Saturday, February 21, 2009

စားချင်တာလေးတွေ ...

စားချင်တာလေးတွေ။

အခုတစ်လော စားချင်တာလေးတွေ တွေးတွေးပြီး တေးထားတယ်။
အခွင့်ရရင် သွားစားမယ်။

  • ဘူးဂစ်အမ်အာတီကနေ တက်တက်ချင်း အေတီအမ်တွေ နားမှာ ရောင်းနေတဲ့ ကြက်အရေခွံကင် (ပုံဖေါ်ပြပြီး ကိုယ့်ဟာကို ပြန်ရှာကြရန်။)
  • လာဗဲန်းဒါး ဘူတာကနေ ထွက်ပြီး အိုင်စီအေကနေ တစ်ဆင့် သွားရတဲ့ ဂိုးဒန်းမိုင်းလ် ဆိုတဲ့ ယိုးဒယားဈေးက ကောက်ညှင်းပေါင်းပူပူနွေးနွေးကို ငရုပ်သီးစိမ်းနုနုလေးတွေ ထောင်းထားတဲ့ နမ့်မ်ဖစ်နွံမ် ဆိုတာနဲ့ တို့တို့စားချင်တယ်။ သဘောင်္သီးထောင်း မစပ်တစ်စပ်က မပါမဖြစ်ပေါ့။ ကြက်တောင်ပံကင်က တွဲဖက်စားရတဲ့ စားစရာ ဆိုပေမဲ့ ဒီမှာရောင်းတဲ့ဟာတွေက နနွင်းမှုန့် ၀ါထိန်ထိန်တွေ တော်တော်သုံးထားတယ်။ ကျပ်တိုက်ထားသလို လုပ်ထားပြီး စားခါနီးမှ ပြန်နွေးပေးတော့ ကြက်တောင်ပံကင် စစ်စစ် အရသာ မရ...။
  • ပြီးတော့ ထပ်စားချင်တာက အဲဒီ ယိုးဒယား ဈေးထဲမှာပဲ ရောင်းတဲ့ ၀က်သားချဉ်။ ၀က်သား (အသားနဲ့ အခေါက်သာ) ကို စဉ်းကောလုပ်ထားတာကို ထမင်းနည်းနည်းထည့်ပြီး ချဉ်အောင် လုပ်ထားတာ။ ထိုင်းရိုးရာပေါ့လေ။ ရှမ်းပြည်က ၀က်သားချဉ်နဲ့ တူတယ်။ တစ်ခု ထူးတာက ယိုးဒယား ၀က်သားချဉ်က ဒီအတိုင်း စားလို့ရတယ်။ သူက စက်ရုံက ထုတ်ကြတာ။ သပ်ရပ်တယ်။ ပလပ်စတစ် အိတ်ရှည်လမျောမှာ ၀က်သားချဉ်ကို ထည့်ထားတော့ ၀က်အူချောင်းလို မြင်နေရတာ။ ကျက်ပြီးသား။ ဒီအတိုင်း စားလို့ရတယ်။ ရှမ်းဝက်သားချဉ်များကျတော့ ပြန်ကြော်ရတယ်။ ကြက်သွန်ဖြူကို ဥမပျက် အခွံခွာပြီး ဓါးပြားနဲ့ရိုက် ဆီနဲ့ကြော်လိုက်၊ အကွင်းလိုက် လှီးထားတဲ့ ကြက်သွန်နီကို ထပ်ထည့်၊ ကြက်သွန်နီတွေ အနေတော် အနေအထားရလာပြီဆို ၀က်သားချဉ်ကို ထည့်လိုက်၊ အနံ့လေးမွေးလာပြီဆိုရင် ခေါက်မွေထားတဲ့ ကြက်ဥလေး ထည့်ပြီးတော့ ဟိုဟိုဒီဒီ ဂလောက်ဂလောက်ဆိုပြီး မွေပေးလိုက်။ ကျက်လောက်ပြီဆို ဒယ်ပေါ်က ချပြီး စားလို့ရပြီ။
  • ခေါက်ယေ့တ်ဆိုက် လို့ ခေါ်တဲ့ ထိုင်းရိုးရာ ထမင်းချဉ်သွတ် ၀က်အူချောင်း။ အဲဒီ ဂိုးဒန်းမိုင်းက Dean Lea Luk ဆိုတဲ့ ဆိုင်မှာပဲ ရတယ်။
  • အဲဒီဆိုင် ဘေးနားက ဇင်းမယ်ဆိုတဲ့ ထိုင်းမြောက်ပိုင်းရိုးရာဆိုင်မှာ ယိုးဒယား မုန့်ဟင်းခါးတွေ သွားစားလို့ရတယ်။ ခေါက်နုံမ်ကျင်း လို့ ခေါ်တယ်။ အုန်းနို့ထည့်တာပေါ့။ နောက်ပြီး အဲဒီဆိုင်က အိမ်လုပ် ၀က်သားချဉ်လဲ ရတယ်။ သူတို့က ကိုယ်တိုင် လုပ်ရောင်းတာ။ ပလပ်စတစ် အိတ်လေးနဲ့ သုံးမြှောင့် တြိဂံလိုမျိုးလေး။
  • ရနံ့သစ် (ပင်နီစူလား)က ဒန်ပေါက်။
  • ယိုးဒယားဈေးက သရက်သီးအကြွပ် (ချိုချဉ်)ကို သူတို့ ငံပြာရည်နဲ့ တစ်ဂျွမ်းဂျွမ်း ကိုက်စားချင်တယ်။
ဒါတွေ အားလုံး ပြန်လာမှ စားမယ်။ ဘူးဂစ်၊ လာဗဲန်းဒါးနဲ့ စီးတီးဟောရေ.... ကိုယ်လာပြီ...။
(ဖုန်းက အ၀င်ပဲ ရတယ်။ အထွက်ခေါ်လို့ မရဘူး။ ဘာဖြစ်တာလဲ မသိဘူး။ စတားဟပ်ဘ်ကို ကန်စွန်းပလိန်း ကျွေးရမယ်။ အဲ.. အဲ.. ကွန်ပလိန်း တက်ရမယ်။)

