Sunday, February 1, 2009

တုတ်ဆူး နှင့် ရှမ်းထမင်းဝါ

နှစ်တစ်နှစ်ရယ်လို့ ကူးပြောင်းတဲ့ ကာလကို ရောက်ခဲ့လို့ရှိရင် ဆိုင်ရာ ဆိုင်ရာသော လူမျိုးများဟာ မိမိတို့နှင့် ဆက်စပ်သော ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမမှား၊ မိတ်ဆွေများကို နှစ်သစ်ဆုမွန်ကောင်းများ တောင်းဆုပေးခြင်း အမှုကို အပြန်အလှန် ပြုလုပ်ကြပါတယ်။

လူမျိုးတိုင်းမှာ ချစ်စရာကောင်းတဲ့ ဒီဓလေ့တွေ ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်။ ထိုနည်းတူ ရှမ်းမျိုးနွယ်များမှာလည်း ဒီလို ချစ်စရာကောင်းတဲ့ နှုတ်ခွန်းဆက်တဲ့ ဓလေ့ ရှိကြပါတယ်။ ဒါကို တုတ်ဆူး လို့ ခေါ်ပါတယ်။ တုတ်ပေါ်က ဆူး မဟုတ်ပါ။ ရှမ်းအခေါ်အဝေါ် ဖြစ်ပါတယ်...။

ဝေးတစ်နေရာရောက် ရှမ်းမိသားစုများလဲ အဆင်ပြေတဲ့ အချိန်လောက်မှာ ဒီတုတ်ဆူးဓလေ့ကို လက်ဆင့်ကမ်းလာတာမှာ အခု စင်ကာပူရောက် ရှမ်းမိသားစုများကလဲ ခြေခင်းလက်ခင်းသာတဲ့၊ ဒီအချိန်ကို ရွေးပြီး တုတ်ဆူး ထွက်ကြပါတယ်။ အတိအကျ ပြောရရင်တော့ ဇန်န၀ါရီလ ၃၁ ရက်နေ့ကို ရွေးပြီး တုတ်ဆူး ထွက်ကြပါတယ်။

ပင်နီစူလားထဲက ရှမ်းမိသားစုများ ရှိရာ ဆိုင်တွေကို လိုက်လံပြီး နှုတ်ခွန်းဆက်ကြပါတယ်။ အဲဒီနောက် မြို့ထဲက ကျန်တဲ့ မိသားစုများ ရှိတဲ့ အိမ်တွေကို လိုက်လံပြီး တုတ်ဆူး ထွက်ခဲ့ကြပါတယ်။ အိမ်ရှင်များကလည်း အထူးတလည် ကြိုတင်ပြင်ဆင် ချက်ပြုတ်ထားကြတဲ့ စားသောက်ဖွယ်ရာများနဲ့ အပြန်အလှန် ဧည့်ခံကြပါတယ်။

မနေ့က ကျွန်တော်တို့ ရှမ်းရိုးရာ တုတ်ဆူး (နှစ်သစ် ကယ်ရိုဆင်းကင်းသဘော) အနေနဲ့ ရှမ်းမိသားစုများ ရှိရာ အိမ်တွေကို ရှမ်းလူငယ်များ စုပေါင်းပြီး တစ်အိမ်တက်ဆင်း လှည့်လည်ကာ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျက်သရေ မင်္ဂလာ ကောင်းချီး အဖြာဖြာများ ကျရောက်ပါစေကြောင်း သွားရောက် ဆုတောင်းပေးရင်းနဲ့ ရိုးရာ နှစ်ကူးသီချင်းများကို သီဆို တီးမှုတ် ကခုန်ခဲ့ကြပါတယ်။

အိမ်ရှင်တိုင်းကလည်း ၀မ်းပန်းတစ်သာ အားပါတစ်ရနဲ့ ကြိုဆိုကြကာ လာရောက် သီဆိုဆုတောင်းပေးသူများကို အပြန်အလှန်အနေနဲ့ ရှမ်းရိုးရာ အစားအသောက်များနဲ့ ပြန်လည် ဧည့်ခံပြီး ဆုတော်ငွေများ ပြန်လည် ချီးမြှင့်ခဲ့ကြပါတယ်။ ကွင်းစ်တောင်းက စပြီး ပင်နီစူလား၊ ဆဲန်းကန်း၊ ပါဆားရစ်၊ ၀ုဒ်လန်းနဲ့ နောက်ဆုံးတော့ ဆမ်ဘားဝမ်းမှာ ဘူတာဆုံးပါတော့တယ်...။

