ရင်၌ ဖြစ်သော စကားသံသည်
လေထုထံပါးမှ တစ်ဆင့်
တောင်နံရံကို ရိုက်ခတ် မြည်ဟည်းစေ။
ထို့အတူ
ရင်၌ ဖြစ်ထွန်းသော
ချစ်ခြင်းတရားသည်
အကြွင်းတည်စေ။
ယင်းနှင့် တွဲပါလာသည့်
ရင်အစုံကို လောင်ကျွမ်းစေတတ်သော
ပူလောင်မှုများသည်
နေလာနှင်းပျောက်သကဲ့သို့
အလွမ်းများ ငြိမ်းစေသတည်း။
စာကြွင်း။ ။ ဒါဆားချက်တာနော်။
စမ်းသပ်ချက်
1 year ago
သြော် ကိုဘွိုင်းတို့ များ ရင်အစုံမှာ လောင်ကျွမ်းရအောင် မိန်းကလေးများကျ
ReplyDeleteနေတာပဲ။
အဲတာများ ရေခဲပြင်ပေါ်မှာ မှောက်အိပ်လိုက်ပါ။
ငြိမ်းစေသတည်း ။
မောင်မောင်
reader နဲ့ဖတ်လိုက်တယ်။
ReplyDeleteကော်နီ သီချင်း
ReplyDeleteအလွမ်းများငြိမ်းစေသတည်း.. ကိုယ်ဆုတောင်းရင်း.....
ReplyDeleteဒီမယ်.. အတည်ပေါက်ရေးပြီးမှ အရှက်ပြေစာကြွင်းတွေ ဘာတွေလုပ်မနေပါနဲ့.. အန်တီတို့လည်း ငယ်ရာကကြီးလာတာပါ။ နားလည်ပါတယ်။