Friday, January 30, 2009

IT ပိုင်းဆိုင်ရာ မသမာမှု


Photo Credit : http://www.nwg.net

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဆိုသလိုပါပဲ။ တီထွင်ကြံဆမှုတွေကြောင့် ကွန်ပြူတာ ဆိုတာ ပေါ်လာတယ်။ ကွန်ပြူတာတွေ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ အင်တာနက်ဆိုတာ ပေါ်လာတယ်။ အဲဒီ အင်တာနက်ဆိုတာနဲ့ ဆက်နွယ်ပြီးတော့ ဆာဗာ ဆိုတာ ပေါ်လာတယ်။ အဲဒီ ဆာဗာက ကွန်ပြူတာ အုပ်စုတစ်ခုကို လိုအပ်တဲ့ အချက်အလက်တွေ သိမ်းဆည်းပေးတာ၊ ဖလှယ်ပေးတာ၊ ဘက်က်အပ် လုပ်ပေးတာ အစရှိသဖြင့် လုပ်ဆောင်ပေးပါတယ်။ အကြမ်းဖြင်း ပြောပြတာပါ။

အဲဒီဆာဗာကို ထိန်းချုပ်၊ မွမ်းမံ ပြုပြင်မှုတွေကို အိုင်တီနားလည် တတ်ကျွမ်းတဲ ပုဂ္ဂိုလ် တစ်ယောက်ကို သီးသန့် အက်မင်နီစထရေတာ အဖြစ် ခန့်ထားပြီး လိုအပ်တာတွေကို ဆောင်ရွက်ရပါတယ်။

အခု ပြောပြချင်တဲ့ အိုင်တီပိုင်းဆိုင်ရာ မသမာမှုကတော့ အောက်တိုဘာလတုန်းက အမေရိကားနိုင်ငံ၊ မေရီလန်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

Finne Mae Mortgage ဆိုတဲ့ ကုမ္ပဏီမှာ အိန္ဒိယ နွယ်ဖွား ဖြစ်တဲ့ မာကာဝါ (ဗာဂျီးနီးယားတွင် နေထိုင်) ဆိုသူကို IT Admin အနေနဲ့ သုံးနှစ်တာကာလ ခန့်ထားပြီး နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ အောက်တိုဘာ လဆန်းပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် သူ့ကို ကုမ္ပဏီကနေ ထုတ်ပယ်ခဲ့ရပါတယ်။ အဲဒီလို ထုတ်ပယ်ခံရတာကို မကျေနပ်တဲ့ အတွက် မထွက်ခင်ရက်မှာပဲ သူ့အကောင့်နဲ့ ဆာဗာဖဲ ၀င်ပြီး ဗိုင်းရပ်စ် စကရစ်ဖိုင်တစ်ခုကို ထည့်ထားခဲ့ပါတယ်။

Photo Credit : AskBobRankin

အဲဒီဖိုင်ဟာ သုံးလတာ ကာလအတွင်း ဘာအလုပ်မှ မလုပ်ပဲနဲ့ ဆာဗာထဲမှာ ခိုအောင်းနေမှာပါ။ သုံးလပြည့်တာနဲ့ စတင် အလုပ်လုပ်ပြီး ရှိသမျှဖိုင်တွေကို ဗလာဖိုင်များ အဖြစ် ပြောင်းသွားအောင် လုပ်ပါလိမ့်မယ်။ ဖျက်ဆီးအားက အလွန်ကြောက်စရာကောင်းပါတယ်။ ဖိုင်ကို မတွေ့မိခဲ့ရင် သုံးလပြည့်တဲ့ နေ့ ဖြစ်တဲ့ ဇန်န၀ါရီ ၃၁ မှာ ပထမဦးဆုံး သူခိုအောင်းထားတဲ့ ဆာဗာပေါ်က ဖိုင်တွေကို ဖျက်ပါမယ်။ ဗလာဖိုင်နဲ့ အစားထိုးပါမယ်။ အဲဒီနောက်တော့ သူနဲ့ ချိတ်ဆက်နေတဲ့ ဆာဗာ အလုံးပေါင်း ၄၀၀၀ (လေးထောင်) ဆီကို ကူးသွားပြီး အဲဒီက ဖိုင်တွေအားလုံးကို ဖျက်ပါလိမ့်မယ်။ ဒေါ်လာသန်း ထောင်ပေါင်းများစွာ တန်တဲ့ အချက်အလက်တွေ ပလုံစိသွားပါလိမ့်မယ်။ တော်တော်ကို အန္တရယ်များတဲ့ အကြံအစည်ပါ။

