Sunday, February 8, 2009

တနင်္ဂနွေရဲ့ ကျိုင်းတုံအာလူးထမင်းချဉ်

ဘလော့ဂ်ကြွလာ မိတ်သဟာများ ပျော်ရွှင်စရာကောင်းတဲ့ တနင်္ဂနွေနေ့ အားလပ်ရက် မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါလေစ။

စနေနေ့ မနေ့ကတော့ ရှမ်းအမျိုးသားများရဲ့ ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်ရက်မြတ်ပါ။ East Coast မှာ ကျင်းပခဲ့တဲ့ ဒီပွဲကို သွားရောက် ဆင်နွဲလိုက်တာ ဒီမနက် ၆ နာရီမှ အိမ်ပြန်ရောက်ပါတယ်...။ တနင်္ဂနွေနေ့ကတော့ ထုံးစံအတိုင်း အားလပ်ရက်ဆိုတော့ အိပ်ရေးပျက်တာရော၊ ပင်ပန်းတာရော အတိုးချပြီး အိပ်လိုက်တာ နေ့ခင်း ၁၂ နာရီမှ နိုးဖြစ်တယ်။ နိုးလာတော့ ထုံးစံအတိုင်း ဗိုက်ထဲက တစ်ဂွီဂွီနဲ့ ဆန္ဒပြတော့တာပေါ့။ မီးဖိုချောင်မယ် ဆူညံဆူညံနဲ့ ဘာသံလဲမေး ဆိုပြီး စပ်စုလိုက်တော့ နောင်တော်ကြီးက ထမင်းတွေ နယ်နေတာကိုး။ ထမင်းကပူ ခရမ်းချဉ်သီးပြုတ်ရည်က ပူပူနဲ့ သူ့ခမျာ ခုန်ဆွခုန်ဆွ ဖြစ်နေပါတယ်။

ကျိုင်းတုံ အာလူး ထမင်းချဉ် နယ်နေတာပါ။ ပြီးခဲ့တဲ့ တုတ်ဆူး အစားအသောက် ပို့စ်တစ်ခုထဲက ရှမ်းထမင်းချဉ်နဲ့ ခပ်ဆင်ဆင် ဖြစ်ပေမယ့် ဒီကျိုင်းတုံ ရိုးရာ ရှမ်းထမင်းချဉ်ကတော့ ခရမ်းချဉ်သီးအနှစ် ပြုတ်ထားတာကို ထမင်းထဲ တစ်ခါတည်း နယ်ရတာပါ။

ထုံးစံအတိုင်း ကြက်သွန်နီ ဆီသတ်၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်၊ ငါးမုန့်ကြော်နဲ့... တစ်ဝတီးလိုက်ရတာပေါ့။ တစ်ထိုင်တည်းကို သုံးလုံး ကုန်အောင် စားလိုက်တယ်။ တင်းကားလိုက်တဲ့ ဗိုက်...။ မျက်ခွံက လေးရော့...။ ဒီပို့စ်တင် ပြီး နောက်တစ်ခါ စက်တော် ခေါ်လိုက်မလားလို့...။

နောင်တော်ကြီးက အများကြီး လုပ်ထားတယ်။ လူက ၅ ယောက်တည်း ရှိတာကို ၂၄ လုံးတောင် လုပ်ထားတယ်။ တစ်ယောက်ကို အနည်းဆုံး ၄-၅ လုံးလောက်ကို စားရမှာ။ ညနေစာလွတ် စားလိုက်ရမလား စဉ်းစားနေတယ်။


စားချင်စဖွယ် ပြင်ဆင်ကွယ်။ Standard ကို ထမင်းချဉ်နှစ်လုံး ပြင်ထည့်ထားတယ်။


ကြက်သွန်နီကို ဗမာကြက်သွန်ဥ သေး နဲ့ ဆီသတ်ထားတယ်။ စားခါနီးမှာ ထမင်းချဉ်လုံးပေါ်ကို ဖြူးပြီး စားရပါတယ်။။


