![]() |
| မကြောက်ပါနဲ့။ ထောင်မဖောက်မီတုန်းက တင်ထားတဲ့ iPad 2 Lock Screen ပုံလေးပါ။ |
အိုင်ဖုန်းကို အောင်မြင်အောင် ထောင်ဖောက်ပေးနိုင်ခဲ့တဲ့ Hacker ဆရာကြီး Comex ရဲ့ Jailbreakme 3.0 နဲ့ မိမိတို့ရဲ့ iPad2 4.3.3 ကို ထောင်ဖောက်နိုင်ပါပြီ။
မိမိတို့ရဲ့ iPad 2 မှာ ရှိတဲ့ Safari Browser ကနေပြီးတော့ အောက်ပါလိပ်စာအတိုင်း သွားလိုက်ပါ။
http://www.jailbreakme.com
အဲဒီနောက် Cydia ဆိုတဲ့ လိုဂိုအောက်နားက Free ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
အဲဒီခလုတ်လေးက Install ဆိုတာ ပြောင်းသွားရင် အဲဒီ Install ခလုတ်ကို ထပ်နှိပ်လိုက်ပါ။ ကျန်တာတွေကတော့ သူ့အလိုအလျောက် ထောင်ဖောက်ပေးသွားပါလိမ့်မယ်။
နောက်ဆုံးမှာ အောက်က ပုံအတိုင်း ကိုယ့် စကရင်မှာ Cydia ဆိုတဲ့ apps store တစ်ခု ကိုယ့်အိုင်ပက်မှာ ပေါ်လာရင် ထောင်ဖောက်တာ အောင်မြင်သွားပြီလို့ ဆိုရပါပြီ။
နောက်မှ အသေးစိတ် ထပ်ရေးပေးပါမယ်။
လောလောဆယ် ထောင်ဖောက်ထားတာကို ကလိ လိုက်ပါဦးမယ်။
အကယ်၍ မိမိကိုယ်တိုင် ထောင်ဖောက်ချင်တယ်ဆိုရင် အောက်ပါလင်ခ့်များက ကျူတိုရီရယ်များကို အသုံးချပြီး ကြိုးစားနိုင်ပါတယ်။
http://www.redmondpie.com/jailbreak-ipad-2-4.3.3-using-jailbreakme-3.0-how-to-tutorial/
http://www.iclarified.com/entry/index.php?enid=15889
Thanks for iPad, Honey.







