Wednesday, January 7, 2009

Movies Review

မလေးမှာ ပိုင်းရိတ် ဒီဗွီဒီတွေ ဖေါချင်း သောချင်း။ ခြသေ့င်္ကျွန်းမှာ မရတာတွေ ဟိုမှာ အကုန်ရတယ်။ အချိန်ယားလေး၊ ငွေယားလေး ရှိတုန်း ဝယ်လာတယ်။ အဲဒီထဲက ကြည့်ဖြစ်ခဲ့တာလေးတွေ နည်းနည်းပါးပါး မူဗွီစဘွိုင်လာ လုပ်လိုက်တယ်။ ကိုရီးယားကားတွေပဲ ရွေးကြည့်ဖြစ်တယ်။

Ride Away


Photo Credits : www.hancinema.com

တိတ်ဆိတ် အေးချမ်းတဲ့ မြို့လေးတစ်မြို့ဆီကို မိသားစု တစ်ခု ပြောင်းလာခဲ့တယ်။
အဖေရယ် သမီးရယ် သားရယ်ပေါ့။
မြို့အ၀င် အဝေးပြေး လမ်းပေါ်မှာ လမ်းပျောက်နေလို့ အဖေ ဖြစ်သူက လမ်းပေါ်က စက်ဘီးနဲ့ ကောင်လေး တစ်ယောက်ကို မေးရာက ဒီဇာတ်လမ်း စခဲ့တယ်။

အဖေက သားငယ်ကို အရင်က အိမ်က ထွက်သွားတဲ့ သားကြီးနဲ့ နှိုင်းနှိုင်းပြီးပြောလို့ မတည့်...။
အမေက ဆုံးပါးသွား။
အဖေနဲ့ မောင်ကြားမှာ ဗျာများရတဲ့ အစ်မ။

စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်က စက်ဘီးနဲ့ ကောင်လေး...။
ကောင်မလေးက တိတ်တခိုးကြိုက်...။
ဒါပေမဲ့...။ ကောင်လေးက ခြေထောက် မရှိရှာဘူး (နောက်တာ)။

ဇာတ်လမ်းလေးက အေးပေမယ့် အဆုံးထိ သယ်သွားတယ်။
အေးလွန်းလို့ စောင်ခြုံ.. အဲ.. ပျင်းကုန်မလား မသိဘူး။

ကြယ် ၂ပွင့်ခွဲ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


နောက်တစ်ကား....။ သူလဲ ကိုးရီးယားကားပဲ။ အနီးယို ဟပ်စယော်...။


Black Heart (aka Moms and Daughters)



Photo Credit : www.avistaz.com
သစ်သီးတွေကို ရောင်းနေရတဲ့ မုဆိုးမတစ်ယောက်။
တီဗွီ အနောင်ဆာ တစ်အား ဖြစ်ချင်တဲ့ သမီးလေး။
အတိတ်မေ့ရောဂါ လို ခဏခဏ သတိမေ့တတ်တဲ့ အဖွား။

မုဆိုးမကို တိတ်တခိုး ကြိုက်နေတဲ့ လူပျိုသိုးကြီးတစ်ယောက်က မနက်တိုင်းကို သစ်သီးသည် ဈေးရောင်း သွားတတ်တဲ့ ကားလမ်းပေါ် သစ်ကိုင်းကြီးကြီးတွေ တမင် ချထားတတ်ပြီး ကားမောင်းလို့ မရအောင် လုပ်တတ်တယ်။

တစ်ခါသားမယ် အဲဒီလမ်းပေါ်မှာ သစ်သီးသည်က လူတစ်ယောက်ကို ၀င်တိုက်မိμ အမှုပတ်မှာစိုးလို့ အိမ်ခေါ်လာပြီး ဆေးကုတယ်။ မဖြစ်စလောက် ဒဏ်ရာလေးပေါ့။ အဲဒါနဲ့ ကောင်လေးက အိမ်မှာ သောင်တင်သွားရော။
ကောင်လေးက မျက်လှည့်လေး ဘာလေး တတ်တယ်။ အိမ်မှာလဲ ကူဖေါ်လော်ဖက် ရတယ်။
ခက်တာက သမီးက မကြည်ဘူး။ ကောင်လေးက သူ့အမေကို ကြိုက်တိုက်တိုက် ဖြစ်နေတာကိုး...။

နောက်ဆုံးတော့ ကောင်လေး ဘယ်ကလာသလဲဆိုတာကို သိလိုက်ကြတဲ့ အခါ....

