Monday, September 1, 2008

အော့ဖ်ရှိုးဂျော့ဘ်တဲ့လား...။

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ…။

ဘလော့ဂ်လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ တစ်လနီနီးကို ရှိရော့…။လာလည်ပြီးတော့ ပို့စ်အဟောင်းများကိုသာ ဖတ်လိုက်ရပြီး ပြန်သွားလိုက်ရတဲ့ မိတ်ဆွေများကို အလွန်ပင် အားနာမိပါတယ်…။

ကျွန်တော် ခုတစ်လော ခြေထောက်မှာ ဗွေပေါက်နေသလား ဆိုရလောက်အောင် သွားလိုက်ရတဲ့ခရီးတွေ မနည်းပါဘူး…။ ဒီတစ်ခေါက် ပြန်လာတာလဲ ခဏလေးပဲ နေရမှာ နောက် ၃-၄ ရက်လောက်နေရင် ပင်လယ်ထဲ ပြန်ဆင်းရမှာဗျ…။ တောင်ပေါ်သားက ခုတော့ ပင်လယ်ပျော်ကြီးကို ဖြစ်လို့ပေါ့ဗျာ…။

ပင်လယ်ထဲမှာနေရတော့ ပျော်တယ်လို့ မထင်ပါနဲ့…။

ပင်လယ်ဆိုတာ ကမ်းစပ်ကနေ ကြည့်ရင်သာ အလွန်လှတာ…။

ဆက်တိုက်ကြီး ၃-၄ပါတ်လောက် နေလိုက်ရရင်တော့လား… အီသွားပါလိမ့်မယ်…။


လက်ရှိလုပ်နေရတဲ့ အလုပ်က ပင်လယ်ထဲက ကမ်းလွန်ရေနံတွင်းများ ရှိရာဆီကို လိုက်သွားလုပ်ရတဲ့ အလုပ်ဆိုတော့ ပင်လယ်ဘက်ကို မကြာခဏဆိုသလို ခရီးထွက်ဖြစ်တာပေါ့…။

အဝေးကြီးတော့ မဟုတ်ပါဘူး…။ ယိုးဒယားနဲ့ မလေးရှား တစ်ဝိုက်ပါ….။ တရုတ်ကတော့ ရံဖန်ရံခါမှ သွားရတယ်...။

ဆောက်ချိုင်းနားဆီး ထဲကို သွားရတာပေါ့ဗျာ…။ (တံတွေးစင်လိုက်တာ…။)


ဟိုအရင်တွေတုန်းကဆို အင်တာနက်ထဲမယ် လျှောက်ကြည့် လမ်းသလားဖူးတော့ ပင်လယ်ထဲ သွားလုပ်ရမယ့် အလုပ်တဲ့…။ သူများ ပြောပြောနေတဲ့ အော့ဖ်ရှိုးဂျော့ ဆိုတာပေါ့…။ သဘောင်္သားတော့ မဟုတ်ဘူးတဲ့…။ ကမ်းလွန် ရေနံတွင်းတူးတဲ့၊ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းတဲ့ အလုပ်ဆိုပဲ…။ အတန်းပညာ အရည်အချင်း ၁၀ တန်းအောင်ရင်ကို အလုပ်ရတယ်တဲ့…။ စားဖိုမှုး၊ အကူ၊ သန့်ရှင်းရေး၊ အိပ်ခန်းအပြင်အဆင်၊ ရေနံတွင်းတူး အကူ၊ အို ... စံလို့.. စံလို့...။ အင်္ဂျင်နီယာတွေဆို ပြောမနေနဲ့တော့ အလုပ်တွေ ကြိုက်တာရွေးတဲ့…။


မက်လုံးကလဲ မက်လောက်စရာ…။ ဘာတဲ့…။ ၂၄ နာရီ မီးမပြတ်၊ ရေမပြတ်၊ အင်တာနက် ဖရီး၊ ဆက်တယ်လိုက်တီဗွီ၊ ကာရာအိုကေ အစုံ၊ အ၀တ်အစား ကိုယ်တိုင်လျှော်စရာ မလို၊ အိပ်ရာခင်းကိုယ်တိုင် သိမ်းစရာမလို၊ စားစရာ သောက်စရာ အလျှံပယ်၊ ၂၄ နာရီ ကြိုက်တဲ့ အချိန် ကင်တင်းထဲ ၀င်စားလို့ရတယ်…။