အိမ်တိုင်းက ကျွေးမွေးကြတာကို အားပါးတရ သုံးဆောင်လိုက်တာ ပုံတွေတောင် ရိုက်ဖို့ မေ့သွားတယ်။ နောက်ဆုံးအိမ် ဖြစ်တဲ့ Semba Wang က ကိုစိုင်းတွမ်ဆိုင် တို့ မိသားစု အိမ်ရောက်မှပဲ အပန်းဖြေ နားနေကြရင်းနဲ့ ဗိုက်ဖြည့်လို့ ၀ကာမှပဲ စားထားတာတွေ ကို မှတ်တမ်းတင်ဖို့ သတိရပါတယ်။

စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံခဲ့ကြတဲ့ အိမ်ရှင်များ၊ ရှမ်းမိသားစုများကို ကျေးဇူး အထူး တင်ရှိပါကြောင်း။

၁။ ရှမ်းထမင်းချဉ်။

တောင်ကြီး ငါးထမင်းနယ်နဲ့ တူတယ်နော်။ ဒီဟာက ငါးမပါတဲ့ သတ်သတ်လွတ် ထမင်း။


ဒီခရမ်းချဉ်သီး အနှစ်လေး ဆမ်းလိုက်

ငရုတ်သီးလေးများ ကြိုက်တတ်ရင် ဒီ ငရုတ်သီးကြော်လေး တွဲစားပါလှည့်...။




ဂျူးမြစ်တစ်ကိုက် (ရှယ်ပဲ...)


ငါးမုန့်ကြော် တစ်ကိုက်နဲ့ (တစ်ကြွမ်းကြွမ်း...)

မနေ့က ၆ ချပ်တိတိ ကုန်အောင် စားလိုက်တယ်...။ စားပြီလို့ ဗိုက်ပြည့်တာတောင် အားမရပဲ အိမ်ကို ပါဆယ် ဆွဲခဲ့သေးတယ်။ မဒမ်တွမ်ဆိုင်က သဘောကောင်းစွာနဲ့ နောက်ထပ် ၁၂ ချပ် ထည့်ပေးလိုက်တာကို ဒီမနက်မှာ မနက်စာ အနေနဲ့ ဒုတိယံပ္မိ စားလိုက်ရပါတယ်။ ကျေးဇူးပါ မဒမ်တွမ်ဆိုင်။


Bonus : ဘောနပ်
အိမ်လုပ် ဒန်ပေါက်။

ဒီတစ်ခေါက် ဘောနပ်အနေနဲ့ကတော့ အိမ်မှာနေတဲ့ အစ်ကိုကြီးက ချက်ကျွေးတဲ့ ဒန်ပေါက် ထမင်းကို တင်ဆက်ချင်ပါတယ်။ ထမင်းများသွားလို့ မနပ်တာနဲ့ သုံးခါ ပြန်တည်လိုက်တယ်...။ ညနေစာပေါ့လေ..။ ကရမက် ၊ ကရဝေးနံ့လေး သင်းနေတာပဲ။ ထောပတ် နိုင်နိုင် သုံးထားတယ်။ အဆီနည်းတယ်။ များရင် အီတယ်...။

