Friday, December 17, 2010

Mercury Day

ပြဿဒါးနဲ့ ရက်ရာဇာ
ဘယ်မဟော်ပညာ ကဝိမဟာတွေက
သတ်မှတ်ခဲ့တာလဲ။

ခေါင်းဆေး၊ ကင်ပွန်း
လျှော်လိုက်စမ်းဟဲ့ ဟိုအရပ်က ဟိုအပင်အောက်မှာ
ဒီလထဲ အနောက်အရပ်ကို မသွားနဲ့
အလှူကို နောက်လထဲမှ လုပ်မယ်။

အင်း
လောလောဆယ်တော့
ဘီဒုက်ဘက်ကို နဂါးခေါင်းလှည့်နေတယ်။

Tuesday, December 14, 2010

Happy Birthday


ချစ်ဖွယ်သော ပီယဝါစာ စကား* ကို ဆိုတတ်သော
ပျိုမျစ်နုနယ်သော အဆင်း ကို ပိုင်ဆိုင်သော
လှပသေသပ်သော နှုတ်ခမ်း ပိုင်ရှင်
ရှုမငြီးသော ရုပ်သွင် ကို ပိုင်သသူ

ယနေ့သည်ကား အသင့်၏ မွေးနေ့ဖြစ်ပေသည်။
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ ဖြစ်ပါစေသတည်း။


Terms & Conditions.
*ကိုကို့ကို မီးမီး တစ်အားချစ်တာပဲ





Happy Birthday To You.
You Belong To The Zoo!
You Are Monkey and Donkey!
Happy Birthday To You.

Sunday, December 12, 2010

Names

ပုဂံမင်းဆက်တွေထဲက တစ်ဆက်ရဲ့ နာမည်မှည့်ပုံလေး။ အဖေ့နာမည်နောက်ဆုံးကို သားက အရှေ့မှာ မှည့်တာ...။
၁။ ထီးမင်းယဉ်
၂။ ယဉ်မင်းပိုက်
၃။ ပိုက်သေလဉ်
၎။ သေလဉ်ကြောင်
၅။ ကြောင်ဒူရာဇ်

ရှမ်းရာဇဝင်/သမိုင်း တစ်ခုမှာ ဖတ်ရတာကတော့ သူတို့ဟာ ရှမ်းဘုရင်တွေပါတဲ့။
နာမည်က မြန်မာနာမည်တွေ မဟုတ်သလိုတော့ ထင်သား။
အဓိပ္ပာယ်ကတော့

၁။ ထီးမင်းယဉ် = ထီးမိန်းယိန်
(ထီး = စိုင်းထီးဆိုင်ထဲက ထီးလို အဓိပ္ပါယ်ပဲ မေ့သွားပြီ။ မိန်း = နိုင်ငံ၊ ယဉ် = ငြိမ်းချမ်းသာယာခြင်း။ ငြိမ်းချမ်းသာယာသော နိုင်ငံက ထီး အရှင်သခင်ပေါ့လေ)

၂။ ယဉ်မင်းပိုက် = ယိန်မိန်းပက်
(ယိန်=ငြိမ်းချမ်းသာယာခြင်း၊ မိန်း= နိုင်ငံ၊ ပက်= ထင်းရှုးဆီ။ ငြိမ်းချမ်းသာယာသော ထင်းရှုးနိုင်ငံများ ဘုရင်လား မသိ)

၃။ ပိုက်သေလဉ် = ပက်ဆေလိုင်း
(ပက် = ထင်းရှုး၊ ဆေ = ကျား၊ လိုင်း = ရောင်စုံအစင်း။ ထင်းရှုးတော ရောင်စုံကျားဘုရင် ???)

၎။ သေလဉ်ကြောင် = ဆေလိုင်းစဝ်
(ဆေ=ကျား၊ လိုင်း= ရောင်စုံ/အစင်း၊ စဝ်= အရှင်သခင် ရောင်စုံကျား အရှင်)

၅။ ကြောင်ဒူရာဇ် = စဝ်ဒူရာဇ်
(ဒီနေရာရောက်တော့ သမိုင်းစာအုပ်က ပိုးစားထားလို့ ဖတ်လို့မရတော့ဘူး။)

