Thursday, October 2, 2008

Unabilities မလုပ်တတ်ခြင်းများ။

ငှက်ငယ်တို့သည် သဘာဝမှ ပေးအပ်သော အင်ဂျင်နီယာ အတတ်ပညာဖြင့် မိမိတို့ စံပျော်ရာ အသိုက်အမြုံကို ဆောက်နိုင်ကြ၏။
ပင့်ကူတို့သည် မွေးရာပါ သဘာဝတရားက ပေးအပ်သော အတတ်ပညာဖြင့် မိမိ၏ အိမ်ကို ဆောက်လုပ်နိုင်၏။
ပုရွက်ငယ်သည် တစ်ခြား အကူမပါပဲ မြေတွင်းလေးများ ဖေါက်ကာ အိမ်ဆောက်နိုင်၏။




အကျွန်ုပ် အကောင်းစားလေး မောင်ဘွိုင်းမှာကား အိမ်မပြောနှင့် သံတစ်ချောင်းကိုပင် ဖြောင့်အောင် မရိုက်တတ်ချေ...။ တူနှင့်သံကိုသာ ကောင်းကောင်း မကိုင်တတ်...။ သို့ဆိုလျင် အခြားမည်သည့် ကိရိယာကို ကိုင်တတ်သနည်းဆိုသော်... ဘာမှ မကိုင်တတ်ပါ...။

အမ်အိုင်တီကျောင်းတော်တွင် ပညာရင်နို့ သောက်စို့စဉ်အခါက ၀ပ်ရှော့ဟုသည့် အလုပ်ရုံတွင် အင်္ဂျင်နီယာတို့ တတ်အပ်သော လွှထိုး၊ ရွေတိုက်၊ တွင်စား၊ တံစဉ်းပွတ်၊ ပန်းပဲထု စသည့် ကိစ္စများကို လက်တွေ့ လုပ်ရရာ... လက်ဖ၀ါး သွေးခြေဥ ပေါက်ပြဲ၊ နဖူးကချွေး ခြေမသို့ တစ်ဒီးဒီးကျ၊ လက်မွေး မီးလောင် စသည် စသည်များကို လုပ်ကိုင်ရသော်လည်း ကံမပါရော့ထင့်...။

၁။ တွင်ခုံမှ စားပေးလိုက်သော နပ်ချောင်းသည် တစ်လက်မ အချင်းမှ ၀.၂၅ အချင်းသို့ တွင်ခုံဆရာ ငိုချင်လောက်အောင် ခုတ်ဖူးသည်...။
၂။ ခြောက်မြောင့်ပုံ နပ်ကိုညီအောင် တံစဉ်းနှင့် လက်ပေါက်ပြဲအောင် တိုက်ရင်း ရှည်လမျော ဖြစ်သွားဖူး၏။
၃။ အာဂွန် ဂဟေဆော်ခြင်းဟူသည့် အပိုင်းတွင် သံပြားနှင့် ဂဟေတံ ဖြုတ်မရအောင် တေ့ဆက် ဆော်ဖူး၏။ အလျော် ပေးလိုက်ရ၏။
၎။ ပန်းပဲဖိုတွင် သံကို ဖုတ်ရ်ျ လိုရာပုံသွင်းနိုင်စေရန် ပန်းပဲမောင်တင့်တယ် သဖွယ် ဆယ်ပေါင်တူကို ဆကာ ဆကာ မြှောက်မြှောက်ကာ နှင့် မီးဖိုရျု နီရဲနေသော သံတုံးမှာ အေးစက်သာ သွားလိမ့်မည်...။ နပ်ဟူသော ဘ၀ကို မရောက်နိုင်တော့...။
၅။ ၈ လက်မ ရှည်သော နှစ်လက်မ ပတ်လည် သစ်သားချောင်းကို ၂ လက်မ ပတ်လည် ဖြစ်အောင် ရွေဘော်ထိုးဖူး၏။

ဤသည်မှာကား အကောင်းစားလေး မောင်ဘွိုင်း၏ သရုပ်သကန်ကို တစ်စိတ်တစ်ဒေသ ဖေါ်ပြသော ပို့စ်တစ်ခု ဖြစ်ချေ၏။
ဤမျှလောက် သဲလွန်စ ပေးလိုက်လျင် အကျွန်ုပ်သည် မည်သူ ဖြစ်သည်ကို င့ါနှမ သိပါလိမ့်မည်...။
နောက်နောင် အလုပ်ခွင်ထဲတွင် အလုပ်ပျက်လောက်အောင် ဓါတ်ချောစာများ မပို့ပါနှင့် ...။
ကျေးဇူးတင်ပါသည်...။