ဒန်ပေါက်က ကျက်ကျက်ချင်း ၀ိုင်းအားပေးလိုက်တာ အိုးကပ်လေးပဲ ကျန်တော့တယ်။ ဘလော့ဂ်ကြွလာ မိတ်သဟာများ တန်းစီစံနစ်နဲ့ အားပေးကြပါ။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်တူကို သနား ဆိုတဲ့ ဆိုရိုးအတိုင်း အမ်းမား ကြွပါ။ ဒုတိယ ကိုကေ၊ နောက် ဆင်ဆင် မမွန်တီဇက်အေ၊ အို ဟိုကလေး ကာကာ နောက်မှာ သွားတန်းစီချေ...။ သန္တာ လာပါ...။ ခွေဖြူက ကာကာရှေ့ကနေ လာလှည့်...။ နေဦး..။ ကိုဒီဘီ လာပါ။ ကိုအောင်သာငယ်ကိုတော့ အိမ်ကို ပါဆယ် ပို့လိုက်ပြီ...။ မေမိုးက မလာနိုင်လို့တဲ့။ ချန်ထားပေးလိုက်တယ်။ မီယာကတော့ နောက်ကျလာလို့ မကျန်တော့ပါဘူး။ ပေါက်ကတော့ ရန်ကုန်က နီလာ ဒန်ပေါက်နဲ့ နှစ်ပါးသွားနေလောက်ပြီ။ (မေမြို့က လေငွန်မှာ ငြိမ့်ချင် ငြိမ့်နေမှာ။) နန်းညီလဲ အိပ်ရာထနောက်ကျလေတော့ သူ့အိမ်မှာပဲ သွားပို့ထားမယ်.. တော်ကြာ နုမော်ဒယ်ပုံတွေ သူလာ မပြပဲ နေလိမ့်မယ်...။

22 comments:

  1. လာပြီလာပြီ..ဒေါ်သက်ရီ.။

    ReplyDelete
  2. ချန်ထားတဲ့ ဒန်ပေါက်လာယူသွားတယ် ဟင်းလဲမပါဘူး :P

    ReplyDelete
  3. မနေ့က သီချင်းဆိုထွက်တဲ့ပုံ ကလေးများ မရှိဘူးလား။

    ReplyDelete
  4. ရန်ကုန်မှာတုံးက ၃၄ လမ်းလား..အဲဒီလမ်းမှာ ရှမ်းခေါက်ဆွဲဆိုင်ရှိတယ်လေ.. ကောင်းမှကောင်း. သတိရလိုက်တာ။

    ReplyDelete
  5. ကြက်သားလဲ မတွေ့ဘူး..မေမိုးမပြောခင်ကတည်း ကစဉ်းစားနေတယ်။ စာရိုက်နေလို့ နောက်ကျသွားတယ်။

    ReplyDelete
  6. Subhuman ကလေးက လဲမျော်နေတယ်။ ကျန်သေးတယ်ဟုတ်။

    ReplyDelete
  7. သီချင်းကြိုက်တဲ့သူအတွက် သိပြိးသားလဲဖြစ်ချင်ဖြစ်မယ်။
    http://www.sandakhu.co.cc/2009/02/blog-post.html
    http://www.azlyrics.com/
    http://www.lyrics.com/

    ReplyDelete
  8. - ကြက်သားက ဒန်ပေါက်ထဲ ထည့်မြုပ်ထားတယ်ဆိုတာ ပြောဖို့ မေ့သွားပါတယ်...။ နူးအိနေတာပါပဲ။
    - သီချင်းထွက်ဆိုတာကတော့ ကိုယ်တိုင် ဂစ် ၀င်ခေါက်နေလို့ မရိုက်အားပါ။
    - သီချင်းလင့်ခ်တွေအတွက် ကျေးဇူးတင်ပါတယ်။
    - Subhuman ဆိုတာ နားမလည်ပါဗျား...။

    ReplyDelete
  9. subuueain: ရှမ်းထမင်းချဉ်လေး စားချင်လိုက်တာနော်
    Subhuman (စာလုံးပေါင်းမှားသွားလို့။)ကလေးက လဲမျော်နေတယ်။ ကျန်သေးတယ်ဟုတ်။

    ကွန်မက်က စီ့ပုံးဖြစ်သွားတယ် ဆောရီး

    ReplyDelete
  10. နောက်မှ လာခေါ်ပြီးတော့များ... အိမ်လိပ်စာ မသိဘူး မဟုတ်လား.. ငါးထမင်းနယ်နဲ့ ရှမ်းထမင်းချဉ် အတူတူပဲ ထင်လို့... ဒံပေါက် (အဆီနဲနဲ) ချက်တတ်တယ် သိလား။ နောက်တခါ ချက်မှ အကြောင်းကြားလိုက်မယ်။

    ReplyDelete
  11. ရှမ်းပြည်က ငါးမုန့်ကြော်လိုမျိုး နှမ်းအမဲ ကပ်ထားတာ ကြော်စားတာ မဟုတ်လား။ ဘာခေါ်လဲ ကိုဘ လုပ်ပါဦး

    ReplyDelete
  12. နှမ်းမုန့်ကြွပ် ???

