Tuesday, August 24, 2010

Apple to detect Jail Break Phone?

အခုတစ်လော စောင့်ကြည့်သူတွေ ကြားထဲမှာ ပွက်လောညံအောင် ပွဲဆူစေတာကတော့ Apple ရဲ့ လတ်တလောက မူပိုင်ခွင့်တင်လိုက်တဲ့ ကိစ္စတစ်ခုပါ။ ဘယ်လိုမူပိုင်လဲ ဆိုတော့ ဆော့ဖ်ဝဲတစ်ခု ထွင်လိုက်ပါတယ်။ အဲဒီ ဆော့ဖ်ဝဲဟာ iPhone, iPad အသုံးပြုသူများကို ထောက်လှမ်းနိုင်သလို Remotely disable လုပ်နိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ စောင့်ကြည့်သူများ စောဒက တက်တာကတော့ Apple ဟာ ဒီဆော့ဖ်ဝဲကို ဗန်းပြပြီး သုံးစွဲသူများ ဗရိုက်ဗေစီကို ချိုးဖောက်လာနိုင်သလို JailBreak လုပ်ထားတဲ့ ဖုန်းများကိုလဲ ထောက်လှမ်း လာနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချို့သော အကောင်းမြင်ဝါဒီများကတော့ ဒီလိုဆော့ဖ်ဝဲမျိုးဟာ အခိုးခံလိုက်ရတဲ့ ဖုန်းအတွက် ဒေတာ လုံခြုံရေးပိုင်းဆိုင်ရာ အလွန် အထောက်အကူပြုပါတယ်တဲ့။ အခိုးခံရ ပြီလို့ သတင်းပို့လိုက်တာနဲ့ Apple က ဒီဖုန်းကို လှမ်းပြီး ပိတ်လိုက်လို့ရအောင် ဒီဆော့ဖ်ဝဲက လုပ်ပေးပါတယ်တဲ့....။

ဟုတ်ပြီ...။ မိတ်ဆွေအနေနဲ့ ဒီဆော့ဖ်ဝဲကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ။ Apple ကတော့ အိုင်ဖုန်း အိုင်ပက် သုံးသူတွေရဲ့ လှုပ်ရှားမှု မှန်သမျှကို အရင်ဦးဆုံး သိနိုင်တယ်ဆိုတဲ့ အချက်ကတော့ ငြင်းလို့ မရတဲ့ အချက်ပဲ။
မိတ်ဆွေ ဖုန်းကို ဘယ်လို အသုံးချသလဲ။ Jail Break လုပ်လိုက်သလား။ တစ်ခြားသော ဖုန်း အော်ပရေတာမှာ ဖုန်းကို သုံးလိုက်သလား။ (ဒီအချက်ကတော့ အမေရိကားမှာ အိုင်ဖုန်းကို AT&T ဆက်သွယ်ရေး ကုမ္ပဏီ ကွန်ယက်နဲ့ သာ သုံးနေရတဲ့ သူတွေအတွက် အကျုံးဝင်ပါတယ်။) ဒီအချက်တွေကို Apple အနေနဲ့ ထောက်လှမ်းခြင်း ပြုမပြုဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီနေရာမှာ ဆော့ဖ်ဝဲက ဘယ်လို လုပ်ဆောင်တယ် ဆိုတာ အကြမ်းဖျင်း ရှင်းပြချင်တယ်။
- ပထမမှာ ဖုန်းက သုံးစွဲသူရဲ့ နှလုံးခုန်သံ (HeartBeat ကို ဘာသာပြန်တာပါ။) နဲ့ မျက်နှာအမူအရာ (Face detection) ကို မှတ်သားထားလိုက်မယ်။
- ဖုန်းသုံးစွဲသူက ဖုန်းကို ပါဝါဖွင့်လိုက်တိုင်းမှာ အဲဒီ ဆော့ဖ်ဝဲက သူမှတ်သားထားတာနဲ့ ဖုန်းကို ဖွင့်လိုက်သူဟာ ကိုက်ညီမှု ရှိမရှိကို အရင် စစ်ဆေးမယ်။
- မကိုက်ဘူးဆို ဖုန်းကို ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူး။