ကုမ္ပဏီက ကံကောင်းတယ် ပြောခဲ့ရမလား မသိ။ သူရေးထားခဲ့တဲ့၊ ထည့်ထားခဲ့တဲ့ ဖိုင်ကို တစ်ခြားသော အိုင်တီ အက်မင်က ငါးရက်အကြာမှာ တွေ့လို့ မူမမှန်မှုတွေကို သတင်းပို့ရာက အခုလို မီးခိုးကြွက်လျှောက် သူ့ကို ဖမ်းမိနိုင်ခဲ့တာပါ။ သူမှန်းသိစေတာကလဲ ဆာဗာထဲကို လော့ဂ်အင် လုပ်တာမှာ ကုမ္ပဏီက သူ့ကို ပေးထားတဲ့ အကောင့်၊ လပ်ပ်တော့ပ်၊ အိုင်ပီ အဒ်ရက်စ်နဲ့ ၀င်ပြီး လုပ်ခဲ့လို့ပါပဲ။ ပိုဆိုးတာက အဖျက် ဗိုင်းရပ်စ် ဖိုင်တွေ ထည့်ပြီး နောက်ပိုင်း ကုမ္ပဏီ အီးမေးလ်ကို အသုံးပြုပြီး သူ့ရဲ့ အိန္ဒိယက ဆွေမျိုး သားချင်းများကို အမေရိကားဆီ မလာဖို့ လှမ်း အကြောင်းကြားတဲ့ မေးလ်ကြောင့်ပါပဲ။

အခုတော့ သူ့ကို ဇန်န၀ါရီလ ၇ ရက်နေ့က ဖမ်းမိပြီး အာမခံ ဒေါ်လာ တစ်သိန်းနဲ့ လွှတ်လိုက်ပါတယ်။ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံနိုင်ဖွယ်ရာ ရှိပါတယ်။ ကုမ္ပဏီက အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်တယ်လို့ သိရပါတယ်။ အမေရိကားမှာ အိမ်ခြံမြေ လုပ်ငန်း ထိုးကျပြီးနောက်ပိုင်း နောက်ထပ် ထိုးကျစေမယ် ၀ိုက်လက်သီး လို့လဲ ပြောနေကြတယ်။

Source : Information Week, The Register

10 comments:

  1. ကြောင်းစရာကြီးနော်....တော်တော်ဆိုးတဲ့ လူ...။

    ReplyDelete
  2. ဟွန်း.. မခေါ်တော့ဘူး..

    ReplyDelete
  3. ပိုဆိုးတာက အဖျက် ဗိုင်းရပ်စ် ဖိုင်တွေ ထည့်ပြီး နောက်ပိုင်း ကုမ္ပဏီ အီးမေးလ်ကို အသုံးပြုပြီး သူ့ရဲ့ အိန္ဒိယက ဆွေမျိုး သားချင်းများကို အမေရိကားဆီ မလာဖို့ လှမ်း အကြောင်းကြားတဲ့ မေးလ်ကြောင့်ပါပဲ။

    (ဒီကိစ္စကို မရှင်းဘူး.။ ရုးံမေးလ်သုံးတယ်။ ကိုယ်ရေးကိုယ်တာပြောတယ်။ အဲဒါ ..ပြောနေကြဘဲ မဟုတ်လား။ )သူပြောလဲ လာချင်တဲ့သူကလာမှာဘဲလေ။


် ထိုးကျစေမယ် ၀ိုက်လက်သီး လို့လဲ ပြောနေကြတယ်။

    (ဒါကိုလဲမရှင်းဘူး။။ ဘယ်လိုပက်သက်လို့လဲ)

    (အပြစ်ရှာသွားသည်။ )

    ReplyDelete
  4. - သူမဟုတ်တာလုပ်တော့ သူ့ဆွေမျိုးတွေများ လာဖြစ်ရင် ဖမ်းပြီး အကျပ်ကိုင်တာ ဘာညာ ဖြစ်မှာကြောက်လို့ နေမှာပေါ့။
    - အခု အိမ်ခြံမြေဈေးကွက်က ပျက်နေတယ်လေ...။ ကြာည့်ရတာ ဖဲန်နီမေးက အမေရိကားမှာ တော်တော် ကြီးကြီးမားမားထဲက ဖြစ်မယ်။ ဆိုတော့ သူ့ဆီက အချက်အလက်တွေ အကုန်လုံး ပလုံစွပ်သွားရင် ဈေးကွက်ကြီးက ကမောက်ကမ ဖြစ်သွားမှာလေ။ ရှင်နည်းရာ အဂ္ဂလူထွက်သလို၊ မြေနိမ့်ရာ လှံစိုက်ပြီး နူရာဝဲစွဲ လဲရာ သူခိုးထောင်းတာမျိုး ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတွေ ဖြစ်ကုန်မှာပေါ့...။

    ReplyDelete
  5. မလွယ်ကြောပဲ... မမ မေးတာနဲ့ မေးစရာ မလိုတော့ပါ။

    ReplyDelete
  6. ရှင်နည်းရာ အဂ္ဂလူထွက်သလို


    အခုမှ ဒီစကားပုံကြားဖူးတော့တယ်။

    ReplyDelete
  7. အဲဒီ ရှင်နည်းရာ အဂ္ဂ လူထွက်တဲ့ စကားပုံကို အကျယ်ဖွင့်ဆို ရှင်းပြဖို့ လိုမလို ပြောပါ။ လိုရင် ဒီနားမှာ ပြန်ရှင်းပြမယ်။ အမ်းမားတော့ ဘေ့စစ်နည်းတယ်လို့ အပြောမခံချင်လို့ မသိပဲနဲ့ သိသလိုလိုနဲ့ ကျော်ဖတ်သွားတာ တွေ့လိုက်တယ်။

