Monday, March 8, 2010

စိတ္တဇ

နေ့စဉ်ထုတ်သတင်းစာများ ပြန့်ကျဲလျက်။
ရုပ်ရှင်လက်မှတ်များ ဟိုတစ်စောင် ဒီတစ်စောင်။
အခန်းထောင့်တွင်မတော့ တုံးလုံးပက်လက် Jack Danial နှင့် Chivas ပုလင်းခွံ။
အပေါ်သို့ လွှင့်ပျံတက်သွားသော ဆေးလိပ်မီးခိုးများကို ကြည့်လျက် အဟက် ဟု ရယ်မိလေသလား။
“အဟွတ်” တဲ့။
မရှိုက်တတ် ရှိုက်တတ်နဲ့ အဆုတ်ထဲ ဆေးလိပ်ငွေ့ကို ရှိုက်မှတော့ ချောင်းဆိုးပြီပေါ့။
ဘယ်တော့မှ မြည်လာမည် မဟုတ်သော ဖုန်းခေါ်ဆိုသံကို အခါခါ ငံ့လင့်စွာ တမ်းတလျက်။
မက်ဆေ့ခ်ျ စာတိုများ ခေတ္တ ခဏ ငုပ်လျိုးနေရာမှ ကြာရှည်စွာ တိတ်ဆိတ်လာခဲ့လေရာ...။

တိတ်ဆိတ်ခြင်း၏ အော်မြည်သံကို မခံနိုင်သည့် အဆုံး
အခန်းထောင့်တွင် ထောင်ထားသော ဂစ်တာကို မာရ်နတ်ဆိုး စစ်ချီနေသည့်အလား တီးလိုက်လေမှ စိတ်အဆာတစ်ဝက် ပြေသွားသည်။

ဆေးလိပ်ဗူးခွံမှ စာတမ်းများကို တောင်စဉ်ရေမရ ဖတ်နေမိသည်။
"Smoking Kills"
အဖတ်ဖတ်လန်နေသော အနာများနှင့် ပြည့်နေသော နှုတ်ခမ်းတစ်စုံကို တွဲတင်ထားသည်။ အာခေါင်ကင်ဆာပေါ့။

လွန်လေပြီးသော ရက်များဆီက တစ်တုံတုံမြည်နေခဲ့သော ဖုန်းသည် ယခုအခါတွင်မတော့ သူမဟုတ်သကဲ့သို့ အိပ်မောကျလျက်။

အလွတ်ရနေသော နံပါတ်တစ်ခုကို နှိပ်လိုက်ပြီးမှ Call ဟူသော ခလုတ်စိမ်းစိမ်းလေးကို မနှိပ်မိ။


ကြက်ခြေခတ် မီးခိုးရောင်ဖျော့ဖျော့ Icon လေးသည် Gtalk list တွင် ယခုတိုင် ရှိနေဆဲ။

ပုပ်သိုးဟောင်းနွမ်းနေသော ရက်စွဲများနှင့် ဂျီမေးလ်ထဲက မက်ဆေ့ခ်ျများသည် စာတစ်စောင်သာ ဖြစ်ခဲ့ပါက အထပ်ထပ် ဖတ်လွန်းသဖြင့် ကြေမွကောင်း ကြေမွနေချေလိမ့်မည်။

ရင်ဘတ်ဆီမှ စေးထန်းထန်းအရာများ စီးနေတာကို မြင်မှ အလန့်တကြား စမ်းမိသည်။ နှလုံးသွေး ဆိုတာ ဒါလား။
ကျောဘက်မှလဲ ထိုနည်းလည်းကောင်း။
နံရံတွင်မတော့ မြှားတစ်စင်း...။
သွေးစများနှင့် ခြောက်သွေ့လျက်။
ပြတင်းတံခါးမှ တစ်ဖျတ်ဖျတ် အသံကြား၍ လှည့်ကြည့်လိုက်တော့ အိပ်မှုန်စုန်မွားနှင့် ကျူးပစ်။
“ကိုယ်ပစ်တာ အရှိန်လွန်သွားတယ်” ဟု ပြောရင်း အပြင်ကို ပျံသန်းသွားသည်။
အမြင်အာရုံများ ဝေဝါးလာသည်။
ထို့နောက်...
ထို့နောက်....

အပြင်ဘက်ဆီမှာတော့ လေပြင်းတစ်ချက် ဝှေ့ကနဲ တိုက်နေလေ၏။
“ဖြောင်း”

ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထု တစ်ခုရဲ့ စတိုင်ကိုမှီးထားတာ။

11 comments:

  1. ဂလောက် တချိန်လုံး တအိုင်အိုင် လုပ်နေမှတော့ အိုင်စိတ္တဇ ဖြစ်ပြီပေါ့
    အိုင်ဘကြီးရယ်

    ReplyDelete
  2. ဘယ်လောက်တောင် အိုင်ဖုန်းအကြောင်းကြွားလိုက်မှန်းမှမသိတာ ဟိုက အညင်ကတ်ပြီး ဖုန်းကိုမခေါ်တော့တာနေမှာ

    ReplyDelete
  3. ဖျာရောင်းပြန်ပြီ။

    ReplyDelete
  4. ဖတ်လို့တော့အတော်ကောင်းတယ။် ဘေးလူတောင်ကြွေသွားတယ်။တစ်ကယ်။

    တစ်ခုဘဲရှိတယ။်
    ဝါသနာဗီဇ ကမဖျောက်နိုင်တော့
    ဘာမဆိုင်ညာမဆိုင်ဇတ်ကို ဝင်ရှူတ်စေတဲ့ ဖြောင်းကိုထည့်ပလိုက်တာဘဲ။ ဇတ်ကိုပျက်ကရော။

    ReplyDelete
  5. အရက် သောက်လိုက်၊ စီးကရက် ဖွာလိုက်နဲ့ မောင်ဘွိုက်ဇ် - နင် အတော်မိုက်လုံး ကြီးနေပါလား။

    ReplyDelete
  6. သစ်စိမ်းချိုးးးး ချိုးသွားသံလေ မမကေအိုအမ်

    ReplyDelete
  7. ဖြစ်မှဖြစ်ရပလေ ကိုဘွိုင်းဇ် ရယ် :(
    အဟဲ
    နောက်တာ :)
    တကယ်များ ခံစား နေရလား လို့  ဖတ်ယင်းကနေ
    အဆုံးကျ တော့
    " ဖြောင်း" ............... တဲ့ ဗျာ

    ခံစားသွားပါတယ်။

    ခင်မင်သော
    မောင်မောင်

    ReplyDelete
  8. Chivas ဟုတ်ဖူးလား...း))

    ReplyDelete
  9. ဘယ်ဆက်မလည်း “ အိုင်ဘ ရဲ့ အိုင်ဖုန်းကို အိုင်ခေါလ်လေးတွေခေါ်နော် အိုင်မက်စိလေးတွေပို့ နော် အိုင်ဖုန်းနဲ့ အိုင်ပြန်မယ် “ စသဖြင့်ပြောနေတော့ကာ ဟိုက အညင်ကတ်ပြီး မဆက်တာ ။ ဂျီတော့လည်း အိုင်ဖုန်းကနေသုံးနေတာ ဆိုတင်ထားလို့ ဘန်းတာနေမယ် ၊ ဟိဟိဟိ။။။

    ReplyDelete
  10. ဖတ်လို့ ကောင်းတယ်။

    ReplyDelete