ပု၊ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ကုန်းဘောင် နှစ်ခေတ်ခွဲ ဆိုတဲ့ စကားစု မှာ ပါတဲ့ ပင်းယ နဲ့ အင်းဝခေတ်မှာ ဘုရင်အများစုက ရှမ်းဘုရင်တွေပါတဲ့။ (၁၆ ရာစုလောက် ဖြစ်မယ်။)
ရှမ်းညီနောင်သုံးပါးတို့၊ သိုဟန်ဘွားတို့၊ တစ်သက်မှာ သုံးခါသာ ပြုံးတဲ့ သီလဝ မင်းတို့။
သိုဟန်ဘွားကတော့ ရဟန်းဘုန်းကြီးတွေကို သတ်တယ်လို့ နာမည် အဖျက်ခံရပါတယ်။ တစ်ကယ်တော့ ရှမ်းတွေလောက် ဗုဒ္ဓဘာသာကို အလေးအမြတ်ထားတာ ရှမ်းတွေပဲ ရှိတော့ ရှမ်းဘုရင်ကနေ ဘုန်းကြီး၊ ရဟန်း၊ သံဃာတွေကို သတ်တယ်ဆိုတာ သိပ်တော့ လက်မခံချင်ပါ။

နာမည်မှည့်တာကနေ ဘုရင်တွေ နိုင်ငံတော်တွေ အကြောင်း ရောက်သွားတယ်။ နောက်မှ အလျဉ်းသင့်သလို ထပ်မံ ဖော်ပြပါ့မယ်။


ငယ်ငယ်က ဖတ်ဖူးခဲ့တာမို့လို့ ဒီသဘောအတိုင်း အဓိပ္ပာယ် ပေါက်တယ်လို့ မှတ်ယူမိပါတယ်။
အကောက်အယူလွဲပါက ကျွန်တော့်ရဲ့ မှတ်ဉာဏ်အား ချို့တဲ့မှုကို အပြစ်တင်နိုင်ပါတယ်။

Thursday, December 9, 2010

iPhone Warranty : Applecare Protection Plan



မနှစ်က ဝယ်ထားတဲ့ အိုင်ဖုန်းလေး အခုလထဲမှာ အာမခံကာလ တစ်နှစ်က ပြီးတော့မယ်ဆိုတာ သိလို့ Apple Store ကနေ AppleCare Product Plan ဆိုတာလေး ဝယ်လိုက်တယ်။ နောက်တစ်နှစ်အထိ အာမခံ ရှိသွားတာပေါ့။ အိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ Hardware ပိုင်း၊ software ပိုင်းဆိုင်ရာ ပြဿနာ တက်လာရင် Apple ကနေ တိုက်ရိုက် support လုပ်ပေးနိုင်မယ့် plan လေးပေါ့။

အိုင်ဖုန်းဝယ်တုန်းက ဒီ package လေးကို ဝယ်လိုက်မယ်ဆိုရင် ၃၀% ဈေးလျှော့ပေးပါတယ်။ မဝယ်ဖြစ်လိုက်လို့ ပထမ အာမခံကာလ တစ်နှစ်အတွင်းမှာ ဒီပက်ကေ့ခ်ျကို ဝယ်မယ်ဆိုရင် ပထမ အာမခံတစ်နှစ် ပြည့်သွားရင် နောက်တစ်နှစ် extend လုပ်ပေးပါမယ်။ အိုင်ဖုန်းစစချင်း ဝယ်ရင်တော့ နှစ်နှစ်အာမခံ ရတဲ့ သဘောပေါ့။


One to one exchange ရမရတော့ မသိဘူး။ လောလောဆယ်တော့ ၉၉ ကျပ် ထွက်သွားပြီ။ နောက်တစ်နှစ်အတွက် အာမခံ စိတ်ချရသွားပြီ။

Apple Product အားလုံးကို တစ်ခုချင်းစီအတွက် ဒီ AppleCare Product Plan က အကျုံးဝင်ပါတယ်။
iPhone အတွက် Applecare Protect Plan ဝယ်ချင်ရင် ဒီလင့်ခ်ကနေ သွားလိုက်ပါ။

Bonus :
တစ်ခြားသော Apple Product များအတွက် Applecare Protection Plan ဈေးနှုန်းလေးတွေ ရေးပေးလိုက်ပါတယ်။

Wednesday, December 8, 2010

My Wish list for this Christmas 2010

1. iPad

iPad


2. iPhone 4
iPhone 4
3. HTC HD7
HTC HD7

4. Nikon D7000
Nikon D7000

5. Sony Camcorder HDR-CX550E
HDR-CX550E

6. Sony PS3-Slim

Sony PS3-Slim 320GB

7. Nexus S
Nexus S

Wishlist က များသွားလား မသိဘူး။ အဟင်း....။
ဝယ်ပေးချင်ရင် ခုကတည်းက ကြိုစာရင်းပေးထားနော်...။

