Thursday, August 30, 2007

Ratatouill & Evan Almighty




မနေ့က တစ်ကား ဒီနေ့တစ်ကား ကြည့်မိတယ်။ Sneak ရှိုးဆိုလို့ ၀င်ကြည့်တာ ။
ရီရတယ်။ မနေ့က ကြည့်မိတဲ့ကားက Ratatouille တဲ့။ အစားအသောက် အချက်အပြုတ် ၀ါသနာပါတဲ့ အနံ့ခံကောင်းတဲ့ ကြွက်ကလေး နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကြီး စားသောက်ဆိုင်မှာ အမှိုက်သိမ်းတာဝန် ထမ်းဆောင်နေတဲ့ ကောင်လေး နှစ်ယောက်အကြောင်းကို ကြည့်ချင်စဖွယ် ရီချင်စရာလေး ဖြစ်အောင် ရိုက်ထားတာပါ။

Finding Nemo နီမိုငါးလေးကို ရိုက်ကူးတဲ့ အဖွဲ့ကပါ။ ကောင်းပါတယ်။
Evan Almighty ကတော့ ဂျင်မ်ပာရေးပါဝင်တဲ့ Bruce Almighty ရဲ့ အဆက်လို့ ပြောလို့ ရသလို တစ်ကားစီလို့လဲ ပြောလို့ ရပါတယ်။ နောဧ (Noel)ကို God ဘုရားသခင်က Ark လှေကြီး ဆောက်ခိုင်းတဲ့ ခရစ်ယာန်ပုံပြင်အကြောင်း ကြားဖူးရင် ဒီကားကို ခံစားနိုင်မှာပါ။ ကွန်ဂရက်အမတ်အဖြစ် လောလောလတ်လတ် အရွေးခံရတဲ့ တက်သစ်စ အမတ်ငယ်တစ်ယောက် သူ့ရဲ့ ရည်ရွယ်ချက် ဆုတောင်းအတိုင်း ဘုရားသခင်က ဖြည့်စွမ်းပေးတဲ့ အခါ...။

4 comments:

  1. ရုပ်ရှင်တွေ ကြည့်လှချည်လား ဘီ ရယ် ....
    Ratatouille လေးတော့ ကြည့်ချင်တယ်ကွယ်။ ဒေါင်းလုပ်ချကြည့်ဖို့ကလဲ တော် ရေးထားတာတွေ့တော့ ကြောက်တာနဲ့ မကြည့်ရဲဘူး။လက်မှတ် ၂စောင်လောက် စပွန်ဆာ လုပ်ပါလားအေ့။ ကုသိုလ်ရပါတယ် လူပျိုကြီးရယ် ... :D

    ReplyDelete
  2. ကိုဘွိုင်ကို အားကျမခံ Ratatouille ကိုသွားကြည့်ဖြစ်လိုက်ပါတယ်။ သူငယ်ချင်းတစ်ယောက်က လိုက်ပြလို့ ပါ။ အဲ့ဒီ ကာတွန်ကားလေး ကြိုက်တယ်။

    ReplyDelete
  3. ခုလို လူလူသူသူ အနုပညာကို ခံစားတတ်လာတဲ့ အတွက်ကို ၀မ်းသာပါတယ်...။ ဟီးဟီး

    ReplyDelete