အချဉ် ထပ်ကြိုက်ရင်တော့ ခရမ်းချဉ်သီး အနှစ်လေး ထပ်ဆမ်းလိုက်ပေါ့နော...။



This is ငါးမုန့်ကြော် ....။ ဒီငါးမုန့်ကြော်ကြွပ်ကတော့ ရန်ကုန်က လူကြုံသယ်လာပေးတဲ့ ရွှေပင်လယ် တံဆိပ်ကို ကြော်ထားတယ်။


ဘလော့ဂ်လာ မိတ်ဆွေများ ကြိုက်သလောက် သုံးဆောင်သွားနိုင်ပါတယ်။ နောက်တစ်ဗန်း ကျန်သေးတယ်။ ထမင်း မကျက်သေးလို့ နောက်ကျသွားသူများ ခဏစောင့်ပေးပါ။

Bonus ဘောနပ်စ် -

မနေ့က နေ့လည်ခင်းက သွားစားလာခဲ့တဲ့ ရနံ့သစ်က ကြက်သားဒန်ပေါက်ပါ။ ကြက်သားမြင်ရအောင် ထမင်းအောက်မှာ မြုပ်ပေးထားတဲ့ ကြက်သားကို ဖေါ်ထားပေးပါတယ်။ (အရင်ပို့စ်တွေမှာ ကြက်သား မမြင်လိုက်ရဘူးလို့ သွားရည်ကျနေတဲ့ မနာလိုသူများက သဲနဲ့ ပက်ထားလို့...။ ဟိ)

ချဉ်ရည်ဟင်း


သရက်သီးသုပ်

ခါကြက်ဥ ဒိန်ချဉ်

ဒန်ပေါက်နဲ့ တွဲဖက်သုံးဆောင်ဖို့ ချဉ်ရည်ဟင်း၊ သရက်သီးသုပ်နဲ့ ခါကြက်ဥ ဒိန်ချဉ်။


ဒီပုံကတော့ ဟိုတစ်ရက်က မန်ကျည်းဖျော်ရည် နောက်ကွယ်က လျို့ဝှက် မိန်းကလေး ပိုင်ရှင် ကြိုက်တဲ့ ရှောက်သီးသုပ်။


အစာပိတ် အဲ.. အဲ ပို့စ် ပိတ်အနေနဲ့ ဒီနေ့ မနက်ပိုင်းမှာ စားဖြစ်တဲ့ အိမ်လုပ် မာလာဟင်း...။ ဒန်တန့်တန်...။ (ကန်စွန်းရွက်နဲ့ မုန်ညှင်းဖြူက ၀ယ်မလာမိတော့ ကျောက်ပွင့်သုပ်နဲ့ ကြွက်နားရွက်မှိုပဲ ထည့်လိုက်ရတယ်။)


မာလာဟင်း အမြန် စားချင်သူများအတွက် ထပ်ဖြည့်။ ။
ပင်နီစူလားက သုံးထပ်မှာ ဖွင့်ထားတဲ့ ရှမ်းတောင်တန်း စတိုးဆိုင် (ရဲရင့် လက်ဘက်ရည်ဆိုင် နားက)မှာ ရယ်ဒီမိတ် မာလာဟင်း အခြောက်ထုပ် တွေ့ခဲ့တယ်။ အခြေခံ အဆာပလာတွေ ပါတယ်။ (ကျောက်ပွင့်၊ အသားတု၊ ဆန်ခေါက်ဆွဲ အကြည်၊ ဂျုံပြား၊ စသဖြင့်ပေါ့လေ)။ ဟင်းသီးဟင်းရွက်ကတော့ ကိုယ်ကြိုက်တာသာ ထည့်ပါလေ...။ ကျွန်တော်ကတော့ ကန်စွန်းရွက် နဲ့ မုန်ညင်းဖြူ နိုင်နိုင်ထည့်ပြီး နူးအိနေအောင် ပြုတ်တယ်။ ပူပူစပ်စပ်နဲ့ဆိုတော့ ၀ါးစရာ မလိုပဲ တစ်ခါတည်း မျိုချလို့ ရတယ်လေ...။
အစပ်ကြိုက်ရင် အထုပ်ထဲ ပါလာတာ အကုန် ထည့်ပါ။ မကြိုက်ရင်တော့ နည်းနည်းပဲ ထည့်ပါ။