Tuesday, December 7, 2010

How to use "Places" on FaceBook in iPhone with "HotSpotShield"VPN


အိုင်ဖုန်းထဲက ဖေ့ဘွတ်မှာ ''Places'' ဆိုတဲ့ function ပါလာတာ သုံးလလောက် ရှိနေပါသည်။
By default အရ အမေရိကားနိုင်ငံ တစ်ခုပဲ သုံးလို့ရပါသေးတယ်။
အမေရိကားပြင်ပ နိုင်ငံမှာ သုံးလို့ မရသေးပါဘူး။
လောလောဆယ်တော့ စလုံးမှာတော့ သုံးလို့ရအောင် နည်းလမ်းတစ်ခု တွေ့ထားပါတယ်။
အဲဒါကတော့ HotspotShield VPN ကို ကိုယ့်ဖုန်းထဲမှာ Add လုပ်ဖို့ လို့ပါတယ်။
ကျွန်တော် လက်ရှိ စမ်းသပ်ပြီး သုံးနေတာပါ။ (စလုံးအပြင် တစ်ခြားသော အမေရိကန် ပြင်ပနိုင်ငံများက ဒီနည်းကို သုံးရမရ စမ်းသပ်ကြည့်ပြီး အကျိုးအကြောင်း လာရေးပေးပါဦး။)

အောက်က ပေးထားတဲ့ လင့်ခ်အတိုင်း လုပ်ပေးဖို့ပဲ လိုပါတယ်။

How to set up VPN to use "Places" in iPhone's FaceBook.

Username နဲ့ Password ကို မေးလာရင် Step 2 နားက "Account ID" ကို ကလစ်ခေါက်လိုက်ပါ။ စက်က username နဲ့ password ကို အော်တို generate လုပ်ပေးပါလိမ့်မယ်။

setup configuration များ ပြီးဆုံးသွားလို့ရှိရင်တော့ Wifi နဲ့ VPN ကို ON ပေးဖို့ လိုပါတယ်။ VPN logo လေးက ဖုန်းရဲ့ ညာဘက် အပေါ်ထောင့်မှာ ပေါ်နေပါမယ်။ အဲဒါလေး ပေါ်နေရင်တော့ Places ကို သုံးလို့ ရသွားပါပြီ။

VPN ကို တောက်လျှောက် ON ပေးတဲ့ အတွက် ဖုန်းဘက်ထရီတော့ ကုန်ပါလိမ့်မယ်။ ကျွန်တော့်လို့ External iPhone Battery ဖြစ်တဲ့ Energizer ကို ဝယ်ထားရင်တော့ Battery ကိစ္စ ခေါင်းစားစရာ မလိုပါဘူး။

စာကြွင်း။ ။ အထက်ဖော်ပြပါ အချက်အလက်များ အရင်းအမြစ်၊ သတင်း စစ်မှန်မှု၊ စမ်းသပ်သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ် တို့သည် စာရေးသူ၌ တာဝန်မရှိကြောင်း....။ (ဟိ ကိုယ်ဖြစ်ကိုယ်ခံပဲ)

Friday, December 3, 2010

iPhone apps: Viber





အိုင်ဖုန်းထဲမှာ သုံးထားတဲ့ apps တွေထဲက ကောင်းတာလေး တစ်ချို့ကို ဝေမျှချင်လို့ပါ။
ဒီ apps က ဖုန်းအစားထိုးပြောလို့ရတယ်လို့လဲ ပြောလို့ရတယ်။ သူက skype လိုမျိုးပဲ။ တစ်ခု ပိုကောင်းသွားတာက skype လို account တစ်ခု သတ်သတ် ရှိစရာ မလိုဘူး။ အဲဒီ apps ကို Install လုပ်ပြီး run လိုက်တာနဲ့ သူက ကိုယ့် contact ထဲက ရှိတဲ့ လူတွေထဲက အလားတူ Viber apps သုံးတဲ့ လူတွေဆီကို တန်းခေါ်လိုက်လို့ရတယ်။ သူက Wifi, 3G network ကနေတစ်ဆင့် အလုပ်လုပ်တာမို့လို့ အချိန်မရွေး သုံးစွဲနိုင်တဲ့ အနေအထားပါ။ ကိုယ့်မှာတော့ Data Plan တော့ ရှိဖို့ လိုပါလိမ့်မယ်။ စင်ကာပူက iPhone သုံးစွဲသူ အများစုကတော့ ပလန်စယူကတည်းက 12GB Data Plan ပါတဲ့ ပလန် အမျိုးအစားကို ယူကြတာ များတော့ ဒေတာ သုံးစွဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။ တစ်ခြားသော နိုင်ငံက သုံးစွဲသူတွေတော့ ဒေတာ ပလန်ကို သေချာ စိစစ်ဖို့ လိုပါတယ်။ (ဒေတာပလန်နဲ့ ပတ်သက်လို့ စလုံးက တစ်ခုကောင်းတာက တစ်လတစ်လကို 12GB အထိ အများဆုံး ပေးသုံးထားပါတယ်။ ပိုရင်လဲ ပိုသလောက်ပေးရပြီး အပိုကြေးကို အများဆုံး ဒေါ်လာ ၃၀ အထိပဲ ပေးရပါတယ်။ ကျွန်တော်ကတော့ တစ်လတစ်လ ဖုန်းက ဒေတာတွေ သုံးတာ 4GB တောင် မရှိဘူး။)

