Sunday, April 15, 2012

မန်းတောင်ရိပ်ခို (Piano Cover)

သူများတွေလို  မြန်မာပြည် သင်္ကြန် ပြန်မကဲနိုင်လို့ စိတ်ပေါက်ပေါက်နဲ့ ကောက်တီးပစ်လိုက်တဲ့ ဘွိုင်းဗားရှင်း မန်းတောင်ရိပ်ခို....။
သည်းခံ နားထောင်ပေးပါရန်...။
နက်ဖြန် အတက်နေ့.....
ဘာလာမလဲ...။ :P 




Thursday, April 12, 2012

Thingyan Moe (Cover)

နှစ်သစ်ကူးမှာ စိတ်သစ် လူသစ်နဲ့ အားအင်အသစ်တွေ တိုးပွားပြီး လုပ်ငန်း ကိုင်ငန်း အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


သင်္ကြန်မိုး ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ သင်္ကြန်မိုး သီချင်းကို တတ်သလောက် မှတ်သလောက်လေး တီးထားတာ တင်ပေးလိုက်ပါတယ်။ (နားဝင်ပီယံ သူ့လက်သံ တန်းမဝင်တာတော့ ခွင့်လွှတ်...။)




Friday, April 6, 2012

သင်္ကြန်အကြို ရာသီစာလေး

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။

ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)
Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ ကျူးပစ်ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။


ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်

ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2012 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။

Sunday, January 22, 2012

How to JailBreak A5 Chips iDevices (iPhone 4S, iPad 2) iOS 5.0.1 with Windows Version Absinthe Software

How to Jailbreak A5 iDevices on iOS5.0.1 with Absinthe Software.

၁။ ပေးထားတဲ့ လင့်ခ်အတိုင်း သွားပြီး မိမိတို့ အလိုရှိရာ OS Version ကို Download လုပ်လိုက်ပါ။
၂။ ဆွဲချလို့ ရလာတဲ့ RAR ဖိုင်ကို UnRar ပြန်လုပ်လိုက်ပါ။
၃။ ဖိုင်သိမ်းထားတဲ့ နေရာကို မှတ်ထားပါ။
၎။ မိမိတို့ရဲ့ အိုင်ဖုန်း (သို့မဟုတ်) အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။
    အိုင်ကျွန်းနဲ့ ချိတ်ပြီး မိမိတို့ရဲ့ ဒေတာတွေကို Backup လုပ်ပေးပါ။
   Right click on iphones/ipad and choose Transfer. After Tranfer finish, then again choose Backup.
   (ကျွန်တော်ကတော့ ဓါတ်ပုံတွေကို Windows Explorer သုံးပြီး သတ်သတ် ကော်ပီပေ့စ်လုပ်တယ်။)
၅။ အိုင်ကျွန်းကို ပိတ်လိုက်ပါ။ ဖုန်းကို Lock Screen ကနေ Password ပိတ်ထားတယ်ဆိုရင် Password ကို ဖျက်လိုက်ပါ။
၆။ ခုနက သိမ်းထားတဲ့ ဖိုင်ဖိုဒါကို သွားလိုက်ပါ။ အဲဒီထဲက absinthe ဆိုတဲ့ ဆော့ဖ်ဝဲလေးကို Run လိုက်ပါ။ မိမိတို့ရဲ့ အိုင်ဖုန်း/အိုင်ပက်က ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတာ သေချာရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။

၇။ Jailbreak ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
၈။ ဆော့ဖ်ဝဲက အော်တို အလုပ်လုပ်နေပါလိမ့်မယ်။ ဖုန်းကို သွားမတို့မထိပါလေနဲ့။ ဆော့ဖ်ဝဲကို သူ့ဟာသူ အလုပ်ပေးလုပ်နေပါစေ။
၉။ Progress Bar လေး ပြည့်ခါနီးလောက်ရောက်ရင် မက်ဆေ့ခ်ျပေါ်လာပါလိမ့်မယ်။ မိမိတို့ ဖုန်း/အိုင်ပက်ကို Lock ကျနေတာကို ပြန်ဖွင့်ပြီး အရိုးခေါင်းပုံ icon လေး ရှိတဲ့ နေရာကို ရှာပါ။ အဲဒီ icon ကို နှိပ်လိုက်ပါ။ (အရိုးခေါင်းက Greenpois0n ရဲ့ လိုဂိုပါ။)
၁၀။ အဲဒီမှာ ဖုန်းက အော်တို ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်။
၁၁။ Cydia icon လေးကို ကိုယ့်ဖုန်းထဲမှာ မြင်နေရရင် Jailbreak လုပ်တာ အောင်မြင်တယ်လို့ ဆိုရပါမယ်။
၁၂။ မမြင်ရရင်တော့ ဖုန်းကို ရီစတိုး လုပ်ပြီး အစက ပြန်လုပ်ရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

