Saturday, February 28, 2009

တွေးမိတာလေးတွေ

  • ရေစုန်တွေ အလိုက်သင့် စီးမျောပြီး ရေဆန်တွင် အားစိုက်မထုတ်သူများကို ရေသာခိုသူများဟု သမုတ်၏။
  • အလျင်လို လမ်းအိုလိုက် ဆိုသည်မှာ လမ်းသစ်အတိုင်း လိုက်လျှောက်လျင် ဆူးနင်းမိမည်ကို စိုးရိမ်သောကြောင့်ဟု မှတ်ယူသော်ရ၏။
  • စကားကြီးဆယ်ခွန်းတွင် အသုံးအများဆုံးမှာ ကောက်ပင်ရိတ်လှီး စကားပြောနည်း ဖြစ်ပြီး အသုံးအနည်းဆုံးမှာ ကျွဲကူးရေပါ စကားပြောနည်း ဖြစ်သည်။
  • ပန်းဆယ်မျိုးအတတ်များအနက် တိမ်ကောလုနီးပါး ဖြစ်နေသည့် ပန်းတစ်မျိုးမှာ ပန်းတဉ်း အတတ်ဖြစ်သည်။
  • တိုင်းတစ်ပါးမှ လာသော အစားအသောက် အထုတ်များထဲတွင် ထည့်ထားသော အစေ့သေးသေးပါ အိတ်ကလေးမှာ စိုထိုင်းဆကို သက်သာစေရန် ဖြစ်သည်။
  • ဠင်းတများသည် ပုံပန်းသဏ္ဍာန် ဆိုးရွားလှသောကြောင့် အမည် သညာမှည့်ခေါ်ခံရာတွင်လဲ အက္ခရာများထဲတွင် ရုပ်အဆိုးဆုံး ဖြစ်သော ဠကြီးဖြင့် စာလုံးပေါင်းခြင်း ခံရ၏။
  • နေ့လည် နေ့ခင်း အချိန်များတွင် ၁၅ မိနစ်ခန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူလျင် ညနေစောင်း အလုပ်များ ပိုမိုတွင်ကျယ်၏။


7 comments:

  1. မှတ်သားသွားပါတယ် ဆြာဘွိုက်

    ReplyDelete
  2. ရေစုန်တွင်စုန်၍ ရေဆန်တွင်ဆန် သူကို မည်သို့ခေါ်ပါသနည်း။
    (လှေခတ်သူဟုခေါ်ပါသည်။ )

    အလျင်လို လမ်းအိုလိုက်
    လမ်းသစ်တွင် လမ်းပျောက် မှာစိုးသောကြောင့်ဖြစ်သည်.
    လမ်းသစ်တွင် ဆုးမရှိ။ လမ်ဟောင်းတွင် သာ ခြုံ မန်ပေါင်းပင် ရှိသည်။


    စကားကြီးဆယ်ခွန်းတွင် အသုံးအများဆုံးမှာ
    (ဆယ်ခွန်းကို မေ့သွားပြီ.. ပြန်ရှင်းပါ) (ကိုယ်စပြောလျင် ကိုယ်ပြန်ရှင်းနိုင်ရမည်။ နှူတ်ဖြေစာမေးပွဲကို မြင် ယောင်ကြည့်ပါ)
    ကောက်ပင်ရိတ်လှီး
    ….

    ပန်းဆယ်မျိုးကို ရေးပြပါ။
    (အထက်ပါ အတိုင်း)

    စိုထိုးင်းဆ ကို သက်သာစေရန်.။
    အင်း memory ကို refresh လုပ်သွားသည်။


    လင်းတ ..ဟုတ်လို့လား။
    ဟုတ်မှာပါလေ.
    ဘလော့တစ်ခုထဲမှာတော့ဖတ်လိုက်ဖူးတယ်။ အကျယ်ချဲ့ထားတယ်။ အခုမေ့သွားပြီး ဘယ်သူရေးတာလဲ မသိ. ဗီလိန် တို့ဘက်ကနဲ့တူတယ။်

    သေချာတာပေါ့ (ကိုယ့်ကိုကိုယ် အံ့သြမဆုံးဖြစ်သွားသည်။ဒီလောက် ကောင်းတဲ့မှတ်ဥဏ် စာကျက်တဲ့နေရာမှာများ အသုံးချလိုက်ရ..ဝက်ဝက်ကွဲ ဖြစ်သွားမှာဘဲ.)

    http://www.villain-lay.co.cc/2008/10/blog-post_30.html

    http://maungyin.blogspot.com/2008/03/blog-post.html

    ပြောချင်ရာပြောတော့။နားမလည်ပါလိုတော့ မပြောပါနဲ့ အသေသတ်ချင်တယ။် အဲလိုပြောရင်.။

    နေ့လည် ၁၅ မိနစ် မလောက်ပါ။ လေးဆယ် မိနစ်အိပ်ပြီးလျှင် ရေချိုးပါက ည ၁၂ နာရီထီခံပါသည်။