    ReplyDelete
  13. ဒုတ်စူးနေတယ်လား။ အဲလေ မှားလို့.. တုတ်ဆူး...နေလား မေးတာပါ။
    ကျွေးသမျှကို စားသွားတယ်။ ၀ိတ်ချမယ်စိတ်ကူးထားတာလေး သွားပါပြီ။

    ReplyDelete
  14. ငါးမုန့်ကြော်၊ ဂျူးမြစ်၊ ငရုတ်သီး အကုန်မသွားမယ်။အပေါ်ဆုံးက ထမင်းနယ်ကို တထိုင်တည်းစားသွားတယ်။

    ReplyDelete
  15. eee.. i have zawgyi font rdy.. but i download again from ur zawgyi font. and add again. but still cant see ur words.. help meee. how to do.??

    ReplyDelete
  16. Can you try this one from the following
    http://www.alpha.com.mm/alphazawgyi2008/image/ZFK-EG-WC2.EXE

    ReplyDelete
  17. ကိုဘ..
    အပေါ်ဆုံးက ထမင်းလုပ်နည်းမျိုး သိရင်ကြောကြပါ...။
    ညကတည်းက ဖတ်ပြီးပါပြီ...။
    ခုလည်း ပင်နဆူလာက ပဲပုတ်နဲ့ ဂျူးမြစ် သွားဝယ်ခဲ့ပါပြီ...။
    ထမင်းချဉ်မလုပ်တတ်လို့....။

    ReplyDelete
  18. ဟားဟားဟား.....
    မင်းမပြောလည်းနေပါ ရားတယ်.... မလုဆီမှာတွေ့လာပြီတွ...
    http://lulucooking.blogspot.com/2007/12/blog-post_4639.html

    ReplyDelete
  19. ခုမှဘဲလာစားနိုင်တော့တယ် တနေကုန်မအားဘူးဖြစ်သွားတယ်။ ကောင်းမယ့်ပုံဘဲနော် ... နောက်တစ်ခါ အပြင်မှာ တကယ်ဖိတ်။ ဟီးဟီး

    ReplyDelete
  20. ပြောမလို့လာတာ သူတွေ့သွားတယ်ဆိုတော့ ၀မ်းသာသွားတယ်။ ချက်လို့ စားလို့ဖြစ်တဲ့ အခြေအနေဆို ခေါ်ဦးနော်...

    ReplyDelete
  21. အော်..သူတို့ ချင်ကာပူက လူတွေ အချင်းချင်းဘဲ ကွက်ကျားဖိတ်တာကိုး..၊ အေးဗျာ လာပြီး သွားရည်ကျတယ်..။ မနိုင်းဝတ္ထုရဲ့ ရုပ်ရှင်အမည်လို ဆင်ဆင်နံမည်ပေးလိုက်တယ်.."သွားရည်ခတ်တဲ့ ထမင်းချဉ်"..။ :P

    ReplyDelete
  22. အဲလိုလဲ မဟုတ်ပါဘူး...။ ကြကြာ ထားလို့ မရတဲ့ စားစရာမို့လို့ နီးစပ်ရာကိုပဲ လက်တို့လိုက်ရတာပါ...။ နေ့တိုင်းလာတဲ့သူဆို မီးဖိုချောင်ထဲ တန်းဝင် စားရုံပဲ...။ ကိုကေအမ်အေက တစ်ပါတ်နေမှ တစ်ခါလာတာဆိုတော့ အခြောက်အခြမ်းလေးတွေပဲ တွေ့မှာပေါ့...။
    ငါးခြောက် ကျန်သေးတယ်ဗျာ...။

    ReplyDelete