အလုပ်နေရာကတော့ ဘာရိန်းပင်လယ်ကနေ စလို့ ဟိုး မြောက်ပိုင်း အင်္ဂလန် ရှရှား အအေးပိုင်း နိုင်ငံတွေအထိ နေရာစုံမှာ လူလိုနေတယ်ဆိုပဲ…။ တစ်ရက် အလုပ်ချိန် ၈ နာရီ။ တစ်နာရီကို ဒေါ်လာ ၅၀ (ဆိုတော့ တစ်ရက်ကို အနည်းဆုံး ဒေါ်လာ ၄၀၀ စီပြီ…။) နှစ်ရက်လုပ် တစ်ရက်နား၊ ခွင့်တွေ စုထားပြီး ပြန်မယ်ဆိုရင် တစ်နှစ်ကို ၄ လလောက် အိမ်မှာ အေးဆေး နှပ်နေလို့ရတယ်…။ အိမ်ပြန်ရင် အသွားအပြန် လေယာဉ်လက်မှတ် စီစဉ်ပေးမယ်…။ အို… မက်လုံးများကတော့ စုံနေတာပဲ…။

သဘောကျလို့ အလုပ် လျှောက်မယ်ဆိုပြီး ဆက်သွယ်လိုက်တာ သူတို့က လျှောက်လွှာပြန်ပို့လာတယ်…။ ကနေဒါက လိပ်စာနဲ့ဗျ…။ သူတို့က ယိုးဒယားမှာ လာဗျူးမယ်တဲ့…။ အဲဒီအတွက် ဏမသခန််ငညါ ၤနန် အနေနဲ့ ဒေါ်လာ ၁၂၈ ကျပ်ကို သူတို့ဆီ လွဲပေးပါပေါ့…။ လက်ခံရရှိတာနဲ့ ဘယ်နေ့ဘယ်ရက်မှာ အင်တာဗျူးမယ်ဆိုတာကို အကြောင်းကြားပါမယ်ဆိုပြီး တံဆိပ်တုံးတွေ၊ ဖုန်းနံပါတ်၊ အီးမေးလ် (အီးမေးလ်က သူတို့ ကုမ္ပဏီ လိပ်စာ ဒိုမိန်းနဲ့ဗျား…။ ၂၀၀၃ ခုနှစ်လောက်ကဗျ…။) လိပ်စာ အပြည့်အစုံနဲ့ဆိုတော့ အင်မဟုတ်တာ သေချာသွားပြီပေါ့…။