အင်း... အပေါ်ယံကြည့်သလောက်ကတော့ မဆိုးဘူးလို့ ထင်ရပါတယ်။
လတ်တလောမှာ အမေရိကားမှာ ခွင့်ပြုလိုက်တဲ့ အီလက်ထရောနစ်ဆိုင်ရာ ဥပဒေ အသစ်အရ အိလက်ထရောနစ် ထုတ်ကုန်တစ်မျိုးမျိုးကို မိမိ ပါစင်နယ် အသုံးချဖို့အတွက် hacking, jailbreak လုပ်တာဟာ ဥပဒေနဲ့ ငြိစွန်းမှု မရှိ ဆိုတဲ့ အချက်ဟာ Apple အရှိုက်ကို တည့်တည့်ထိသွားပါတယ်။ အဲဒါကြောင့် သူလဲ သူတတ်နိုင်တဲ့ ဘောင်အတွင်းကနေ ဒီ Jailbreak ကိစ္စကို တိုက်ခိုက်ချင်လို့ အခုလို ဆော့ဖ်ဝဲကို ထုတ်လုပ်လာတာပဲလို့ ယူဆချင်ပါတယ်။

Apple တင်လိုက်တဲ့ patent ကိစ္စ တစ်ချက် ပြန်ကြည့်လိုက်ရအောင်။ သူပြောထားတာကတော့ “Systems and Methods for Identifying Unauthorized Users of an Electronic Device” တဲ့။ အဲဒါ အိုင်ဖုန်း Average user တွေအတွက် ဘယ်လိုသော အဓိပ္ပါယ် သက်ရောက်မှု ရှိသလဲ.....။

ဆိုလိုချင်တာကတော့တစ်ကယ်လို့သာ Apple ကို ဒီလို လုပ်ဆောင်ခွင့်တွေ ခွင့်ပြုလိုက်မယ်ဆိုရင် Apple ဟာ iPhone သုံးစွဲသူများရဲ့ တစ်ကိုယ်ရည် အချက်အလက်များကို လိုသလို ရယူ အသုံးချနိုင်ခွင့် ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ပေါက်သွားပါမယ်။ မိမိဘယ်လို ပုံတွေ ရိုက်တယ်၊ ဘယ်လို ဗွီဒီယိုကို ဖန်တီးနေတယ်။ မိမိရဲ့ စကားသံ၊ စတာ စတာတွေကို Apple ကနေ အချိန်ပြည့် စောင့်ကြည့်ခွင့် ပေးလိုက်ရတယ် ဆိုတဲ့ သဘောပါ။ တစ်ကယ်လို့ ဖုန်းသုံးစွဲသူကို တစ်ခုခုသော အကြောင်းအချက်နဲ့ သံသယ ရှိနေရင် Apple ကနေ ဖုန်းကို Remotely Shutdown လုပ်လိုက်နိုင်တယ်လို့ ဆိုလိုချင်တဲ့ သဘောပါပဲ။

လောလောဆယ်မှာတော့ Apple ကတော့ အိုင်ဖုန်းကို hacking, modding, jailbreaking စတာတွေ မလုပ်တဲ့ သုံးစွဲသူတွေကို target ထားမှာတော့ မဟုတ်သေးပါဘူး။ Apple အဆိုအရတော့ အဲဒီ heart beat monitoring နဲ့ Face recognition ဆော့ဖ်ဝဲဟာ ဖုန်းကို အခိုးခံရတဲ့ အချိန်မှာသာ အသုံးချဖို့ ရည်ရွယ်ပါတယ်လို့ ထုတ်ပြန်ထားပါသတဲ့။

ကျွန်တော်တော့ မယုံပေါင်.....

Apple က တင်လိုက်တယ် ဆိုတဲ့ Patent Application ကို ဒီမှာ ဖတ်နိုင်ပါတယ်။

3 comments:

  1. မကိုင်တော့ဘဲ နေလိုက်မှာနော်
    အိစိအိစိတွေ သိပ်များတယ်

    :anr:

    ReplyDelete
  2. steve ကြီး ကညဏ်သိပ်များတယ် စောင့်ကြည့် ၇အုံးမယ်

    ReplyDelete
  3. ရီတာ.. သပျစ်သီး မချဉ်ပါနဲ့လေ။ ပြီးခဲ့တဲ့ တစ်နှစ်လုံးက ဒီစကားပဲ ပြောလာတာ အိုသေတော့မယ်။ :P

    AMK : ဉာဏ်များတာတော့ သေချာတယ်။ ခုလဲ အိုင်ပေါ့တ်တွေကို ဟိုဟာလေး နည်းနည်းထည့် မော်ဒယ်နံပါတ်ပြောင်း၊ ဒီဟာလေး နည်းနည်းထည့်ပြီး နောက်မော်ဒယ် အသစ်ပြောင်းနဲ့ လုပ်နေတာ...။
    It's amazing. So Wonderful ဆိုပြီး launching date တုန်းက ပြောနေတာများ အမြင်ကတ်စရာ...။

    ReplyDelete