Wednesday, March 3, 2010

Chaser, Runner, Bystander

လိုက်တုန်းက ပြေးနေသူ
မောလို့ ရပ်လိုက်တော့ ကျီစယ်ပြန်တယ်။

ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို
ခဲတစ်လုံး ပစ်ချလိုက်သလို ဂယက် ပြန်ထသွားတယ်။
ကမ်းစပ်ကိုတောင် လှိုင်းတွေ ခတ်သွားလေရဲ့။

ဒီလိုနဲ့ သစ်စိမ်းတွေ အခါခါ ကျိုးပြန်ပေဦးမပေါ့။

လရောင်ကို ယစ်မူးနေလို့ ဂယောင်ဂတမ်း ရေးမိတယ် ထင်ပါ့။ ခွင့်လွှတ်ပါကုန်။
အစ်မကြီး ယို။ :P

10 comments:

  1. နာဖြင့် လရောင် ဘယ်နားရှာရမှန်းမသိဘူး၊
    လမင်းကြီးတောင်မြင်ရခဲတာ..။

    ReplyDelete
  2. သမာဓိ ရှိဇမ်းဘာာာာာ...။

    ReplyDelete
  3. - အရှေ့ဖက်ကမ်းမှာ နေသူတွေက လမင်းကြီးကို နေ့တိုင်းမြင်ရတတ်တယ်။ လကွယ်ညက လွဲရင်ပေါ့။

    - ဘာရသေ့ဆိုလား။ ကောင်းကင်က ဈာန်နဲ့ ကြွလာတာ နန်ရင်ပြင်တစ်နေရာက မိဘုရားကြီး ရင်ဝတ်လျှောကျကျတာ မြင်တော့ ဈာန်လျှောပြီး ကောင်းကင်ကတောင် ပြုတ်ကျသေးတာပဲဟာ...။ ကိုယ်လို ပုထဇဉ်ကျတော့ ဘယ်လို သမာဓိ ရှိနိုင်မှာလဲ။ (Excuse တွေ Excuse တွေ။ :D )

    ReplyDelete
  4. ဟမ်..
    ကိုဘွိုင်းဇ်..ဈန်လျှောရတာ..
    ဒါဆို..ဘယ်သူများ..
    အစက် အစက် အစက်.. အစက်.
    ဆက်တွေးလိုက တွေးပါရန်။

    ReplyDelete
  5. သိပါဘူး ရပ်ကွက်ပတ်ပြေးရင်း မောလို့ ရေမြောင်းထဲ ပြုတ်ကြတာကို ကဗျာရေးထားတာလားလို့ ခွိ

    ReplyDelete
  6. သစ်ပင်မခုတ်ရ။ သစ်တောမီးမရှို့ရ။ သစ်စိမ်းချိုးမချိုးရ။
    ထောင်ဒဏ် ၃ နှစ်။

    ReplyDelete
  7. အဲဒီကဗျာကြိုက်တယ်။ကူးထားလိုက်တယ်နော်

    ReplyDelete