အခု Viber ကတော့ သူ့ကို ပိတ်ထားရင်လဲ Viber ကနေ ကိုယ့်သူငယ်ချင်းက ဖုန်းဆက်လာရင် မြည်ပါတယ်။ Background မှာ run မနေရင်တောင် push notification နဲ့ alert ပေးပါတယ်။ Battery power စားသုံးမှု အလွန်နည်းပါတယ်။ Viber use ကနေ Viber user အချင်းချင်း ဖုန်းခေါ်တာ ဖရီးပါ။ ကိုယ့် contact list ထဲက နံပါတ်ကို သုံးပြီး ခေါ်တာပါ။ နိုင်ငံရပ်ခြားက Viber User ကို ခေါ်လဲ ဖရီးပါပဲ...။ သုံးသင့်တဲ့ application တစ်ခုမို့လို့ မျှဝေလိုက်တာပါ။

Download လုပ်ချင်တယ် ဆိုရင်တော့ apple apps store ကနေ search အောက်မှာ Vibre free ဆိုတာကို ရိုက်ပြီး ရှာလိုက်ပါ။ နောက် Install လုပ်လိုက်တာနဲ့ တန်းသုံးလို့ ရပါပြီ။ Install လုပ်ပြီး နောက်ပိုင်း ကိုယ့်ဖုန်းနံပါတ်အမှန်ကို တောင်းလာရင် ပေးလိုက်ဖို့ မမေ့ပါနဲ့။ Activation code ကို ကိုယ့်ဖုန်းဆီကို မက်ဆေ့ခ်ျ အနေနဲ့ ပို့လာမှာ မို့လို့ပါ။

နိုင်ငံရပ်ခြားကို ဖုန်းခေါ်ဆိုခ မကုန်ပဲ အလွယ်တကူ ခေါ်နိုင်ကြပါစေ။

Viber website ကနေ apps ကို download လုပ်နိုင်သလို iTunes ကနေ ဒီလိပ်စာနဲ့လဲ Download လုပ်နိုင်ပါတယ်။

စာကြွင်း။ ။
၁။ iOS 4.xx သွင်းထားတဲ့ iPhone 3GS/ iPhone 4 တွေမှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် အလုပ်လုပ်တာ တွေ့ရပါတယ်။
ှ၂။ မရှင်းတာရှိရင် ဒီလင့်ခ် ကနေ ဝင်ဖတ်နိုင်ပါတယ်။

(ကြော်ငြာခ မရပါ။ အသုံးဝင်လို့သာ မျှဝေခြင်း ဖြစ်ပါတယ်။ ဒီ apps ကို သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ်များကို စာရေးသူမှ တာဝန်မယူပါကြောင်း.....။)

Description

Viber is an iPhone application that lets you make free phone calls to other iPhone users that have Viber installed. When you use Viber, your phone calls to any other Viber user are free, and the sound quality is much better than a regular call. You can call any Viber user, anywhere in the world, for free. All Viber features are 100% FREE and do not require any additional “in application” purchase.


******************************************************

Viber - Free Phone Calls


  • Free
  • Category: Social Networking
  • Updated: Nov 24, 2010
  • Current Version: 1.0.4
  • 1.0.4 (iOS 4.0 Tested)
  • 6.0 MB
  • Languages: English, Chinese, French, German, Japanese, Russian, Spanish
  • Seller: Viber Media Inc.

Requirements:Compatible with iPhone, iPod touch, and iPad. Requires iOS 3.0 or later