Bonus

ဘောနပ်စ်ကတော့ မဖြစ်မနေ ထည့်ပေးလိုက်ပါတယ်။ သက်တမ်း ရှည်ကြာ အာဏာရ လေဘာ ပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီတို့ အားစမ်းပွဲမှာဘယ်သူက အနိုင်ရသလဲ ဆိုတာ...။


ဒီမှာတော့ အသေအချာ ပြထားလေရဲ့...။

ကျေးဇူးတင်လွှာ။ ။ အိမ်ရှင်မရှိခိုက် အိမ်ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးသူ၊ အလည်လာပေးသူ၊ အလည်မလာသူ၊ လာသော်ငြားလည်း အသံမပေးသူ၊ အသံပေးသူ၊ အမှိုက်ဖွသူ၊ အမှိုက်လှဲပေးသူ၊ သူခိုး မကပ်အောင် ညကင်းစောင့်ပေးသူ နှင့်တကွ အားလုံး အားလုံး....
ကျေးဇူး တန်င် နံမ်နံမ်ခါ့။
(ဂျေးကျူးကဘာဆိုင်ရော်)
ဂေါ်မဲ ဆုမိတ
အာရိဂတ်တိုး ဂိုဆိုင်းမတ်စ်
မက်က်ဆီးဗူကူး။
တန်းကရွှန်း။
စပိုက်ဆီဘာ ဘိုင်ရှိုးရယ် (ဂျာမာန်လို သင်ပေးတဲ့ နိနိကို ကျေးဇူးတင်ပါတယ်။)

22 comments:

