Monday, October 27, 2008

ပေါက်ကရ အိတ်တီ့ (၈)

- မျိုးကြီးရဲ့ ကန်တော်ကြီး လိုက်ဖ်ရှိုး(ဖေဖေါ်ဝါရီ ၂၀၀၇ )တုန်းက ကီးဘုတ်ဗညားနိုင် လက်စွမ်းပြတီးရင်းနဲ့ ကီးဘုတ် အရှေ့ကနေ အနောက်ဘက်ကို အကူးမှာ အသံကြိုးကို ခလုတ်တိုက်သွားတယ်...။ အကျိုးဆက်အနေနဲ့ သူတီးနေဆဲ လက်သံတွေ တိကနဲ ပြတ်တောက်သွားတယ်..။ အခု လိုက်ဖ်ရှိုးဗွီစီဒီမှာ အဲဒီ သီချင်း ပါမလာဘူး...။ သီချင်းနာမည်က “အဆိပ်ခွက်” တဲ့...။ အိုင်စီ ၁၅ နှစ်အခွေထဲက သီချင်းတစ်ဝက်မှာ မျိုးကြီး ခဏနားပြီး ရေသောက်ရာက ပြန်အလာမှာ “ကိုဗညား ဆက်ဆွဲလိုက်ရအောင် ” လို့ ကိုဗညားနိုင်ကို ပြောခဲ့တဲ့ သီချင်းပေါ့...။
အောက်က သီချင်းလေးပါ...။ အိုင်စီ ၁၅ နှစ်ပြည့်တုန်းက ဆိုထားတာ...။ “ကျန်တဲ့ တစ်ဝက်လောက် အမျိုးတွေပါ” လို့ အဲဒီပွဲမှာ ဆိုခဲ့တဲ့ လေးဖြူ လဲ အဲဒီကတည်းစပြီး စင်ပေါ် တက်မဆိုတော့တာ နောက်သုံးနှစ်အကြာ အခု နာဂစ်ရန်ပုံငွေ ရှိုးပွဲမှပဲ ပြန်ပေါ်လာတော့တယ်...။

အဆိပ်ခွက် ဗွီစီဒီ



- အိုင်စီ ဆယ်နှစ်ပြည့်တုန်းက သီချင်းတွေထဲမှာ သူများနဲ့ မတူတဲ့ သီချင်းတစ်ပုဒ်ပါတယ်...။ ကွယ်လွန်သွားတဲ့ စောဘွဲ့မှူးကို အိပ်စက်ရာကနေ ခဏ ပြန်နိုးထာပြီး “ရောဂါ” သီချင်းကို အိုင်စီအဖွဲ့သားများနဲ့ တူတူ ပြန်ဆိုခိုင်းတာပဲ...။ အဲဒီမှာ ဇော်ပိုင်၊ ထွဏ်းထွဏ်း၊ လေးဖြူ၊ အငဲ၊ (၀ိုင်ဝိုင်း ပါမပါ မသေချာ) တို့က ၀ိုင်းဆိုကြတယ်...။ တစ်ယောက် တစ်ပုဒ်ပေါ့...။ ဆရာဘွဲ့လဲ မပါမဖြစ်ပဲ...။ ၀င်ဆိုတယ်...။ ပရိုဂျက်တာကြီးနဲ့ ဆရာဘွဲ့ ထ ၂ ကျောင်းမှာ လိဒ်ဂစ်တာတီးပြီး အဲဒီ ရောဂါ သီချင်းကို ဆိုတုန်းက ရိုက်ထားတဲ့ ဗွီဒီယိုကို ပြထားတယ်...။ အဲဒီမှာ ချစ်စမ်းမောင်လဲ ၀င်တီးထားတယ်...။ ငယ်ငယ်လေး...။ တစ်ယောက်တစ်ပိုဒ် ဆိုကြတာပေါ့...။ သီချင်သံနဲ့ လိုက်လျော ညီထွေစွာ ဗီဒီယိုကလဲ ရှုခင်းအမျိုးမျိုးကို ပြနေလေရဲ့...။

