Thursday, May 22, 2008

Keep It Up!!

ဒီခရီးကို ဒီထီးနဲ့ ဆက်သွားမလား...။
ဒီမိုးနဲ့ ဒီလေနဲ့...
ဒီလူနဲ့ ဒီအပူနဲ့...

ဆိုက်ချင်တဲ့ ကမ်းဆိုက်...
ရောက်ချင်တဲ့ သောင်ရောက်...

လက်သည်းကို ဆိပ်မိမှ
လက်ထိပ်နာမယ်...။

တွယ်ရာမဲ့ဗေဒါကို
ပန်းပန်ပေးလိုက်ရအောင်...။

ဒိုက်ဖတ်တွေ
ရေမှော်တွေ
အဝေးကိုသွား...။

ကဲ...လာခဲ့...။

ဟိုး.... အရှေ့မှာ
ရောင်နီပျို့လာပြီ...။
မိုးရိပ်မဆင်ခင်
အရောက်သွားရအောင်...။

(လှမ်းလင့်ကူညီနေကြသော လက်အစုံပေါင်းများစွာသို့...။)

No comments:

Post a Comment