Saturday, March 1, 2008

င်္ခပ်;မူ (or) Deep Fried Pig Skin (သို့) ၀က်ခေါက်ပွကြော်

ဝက်ခေါက်ပွကြော်ဆိုတာ မသိဘူးတဲ့ ...။
ဘယ်လိုဟာကို ခေါ်တာလဲတဲ့...။
ဖြစ်ချင်တော့ တိုပါးယိုးဘုန်းကြီးကျောင်းမှာ ရှမ်းမုန့်တီ သွားစားတယ်...။
အဲဒီနေ့တုန်းက ရှမ်းမုန့်တီနဲ့ ၀က်ခေါက်ပွကြော်ကို စားချင်ဇောနဲ့ တုတ်လိုက်တာ ၀က်ခေါက်ပွကြော်ကို ဓါတ်ပုံရိုက်ဖို့ မေ့သွားတယ်...။

သတိရလို့ သွားရိုက်မယ် ကြံတော့မှ ၀က်ခေါက်ထည့်ထားတဲ့ ခြင်းတောင်းထဲမယ် အကျိုးအကြေတွေပဲ ကျန်တော့တာနဲ့ မရိုက်ဖြစ်တော့တာ...။
(တော်သေးတယ်... အဲဒီနေ့က ဘွိုင်းဇ်တို့ နှစ်ခါလောက် တီးထားလို့.. နို့မို့ ငတ်ပြီပဲ...။ နောက်ဆို ဒီလိုမျိုး လက်မနှေးပဲ အရင် စားထားရမယ်...။)

အဲဒီရှမ်းမုန့်တီနဲ့ ၀က်ခေါက်ပွကြော် အကြောင်းကို ဒီမှာ ရေးထားတာ ဖတ်မိတဲ့သူတွေထဲက တစ်ချို့က ၀က်ခေါက်ပွကြော်ကို မသိကြဘူးတဲ့...။ အဲဒါနဲ့ စာတစ်တန် ပေတစ်တန်နဲ့ ပေါင်း ၂ တန်လောက် ရေးလာလိုက်ကြတော့ မသိတဲ့သူတွေ သိသွားအောင် ၊ ခပ်ရေးရေးပဲ သိထားတဲ့သူတွေ ပိုပြီး ရှင်းသွားအောင်လို့ ၊ ကျွန်တော်လဲ မအားလို့ ပို့စ်အသစ် မတင်နိုင်သေးတော့ ဆားချက်ချင်တာလေးလဲ ပြည့်ဝသွားအောင် ဆိုပြီး တစ်ချက်ခုတ် အချက် ၅၀ လောက်ပြတ် ဆိုပြီး ဒီမှာပဲ ရေးဖြစ်လိုက်ပါတယ်...။

ကျွန်တော်နားလည်သလိုသာ ရေးထားတဲ့အတွက် အမှားပါနိုင်ပါတယ်...။ အဲဒီအတွက် ၀က်ခေါက်ကြော် ထုတ်လုပ်ရေး ကုန်မဏီများမှ နားလည်ပေးပါရန် ကြိုတင် အကြောင်းကြားပါတယ်...။ (မှားသွားရင် သားမပါဘူးပေါ့ဗျာ...။)


ဖတ်မိတဲ့သူတွေ ကြိုက်သွားလို့ အဆွေတော်တို့ရဲ့ ၀က်ခေါက်ကြော်ရောင်းဝယ်ရေး တိုးတက်သွားတယ်... ရောင်းအားပိုကောင်းလာလို့ ကျေးဇူးတင်တယ်ဆိုရင်တော့ ကြော်ငြာခလေး လာရောက် မစနိုင်ပါတယ်...။ (ဒါတော့ သားပါတယ်...။ )


အကြောင်းခြင်းရာ အရေးအသားများကို ကြိုက်လို့ တစ်ခြားနေရာမှာ ယူသုံးချင်တယ်ဆိုရင် ခွင့်ပြုချက် တောင်းခံဖို့ မလိုပါကြောင်း အာဘော်မပျက်စေဖို့သာ အရေးကြီးကြောင်း မှာချင်ပါတယ်...။ (ပြောသာပြောရ... ခပ်တည်တည်နဲ့ လုပ်စားသူတွေက လုပ်စားနေပြီ...။ လူအထင်ကြီးမလားလို့ ပေါကြည့်တာ... အဲ.. ပြောကြည့်တာ...။ :D )