စာကြွင်း ။ ။ 
၁။ အထက်ပါနည်းသည် ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်၍ အောင်မြင်ထားသော နည်းဖြစ်ပါသည်။ 
၂။ ဖုန်းမတူ၍ အသင်တို့ဖုန်းနှင့် အကျွန်ုပ်၏ ဖုန်းရလဒ်ချင်း ကွာနိုင်ပါသည်။
၃။ အကျွန်ုပ်နည်းအတိုင်း စမ်းသပ်၍ မအောင်မြင်ပါက တာဝန်မယူပါ။ (Author takes no responsibilities by trying those mentioned method. Please, try it at your own risk)

As of now, My iPad 2 and iphone 4S were successfully jailbreak using Abisnthe.

Credit to All Dream Team and the site hosting.

How to Jail Break iPad 2 on iOS 5.0.1 with Cinject_0.4.3 via Command Line method

ဒီနည်းကတော့ ဝင်းဒိုးပိုင်ရှင်များအတွက် Command Line ကနေတစ်ဆင့် လုပ်ရမယ့်နည်း ဖြစ်ပါတယ်။
Mac သမားများအတွက်ကတော့ GUI Version ကို ဒီကနေတစ်ဆင့် ဆွဲချပြီး လွယ်လင့်တကူ ထောင်ဖောက်နိုင်ပါတယ်။
- Frist, Back up your iDevices Data with ituens.
- Download the CLI software from this link.

1) Download the file above in step 3, then extract the folder to your Downloads. (Start Menu, your name, then on the left, downloads.)
2) There should now be a folder called: "cinject_0.4.3"
3) Open up CMD and type this (Without "" quotes..): "cd downloads"
4) Then, do: "cd cinject_0.4.3"
5) After so, type this command into cmd.. "cinject.exe -i payloads/jailbreak.mobileconfig"
6) On your device, click on install, and when prompted to type in a password, just click next, with no password in.
7) After so, type this command: "cinject.exe -j payloads"
8) Just wait a little bit. ( Don't freak out, or jizz ;) )
9) Now after a few minutes from step 8, now type this command: "execute the command: cinject.exe -w"
10) On your device, after doing step 9, toggle the "VPN" switch on in the settings, in about a few seconds after, it should say error.
11) Wait, then it should restart. Cydia is now installed, and your device is now free!

သတိပြုရန်။ ။
Fatal_error ဆိုပြီး Backup Create လုပ်တဲ့ အဆင့်မှာ ဖြစ်နေခဲ့ရင် အိုင်ပက်ကို Clean Restore ပြန်လုပ်ပါ။
Clean Restore ဆိုတာ အိုင်ကျွန်းကနေ အိုင်ပက် အသစ်စက်စက် ဖြစ်အောင် ရီစတိုး လုပ်တာပါ။
အိုင်ကျွန်းနဲ့ မချိတ်ချင်ရင် အိုင်ပက်ထဲက Setting>General>Reset>Erase/Reset all contents and Setting ကို လုပ်ပေးလိုက်ပါ။
အဲဒီနောက် အစကနေ ပြန်ပြီး ထောင်ဖောက်လိုက်ပါ...။
ထောက်ဖောက်ပြီးနောက်ပိုင်း မိမိတို့ သိမ်းထားတဲ့ Backup ကနေ ပြန်ပြီး ရီစတိုး တစ်ဆင့် ပြန်လုပ်ပေးလိုက်ရင် မိမိတို့ ဒေတာတွေ ပြန်ရမှာဖြစ်ပါတယ်။
အသေးစိတ် ဖတ်ချင်ရင် iPhone Dev Blog ကနေတစ်ဆင့်လဲ ဖတ်နိုင်ပါတယ်။
Credit to :
kaiserkim123 , 
iPhone Dev Blog ,
pod2g
MuscleNerd ,
PlanetBeing
P0sixninja ,