ရှမ်းတောင်တန်းမှာ ရောင်းနေတဲ့ မာလာဟင်းထုပ်ကတော့ “ရှမ်းမောမြေ ” တံဆိပ်ပါ။ အချိန်ကုန် သက်သာ မြန်ကောင်းသက်သာတဲ့ လျှာရင်းမြက်စေမယ့် ဟင်းပဲ...။

ရှမ်းတောင်တန်း ဆိုင်ပိုင်ရှင်မှ မာလာဟင်း အထုပ်များ ရောင်းအားတက်လာပါက မောင်ဘွိုင်း အကောင်းစားလေးအား ကြော်ငြာခ မာလာဟင်း တစ်လ တစ်ထုပ် ပေးရန်...။ (ဟီဟိ လာဖတ်မိပါကပေါ့နော်...။)

29 comments:

  1. ဂလုခနဲ မြည်အောင်ကို မျိုချပစ်လိုက်ပါသည်...
    ကျိုင်းတုံလုပ်ပါဗျ ခေါင်းစဉ်က.. ဘာများလဲဆိုပြီး ပြေးလာတာ ချော်တောင်လဲတယ်.. (အစားဆို သားသားကအဲ့လိုပဲစ်စ် :P)

    ငါးမုန့်ကြော်ပုံမှာ လက်ကြီးထွက်နေတာ ဘူဒူလဲဗျို့..
    ထမင်းချဉ်ကိုတော့ စားဖူးတယ်.. အရမ်းကြိုက်စ်ပဲ..
    အောက်က ရှောက်သီးသုပ်တို့၊ သရက်သီးသုပ်တို့ .. ဒံပေါက်... ဂလု..း(

    ReplyDelete
  2. ကောင်းလှချည်လား..။

    ReplyDelete
  3. အစားမျိုးစုံနှင့် ကြွားနေသော ကိုဘသို့
    ဒီတခေါက်တော့ မနှေး အမြန် ပြေးလာပါသည်.. ဒါတောင် ခြေမြန်တော် အရင်ရောက်သူများ ရှိသေးတယ်။ အဲ့ဒီ အာလူးထမင်းနယ်မျိုး စားဖူးတယ်။ မာလာဟင်းတော့ မစားဖူးသေးပါ။ အခုမှ မြင်ဖူးတာ။ သရက်သီးသုပ်လည်း ငမ်းသွားတယ်။ ခါကြက်ဥဒိန်ချဉ် ဆိုတာလည်း အခုမှ ကြားဖူးတယ်။ အခုမှ အိပ်ရာထလို့ ဗိုက်ဆာနေတာ...

    ReplyDelete
  4. ထမင်းမကြိုက်ဘူး စပါး ကြိုက်တယ်
    ကျိုင်းတုံကဆို စပါး ကိုပိုကြိုက်တယ်ဗျာ
    အရင်တုန်းကဒီလိုအချိန်တွေမှာဆို .......

    ReplyDelete
  5. မနေ့ညက စပါး ပါလာတယ်လေ...။ (ကျိုင်းတုံက ဧည့်သည်ညီလေးတွေ သယ်လာတာတဲ့...။)
    ဘာဘီကျူးပစ်ရဲ့ ၁၀း၀၀ နာရီ တည့်တည့်မှာ...။ ကျွန်တော်တောင် ၀င်နွဲလိုက်သေးတယ်...။ ဆရာသမား ပုဇွန်ကင်နေတာနဲ့ ပွဲတော်ကြီးနဲ့တောင် လွဲသွားတယ် ထင်ပါ့...။

    ReplyDelete
  6. စားကောင်းမယ့်ပုံဘဲနော် ... (ပုံတွေကြည့်၍ လက်မှိုင်ချကာ ပြန်သွားသည်)

    ReplyDelete
  7. 8 Feb 09, 17:08
ုkom: ပြိုင်ဖက်ပေါါ်နေပြီူ juneone

    ReplyDelete
  8. လက်လျော့လိုက်ပြီမမရေ။

    ReplyDelete
  9. ငတ်ပြတ်နေပါတယ်ဆိုမှ ဒင်းတို့ကလည်း အစားသောက်တွေအကြောင်း တစ်ခုပြီးတစ်ခုပြောပြီးကို ရန်စနေတော့တာပဲ။ (လူဇိုးတွေ၊ လူဇိုး)

