Saturday, September 13, 2008

သမ္မတရွေးကောက်ပွဲ ၀င်မယ်...။

လွတ်လပ်တဲ့၊ ပြစ်မှုပြစ်ဒဏ် မရှိတဲ့ ၊ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့် အပြည့်အ၀ရရှိထားတဲ့ ကျွန်တော်...။
အခု ကျွန်တော် ဘာလုပ်မလဲ...။
ဒီနှစ်အတွက် သမ္မတ ရွေးကောက်ပွဲ ၀င်ဖို့ ကြိုးစားနေပါတယ်...။
ဘလော့ဂ်ကြွလာ မိတ်သဟာများ ကျွန်တော့်ကို မဲထည့်ပေးကြပါ...။
ကျွန်တော်သာ သမ္မတ အဖြစ် အရွေးခံရရင်
- ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးပါ့မယ်...။
- နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားကို ဒီထက်ပိုပြီး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးပါ့မယ်...။
- ပြည်သူတွေရဲ့ ကျန်းမာရေးကို အာမခံချက် ရှိအောင်၊ လူတိုင်း တန်းတူညီမျှ ဆေးကုသခွင့် ရှိနိုင်အောင် ကြိုးစားပေးပါ့မယ်...။
- လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုပါ့မယ်....။
- အခွန်တော်များ ကောက်ခံခြင်းကို ကာလအပိုင်းအခြား တစ်ခုအထိ ကင်းလွှတ်ခွင့်ပေးပါ့မယ်...။
- လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးပါ့မယ်...။
- လူတိုင်း လူတိုင်း အလုပ်ကိုယ်စီနဲ့ ဖြစ်အောင် ကြိုးစားပေးပါ့မယ်...။
- ကျောင်းနေအရွယ် ကလေးတိုင်း အခမဲ့ ပညာရေးစံနစ်နဲ့ ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးပါ့မယ်...။
- အိုစာမင်းစာ စုဆောင်းရေး ရန်ပုံငွေအတွက် လစဉ် ထည့်ဝင်ငွေ ပမာဏကို လျှော့ချပေးပါ့မယ်...။
- အလုပ်လက်မဲ့ ဦးရေ ကျဆင်းအောင် ဆောင်ရွက်ပေးပါ့မယ်...။
-.... လုပ်ပေးပါ့မယ်...။
-.... လုပ်ပေးပါ့မယ်...။
-.... လုပ်ပေးပါ့မယ်...။

(ကျွန်တော့်ကို မဲပေးကြပါ...။)


4 comments:

  1. ပျင်းနေတယ်နဲ့တူတယ်။
    SIMON BOYZ ကို ထောက် ခံ မဲထည်.ခဲ့ပါတယ်။ အခုတော့ သူ က သာ သွားပါလေရော။
    ဒီနေ့ အတွက် ပထမဆူံး အကြိမ် ပြုံး မိခြင်းပါဘဲ.။

    ReplyDelete
  2. အဟဲ.. ဘာမဲ ပေးရမလဲဟင်..
    သမ္မတ မဖြစ်သင့်ကြောင်း ထောက်ခံတဲ့ မဲလား =)
    ပျင်းလို့ လာ စ သွားတာပါ။

    ReplyDelete
  3. kom - so now u start to know me.. ?? :D
    Shunmi - u can vote for no or yes... u got the full right of citizenship :D
    but if u vote me .. u will get more benefit in the future. :D

    ReplyDelete
  4. ကိုမိုးသီးလဲ ဒီအတိုင်းပဲ တင်ထားတယ် သိလား။ ရယ်ရတယ်။

    ReplyDelete