Sunday, December 25, 2011

Thanks You Mum. ကျေးဇူးပါမေမ

အေးချမ်းတဲ့ ဒီဇင်ဘာဆောင်းညတစ်ည။
မြူနှင်းတွေဟာ သြကာသ တစ်ခွင်ကို ၀ိုင်းပတ်နေတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ ကျော် အဲဒီညမှာ Bethlehem ခေါ်တဲ့ အရပ်မှာ ခရစ်ယာန် ဘာသာဝင်များအတွက် လာခြင်းကောင်းတဲ့ အရှင် ဖြစ်လာမယ့် သူငယ်တစ်ပါး ဖွားမြင်ခဲ့တယ်။

အဲဒီ ခရစ်တော် ဖွားမြင်ခဲ့တဲ့ ရက်ကို ခရစ္စမတ်နေ့ ရယ်လို့ သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်များက နေ့ထူးနေ့မြတ်တစ်ခု အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတယ်။
အဲဒီအချိန်မှာဆို Carol Singing ကယ်ရို စင်းကင်း တေးသံတွေ လွှမ်းခြုံနေတဲ့ အခါသမယလဲ ဖြစ်တယ်။
ဆိုင်ရာ ဘုရား ရှိခိုးကျောင်း ချာ့ခ်ျ တွေမှာ ဘုရားသွား ကျောင်းတက်သူတွေနဲ့ စည်ကားနေလို့ပေါ့။

Rome နိုင်ငံက စိန့်ပီတာ ဘုရားရှိခိုးကျောင်းမှာ Christian များ အလေးအမြတ်ထားတဲ့ ဂိတ်တံခါး (Holy Door or 'Porta Sancta') ဆိုတာ ရှိတယ်။ တစ်ချို့က အဲဒီ ဂိတ်တံခါးဟာ ကောင်းကင်ဘုံ ကိုဖြတ်သန်းဖို့ အသုံးပြုရတဲ့ တံခါးလို့ ယုံကြည်ကြတယ်။ အဲဒီ ဂိတ်တံခါး ကို ၂၅ နှစ်မှ တစ်ကြိမ်သာ ဖွင့်တယ်။ အဲဒီ ဂိတ်တံခါးကို ဖွင့်တဲ့နှစ်ကို holy year လို့ ခေါ်ဆိုကြတယ်။ အဲဒီနှစ်မှာ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ဂိတ်တံခါးကို ငွေတူနဲ့ အသာ ရိုက်နှက်ပြီးတော့ ဖွင့်တယ်။ အဲဒီ holy year နှစ်ကုန်ဆုံးသွားရင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ပြန်ပိတ်ပေးတယ်။

အဲဒီဂိတ်တံခါး ပွင့်တဲ့ တစ်ခုသော Holy Year ရဲ့ တစ်ရက်သော ခရစ္စမတ်ညမှာပေါ့။
ချမ်းအေးတဲ့ နယ်စပ်တောင်ပေါ်မြို့လေးဟာ ခရစ္စမတ် ရာသီ ထုံးစံ ဖြစ်တဲ့ အတိုင်း ကယ်ရိုစင်းကင်း တေးသံသာ တွေ လွှမ်းခြုံနေခဲ့တယ်။
ဆောင်းရဲ့ သင်္ကေတ ဖြစ်တဲ့ ဆီးနှင်းများဟာလဲ အဆက်မပြတ် ကျဆင်းနေခဲ့တယ်။
ဘုရားကျောင်းမှာတော့ လူတွေ စည်ကားနေလို့။

မြို့ကလေးရဲ့ တစ်နေရာမှာတော့ မိသားစု တစ်ခု ရှိနေခဲ့တယ်။
ညဦးပိုင်းကမှ ရုပ်ရှင်သွားကြည့်ပြီး ပြန်လာကြတာ။
ခုနကတော့ ကယ်ရိုဆင်းကင်း လာဆိုတဲ့ အဖွဲ့ကတော့ ခရစ်တော်ရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းပြီး ပြန်သွားကြလေရဲ့။
မြို့ကလေးရဲ့ ထုံးစံက ဘာသာမရွေး မိမိ အိမ်ရှေ့မှာ ဘယ်ဘာသာပဲ ဖြစ်ဖြစ် သူတို့ ထုံးစံအတိုင်း ဘာသာရေးနဲ့ ပတ်သက်တာ လာဆင်နွဲရင်လဲ ခွင့်ပြုတတ်ကြတယ်။
ခုနက လာဆိုသွားတဲ့ အဖွဲ့ကိုလဲ မိသားစု အကြီးအကဲက အလှူငွေ ထည့်ဝင်လိုက်သေးတယ်။
အဲဒီနောက် ချမ်းအေးတဲ့ ဒီဇင်ဘာ အအေးဒဏ်ကို ခုခံဖို့ မီးဖိုငယ်လေး တစ်ခုအနားမှာ ၀ိုင်းဖွဲ့ရင်း ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကား အကြောင်းကို စားမြုံ့ပြန်နေကြတယ်။ ခေါပုတ်တွေ မီးကင်စားရင်းပေါ့။
အဝေးမှာတော့ သီချင်းသံတွေက လေအသဲ့မှာ ပျံ့လွှင့်နေလေရဲ့။