ကြယ် သုံးပွင့်ခွဲပေးလိုက်တယ်...။


(ဆားချက်တယ်လို့ ယူဆရင်လဲ နည်းနည်းပါးပါးတော့ မြည်းကြည်ပါဗျာ...။ လပွတ္တာက ဆားချောပါဗျာ...။ aka ဆိုတာ Also Known As ရဲ့ အတိုကောက်ပါ။ Basic နည်းတဲ့သူတွေ လာမေးမယ်ဆိုတာ ကြိုသိနေလို့ ပြောပါတယ်။)

9 comments:

  1. ဒုတိယကားကို ပိုစိတ်ဝင်စားတယ်။ ကြည့်ပြီးရင် ဒီဘက်ပို့လိုက်ပါလား။ သာမီးလေးကချောတယ်။ ရယ်ရမယ်ထင်လို့။

    မူဗွီစဘွိုင်လာ (movie ..?)
    ပုံ..
    ...ထုံ

    အိပ်မယ်ဆိုပြီးတော့ဖြီး။

    ReplyDelete
  2. - ကြည့်ချင်ရင် ပို့ပေးပါ့မယ်။
    - ရီစရာလေးပါ။
    - movie spoiler - ဇာတ်လမ်းတွေ ကြိုကြိုပြောတော့ ရသ ငုပ်လွန်းလို့ အဲလို ပြောတတ်တဲ့သူတွေကို စဘွိုင်လာ တွေလို့ ခေါ်ကြတာ...။
    - အိပ်ရာကနေ ရှုရှုးဖလားဝါးရင်း ကော်မန့် ဝင်တာတွေ့လို့ ပြန်တာ။ ဒီပို့စ်က ကြိုရေးထားတာ။ ကြိုက်တဲ့အချိန် တင်နိုင်အောင် စရေးကတည်းက အချိန်ကို ရွေးထားတာ။ အိပ်ပြီ...။ တာ့တာ

    ReplyDelete
  3. ဂျပန်ကား မ၀ယ်ခဲ့ဘူးလားဟင်။

    ReplyDelete
  4. mysouju မှာရှာတော့ ရှိဝူးတော့

    ReplyDelete
  5. ကြယ်ပွင့်တွေက ကိုဘပေးတာလား။ ရန်ကုန်မှာလည်း ကိုးရီးယားကားတွေ အများကြီးပဲ ရတယ်။

    ReplyDelete
  6. နာလည်းကြည့်ချင်တယ်...
    ဒုတိယကားက အမေက သမီးထက်ပိုစွံနေပါရော့လား.....

    ReplyDelete
  7. google reader မှတဆင့်ဝင်ရောက်ဖတ်သွားပါတယ်။ မှတ်မိသလောက်က
    aka= also known as
    lol= laugh out loud
    afk= away from keyboard

    ReplyDelete
  8. ကြက်ခြေခတ်သုံးခု (အဲ။ ရှုပ်ကုန်ပြီ။) ကြယ်သုံးပွင့်ခွဲ ပေးထားတဲ့ကားကို ပိုစိတ်ဝင်စားတယ်။ အသက်အရွယ်ရလာတော့ အသည်းကနုသွားပြီ။ လွမ်းမောစရာတွေဆို အရမ်းခံစားရတယ်။ သွေးသံရဲရဲ ပြူးတူးပြဲတဲတွေလား။ ဆောရီးပဲ။ မင်းသမီးချောချောနဲ့ ဟာသကားဆိုရင်တော့ ကြည့်တယ်။ ဒါပေမယ့် ကိုရီးယားကားတွေက “စ”လုံးမှာ ရှာရခက်မယ်။

    လောလောဆယ်တော့ Twilight ကို ၀တ္ထုဖတ်နေတယ်။ ရုပ်ရှင်ထက်တောင် ပိုကောင်းသေးဗျာ။ တခြားစီပဲ။

    ReplyDelete
  9. - တီသု။ ဟိုအမြွာကားကတည်းက စိတ်ကုန်သွားတာ။ အဲဒါနဲ့ ဂျပန်ဆို မုန်းသွားလိုက်တာ ဆူရှီတောင် မစားတော့ဘူး။
    - wildwildwind ရေ (ဟမ်မလေး မောလိုက်ထာ။)မိုင်ဆိုဂျူးမှာ ကားဟောင်းတွေပဲ တင်သေးတယ်။ အခုက ကားသစ်တွေ။
    - မီယာ။ ဟုတ်ကဲ့. ကြယ်ပွင့်တွေက ကျွန်တော့်ဘာသာ ကျွန်တော် ပေးထားတာပါ။ လွဲခဲပါတယ်။ (ထင်တာပဲ)
    - ဆင်ဆင် - ကြည့်ချင်ရင် အိမ်လာယူလှည့်ပါ။ အမ်းမားကြည့်ပြီးမှ ပေးနိုင်မယ်...။ :P
    - ကပ်ပတိန် ပြောတာ မှန်ပါတယ်။ ရိဒ်ဒါက ကြည့်ရတာ အဆင်ပြေပါသလား။ တစ်ချို့က သိပ်အဆင်မပြေဘူး ပြောလို့ပါ။
    - ကိုကေ။ စလုံးမှာ ကိုရီးယား Addict သိပ်မဖြစ်ကြပါ။ ပြီးတော့ ပိုင်းရိတ်ခွေတွေ မရပါ။ အော်ခွေတွေ ဈေးနှုန်း မြင့်ပါတယ်။ ဟလုံးက အော်ခွေ ဝယ်မဲ့ အစား ရုဲံပဲ သွားကြည့်ပါမယ်။ ကိုးရီးယားအော်ခွေတွေ ရှားပါတယ်။ ဒါ့ကြောင့် မလေးရောက်ခိုက် သယ်လာတာပါ။ ခွေ ၂၀ ကျော် ၃၀ နီးပါး မကြည့်ရသေးပါဘူး။ သွေးသံရဲရဲတွ များမလား မသိဘူး..။ :D

    ReplyDelete