    ReplyDelete
  10. အဲလို ဖြစ်သွားစေမယ်လို့ မရည်ရွယ်ပါဘူးဂျာ... ပရိသတ်ကြီးရယ်...။ စားမိတာလေးတွေကို ပြန်ပြောပြချင်ရုံ သက်သက်ပါ...။

    ReplyDelete
  11. တို့က juneone (http://juneone-juneone.blogspot.com/) ကိုသွားသတင်းပေးတယ်။ juneone ချက်တာလေးတွေ ကလည်းစားချင်စရာ.. ကိုဘ ကလည်းစားစရာတွေ တင်တော့ juneone ရေ..မင်းမတော့ပြှိုင်ဘက်ပေါါ်နေပြီ..မင်းပြိုင်ဘက်ကတော့မင်းထက် လက်ရည်သာတဲ့သဘောရှိတယ်. သူ့စားစရာတွေက အတော်မိုက်တယ် လို့သွားသတင်းပေးပါတယ်။
    8 Feb 09, 17:08
ုkom: ပြိုင်ဖက်ပေါါ်နေပြီူ juneone
    8 Feb 09, 17:07
ုkom: http://heartstations.blogspot.com/2009/02/blog-post_08.html

    အဲဒီတော့ juneone က လိုက်လာပြီး ကိုဘ စားစရာတွေကို ကြည့်ပြီးတော့ မှန်ပါတယ်။ သူ့ချက်ထားတာတွေက ကိုဘ ရဲ့ စားစရာတွေ ကို မမှီပါဘူး. ကိုဘ ရဲ့စားစရာတွေ ကသာလျှင် ပိုကောင်းပါတယ် လို့ဆိုပြီး အရှူံးပေးသွားတာပါ.
    JuneOne said...
    လက်လျော့လိုက်ပြီမမရေ။
    February 8, 2009 8:57 PM
    juneone: anr Boyz:အရှုံးပေးလိုက်ပြီ

    (ဘေ့စစ် နည်းတယ် လို့ ဆိုတော့လည်း မခံချင်ဘူး.)

    ReplyDelete
  12. အဲလို ဆြာဂျီး လုပ်ပြီး သူများကိုပြောလိုက်ရတော့ စိတ်ချမ်းသာတယ် မဟုတ်လား...။
    အစက မပြောလား... ခုနှစ်ရက် သားသမီးကို စိတ်ချမ်းသာအောင် ထားပါတယ်ဆိုတာ...။ သူက မယုံဘူး...။

    ReplyDelete
  13. အင်း..ခံလိုက်ရပြန်ပြီ.. ကိုယ်ကတော့သူတကယ်မသိဘူးထင်ပြီး အချိန်တွေ အကုန်ခံလိုက်ရတာ.. ဆြာဂျီးလုပ်တာမဟုတ်..စေတနာနဲု့ လဲ..

    ငါကိုယ်က မှားပါတယ်လေ.သူ..ဆရာကြီး...ဆိုတာ သိရက်သားနဲ့။

    ReplyDelete
  14. ပုံတွေ အကြီးချဲ့ကြည့်ပြီး ပညာယူပါတယ်။

    သရက်သီးသုပ်ကလေး ကိုစိတ်ဝင်စားတယ။်
    N2 ကို သတိရတယ်။ သူလဲသရက်သီးတွေ ကြိုက်တယ်။
    ခါကြက်ဥဒီန်ချဉ်ကို မမြင်ဘူးပါ.။

    ရနံသစ်ဆိုတာ အပေါ့်ထပ်က မြန်မာဆိုင်တွေ ထဲက တစ်ဆိုင်ထင်လို့ အခုမှ သတိရတယ်။ စားသောက်ဆိုင်ဆိုတာ..။

    မာလာဟင်းကတော့ တကယ်ကို မစားဘူးဘူး.တသက်လုံး..။ အခုတလောမှ ဘဲကြားဘူး မြင်ဘူးပါတော့တယ။်

    ReplyDelete
  15. ကြွားထားဦးပေါ့ဟာ..
    ကိုယ်တိုင်ချက်တာလဲ မဟုတ်ပဲနဲ့ ..

