Wednesday, September 17, 2008

မျက်ကန်း

ဒီလိုနဲ့
မင်္ဂလာရှိတဲ့ မနက်ခင်းတစ်ခုကို
အဓိပ္ပါယ်ရှိရှိ ရိုက်ချိုးဖို့အတွက်
ဗလာကျည်နဲ့ ပစ်သွင်းလိုက်တဲ့ ပစ်ချက်တစ်ခု
တန်းတန်းမတ်မတ် ရောက်ခဲ့တယ်...။
(စက်တင်ဘာရဲ့ အစောပိုင်းရက်တွေကပေါ့...။)

အစားအစာ
ဝါးစားပါ
အသားပါသလား
ငါးပါသလား...။

အားစမ်းတာလား...
သွေးတိုးစမ်းတာလား...
ကိုယ်တိုင်ချိုးထားတဲ့ ဖဲနဲ့
ခိုးထားတဲ့ ဖဲနဲ့
တစ်ချပ်မှောက် ကစားဝိုင်းဟာ
မိုးလင်းပေါင်းများခဲ့ပေါ့...။

ခြင်္သေ့ဟာ
သားကောင်ကြီးငယ်မဟူ
တူညီတဲ့ လုံ့လနဲ့ ဖမ်းလေ့ရှိသတဲ့...။
နှံပြည်စုတ်ကို အမြောက်နဲ့ချိန်တော့
သုကျိတ်က ရီနေမှာပေါ့...။

ဆားနဲ့ပဲ စားနိုင်တယ်လို့ ဆိုခဲ့တဲ့သူတွေများ
ခုတော့ ချိစ်မပါတာကို ရေးကြီးခွင်ကျယ်လုပ်နေကြပြီ...။
အောက်ကလိအာ.. အာကလိအောက်တွေလဲ အဆံထွားနေပါလား...။

မိတ်ဆွေ...
မကူညီချင်နေပါ
ဖြားယောင်းသွေးဆောင်မှုတွေ မလုပ်ပါနဲ့...။
ဒီလိုနဲ့ တစ်မိုးတောင် သောက်ရော့...။

(ဆယ်စုနှစ်ပေါင်း နှစ်ခုစာမှ အသံများသို့...။)

No comments:

Post a Comment