ဥပမာ -
“ဆူးလေလမ်းမကြီးထက် ခိုတွေကို အစာကျွေးရင်း ၀မ်းနည်းတတ်တဲ့ မင်းအကြောင်းတွေးမိလာ” ဆိုတဲ့ အပိုဒ်မှာ ခိုတွေနဲ့ ရှုပ်ယှက်နေတဲ့ ဆူးလေလမ်းမကြီးမြင်ကွင်းကို ပြတယ်...။
တစ်ခါသားမယ်... ဇော်ပိုင် ဆိုရမဲ့ အလှည့်... ဆိုတဲ့ စာသားက
“အော်.. မိန်းမ မိန်းမ တစ်ဖွဖွ ဂါထာတွေ ရွတ်ရင်းက xxxx xxxx ” ဆိုတဲ့ စာသားမှာ ပရိုဂျက်တာက ဘာမြင်ကွင်းကို ပြနေတာ မြင်လဲ ပရိဿတ်ကြီးတို့...။
ဗိုလ်ချုပ်ဈေးမှာ သွားလာလှုပ်ရှားနေတဲ့ လူထူထူကြီးထဲက မိန်းမတွေတင်ပါးကို လိုက်ရိုက်ထားတဲ့ မြင်ကွင်းကို ပြနေတာဗျား...။ ကွက်ကွက်ကွင်းကွင်းနော့...။ (အခွေရှိသူများ ပြန်ကြည့်လိုက်ပါ...။)



ပွဲကြည့်ပရိဿတ်များဆို ပတ်တုတ်လို့ မနိုင်အောင် ပွဲကျနေလေရဲ့...။
ထားပါ...။ စတိတ်ရှိုးမှာကတော့ ပြလိုက်တယ်...။ ကြည့်လိုက်ရတယ်...။ လူတွေ မြင်လိုက်တယ်...။ ပြီးတော့ မေ့သွားတယ်...။
ဒါပေမဲ့ အခု ပြောချင်တာက စိစစ်ရေး တွေ တင်းကျပ်နေတဲ့ အချိန်မှာ ဒီအကွက်က ဗွီစီဒီထဲ ပါလာသဗျ...။

ရောဂါ ဗွီစီဒီ



- ခုတစ်လော ဟိုဟိုဒီဒီ ပျံ့ကျဲနေတဲ့ ဗွီဒီယိုကလစ်တွေ၊ ဓါတ်ပုံတွေ ကြည့်မိတော့ ခုခေတ် မော်ဒယ်တွေ ဓါတ်ပုံ ဗွီဒီယို ရိုက်တာ အ၀တ်အစား အကုန်အကျ အတော့်ကို သက်သာပါလားလို့...။
မြန်မာမော်ဒယ်များ ပြောပါတယ်...။
ဟိုတစ်လောက ချောင်းသာမှာ ရိုက်လာတဲ့ ပုံကို ကြည့်လိုက်ရတယ်...။
အစကတော့ ရိုးရိုးပါပဲ...။ kiku anone .... innocent ... cutie....
နောက်တော့ လားရိုး ခုနှစ်လွှာ ပေါက်စီလိုမျိုး တစ်လွှာပြီး တစ်လွှာ....။ အင်း...။

- မိုက်ကယ်ဂျက်ဆင် က သူ့ကို အခြောက်လို့ လူတွေ စွပ်စွဲတာ မခံနိုင်လို့ အဲရစ္စပရက်စလေ သမီးနဲ့ ယူပြတယ်...။ ကလေးတွေ ဘာတွေ မွေးတယ်...။



- ယိုးဒယား နာမည်ကြီး အဆိုတော် ထုံချိုင်း (စပိုင်း စပိုင်း သီချင်းဆိုသူ။ ရန်အောင်က သိလား၊ သိလား ဟု မြန်မာမှု ပြန်ပြု)လဲ အခြောက်လို့ အစွပ်အစွဲခံရတယ်...။ အသက်က လေးဆယ်ကျော်လို့ ငါးဆယ်နား ကပ်နေပြီ...။ ယောက်ျားမယူသေး... အဲ.. အဲ... မိန်းမ မယူသေး...။



သူယူမယ်ဆို ချောပေ့လှပေ့ဆိုတဲ့ မဒီထိပ်ခေါင်များ သူ့နားမှာ ၀ဲလည်နေတာ...။ မယူဘူးရယ်...။ တစ်ခုခုတော့ တစ်ခုခုပဲ...။



(တော်ဝင်မိသားစုထဲက သမီးတော်တစ်ယောက်က သူ့စတိတ်ရှိုး လာကြည့်ရင်းနဲ့ သူ့ကို ဂုဏ်ပြအနမ်းပေးလိုက်တော့ သူ့ခင်မျာ အလိုလိုနေရင်းနဲ့ ဂျပန်ကို တရားမ၀င် ပြည်နှင်ဒဏ်ပေးခံလိုက်ရသလိုလို ကောလဟလ ဖြစ်လိုက်သေးတယ်...။ တစ်ကယ်လဲ သူဂျပန်မှာ နှစ်အတော်ကြာကြာ နေလိုက်သေးတယ်...။)





စပိုင်း စပိုင်း သီချင်း ဗွီစီဒီ






- ထုံချိုင်း သီချင်းတွေကို မြန်မာမှု ပြန်ပြုထားတဲ့ စွယ်စုံဟိုင်းဆင် အဲ.. အဲ စွယ်စုံရ မင်းသား၊ အဆိုတော် (နှစ်မျိုးထဲနဲ့တော့ စွယ်စုံလို့ ခေါ်လို့ ရမရ မသိဘူး...။) ရန်အောင်...။ သူလဲ ခုထိ ဘာ့ကြောင့် အိမ်ထောင် မပြုသေးတာလဲ မသိဘူး...။ သူ့ကို တန်းတန်းစွဲနေတဲ့ အပျိုကြီး မမ များ ငယ်ငယ်က အမျာကြီးပဲ တွေ့ဖူးတယ်...။ အသေရရ အရှင်ရရ ဆိုတဲ့ အစားထဲကပေါ့...။

- စွယ်စုံရ ဆိုလို့ ခေတ်ဟောင်းထဲက မင်းသားကြီး ၀င်းဦး...။ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ ထုတ်ဝေသူ၊ မဂ္ဂဇင်းပိုင်ရှင် ... နည်းတဲ့ ဂုဏ်ပုဒ်တွေ မဟုတ်ဘူးနော်...။ မောင်ဗမာတောင် ဖြစ်လိုက်သေးလား မသိဘူး...။



- အဲ... တစ်လောကမှ ဆုံးပါးသွားတဲ့ ဒေါ်မေရှင် ... သူက သီချင်းဆိုတာ အဲလောက် အသံ အကောင်းကြီး မဟုတ်ဘူး...။ အဆွဲအင် အရှိုက်အ၀ိုက်တွေလဲ ပရို တစ်ယောက်လို မဟုတ်ဘူး...။ ဒါပေမဲ့ တော်တော့်ကို နာမည်ကြီးခဲ့တယ်...။ သူ့အသံက ဂရုဏာ အသံပါလို့တဲ့...။ သူဆိုခဲ့တဲ့ အောင်ခြင်းရှစ်ပါး ဘုရားဂုဏ်တော်ကို အမွမ်းတင်တဲ့ သီချင်းဆို မနက်တိုင်း နားထောင်ရတာ စိတ်ချမ်းသာတယ်...။


- တစ်လောက် MaMa Mia ရုပ်ရှင်သွားကြည့်ဖြစ်တယ်...။ အဲဒီထဲက ABBA သီချင်းတွေ ပြန်ကြားရတော့ ငယ်ငယ်က အဲဒီသီချင်းတွေကို နားထောင်ဖူးတာ အမှတ်ရသွားတယ်...။


သီချင်းခွေကိုတောင် မှတ်မိသေးတယ်...။ အဲဒီတုန်းက ခေတ်စားနေတဲ့ စတိုင်.. ရေခဲပိတ်စ ချောချောမွတ်မွတ်နဲ့ အစကို လက်မှာ ဖေါင်းထားတာ... တင်ပါးမှာ ကျပ်ပြီး အောက် ပြန်ကားသွားတဲ့ ဆင်ခြေထောက် ဘောင်းဘီ ... အပေါ်အောက် အဖြူတွေကို ၀တ်ထားတဲ့ စုံတွဲ နှစ်တွဲ...။ အဲဒီ သီချင်းတွေထဲက No Women No Cry ဆိုတာပဲ ဖတ်တတ်တယ်...။ အဲဒီတုန်းက ...။ ABBA , No Women No Cry... အခု အဲဒီ ကား ဒီဗွီဒီ ထွက်ရင် ၀ယ်သိမ်းထားမယ်...။ အိမ်ကို တစ်ခွေ ၀ယ်ပို့မယ်...။ အဖေက ABBA ကြိုက်တတ်တယ်...။

အော်...။ ပေါက်ကရ အိတ်တီ့ပါဆိုနေ...။ ဟိုရောက်ဒီရောက် ပေါက်ကရတွေပဲ အခု အိတ်တီ့ (80) လောက် ပြည့်အောင် ပြောမှာပေါ့...။
တော်သေးပြီ...။ နောက်များမှပေါ့...။
ဖြည်းဖြည်း...။ ကမ္ဘာကြီးက သူ့ဟာသူ မှန်မှန်လည်နေတုန်း...။

10 comments:

  1. ထုံချိုင်းသီချင်းတွေကို နောင် လဲ ပြန်ဆိုသေးတယ်လေ။ နောင် တစ်ယောက်တော့ မရှိရှာတော့ဘူး။ ကောလဟာလ ကြားဖူးတာတော့ ရန်အောင်က သြော်စတြေးလျက ဂေးပွဲတော်တောင် ရောက်ဖူးတယ် ဆိုပဲ။ ဒါနဲ့ ကိုဘွတ်ဇ်တစ်ယောက်ရော ဘယ်တော့ ယောက်ျားယူ..အဲလေ..မိန်းမယူတော့မလဲ။ :P။ အက်ဘာ သီချင်းတွေက ခုထိ မရိုးသေးဘူး။ ငယ်ငယ်တုန်းက မြန်မာအသံမှာလဲ ခဏခဏလာတယ်။
    ကွန်းမန့်တောင် အတော်ရှည်သွားပြီ။ Anderson Cooper လို ပေါက်ကရ၃၆၀ ဖြစ်တော့မယ်။ တော်သေးပြီ။

    ReplyDelete
  2. - နောင်လဲ xxx လို့ သတင်းထွက် သေးတယ်နော်...။ သူ့စင်တင်ပေးတဲ့ ပရိုဂျူဆာလဲ လေးလုံးနဲ့ သွားပါရောလား...။
    - ရန်အောင် သြစတေးလျ ရောက်တာ မသိဘူးရယ်...။
    - ယောက်ျာလား.. အဲ.. အဲ.. မိန်းမလား...။ ယူမဲ့သူ မရှိသေးလို့ဗျ...။
    - အက်ဘာကတော့ အတော်လေးကို ကြိုက်တယ်...။

    ReplyDelete
  3. ဒီလိုပေါက်ကရတွေကို ကြိုက်မိပါတယ်၊ ပို့စ်ပိုင်ရှင်ဘယ်တော့ ယောက်ျားယူမလဲ၊ ရေခဲသေတ္တာ။

    (ဒါက ပေါက်ကရကော်မန့်)

    ReplyDelete
  4. ဒီဘလော့ပိုင်ရှင် ဘယ်တော့ အိမ်ထောင်ပြုမလဲဆိုတာနဲ့ .... ယူမှာ ယောက်ျားလား... မိန်းမလား... ဆိုတာကို စာဖတ်သူတွေက ပိုစိတ်ဝင်စားမယ် ထင်ပါတယ် :D

    ReplyDelete
  5. ဒီပိုစ် လေးက အောင်မြင်တယ်နော်။ ဘယ်သူ့ ကို များစောင်းပြော ချင်ပါလိမ့်။

    ReplyDelete
  6. ညကတော့မနက် ၄ နာရီအထိမှာ ကိုဘွိုက်စ် တစ်ယောက် TZA အကြောင်းတွေးပြီး အိပ် ပျော် သွားတယ်လို့ ခိုင်လုံတဲ့ ရပ် ကွက် က သတင်းရထားပါတယ်။

    ReplyDelete
  7. အကြည်ဓါတ်ခမ်းနေ၏.
    အင်း အခုတလော တယ် အဆင့်မြင့်နေပါလား ကိုယ်တောင် နားမလည်တော့ SMNTL လဲ နားလည်မယ် မထင်ဘူး။ သူ မအားတာဘဲကောင်းပါတယ်လေ။ မဟုတ် လာရင် အချိန်ကုန်တာဘဲ ရှိမယ်။ နားမလည် တဲ့ စာတွေ ကို …။

    အကြည်ဓါတ်ခမ်းနေ၏.=
    အဓိပါယ် ဖွင့်ဆိုချက်။
    ၁။ စိတ်ကုန်နေသည်။ လော ကကြီးကို
    ၂။ ပိုက်ပိုက်မရှိပါ.။
    ၃။ မျက်ကပ်မှန် စိမ်ရန် အရည် ကုန်နေသည်။

    ReplyDelete
  8. http://saundoo.co.cc/2008/10/how-to-remove-word-verification.html

    ReplyDelete
  9. ကော်မန်တွေထဲမှာ အမ်းမားကော်မန့် အရီရဆုံးပဲ...။
    အကြည်ဓါတ်ခမ်းနေတာကို အဓိပ္ပါယ်ဖွင့်ဆိုချက်များ... မှန်ပါသည်ခင်ဗျား...။
    မျက်ကပ်မှန်စိမ်ဖို့အရည် ကုန်နေတာ အမှန်ပါပဲ...။
    ခွက်ထိုးခွက်လန် ရီလိုက်ရတယ်...။

    ReplyDelete
  10. သီတင်းကျွတ်မှာ မစွံသေးလို့
    စိတ်ဂယောက်ဂယက်နဲ့
    ဘာပို့စ်တွေတင်နေလဲမသိ။ :P

    ReplyDelete