    ReplyDelete
  16. မခင်မင်းဇော်.
    ခင်မင်မိပါတယ်။
ုkom

    ReplyDelete
  17. အစ်မ ခင်မင်းဇော်ရေ့... အိမ်က ဟင်းတွေကတော့ ပါးစပ်နဲ့ ချက်တယ်...။ နောင်တော်ကြီးက လုပ်ပေးတယ်...။ အပြင်ဆိုင်ကတော့ ဆိုင်က ၀န်ထမ်းတွေကို ကိုယ်စားချင်တာ ချက်ခိုင်းလိုက်တယ်...။ :D

    အန်တီဂွိ - နေ့လည်က ပင်နီစူလားက ရှမ်းတောင်တန်း စတိုးဆိုင် (ရဲရင့် လက်ဘက်ရည်ဆိုင် နားက)မှာ ရယ်ဒီမိတ် မာလာဟင်း အခြောက်ထုပ် တွေ့ခဲ့တယ်။ အခြေခံ အဆာပလာတွေ ပါတယ်။ (ကျောက်ပွင့်၊ အသားတု၊ ဆန်ခေါက်ဆွဲ အကြည်၊ ဂျုံပြား၊ စသဖြင့်ပေါ့လေ)။ ဟင်းသီးဟင်းရွက်ကတော့ ကိုယ်ကြိုက်တာသာ ထည့်ပါလေ...။ ကျွန်တော်ကတော့ ကန်စွန်းရွက် နဲ့ မုန်ညင်းဖြူ နိုင်နိုင်ထည့်ပြီး နူးအိနေအောင် ပြုတ်တယ်။ ပူပူစပ်စပ်နဲ့ဆိုတော့ ၀ါးစရာ မလိုပဲ တစ်ခါတည်း မျိုချလို့ ရတယ်လေ...။
    အစပ်ကြိုက်ရင် အထုပ်ထဲ ပါလာတာ အကုန် ထည့်ပါ။ မကြိုက်ရင်တော့ နည်းနည်းပဲ ထည့်ပါ။

    ရှမ်းတောင်တန်းမှာ ရောင်းနေတဲ့ မာလာဟင်းထုပ်ကတော့ “ရှမ်းမောမြေ ” တံဆိပ်ပါ။ အချိန်ကုန် သက်သာ မြန်ကောင်းသက်သာတဲ့ လျှာရင်းမြက်စေမယ့် ဟင်းပဲ...။

    ReplyDelete
  18. ဟုတ်ပါ့ဗျာ။ တစ်ညလုံး ဘလော့ဂ်ထဲ အလေလိုက်။ နေဖင်ထိုးမှ အိပ်ရာထပြီး သူများချက်သမျှကို အားမနာတမ်း အလှူလိုစားတဲ့ သူတွေရဲ့ပုံကို မြင်ယောင်မိသေး။

    အဲဒီ အစားအသောက် ပို့စ်တိုင်းမှာပါတဲ့ နောင်တော်ကြီးကိုတော့ ဘယ်သူမှန်းမသိပေမယ့် အတော်လေးစားမိသဗျာ။ (နောင်တော်ကြီးရေ။ ခင်ဗျားလည်း မင်းသားကြီး ကိုမဆလာလိုပဲ မကြာခင် နာမည်ကြီးတော့မယ်။ သတိသာထား။)

    ReplyDelete
  19. နောင်တော်ကြီးက အစ်ကိုအရင်းပါ။ ဒါ့ကြောင့် လက်ဆေးပြီး ထစားရုံပဲ။ (လာဖတ်မိရင်တော့ တေဘီပဲ...။ ဟိ)

    ReplyDelete
  20. တစ်ခါတစ်လေလဲ ကျွန်တော် အိမ်မှာ ချက်ဖြစ်ပါတယ်ဗျာ...။ ခင်ညားတို့ကလဲ အနော့်ဆို အကောင်းမပြောကြပါလား...။
    နောက်ဆို ချက်မိတိုင်း လက်ဖျံနားက ချစ်မွေးနဲ့ ချစ်မှည့်လေး မပါပါအောင် ထည့်ရိုက်ပြမယ်...။

    ReplyDelete
  21. ဆားဖြူးတဲ့ အချိန်လား....