  1. စပိုက်ဆီဘာ ဘိုင်ရှိုးရယ် (သင်ပေးသွားတယ် ရုရှားလို ကျေးဇူးအများကြီးတင်ပါတယ်)

    ReplyDelete
  2. ဒီလောက် စားနေရတာကို.ဟွန်း။ အားကိုမနာဘူး။

    ReplyDelete
  3. ဟမ်.. ဘာကြီးလဲ.. အမွှေးတွေ..??? စီးတီးဟောမှာ ရနံ့သစ်မှာ ဒန်ပေါက်စားနေတဲ့သူတွေ့ရင် ကိုဘ လို့ ယိုးစွပ်လိုက်တော့မယ်..

    ReplyDelete
  4. နိနိ - ကျေးဇူး... ဖြည့်လိုက်ပြီ...။
    သုနှင်းဆီ - ခုထိ မလေးရှားမှာပဲဗျ...။ တစ်ပတ်ကြာနေပြီ အစားသောက်ပျက်နေတာ။ အတွေးနဲ့ ပုံဖေါ်နေတာ စိတ်ပင်ပန်းလိုက်ထှာ...။
    ကေကေအမ်ဝိုင်တီ - မုတ်ဆိတ်မွေးနှင့် လူတိုင်းသည် ကိုဘ မဟုတ်သလို ကိုဘသည် အမြဲတမ်း မုတ်ဆိတ်မွေးနှင့် မဟုတ်သည်ကို သတိချပ်ပါလေ...။ ဒန်တန့်တန်...။

    ReplyDelete
  5. ရွှတ်ခရန် (ကျေးဇူး) (အာရပ်ဘစ်လို..) shukran

    ReplyDelete
  6. Thank you = terima kasih (မလေးလို)

    ReplyDelete
  7. တယ်လီဖုံးအထွက် ခေါ်မရတာကတော့ possible reasons

    1. no credit ( prepaid)
    2. စတားဟက်မှ lesson ပေးထားခြင်း (bill မဆောင်သောကြောငှ်ု)
    3. သူညွန်ကြားထားသည့်အတိုင်း သေချာ မခေါ်သောကြောင့်
    4.နားအေးပါေးအးနေလိုသောကြောင့် ဘယ်သူကို မှ ပြန်မခေါ်သည်ကို ကျားကန်ထားခြင်း

    etc.

    ReplyDelete
  8. Bill မဆောင်လို့ ဖြစ်မှာပေါ့.. ရှင်းနေတာပဲ ။ ဒါကို သူက ကန်ဇွန်းပလိန်းတက်မယ် လုပ်နေသေးတယ်...

    ဒီပို့စ်ကို ဖတ်ခြင်း၊ အရင်က ရေးလေ့ရှိသည်များကိုသုံးသပ်ခြင်း၊ စီဘောက်စ်တွင်ရေးတတ်သည်များကို ပြန်လည် ဆန်းစစ်ခြင်းဖြင့်
    တွေ့ရသည်မှာ ဒီဘလော့ ပိုင်ရှင်သည် အစားကောင်းကြိုက်ခြင်း၊
    ကြိုက်သည့်အတိုင်း မရရအောင် ဆိုင်ကောင်းများကိုရှာဖွေစားသောက်ခြင်း၊ ကိုယ့်ဘာသာ ကောင်းကောင်းချက်စားခြင်း၊ စားသမျှကိုလည်း အများသူငါ သွားရည်တောက်တောက်ကျအောင် အသေးစိတ်သရုပ်ဖော်ခြင်း..
    ခြုံပြောရရင်တော့ အစားအတွက် အသက်ပင်သေသေ ဟူသည့် လူမျိုးပင်ဖြစ်သည်ဟု ကောက်ချက်ချပါသည်။

    ReplyDelete
  9. အီးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    အားစမ်းပွဲတွင် အနိုင်ရသည့်ပုံကို ခုမှ ဖွင့်ကြည့်မိတယ်..
    ကိုဘ...စိတ်ပုပ်တယ်တော့ ..အစားအသောက်ပျက်လိုက်တာ။

