Friday, August 14, 2009

ငါ့ကို ချစ်တဲ့သူ

အာဇာနည်ရဲ့ သီချင်းလေးတစ်ပုဒ်ပါ။
ဒီသီချင်းလေးကြားတိုင်း တစ်ချိန်က တစ်ယောက်သောသူမကို သနားမိတယ်။
ခုနေခါမှာ သူပျော်ရွှင်ပါစေလို့ တိုးတိုးလေး ဆုတောင်းပေးနေမိတယ်။

အာဇာနည် - ငါ့ကို ချစ်တဲ့သူ

Myanmarmp3 ကနေ တိုက်ရိုက်နားဆင်နိုင်သလို အောက်ကပလေယာမှာလဲ နားဆင်နိုင်ပါတယ်။

တိုက်ရိုက်နားဆင်ရန်။


10 comments:

  1. ကိုဘ ဘယ်သူ့ကို သနားတာလဲ ဟင် ပြောပြ နံမည်ပါပြောမှ ပိုပြည့်စံမယ် ဟဲဟဲ ဟုတ်တယ် anoyamous (စာလုံးပေါင်းမှန်မမှန်ဘူး သိတယ် ပြင်ပေး) နဲ့ မန့်လို့ရအောင် လုပ်ပေးပါ တခါ မန့်ခါနီးတိုင်း မေးလ် ဖွင့်ရတာ မလွယ်ဘူး ဖူးးးးးးးးးးဟူးးးးးးးးးးး

    ReplyDelete
  2. ကြိုက်တာ မင်းယူတဲ့..
    ရက်ရောလိုက်တာ...

    ReplyDelete
  3. သူအခုလောက်ဆို တို့နဲ့ မိုင်ပေါင်း လေးငါးရာမက ဝေးတဲ့ အရပ်တစ်ခုမှာ အေးချမ်း ဆိတ်ငြိမ်စွာနဲ့ ဘဝခရီးကို ဖြတ်သန်းနေတယ်လို့ ယူဆရပါတယ်။ တစ်ခါတုန်းကတော့ သူရန်ကုန် ခဏရောက်နေတယ်လို့ ကိုယ်မသုံးတော့တဲ့ အီးမေလ်းထဲကို စာပို့လာဖူးတယ်။ အဲဒီအီးမေးလ်လဲ ပတ်စ်ဝါ့ဒ်မေ့နေတာနဲ့ မကြည့်ဖြစ်တာ တစ်နှစ်...။

    ReplyDelete
  4. လွမ်းစရာကောင်းလိုက်တာ

    ReplyDelete
  5. ဒါကြောင့် ကိုကြီး အထီးကျန်ဖြစ်နေတာကိုး။ သီချင်းနဲ့ အခြေအနေ စပ်ဟပ်သွားတော့ လွမ်းစရာလေး။
    maylay

    ReplyDelete
  6. ကိုဘက အဲလိုလား..ခုအထီးကျန်ပေါ့။ ချိတ်မကောင်းတာ..........

    ReplyDelete
  7. သနားတာက အချစ်လားအစ်ကို..

    ReplyDelete
  8. ကောင်မလေးကံကောင်းသွားတယ်ရော မထင်ဘူးလားကွဲ့

    ReplyDelete
  9. ကိုဘရော ကောင်မလေးရော ကံကောင်းကြပါတယ်ဗျာ။ မဟုတ်ရင် ကိုဘလဲ အရှေ့ဘက်ကမ်းခြေမှာ ထင်တိုင်းမကျဲနိုင်သလို။ ကောင်မလေးလဲ ခုလောက် ငြိမ်းချမ်းမယ် မထင် ...

    ReplyDelete
  10. ခင်ဦးမေ - လွမ်းစရာကောင်းတာမို့ လွမ်းစရာကောင်းတာလား။
    မေလေး - သတိရမိတာနဲ့ လွမ်းတာနဲ့တော့ ကွာလိမ့်မယ် ထင်ပါ့။
    စုဗူးအိမ် - အထီးကျန်ဆိုတာနဲ့ ကျင့်သားရနေခဲ့တာ ကြာပေါ့...။ ဟားဟား
    ဂျူနီယာလွင်ဦး - သနားတာနဲ့ ချစ်တာနဲ့ မတူဘူး ထင်တယ်။
    စတိ - မောင်ရင့်လေသံအတိုင်း ပြောရရင်တော့ ကောင်မလေး ကံကောင်းသွားတာပေါ့။
    ကိုကိုဒီဘီ - ဝင်း-ဝင်း စီကျူရေးရှင်း သုံးလိုက်တာပါ။ ရှဥ့်လဲ လျှောက်သာ၊ ပျားလဲစွဲသာအောင် ဆိုပြီးတော့...။ အဟက်...။

    ReplyDelete