ကဲပါလေ...။ စကားတွေ ဝေ့လည်ချောင်ပတ်နဲ့ ဟိုရောက်ဒီရောက် ဖြစ်ကုန်ပါပြီ...။
လွယ်လွယ်ပြောရရင် ၀က်ခေါက်ပွကြော်ဆိုတာ ၀က်ခေါက်ကို ကြော်ထားတဲ့ ပွတတ သွားရေစာ တစ်မျိုးပေါ့...။
(ရှင်းပလား...။ မရှင်းရင် ထပ်ပြောမယ်...။ ၀က်ခေါက်ပွကြော်ဆိုတာ ၀က်ခေါက်ကို ကြော်ထားတာ ... ညှင်းညှင်းညှင်း...။)

ရှမ်းပြည်မှာ ၀က်တွေ ပေါတော့ ၀က်ပေါ.. အဲ.. အဲ .၀က်ပေါ်ကြတော့ ၀က်အရေပြား အခေါက်ထူထူကြီးကို သပ်သပ်လှီးထုတ်ပြီး ဆီနိုင်နိုင်နဲ့ ၀က်ခေါက်ထဲက ဆီများ ကုန်အောင် ဆား၊အချိုမှုန့်နဲ့ နယ်ပြီး အရင် ကြော်ကြတယ်...။ အဲဒီအချိန်မှာ ၀က်ခေါက်က သေးသွားပြီး မာသွားတယ်...။ စားလိုကတော့ မကောင်းဘူးပေါ့...။ သူ့ကို ရှမ်းလို ခင်ေမဂ့် (နံမတ် Nung Murk)လို ခေါ်တယ်...။

(ငယ်ငယ်က ငတ်ကြီးကျပြီး အဲဒါကြီးကို သွားဝါးတာ ကံကောင်းလို့ သွားမကျိုးတယ်...။)

အဲ... စကား ပြန်ကောက်ရရင်တော့ အဲဒီ နံမတ်ကို စားတော့မယ်ဆိုရင် ဆီနိုင်နိုင်နဲ့ ပြန်ကြော်လိုက်တော့ ပွလာတော့တာပေါ့ကွယ်...။
ဆီအိုးထဲက ဆယ်လာပြီး ဆီစစ်လိုက်ရင် စားချင်စဖွယ်ကောင်းတဲ့ ၀က်ခေါက်ကြော် ရပါပြီ...။ အဲဒါကို ရှမ်းလို င်္ခပ်;မူ လို့ ခေါ်ပါတယ်...။

ကျိုင်းတုံမှာတော့ ၀က်ခေါက်နှစ်မျိုးနှစ်စား ရှိတယ်...။
ပထမတစ်မျိုးက အခေါက်ချည်းပဲ ရှိတဲ့ ၀က်ခေါက်ကြော် ... သူ့ကို င်္ခပ်;မူဂ၀၊င် (Khep Mu Jarng)လို့ခေါ်တယ်..။ ၀က်ခေါက်ပေါ့ လို့ပြန်ရင် ကောင်းမလားပဲရယ်...။
နောက်တစ်မျိုးကတော့ ၀က်ခေါက်နဲ့ အဆီနဲ့ ကပ်ရပ်ပါတဲ့ အမျိုးအစားပေါ့...။ သူ့ကိုကျတော့ င်္ခပ်;မူဂ၀င်္မ်း (Khep Mu Jame) လို့ ခေါ်တယ်...။ အဆီမပါတဲ့ဟာကို ၀က်ခေါက်လို့ ခေါ်ရင် အဆီပါတဲ့ သူ့ကိုကျတော့ ၀က်ခေါက်လေးပေါ့...။

မှတ်ကရော...။ Shan to Myanmar Translation လုပ်စားလို့ကောင်းတယ်...။ ကိုယ်ပြန်ထားတာ ကိုယ်ကြည့်ပြီး ဘာပြောချင်မှန်းတောင် မသိတော့ဘူး...။ နောက်မှ ဓါတ်ပုံရလာမှ ပြန်လာပြမယ်...။
အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့...။

All Rights/Lefts Reserved.© 1975-2008

No comments:

Post a Comment