ကျွန်တော့်မိတ်ဆွေကို ပြောပြတော့ သူလဲ တူတူ လျှောက်တယ်…။ သူ့ဆီလဲ ပြန်စာနဲ့တစ်ကွ လျှောက်လွှပါ ပို့လာတယ်…။ သူက ကျွန်တော့်ထက်တောင် ပိုစိတ်အား ထက်သန်နေသေးတယ်…။ ခုပဲ ငွေသွားလဲပြီး သူတို့ ဘဏ်အကောင့်ကို ချက်ချင်းသွားလဲမယ်တဲ့…။ ကျွန်တော်လဲ သူ့ဆီရောက်နေတဲ့ စာကို တောင်းကြည့်လိုက်တော့ ကျွန်တော့်ဆီ ပို့ထားတာနဲ့ တစ်သဝေမတိမ်း တူနေတာကို တွေ့တယ်…။ စာရွက်ထောင့်စွန်းမှာ မင်စွန်းနေတာကအစ…။ အဲဒီမှာ ကျွန်တော် သံသယ ၀င်သွားတယ်…။ ချက်ချင်းပဲ အင်တာနက်ပေါ်ကို အဲဒီ ကုမ္ပဏီနာမည်ကိုါသသါူန နဲ့ ရှာကြည့်လိုက်တော့ လားလား… နိုင်ငံတစ်ကာကို လှည့်ပြီး ရိုက်စားလုပ်နေတဲ့ ကုမ္ပဏီပါလား…။ လိပ်စာကလဲ စုံတယ်…။ အမေရိကား၊ ထိုင်း၊ ဂျပန် အစုံပဲ…။ ရိုက်စားမှန်း ဘယ်လို သိသွားလဲဆိုတော့ ဂူဂယ်ထ်ထဲမှာ ဖိလစ်ပိုင် သံရုံးကနေပြီးတော့ ဒီကုမ္ပဏီနဲ့ ပါတ်သက်တဲ့ အကြောင်းကို သူတို့ နိုင်ငံသားတွေ သိအောင် နို့တစ် ထုတ်ပေးချက်ကို သွားဖတ်မိတာ…။ ဖိလစ်ပင်တွေက ကမ်းလွန်အလုပ်တွေဆို ကျွမ်းတယ်…။ သူတို့တစ်တွေပဲ နေရာရတာ များတယ်…။ အဲဒါကြောင့်လဲ သူတို့တွေ အထိနာကြတာပေါ့…။ အဲဒါကို ယုံလို့ ငွေလွဲပြီး ပေးတဲ့ လိပ်စာအတိုင်း လိုက်သွားတော့ ရုံးခန်း မတွေပဲ ဂိုဒေါင်ပျက်ကြီးကို တွေ့တာတို့၊ သချိုင်းကုန်းလိပ်စာ ပေးထားတာတို့ စုံနေတာပဲ…။

တော်သေးတာပေါ့…။ နို့မို့ မောင်ဘွိုင်းတစ်ယောက် သောင်ပြင်မှာ လွတ်ခံထားရတဲ့ ရွှေဟင်္သာငယ်လေး ဖြစ်တော့မလို့…။ ဒါနဲ့ ကျွန်တော့်မိတ်ဆွေကို အဲဒီ ၀ဘ်ပေ့ခ်ျကို ပြပြီး အလိမ်အညာ ရိုက်စား ကုမ္ပဏီ ဖြစ်တဲ့အကြောင်း ရှင်းပြလိုက်မှာ ကိုယ်တော်ချောလဲ ဒေါ်လာ ၁၂၈ ကျပ်ဖိုး သက်သာသွားတယ်…။

နောက်ပိုင်းမယ် သူအလုပ်ပွဲစားတွေနဲ့ ဆက်သွယ်တော့ ပွဲစားတွေက သူ့ကို အော့ဖ်ရှိုးဂျော့ ဆိုပြီး အဲဒီ အင်တာနက်ပေါ်က အလုပ်ကို ပြပါတယ်...။ မိတ်ဆွေကတော့ ဟဲဟဲနဲ့ ရီပြီးတော့သာ ပြန်ခဲ့ပါတယ်...။ ခုတော့လဲ ကျွန်တော်က အဲဒီ အလုပ်တွေ ရှိရာနေရာမှာ သွားရောက်လုပ်ကိုင်တော့ အရင်ကက ကိုယ်တောင် ဒီအလုပ်တွေ လုပ်ဖို့ ကြံစည်ခဲ့သေးပါလားလို့ တွေးပြုံးမိတယ်...။ သူတို့မယ်... တစ်ရက်ကို နာရီ ၂၀ လောက် လုပ်နေရတာ...။ နေ့ဆိုင်းညဆိုင်းသမားတွေအတွက် အစားအသောက်၊ အ၀တ်လျှော်၊ သန့်ရှင်းရေး... ဇယ်ဆက်နေတာပဲ...။ မိတ်ဆွေများ သိရင်တော့ လုပ်ချင်ဦးမလား မသိဘူး...။


အဲဒါနဲ့ ပါတ်သက်လို့ အခု ဒီပို့စ်ကို တင်လိုက်မိတယ်...။ မိတ်ဆွေကိုတောင် သတိပြန်ရမိသေး...။

ပို့စ်တစ်ခုတော့ ဖြစ်သွားတာပေါ့နော...။ ဟဲဟဲ...။

1 comment: