Saturday, May 31, 2008

အကြင်နာတွေနဲ့ ဖေးကူပါ...။ (မြန်မာ အနုပညာရှင်များ သီဆိုသည်...။)

Update(11 June 2008) : Comment တွင်ရရှိသော request ကြောင့် ဤပိုစ့်တွင် မူလက တင်ထားသော mp3 file ကို ဖယ်ရှားထားပါသည်။ ကိုခင်မောင်သန့်မှ request လုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some unscrupulous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time. After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
with thanks,

KMT(IC)

တစ်လောက စင်ကာပူမှာ တရုတ် ငလျင်ဘေးအတွက် ရန်ပုံငွေ ရှာဖွေပွဲအဖြစ် စင်ကာပူကနေ ကမကထလုပ်ပြီး ထင်ရှားတဲ့ အနုပညာရှင်များကို ဖိတ်ခေါ်ကာ အနုပညာစွမ်းနဲ့ လိုက်ဖ်ရှိုးတစ်ခု ကျင်းပခဲ့ပါတယ်...။
ရန်ပုံငွေပေါင်း ဒေါ်လာ သန်းနဲ့ချီပြီး ရသွားပါတယ်...။
အဲဒီပွဲကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်က မုန်တိုင်း ဒုက္ခသည်များအတွက် ဒီလိုရန်ပုံငွေ ရှာဖွေပွဲတစ်ခု လုပ်ပေးနိုင်ခဲ့ကြရင် ကောင်းမှာပဲလို့ ချဉ်ခြင်းတပ်မိပါတယ်...။
မဖြစ်နိုင်မှန်းတော့ သိတာပေါ့...။
ဒီလို ကူညီမှုတွေနဲ့ ပါတ်သက်တဲ့ သီချင်းတွေကလဲ ရှားတော့ ပွဲလုပ်ဖြစ်ရင်တောင်မှာ အချစ်သီချင်း၊ အသဲကွဲ သီချင်းတွေနဲ့ပဲ ဖျော်ဖြေရမှာပါ့ လို့ ထင်မိခဲ့ပါတယ်...။ No offense! Just my thoughts only.
(အိုင်စီ ၁၅ နှစ်မြောက် အန်ပလဂ်တုန်းကတော့ ကွယ်လွန်သူ ထူးအိမ်သင် ရေးတဲ့ “လောကကို အလှဆင်ကြစို့” သီချင်းလား မသိဘူး..။ အဲဒီသီချင်းတစ်ပုဒ်ပဲ အချစ်အကြောင်းနဲ့ ကင်းတာ...။ စောဘွဲ့မှူး သီချင်းများလဲ ရှိရင်ရှိမှာပေါ့...။)
မှတ်မိတဲ့ တစ်ခြား သီချင်းကတော့ ဆောင်းဦးလှိုင်ရေးပြီး ဆောင်းဦးလှိုင်၊ အေးချမ်းမေ၊ စည်သူလွင် ဆိုတဲ့ “ငြိမ်းချမ်းရေး နှင်းဆီ” သီချင်း...
မျိုးကြီးဆိုတဲ့ “နေရောင်အောက်က အသက်ရှုသံများ” သီချင်းတို့....။

အခု နောက်ဆုံး သီဆိုလိုက်ကြတဲ့ သီချင်းကတော့ ရင်ကို တိုက်ရိုက်ထိရှတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်...။
အင်တာနက် ဘလော့ဂ်စာမျက်နှာများ၊ အီးမေးလ်များ၊ အွန်လိုင်း စာမျက်နှာများမှာ လတ်တလော ပျံ့နှံ့နေတဲ့ သီချင်းပါ...။
နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်သွားတဲ့သူတွေကို ရည်စူးပြီး ရေးသားသီဆို ထုတ်လုပ်တဲ့ သီချင်းလို့ ယူဆမိပါတယ်...။ “အကြင်နာတွေနဲ့ ဖေးကူပါ” လို့ အမည်ရပါတယ်...။
ဒီသီချင်းကြောင့် လူသားချင်း စာနာထောက်ထားတဲ့ စိတ်ထားများ ပွားများနိုင်ပါစေ...။
အချင်းချင်း ဒီ့ထက်မက ကူညီနိုင်ကြပါစေ...။ တေးရေးတော့ ဘယ်သူလဲတော့ သေချာ မသိဘူး။ စာသားကြည့်ရတာ ၀င်းမင်းထွေးနဲ့ တစ်ခြားသူနဲ့ ပေါင်းရေးတာလား မသိဘူး...။