    ReplyDelete
  10. sin dan lar
    ပြောတာမှန်သည်။

    ReplyDelete
  11. ရှမ်းတွင် တရုတ်သွေးနှောနိုင်သည်။
    ရှမ်းစစ်ပါက အဲဒီလောက် သွေးမဆိုး။

    ReplyDelete
  12. အားစမ်းပွဲတွင် အနိုင်ရသည့်ပုံ။
    မှာ ယခင် တစ်ခေါက်က တင်ပြထားပုံ ဖြစ်သည်ဟု သံသယဖြစ်ဖွယ်ရာရှိသည်။
    ပုံသစ်ဖြစ်ကြောင်း evidence ပြရန်မခိုင်လုံ။

    ReplyDelete
  13. ပန်းနွယ် စကားလုံးအသစ်အတွက် ကျေးဇူးပါ။ ထပ်ဖြည့်လိုက်ပါမယ်။
    အန်တီဂွိ မလေးမေ့နေတယ်..။ ဟုတ်ပါ့ ပြန်ဖြည့်လိုက်မယ်။
    တယ်လီဖုန်း ရီဆန်လား။ ဟိဟိ...။ လက်လန်တယ်...။ အမ်းမားရယ်..။ ခြေခွင်တယ်။ ခေါင်းစောင်းတယ်။ ပါးစပ်ပါရွဲ့တယ်ဗျာ...။
    ရှမ်းသွေး ဗမာသွေး တရုတ်သွေး ဘာကြည့်ပြီး ခွဲတာပါလိမ့်...။
    ပုံသစ်လား ပုံဟောင်းလားဆိုတာကို သေချာ နှစ်ပုံစလုံး ယှဉ်ကြည့်ပြီးမှ ပြောပါလေ.. အန်တီဂွိ...။ သက်သေ အထောက်အထား အပြည့်အစုံနဲ့ လာငြင်းပါ...။
    ဆင်ဆင် ယူက ဘာမို့လို့ အိုင့်ကို အနာလိုက်စစ်နေတာလဲ...။ အနာလဲ မပေါက်ပဲနဲ့... သူ့ဟာသူ ကောက်ချင်ရာကောက် နုတ်ချင်ရာ နုတ်နဲ့.. ကောက်ချက်တွေ ကောက်နုတ်ချက် တွေ လာလုပ်နေတယ်...။ ဟိ... သူလဲ အားစမ်းပွဲပုံ မြင်ပြီးပြီပဲ..။ ပျော်ထှာ...။

    ReplyDelete
  14. ခေါက်ယေ့တ်ဆိုက် က
    http://flickr.com/photos/katnkim/251064096/in/pool-43206356@N00
    (or)
    http://flickr.com/photos/katnkim/254749010/in/pool-43206356@N00

    မသေချာလို့ပါ

    ReplyDelete
  15. မမေရေ...။ ပေးထားတဲ့ လင့်ခ်နှစ်ခု သွားကြည့်လိုက်ပါတယ်...။

    - http://flickr.com/photos/katnkim/251064096/in/pool-43206356@N00
    ပထမလင့်ခ်မှာ ပါတဲ့ တစ်ခုက ဇင်းမယ်ရိုးရာ ၀က်အူချောင်း ဖြစ်ပါတယ်။ ကျိုင်းတုံ ၀က်အူချောင်းနဲ့ ဆင်တယ်...။ ကျွန်တော်တောင် တင်ထားသေးတယ်။ ဒီမှာပါ။
    http://heartstations.blogspot.com/2008/04/blog-post.html
    နံပါတ်၂ ကျိုင်းတုံ ၀က်အူချောင်းလို့ နာမည်တပ်ထားတဲ့ စားစရာပါ။


