Wednesday, February 25, 2009

လေတွင် မျောလွင့်ခဲ့သော

နမ်းဖန်များတော့ ပြယ်သတဲ့...။
နှဲ့ဖန်များတော့ လှုပ်သတဲ့...။
ခံစားမှုတွေနဲ့ ဖွဲ့တည်ထားတဲ့ လူတွေဟာ ဒီနှလုံးသားရဲ့ ခိုင်းစေချက်ကိုပဲ လိုက်နာနေရမလား။

လူအကြောင်း ပေါင်းမှသိလေသတဲ့...။
အပင်တစ်ပင် ကောင်းမကောင်းဆိုတာ မျိုးမှန်မှ သန်သကိုး။

ခြောက်နှစ်တာ ကာလတစ်ခုကို အတူတူ ဖြတ်ကျော်လာခဲ့ပါပြီ...။
တစ်ယောက်အကြောင်းကို တစ်ယောက် သိနေတာပဲ...။ (လို့တော့ ထင်နေခဲ့ကြတယ်။)
တစ်ယောက်ခံစားချက်ကို တစ်ယောက်က သိနေသလိုပဲလား...။
ဝါယာကြိုးရဲ့ ဒီဘက် အစွန်းကတစ်ယောက်က ဘာလုပ်နေတယ်ဆိုတာ တစ်ခြားတစ်ဘက်က သိနေရုံနဲ့ နားလည်မှု ရနေပြီလို့ ကောက်ချက်ဆွဲလိုက်ရမလား...။

စိတ်ဆိုတာ မကောင်းမှု၌သာ မွေ့လျော်တတ်၏ လို့ မှတ်သားဖူးတယ်။
သူလဲလေ လောကီသားပေမို့ အနေနီးစပ်မှုကြောင့် စိတ်ရဲ့ဆွဲဆောင်ရာနောက်ကို အမှားမှားအယွင်းယွင်းနဲ့ လိုက်ဖူးလေခဲ့သလား။
လူ့စည်း ဘီလူးစည်း ဆိုတာ ဘယ်သူက သတ်မှတ်ခဲ့လေသလဲ။
ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ တစ်ခြမ်းဆိုတာရော ဟုတ်ပါ့မလားလို့ သံသယ ဖြစ်နေမိတယ်။
ရွဲ့နေတဲ့ အိုးနဲ့ သင့်တော်တဲ့ စလောင်းဖုံးဟာ ဖြစ်တည်စကတည်းက တူတူ ထုဆစ်ခံရရင်တော့ အံဝင်ဂွင်ကျ ဖြစ်ခဲ့မှာပေါ့...။
ခုတော့ လွဲမှားစွာ ဖြစ်ပေါ်လာတဲ့ စိတ်အာရုံ စေစားမှု တစ်ခုကြောင့် အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးသင့် မဖုံးသင့်...။

စာကြွင်း။ ။ ရုပ်ရှင်တစ်ကား ကြည့်မိတယ်။ အောက်က ကားလေးပါ။ ခြောက်နှစ်ကြာ လက်တွဲခဲ့ပြီးနောက် Six Years In Love လို့ အမည်ရတဲ့ ကိုးရီးယားကားလေးပါ။ ကြည့်ပျော်ပါတယ်။ ဇာတ်ဝင်သီချင်းလေးကိုတော့ ကြိုက်လို့ ဒီမှာ တစ်ခါတည်း တင်ပေးထားတယ်။
ဗီဒီယိုကတော့ ယူထုကနေ ဖွင့်ကြည့်ပေါ့...။

Six Years In Love OST



အပေါ်က ယူထု ဖိုင်ကို ဖွင့်လို့ မရခဲ့ရင် ဒီနေရာကို ကလစ်နှိပ်ပြီး ကြည့်လို့ရတယ်။ တင်ထားတဲ့ တစ်ယောက်က ပိတ်ထားလို့ ပွင့်မလားလို့ ထင်တဲ့ လင့်ခ်နဲ့ စမ်းတင်ထားရတယ်။

တစ်ခါက သစ်ရွက်လှုပ်လျင် တစ်ခစ်ခစ် ရယ်မောတတ်သော ကောင်မလေး တစ်ယောက် ရှိခဲ့သည် လို့ ဇာတ်လမ်း အ
ဖွင့်မှာ ရေးပြခဲ့ရင် ကောင်းမလားလို့ စဉ်းစားရင်း...။