    ReplyDelete
  3. စကားကြီးဆယ်ခွန်းကို ပြောပြပါ(သိသလိုလိုနဲ့မသိဘူးဖြစ်နေတယ်) နေ့လည် နေ့ခင်း ၁၅မိနစ်အိပ်ပြီးရင်တစ်ကယ်ပဲညနေစောင်းအလုပ်တွင်ကျယ်လား။ စမ်းကြည့်အုံးမှပါ...ဒါပေမဲ့ အလုပ်ထဲမှာဘယ်နေရာသွားပြီး ၁၅မိနစ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ရမှာလဲလို့။
    အက္ခရာများထဲမှာ အလှဆုံးက ဘာလဲဟင်....က ဖြစ်မယ်ထင်တယ်..ဘာဖြစ်လို့လဲဆို တို့နာမည်က ....
    ကြည်

    ReplyDelete
  4. စကားကြီး ၁၀ ခွန်း။
    ၁။ ကောက်ပင်ရိတ်လှီး
    ၂။ ရေကူးညှာတင်
    ၃။ ဆင်ဝှေ့ရန်ရှောင်
    ၄။ အိုးတန်ဆန်ခပ်
    ၅။ ဆန်ပွတ်ကျည်ပွေ့
    ၆။ ကြက်ဆုပ်ခွပ်ပစ်
    ၇။ ရေစစ်ကရား
    ၈။ ကျွဲကူးရေပါ
    ၉။ ခပ်တင်မောင်းနင်း

    တစ်ခုက မေ့သွားပြီ.. မနေ့က အားလုံးချရေးထားတာ ဘယ်ရောက်သွားလဲ မသိဘူး။

    ပန်းဆယ်မျိုး။
    ၁။ ပန်းတဉ်း
    ၂။ ပန်းတော့
    ၃။ ပန်းတမော့
    ၄။ ပန်းထိမ်
    ၅။ ပန်းယွန်း
    ၆။ ပန်းပွတ်
    ၇။ ပန်းပု
    ၈။ ပန်းချီ
    ၉။ ပန်းပဲ

    ဒါလဲ တစ်ခု မေ့နေတယ်။
    သိသူများ ပြင်ဆင်၊ ဖြည့်စွက်ပေးပါကုန်။

    ထမင်းစားချိန်တွင် အချိန်ခိုးပြီး မိမိစားပွဲတွင် မျက်နှာမှောက် အိပ်နေနိုင်သည်။ ကိုယ်ပိုင်အချိန် ဖြစ်သောကြောင့် မည်သူမျှ မပြောနိုင်ပါ။

    အလှဆုံးအက္ခရာမှာ စိတ်ထင် ... “
    သေချာ ရှုစားလော့...။ တင်ကော့ရင်မော့နေသော စိတ်ကောက်နေသော နှမငယ်နှင့် မတူလေ သလော...။ အဟက်

    ReplyDelete
  5. ပန်းရန် ကျန်နေပါသည်။
    ပဲ၊ ထိမ်။ တဉ်း၊ တော့၊ မော့၊ ရန်၊ ပု၊ ပွတ်၊ ချီ၊ ယွန်း၊
    အဲလိုမှတ်ထားကွဲ့...
    ဆြာကြီးလုပ်ချင်လို့ ညနေကတည်းက ရှာလိုက်ရတာ မူးရော...။

    ReplyDelete
  6. ပန်းရန်ဆရာနဲ့ ဘာဂလိုတိုတို ဇာ့လမ်းလေးတွေ ဖြစ်ခဲ့ပုံရတယ်...။
    အန်းနီးဝေး ကျေးဇူးတင်ပါသည်။ ညနေက တစ်ညနေလုံး ဘီယာသောက်နေရင်းနဲ့ ထိုင်စဉ်းစားနေတာ။ ဘီယာကြောင့်မမူးပဲ ဒီ ကျန်ခဲ့တဲ့ ပန်းတစ်မျိုးကြောင့် မူးနေတယ်...။

    စကားကြီး တစ်ခွန်း ကျန်နေသေးတယ်ကွယ်...။ ထပ်ရှာလာပါဦး...။

    ReplyDelete
  7. ပဲ တိမ် တဉ်း တော့ ရန် ပု မော့.. မှတ်လော့ ပွတ် ချီ ယွန်း ဆယ်လီ ပါ..
    (မရ ရတာ ဆရာဝင်လုပ်သွားပါသည်)

    ReplyDelete