    - ဒုတိယလင့်ခ်မှာ ပါတဲ့ တစ်ခုကတော့ ၀က်သားချဉ် ဖြစ်ပါတယ်။
    http://flickr.com/photos/katnkim/254749010/in/pool-43206356@N00
    ခေါက်ယေ့တ်ဆိုက်ကတော့ ကျွန်တော့်ဆိုဒ်မှာ တစ်ခါ တင်ထားပါတယ်...။ အခု ပြန်ရှာတာ မတွေ့တော့ဘူး။ နောက်မှ ပြန်တင်ပေးမယ်။
    ခေါက်ယေ့တ်ဆိုက်ဆိုတာ ၀က်အူဖြစ်ဖြစ် ကြက်အူဖြစ်ဖြစ်အဲဒါကို ချဉ်နေတဲ့ ထမင်းကို ထည့်ထားပြီး မီးကင်ထားတဲ့ ထိုင်းစားစရာ တစ်မျိုးပါ...။
    နိုင်းနိုင်းစနေမှာတော့ တာချီလိတ်ပွဲ မှာ သူရိုက်ထားတာ ပြပါတယ်။
    ဒီမှာပါ...။
    http://nineninesanay.blogspot.com/2008/11/blog-post_15.html
    သူက ထိုင်းဝက်သားချဉ်လုံးလို့ ရေးထားတယ်။ တစ်ကယ်က ထမင်းချဉ်လုံးပေါ့လေ...။

    ReplyDelete
  16. မမေ ပေးထားတဲ့ လင့်ခ်နှစ်ခုစလုံးက ခေါက်ယေ့တ်ဆိုက် မဟုတ်ပါဘူးလို့ ပြောဖို့ မေ့သွားတယ်...။

    ReplyDelete
  17. အလန့်ထညက် ဘာပုံပါလိမ့်လို့..သရဲများလားလို့

    ReplyDelete
  18. ကိုဘ အစားအသောက်ပျက်ရှာတာကိုး... အိမ်မှာ မရှိတာ မသိလိုက် ပြန်ရောက်မှ မုန့်လာစားမည်

    ReplyDelete
  19. ဘာလို့ ရေးပြီးသား ကော်မန့်တွေ ဖျက်ပစ်တာလဲ မသိဘူး။ နှမြောစရာတွေ...။ ဘာတွေ မလွှတ်မကင်းတွေ ပါတာပါလိမ့်...။

    ReplyDelete
  20. ကိုဘ..
    ကွန်မက်အရှညကြီးရေးပြီးတင်လိုက်တယ်။ ပျောက်သွားတယ်။ သင်ဇာတာ နိမ့်နေသည်။ ရေးပြီးမှ ဖျက်မိတာက တစ်မျိုး။တင်ပြီတော့ဘယ်ရောက်သွားမှန်းမသိတာက တစ်မျိုး။

    ReplyDelete
  21. လိုရင်းပြန်ပြောရရင် ကွန်မက်တွေ ကိုလာရေးပြီးဖျက်သွားသူတွေ များနေတယ်။ နောက်တစ်ခု ပြန်လိုက်လည်လို့လဲ မရဘူး အဲဒါ ကို စိတ်မကောင်းပါ။ ဒါကြောင့်တန်လ်ာသမိးကို မုန့်ကျွေးခြင်းဖြင့်ယတြာပြူဘို့ အကြံ့ပူပါ၏၏၏၏၏

    ReplyDelete
  22. စားချင်တာလေးတွေ တွေးတွေးပြီး တေးထားတာလေးတွေ အကောင်အထည်ဖော်ပြီးပြီလား။

    ဘူးဂစ်၊ လာဗဲန်းဒါးနဲ့ စီးတီးဟောရေ.... ကိုယ်လာပြီ...။

    သနားပါတယ်. သူ့မှာ ကြိမ်းဝါးစရာ ဘူးဂစ်။လာဗန်းဒါးနဲ့ စီတီးဟောဘဲရှိရှာတယ်။

    ReplyDelete