ဒီအချိန်မှာ အိမ်ထောင်ဦးစီးရဲ့ ဇနီးကတော့ ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်နေလေရဲ့။ ရွှေကြုတ်တော်ကို နှုတ်ငုံထားတော့ အများတကာလို အောက်မှာ ထိုင်လို့က မဖြစ်ဘူးကိုး...။ မီးဖိုဝိုင်းထဲ မပါခဲ့ပေမယ့် သူတို့တစ်တွေ ပြောတဲ့ စကားဝိုင်းကို ရယ်လိုက် မောလိုက်ပေါ့။
ရုတ်တရက်ဆိုသလို ကမ္မဇလေက လှုပ်ရှားလာတယ်။ မွေးရက်က လိုသေးတော့ ပုံမှန်ပဲလို့ သူမ ထင်နေခဲ့တယ်။
နောက်တော့ အကြိမ်ရေတွေ စိပ်စိပ်လာတဲ့ ခဏမှာ...။

အိမ်ထောင်ဦးစီးက အောက်လင်းမီးကို ကပျာကရာထွန်း။
ညီမ များက ရေနွေးတည်။
တစ်ခြားရပ်ကွက် လက်မှတ်ရ ၀မ်းဆွဲဆရာမကို ပြေးခေါ်သူခေါ်နဲ့ တစ်နာရီအတွင်းလောက်မှာ အားလုံး အသင့်ဖြစ်နေခဲ့ကြတယ်။

လေအဝှေ့မှာ ဘုရားရှိခိုးကျောင်းက ခရစ်တော် မွေးဖွားတာကို ကြိုဆိုတဲ့ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။
အိမ်ထဲက မီးနေခန်းမှာ အဲ့ကနဲ ကလေး ငိုသံ သဲ့သဲ့ ကြားလိုက်ရတယ်...။

ဒီလိုနဲ့ လောကကြီးထဲကို (အဲဒီတုန်းက) ဖြူစင်တဲ့ ကလေးလေး တစ်ယောက် ရောက်ခဲ့တယ်။

ဘာလိုလိုနဲ့ ရာသီစက်ဝန်းတွေတောင် တစ်ပတ်ပြန်လည်သွားတယ်။
အသက်တစ်နှစ်ကြီးသွားပြန်ပြီပေါ့။
ကျေးဇူးပါ အိမဲ့။
(2008 တုန်းက တင်ထားဖြစ်ခဲ့တဲ့ ပို့စ်လေးပါ။ ပြန်ဖတ်မိတိုင်း သဘောကျမိလို့ ဒီနှစ်မွေးနေ့မှာလဲ ဒီလိုပဲ ထပ်တင်လိုက်ပါတယ်။)

ဒီနှစ် ၂၀၁၁ မှာ
အသည်းလေးက
ကျွန်တော့်ကို surprise   ဖြစ်သွားစေတဲ့
မွေးနေ့လက်ဆောင်လေး ပေးပါတယ်။
သူကိုယ်တိုင် လုပ်တဲ့ မွေးနေ့ကိတ်နဲ့ မွေးနေ့ကဒ်လေးပါ။
The most perfect Birthday Preset I ever received.
Thanks honey.......

သူကိုယ်တိုင် လုပ်လာတဲ့ မွေးနေ့ကိတ်

သူကိုယ်တိုင် လုပ်ပေးတဲ့ မွေးနေ့ကဒ်


သိုင်းကျူး ဟန်နီ အတဲလေး...။ :P

@=@= Happy Birthday To Me =@=@

Saturday, December 24, 2011

You might got Dust in your eyes

9Gag Fan တွေ ဆိုရင်တော့ ဒီဗွီဒီယိုကလစ်ကို နားလည်နိုင်မှာပါ။




Credit to uploader and 9gag.