(ဆားချက်လိုက်တာပါဗျာ...။ နန်းညီ တဂ်ထားတာတော့ နောက် အားမယ့် တစ်ရက်ရက်ပေါ့...။ ခုတော့ ကျည်တောက်ထဲကဟာလေး မထုတ်ချင်သေးလို့...။ ဟိ)

5 comments:

  1. လူတွေမှာ သဘာဝ အင်ဂျင်နီယာ အတတ်ပညာ ဘယ်လောက်ပါလဲ ကြွားတာပေါ့လေ.. =)

    မခင်ဦးမေ ပြောသလို မီလည်း သိပ်မရှင်းဘူး..
    ၃။ ကိုတော့ ရယ်သွားတယ်.. =)
    ဂဟေတို့တာ ဂဟေတံနဲ့ သံပြား ဆက်သွားရတယ်လို့ . .

    (၍ ကို control+alter+i နဲ့ ရေးပါတယ်။ )

    ReplyDelete
  2. - ဘာကို မရှင်းတာလဲ ဆိုတာ သိပ်မရှင်းဘူးဗျို့...။ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မရှင်းတာကို ရှင်းရှင်းလေး လာရှင်းပေးပါဗျ...။
    - သတ်ပုံမှားတာကတော့ control တွေ alter တွေကို ကိုင်ရမှာ ပျင်းလို့၊ နောက်ပြီး ၍ ကို မေ့နေလို့...။ ဟိဟိ

    မှတ်ချက်။ ။ ကျွန်တော် civil က မဟုတ်ပါ...။ (တော်သေးတာပေါ့...။ နို့မို့ အိမ်သာဆောက်ရင် မှန်ကြည်တွေနဲ့ လေးဘက်လေးတန်ဆောက်တဲ့ အင်္ဂျင်နီယာ တစ်ယောက် ပေါ်လာဦးမှာ...။ :D )

    ReplyDelete
  3. :-) တော်သေးတာပေါ့.. စိတ်ချမ်းသာသွားပြီ။

    ၁။ နဲ့ ၅။ က ဘာတွေ ရေးထားမှန်း မသိ .. ကျန်တာတော့ ရေးတေးတေး နားလည်တယ်။ ခြောက်မြောင့် တို့ နပ် တို့ .. ပန်းပဲထုတာတို့ . . . မြင်ဖူးတယ်.. မလုပ်ဖူးပါဘူး။
    ဒါနဲ့ ၄။ မှာ သံတုံးက ဘာလို့ နပ် မဖြစ်တော့တာလဲ? အပူပေးရင်း မီးပျက်သွားလို့လား။

    ReplyDelete
  4. ဒီလောက် ထူးချွန်ပုံထောက်ရင်တော့ နောက်ဆုံးက ရေရင် နံပါတ်စဉ် ၅ ဖြစ်ရမယ်။

    ReplyDelete
  5. ရွှန်းမီကလဲ...။ နံပါတ် ၄ က ပန်းပဲဖိုမှာ သံတုံးကို ပျော့သွားအောင် မီးဖုတ်ရတာလေ...။ မီးအပူမလျာ့ခင် လိုရာပုံသွင်းလို့ရတယ်...။ တူနဲ့ ထုထုပြီးတော့ပေါ့...။ အခုဟာက တူထုလို့ မှ မပြီးသေးဘူး.. အေးပြီး ပြန်မာသွားရော.. ထုလို့ မရတော့ မီးထဲ ပြန်ဖုတ်...။ ပျော့ပြီဆိုမှ မီးထဲက ပြန်ထုတ်.. ပြန်ထု..အဲလိုပေါ့...။ ကိုယ်တို့ သိတယ် မဟုတ်လား.. အားကောင်းမောင်းသန်တွေ ဆိုတော့ နပ်တစ်လုံးရဖို့အရေးကို မနက်ခင်းတစ်ခု၊ မီးသွေး တစ်အိတ် ကုန်ဖူးတယ်...။ အဲလိုကို ရာဇ၀င်နဲ့လာတာ...။

    အမ်းမားရေ...။ နံပါတ်ငါးဆိုတာ လက်သမားကို ပြောတာလား.. မဟုတ်ရပါဘူးဗျာ...။ အခုလုပ်နေတဲ့ဟာတွေက အားလုံးက အာခီက လွဲပြီး အားလုံး လကတွေ့ လုပ်ရတဲ့ ဒုတိယနှစ် အင်္ဂျနီယာ သင်တန်းက ဟာတွေပါ...။ လွမ်းမိသေးရော့...။

    ReplyDelete