သီဆိုတဲ့ အနုပညာရှင်များတော့ နားထောင်မိတဲ့အထဲက မှတ်မိသလောက်
၀၁။ လေးဖြူ
၀၂။ အငဲ
၀၃။ ၀ိုင်ဝိုင်း
၀၄။ မျိုးကြီး
၀၅။ ဇော်ပိုင်
၀၆။ ကြိုးကြာ
ဝရ။ လေးလေးဝါး
၀၈။ ထူးအယ်လင်း
၀၉။ ချောစုခင်
၁၀။ စင်ဒီ ???
၁၁။ ဆုန်သင်းပါရ်
၁၂။ ရှင်ဘုန်း or ခင်ဘုန်း ??? (တယ်လီဖုန်း သီချင်းဆိုတဲ့သူ)
၁၃။ ကိုအောင် ???
၁၄။ အယ်နောင်း ???
၁၅။ ဟန်ထွန်း
၁၆။ ဖြူဖြူကျော်သိန်း
၁၇။ R ဇာနည်
၁၈။ L လွန်းဝါ ???or လင်းနစ် ??? (နောက်ဆုံး chorus ပိုဒ် မတိုင်ခင် အသံချိုချိုနဲ့ ၀င်ဆိုတာ...။)

(???? တွေက မသေချာပါ...။ အသံကို သေချာ မကျက်မိတော့လို့ပါ...။)

တို့ ဖြစ်ပါတယ်...။

(မူရင်း တေးရေး/တေးဆို/ထုတ်လုပ်သူများထံ ခွင့်မတောင်းပဲ မျှဝေခြင်း ဖြစ်ပါသည်...။ စီးပွားရေးအတွက် မျှဝေခြင်း မဟုတ်တဲ့အတွက် နားလည်ကြပါလိမ့်မယ် ထင်ပါတယ်...။ အချိန် အတိုင်းအတာ တစ်ခုအထိသာ ကျွန်တော့် ဘလော့ဂ်ပေါ်မှာ တင်ထားမှာ ဖြစ်ပါတယ်..။ ညာဘက် အပေါ်က side bar မှာ အဲဒီ သီချင်းပေါင်းလေးပုဒ်ကို တင်ထားပေးပါတယ်...။)

အောက်ကတော့ အကြင်နာတွေနဲ့ ဖေးကူပါ သီချင်းရဲ့ စာသားတွေပါ...။


အကြင်နာတွေနဲ့ ဖေးကူပါ..။
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား ...
အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ


Song Lyrics Credit to : နေနေနိုင်
ဖြည့်စွက်ချက်။ ။ သီချင်းကို သေချာ နားထောင်ပြီးတဲ့နောက် သီချင်းကို ရေးစပ်သီကုံးသူ တေးရေးဆရာ၊ ပါဝင် သီဆိုကြတဲ့ အနုပညာရှင်များ၊ တီးခတ်ပေးကြတဲ့ အနုပညာရှင်များ၊ ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာများကို သန့်သန့်လေး ကျေးဇူးတင်မိတယ်...။

1 comment:

  1. for ur information Ko Boyz

    I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some uncrupolous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time.After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
    with thanks,
    KMT(IC)

    ReplyDelete