Credit to : popseoul
6 Years in Love (2007)
6년째 연애중

Starring: Kim Ha-Neul, Yun Gye-Sang, Shin Seong-Rok
Director: Park Hyeon-Jin
Genre: Romance, Drama


ကင်မ်ဟာနူးလ်လေး သရုပ်ဆောင်တာ မဆိုးဘူး။ Too Beatuiful To Lie နဲ့ My Tutor Friend မှာကတည်းက သူ့ကို ကြိုက်လာတာ။ အခုလို အတည်အတံ့ကားလေးလဲ သူသရုပ်ဆောင်တတ်သားပဲလို့။

(ပို့စ်အသစ် တင်ပါလို့ ညီမလေး မြိုးက ပြောလို့ ရှိတဲ့ငုတ်စိလေးကို နည်းနည်း ပေါင်ဒါဖို့ပေးလိုက်ပါတယ် အရပ်ကတို့။)

ထပ်ဖြည့်။ ။ အမ်ပီသရီးကတော့ ဒီကနေ ဒေါင်းလုဒ် လုပ်ပေါ့။ (၂၆ ဖေဖေါ်ဝါရီ ၂၀၀၉)

Six Years in Lovers.mp3

12 comments:

  1. အမယ် တို့ပြောလို့တင်တယ် ဆိုလို့ အရင်ဆုံး မန့်ပေးလိုက်မယ်.. အိမ်ရောက်မှ စာပြန်ဖတ်ပြီး ရုပ်ရှင်ကြည့်တော့မယ်.. ဘိုင့်ဘိုင်..

    ReplyDelete
  2. ချစ်ကိုယ်တွေ့လားလို့ အရမ်းစိတ်ဝင်စားသွားတယ်။ ပြီးတော့မှ..

    ReplyDelete
  3. အပေါ်က ယူထု ဖိုင်ကို ဖွင့်လို့ မရခဲ့ပါ။

    ReplyDelete
  4. you tube မှာတော့သွားကြည့်လို့ရ၏၏၏၏။

    တစ်ခါက သစ်ရွက်လှုပ်လျင် တစ်ခစ်ခစ် ရယ်မောတတ်သော ကောင်မလေး တစ်ယောက် ရှိခဲ့သည် လို့ ဇာတ်လမ်း အဖွင့်မှာ ရေးပြခဲ့ရင် ကောင်းမလားလို့ စဉ်းစားရင်း..... (ခံခဲ့ရပုံတော့ပေါ်တယ်။)

    Six Years In Love ကိုကလစ်လုပ်တာ ရုပ်ရှင်မထွက်လာပါ။ အခွေဝယ်ကြည့်ပေါ့လို့တော့မပြောပါနဲ့လေ။

    ReplyDelete
  5. Link ကို ကလစ်နှိပ်လိုက်ပါ...။ သာယာနာပျော်ဖွယ်ကောင်းတဲ့ ကိုရီးယား သီချင်းသံ ငြိမ့်ငြိမ့်လေး ထွက်လာပါလိမ့်မယ်...။
    (ပြောသာ ပြောနေရ... ခံစားတတ်ပါ့မလား မသိ...)

    ReplyDelete
  6. ရုပ်ရှင်က အခွေ ၀ယ်လာတယ်လေ...။ အင်တာနက်ပေါ်တော့ တင်မတင်တော့ မသိဘူး...။
    http://www.veoh.com တို့
    http://aztv.com
    http://www.crunchyroll.com/drama?src=topbar တို့
    http://aznv.tv/?p=login တို့
    http://www.mysoju.com/ တို့မှာ အွန်လိုင်း ကြည့်နိုင်တယ်လေ...။
    အောင်မလေး မောလိုက်တာ...။
    ကျွန်တော်တော့ တစ်ခါမှ ကောင်းကောင်း မကြည့်ဘူး။ ကွန်နက်ရှင် မကောင်းတော့ မကြည့်ဖြစ်ဘူး...။

    ReplyDelete
  7. ပို့စ်ခေါင်းစဉ်က ကိုယ့်ခံစားချက်တွေကို ရုပ်ရှင်လိုလိုလုပ်ပြီး ရောချတာလား....။
    အမှန်က ကိုဘက ရင်ဖွင့်နေတာ... သူ့ပြောမှာစိုးလို့ ရုပ်ရှင်နဲ့ရောချလိုက်တာ...။
    ** အနာလိုက်စစ်နေသည်...။