    ReplyDelete
  8. http://www.youtube.com/watch?v=4sMUo1wG8vo&feature=channel_page
    om: အားလုံးဘဲ ချစ်စစစစစစစစစစစစစစစစင်ဒရဲလားကိုလဲချစ်စစစစစစစစစစစစစစစစ
    31 Jan 09, 03:01 PM
    sin dan lar: ဟားဟား.. မိုက်တယ်.. aerobic ကတာတွေလည်းပါတယ်
    31 Jan 09, 03:01 PM
    kom: လင်စ် ချစ်..ဘာလို့မလေးမှာ ပိတ်တာလဲ thinking လင်းကော ခွှုင့်ယူလိုက်လို့လား
    31 Jan 09, 03:01 PM
    kom: Welcome: subuueain: သိုင်းကျူး
    31 Jan 09, 03:00 PM
    kom: (ကာကာ မျကိလုံးပြူါ်မျက်စံပြူးဖစ်နေတ်ယ် အဘာဖစ်ပါလိမ့် black
    31 Jan 09, 02:59 PM
    kom: KLNG: ဦးဘွိုက်မမစင်ဒါလာBoyz: ကာကာ.. ပြော....sin dan lar: ပြောပါ ကာကာ (
    31 Jan 09, 02:57 PM
    kom: ရှင်ရမှာလဲ ပျင်းနေတာနဲ့ (ဝါသနာချင်းတူလိုက်နော်..တို့အိမ်မှာလဲ ကျော်တဲ့အခါကျော်..။ ကွေ့သွားတဲ့အခါကွေ့
    31 Jan 09, 02:57 PM
    sin dan lar: ဆက်ကြည့်လိုက်သိးမယ်
    31 Jan 09, 02:57 PM
    sin dan lar: ကောင်းသားပဲ.. မိုက်တယ်
    31 Jan 09, 02:57 PM
    kom: ကြမ်းပြင်မှာ တုံးလုံးပက်လက်... ရှင်ရမှာလဲ ပျင်းနေတာနဲ့ (ဝါသနာချင်းတူလိုက်နော်..တို့အိမ်မှာလဲ ကျော်တဲ
    31 Jan 09, 02:57 PM
    sin dan lar: မမ.. ဟိုနေ့က မိုးမင်းဆိုတဲ့ ခေါင်းစဉ်တက်လာပြီး ရှာမရတာ ဒါလား..
    31 Jan 09, 02:56 PM
    kom: Boyz: ကမ္ဘာလား..။ သူပဟာသူ ကျော်သွားတာပဲ..။ ကြမ်းပြင်မှာ တုံးလုံးပက်လက်... ရှင်ရမှာလဲ ပျင်းနေတာနဲ့ကျော
    31 Jan 09, 02:55 PM
    kom: http://www.youtube.com/watch?v=4sMUo1wG8vo&feature=channel_page
    31 Jan 09, 02:54 PM
    kom: (boyz ကလေးလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ အာလောက် လောက် အာလောက်လောက
    31 Jan 09, 02:53 PM
    sin dan lar: တနလာင်္နေံ ရုံးမတက်ရလို့တဲ့ လင်းကို ဟောက်နေတာ.. smile
    31 Jan 09, 02:53 PM
    kom: Boyz: မများပါဘူး..။ ကိုယ့်ရုံးက ဘာလို့ မပိတ်တာလဲဆိုပြီး အတွေးပွားနေတာ...။
    31 Jan 09, 02:53 PM
    sin dan lar: ဟီဟိ... ကိုဘ ခံသွားရပြီ.. ပျော်တာ... သူက မလေးရှားက လူကိုတောင် လှမ်းရန်လုပ်သေးတာ
    31 Jan 09, 02:53 PM
    kom: ခွှုင့်ယူလိုက်တော့ ပိတ်သွားတာပေါ့. (boyz ကလေးလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ အာလောက် လောက် အာလောက်လောက


    31 Jan 09, 02:52 PM
    kom: Boyz: ဘာဆိုင်လို့ ပိတ်တာလဲ......ဆိုတော့ ခွှုင့်ယူလိုက်တော့ ပိတ်သွားတာပေါ့. (boyz ကလေးလောက်တော့ ရယ်တာ
    kom: တစ်ယောက်မှလဲ စာလုံးပေါင်းမမှန်ကျဘူး... ဟိုး ဟိုးဟိုး.. (အော်ရယ်ခြင်း) smile
    31 Jan 09, 02:51 PM
    sin dan lar: ဟေး.... မမလာပြီ pada2
    31 Jan 09, 02:50 PM
    sin dan lar: မြီးရှည်လာစားတာ... respect
    31 Jan 09, 02:50 PM
    kom: sin dan lar: rမမ ။KLNG: မမစင်ဒါလားမောနီးလင်း: ဟလို ဟိုလို ဟောင်းလောင်း Boyz: မန်းဒေးက ဘာလို့ ပိတ်လာလ

    ReplyDelete