောင်းမှာ ပဲ 22ယောက်လုံး တစ်ချိန်တည်းသေသွားတော့ ရွာသားတွေ သွေးပျက်ကုန်တာ။ 
ဆေးရုံတက်တဲ့အထဲက တစ်ယောက်ကတော့ တနေ့က ထပ်သေသွားတယ်။ 
နောက်သူတို့က ဗဟုသုတမရှိတော့ သူတို့ရွာ မြေကြီးထဲရောက်မယ်လို့ယုံကြည်နေကြတယ်။ 
အဲမှာက မြေကြီးအော်သံ ခဏခဏကြားရတယ်။ 
ငလျင်ဗဟို(epicenter) နဲ့က ၃မိုင်လောက်ပဲဝေးတော့ တော်တော်ဆိုးဆိုးဝါးဝါးခံခဲ့ရပုံပဲ။ 
ကျန်ခဲ့တဲ့သူတွေ မနေရဲကြတော့ဘူး။

20°40'40.88" N  99°59'39.24" E
  အဲဒီ ကုဒ်ကို Google Earth ကနေကြည့်ရင်ရတယ်။ 
အဲဒါ ကျကူနီရွာပဲ။
 ပုံတွေကိုတော့ အောက်မှာ ပြထားပါတယ်။  











Sunday, March 27, 2011

Myanmar Earth Quake Update Image 26/03/2011

မနေ့က တာချီလိတ်က သူငယ်ချင်းက တာလေနဲ့ မိုင်းလင်းကို နောက်တစ်ခေါက် ရောက်ခဲ့ပြန်ပါတယ်။
အီးမေးလ်ထဲကို ပုံတွေ ထပ်ပို့ပေးလာပါတယ်။
ဒီတစ်ခေါက်တော့ မိုင်းလင်းက ပုံတွေ ပါလာပါတယ်။
တဲပုတ်တွေ သက်ကယ်တဲတွေနဲ့ပုံတွေက မိုင်းလင်းက ပုံတွေပါ။
လောလောဆယ်တော့ တာဝန်ရှိသူတွေက ကူညီနေတာ တွေ့ရသလို တစ်နိုင်တစ်ပိုင် လာရောက် လှူဒါန်းသူတွေလဲ တွေ့နေရတယ်။
အဓိကကတော့ ရေပြဿနာပါပဲ။
ငလျင်ကြောင့် ရေတွေ အကုန်နောက်ကျိသွားပါတယ်။
ရေတွင်းက ကန်းသွားတာပါ။
သူငယ်ချင်းကတော့ တာချီလိတ်ကနေ ဘူးကြီးတွေနဲ့ သယ်သွားပြီး ဘူးဗလာတွေကို ပြန်သယ်လာတယ်။
နောက် ရေပြန်ဖြည့်ပြီး ပြန်သွားဝေတယ် ပြောတယ်။ ဘူးသေးတွေက ရှားနေပြီ ပြောပါတယ်။
ထမင်းတွေကို မနက် ၂ နာရီလောက်က စတည်ပြီး အထုပ်ထုပ် ပြန်သွားဝေ လုပ်နေကြတယ်တဲ့။
တတ်နိုင်သလောက် ကူကြတယ်။
တာချီလိတ် တစ်ဘက်ကမ်းက မယ်ဆိုင်မြို့ရဲ့ အဓိက ကုန်တိုက်ဖြစ်တဲ့ Lotus ကုန်တိုက်မှာ စားစရာတွေ ပြတ်လပ်ကုန်ပါပြီ။
နက်ဖြန်၊ သန်ဘက်ခါလောက်ကို မုန်တိုင်းတိုက်ဦးမယ်ဆိုတဲ့ ကောလဟလကြောင့် လူတွေ ကြောက်လန့်တကြား ဝယ်နေကြပါတယ်တဲ့။
(မိုးအုံ့ရာကနေ ခုတော့ နေနည်းနည်း ပြန်ပွင့်လာပြီ ပြောပါတယ်။)
ဒီကနေ့ မနက် ၃ နာရီခွဲကလဲ ငလျင်ထပ်လှုပ်သေးတယ်လို့ ပြောပါတယ်။ ငါးစက္ကန့်လောက် ကြာပါတယ်တဲ့။ ပြင်းတော့ တော်တော် ပြင်းတယ် ပြောပါတယ်။ 
စင်ကာပူကလဲ စပြီး အလှူငွေတွေ ကောက်ခံနေပါပြီ။
မိမိတို့ရဲ့ အဆက်အသွယ်ကနေ တစ်ဆင့် လှူနေကြပါတယ်။ 
ပုံတွေကတော့ ရတတ်သမျှတွေကို သူရိုက်လာတာတွေကို တင်ပေးနေတာပါ။
များပါတယ်။ ပုံပေါင်း ၃၀ နီးပါး ရှိပါတယ်။
























All photos credit to Ko Sai.