    ပုံ/ အစ်မကြီး... စင်

    ReplyDelete
  8. တော်တော် ရုပ်ရှင်ကြိုက်တယ်နော်..အားလုံးသိနေတာပဲ။
    http://www.mysoju.com မှာ 6 Years in Love ကိုမတွေ့ဘူး။
    Too Beatuiful To Lie နဲ့ My Tutor Friend ကိုတော့တွေ့တယ်။ ကြည့်လိုက်ပြီ...တော်တော်ကောင်းပါတယ်။ thanks alot.

    အမကြီး " ကြည်"

    ReplyDelete
  9. ** အနာလိုက်စစ်နေသည်...။ (အက်စစ်ထည့်လိုက်ပါစင်စင်)

    ReplyDelete
  10. ဘာဆိုဘာမှ ကြည့်မရဘူး.. ဟွန်း

    ReplyDelete
  11. ရန်ကုန်မှာ အခွေဝယ်ကြည့်လိုက်ပါ နန်းညီရယ်။ ဒေါသတွေလျော့။

    ReplyDelete
  12. ဆင်ဆင်ကတော့ သူ့ကို ထုံတယ်လို့ ပြောလိုက်ကတည်းက တစ်ခါတည်းကို ပို့စတိုင်းကို အနုလုံ ပဋိလုံ ဆင်ခြင်ဆန်းစစ် အနာလိုက်စစ်နေတော့တာပဲဟေ့...။ ဟေဟေ့...။

    အမကြီး ကြည်ရေ...။ ရုပ်ရှင်တွေထဲမှာ ကိုးရီးယားကားလေးတွေက ကိုယ်တို့တစ်တွေရဲ့ ယဉ်ကျေးမှုဓလေ့နဲ့လဲ ညီ၊ အာရှတိုက်သားချင်းလဲ ဖြစ်ပြန်ဆိုတော့ သူတို့ကားလေးတွေ တစ်ကူးတစ်က ကြည့်ဖြစ်တယ်။ ၁၀ ကားမှ ၈ ကားလောက်က ကားကောင်းတွေချည်းပဲ။ သူတို့ဆီက ဇာတ်ညွှန်း၊ ၀တ္ထု၊ ဒါရိုက်တာ၊ သရုပ်ဆောင် အားလုံးဟာ အမေရိကန်တွေဆီကနေ ပညာအမွေ ဆက်ခံထားတော့ အဲဒါကို အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ တွဲစပ်ရိုက်ကူးရာမှာ ကားကောင်းလေးတွေ ဖြစ်လာတာပေါ့ကွယ်။ ရောက်လေရာတိုင်းမှ အခွေရှာတယ်...။ မရရင် အွန်လိုင်းမှာ ကြည့်တယ်။ အဲဒါနဲ့ မှတ်ထားမိတဲ့ ရုပ်ရှင်လိုင်းတွေ တွေ့မိတာပါ။ ခြောက်နှစ်တာ ချစ်သူမှတ်တမ်းကတော့ အွန်လိုင်းမှာ တင်တာ မတွေ့သေးဘူး။ တစ်ကယ်က ဒီကားက ၂၀၀၇ ကဆိုတော့ ကားဟောင်းပဲ။ ရှာလို့တွေ့ရင် လက်လှမ်းတို့လိုက်ပါ့မယ်။

    နန်းညီရေ - အန်တီဂွိ ပြောသလို ရန်ကုန်မှာသာ ကြည့်လိုက်ပါတော့။ ရလောက်မယ်။ ကုန်သည်လမ်းနားက ပန်းဆိုးတန်းမှတ်တိုင်လောက်မှာ လမ်းဘေး ဆိုင်လေးတွေက (ဘီယာဆိုင်ရှေ့က) ကိုရီးယားကား ရတတ်တယ်။ နေ့ခင်းပိုင်းပဲ သွားနော်...။ ညနေပိုင်းဆို ညဥ့်ငှက်တွေက အဲဒီနားမှာ ကျက်စားတတ်တယ်။

    အန်တီဂွိ - သားကို ဘယ်တုန်းကတည်းက မျက်မုန်းကျိုးနေတာလဲဟင်

    ReplyDelete