    ReplyDelete
  22. တစ်ခါတစ်လေ စိတ်ကူးပေါက်လို့လာရေးတဲ့ကွန်မက်အတွက် ဝမ်းမြောက်မိ ပါကြောင်း.

    အမှန်အတိုင်း ဝန်ခံရရင်တော့ အဆိုတော်နာမည်မှားသွားတာ.(ထုံးစံ အတိုင်း ) ဂျေညီညီ လား..ဂျေမောင်မောင်လား..စီးကရက်ကိုသောက်တတ်ရင် ဆေးလိပ် မီးခိုးမွန် တာ လောက် တော့ ခံနိုင်ရည်ရှိပါတယ် ဆိုတဲ့ ခံနိုင်ရည်ဆို တဲ့ စကားလုံး ကလေးက နေဆက်ပြီး စိတ်ထဲကနေ သီချင်းဆက် ဆိုတာ အဆိုက လည်း မရ..အတီးကလည်း မလည်. စာသားကလည်းမေ့။ အဆိုတော် နာမည်လည်းမှား..အဲလိုဖြစ်သွားတာပါ။

    သိချင်းစာသားလေးရသေးရင် ဆိုပြပါ.နားထောင်ချင်လို့။ You tube မှာ MP3 မှာ တွေုရင်လဲ link ပေးပါ။ ကျေူးဇူး.

    ReplyDelete
  23. ကိုဘွိုက်ဇ်..
    နောင်တော်ကြီးကို အိမ်လည်ခေါ်ခွင့်ပြုပါ....။

    ReplyDelete
  24.ဲအန်တီဂွိ - အဲဒီသီချင်းအတွက် ဆော့စ်ဖိုင်တွေ့ရင် ပြောပြပါ့မယ်။ ကော်မန့်မှာတော့ တတ်နိုင်သလောက် ပို့စ်နဲ့ ပါတ်သက်တာလေးကိုပဲ ရေးမိချင်လို့ပါ။ ဘလော့ဂ်ပိုင်ရှင် စိတ်ကွက်မှာလဲ စိုးရသေး...။ အဟက်။ တားတော့ လာရေးချင်တာရေး စိတ်မဆိုးဘူး။ လာဖတ်ဖေါ်ရလို့ ၀မ်းသာတယ်။

    ဆင်ဆင် - နှစ်ဦးနှစ်ဖက် သဘောတူရင် ကျွန်တော့်အတွက်ကတော့ ပြောစရာ မရှိပါ။ သဘောရှ ကရောဟိနိုင်ပါကြောင်း...။

    ReplyDelete
  25. ဂျေညီညီသီချင်းရပါပြီ။ mm ပေးတယ်။

    http://www.fileden.com/files/2006/12/30/572495/05%20Tate%20Chit%20Lune%20Taw%20Lae.mp3

    ReplyDelete
  26. ငါးမုန့်ကြော်တွေပါလား မနာလိုဘူးဗျိုး

    ReplyDelete
  27. အင်း.. ချဉ်ရည်ဟင်းရည်၊ သရက်သီးသုပ်နဲ့ ရှောက်သီးသုပ်ကို ခရမ်းချဉ်သီးအနှစ် များများဆမ်းထားတဲ့ ထမင်းချဉ်နဲ့ အားပါးတရစားအပြီးမှာ မန်ကျည်းဖျော်ရည်နဲ့ ခါကြက်ဥဒိန်ချဉ်ကို အစာပိတ်လိုက်တဲ့အခါ..(ဒန်တန်တန်..)အမလေးဗျ..လုပ်ကြပါအုံး..ပိတ်လို့မရတော့ဘူး..

    ReplyDelete
  28. ကဘ ကရှမ်းအမျိုးသားလားဟင်။ စားစရာတွေကတော့ရှယ်ပဲဗျို့ ။

    ReplyDelete
  29. ဝေး.. ရှမ်းကြီး... နင်ကာ့ ဘာလူမျိုးလဲ ဝေး....။ :D

    ReplyDelete