Wednesday, March 3, 2010

meebo for iPhone

တစ်ချို့တွေကတော့ သိပြီး ဖြစ်ပါလိမ့်မယ်။ အခုပို့စ်ကတော့ မသိသေးသူများအတွက် မျှဝေခြင်း ဖြစ်ပါတယ်။ နောင်ကိုလဲ အလျဉ်းသင့်ရင် သင့်သလို ကြုံရာ iPhone နဲ့ ပတ်သက်တာလေးကို သိသလောက် ဖြန့်ဝေသွားပါမယ်။



iPhone အတွက် IM များကို တစ်နေရာတည်းမှာ အကုန်စုထားပေးတဲ့ apps တစ်ခုပါ။
msn, yahoo, gtalk, ICQ, AIM, FaceBook စတဲ့ အကောင့်တွေကို တစ်ခုချင်း လိုက်စစ်နေစရာမလိုပဲ တစ်ချိန်ထဲမှာ chatting ဝင်နိုင်ပါတယ်။



ebuddy တို့နဲ့ မတူတဲ့ အချက်ကတော့ iPhone မှာ သူ့ကို တစ်ခါတည်း log in လုပ်ထားလိုက်ရင် apps က နောက်ကနေ running လုပ်ထားမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Push Function ရဲ့ လုပ်ဆောင်ချက်ကို အသုံးပြုထားတဲ့အတွက် apps ကို ပိတ်ထားပေမယ့် ကိုယ် log in လုပ်ထားတဲ့ chat messenger တစ်ခုခုကနေ ပြီးတော့ တစ်ယောက်ယောက်က ကိုယ့်ကို မက်ဆေ့ခ်ျပို့လာရင်၊ chatting လုပ်လာရင် ကိုယ့်ကို အလိုအလျောက် အသိပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ တစ်ခု သတိထားရမှာက apps ကို ပိတ်ထားသော်ငြားလည်း ကိုယ် log in ဝင်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ အွန်လိုင်းမှာ ရှိနေတယ် ဆိုတာပါပဲ။ အွန်လိုင်း မရှိစေချင်ရင်တော့ သက်ဆိုင်ရာ အကောင့်ကို log out လုပ်ဖို့ မမေ့ပါနဲ့။ တစ်ညလုံး အွန်လိုင်း ဝင်ထားတယ် ဖြစ်နေဦးမယ်။ ကြုံဖူးပါပြိ။



ဘယ်သူတွေနဲ့ ဘယ်အချိန်မှာ ဘယ်အကောင့်ကနေ ဘာတွေ ပြောခဲ့တယ်ဆိုတာကိုလဲ မှတ်တမ်းတင်ပေးထားတဲ့ လုပ်ဆောင်ချက်လဲ ပါတယ်။


နောက် စာရိုက်ရတာ အဆင်ပြေအောင် အလျားလိုက် မုဒ်လဲ ထည့်ထားပေးတယ်။
အသေးစိတ်တော့ Install လုပ်ပြီး စမ်းကြည့်ကြပါလား။

Download လုပ်ချင်သူများအတွက် iTunes Store ရဲ့ အောက်က လင့်ခ်မှာ သွားယူနိုင်ပါတယ်။

http://itunes.apple.com/app/meebo/id351727311

iPhone အပြင် အခြားသော Windows Mobile Phone, Java Phone, Symbian Phone, Android Phone , BlackBerry Phone များ အတွက်လဲ သက်ဆိုင်ရာ ဗားရှင်းတွေ ရှိပါတယ်။ အောက်က လင့်ခ်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဗားရှင်းကို Download လုပ်နိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ ဖုန်းအမျိုးအစားပေါ် မူတည်လို့ ကွာခြားနိုင်ပါတယ်။

http://www.meebo.com/meebomobile/


iPhone အတွက် အောက်က ပုံကို ကလစ် နှိပ်လိုက်ရင် ရပါတယ်။



Android Phone သုံးသူတွေ အတွက်ကတော့ အောက်က ပုံကို ကလစ်လုပ်လိုက်ပါ...။



Windows Mobile, Symbian, BlackBerry phone အမျိုးအစား သုံးသူများအတွက်ကတော့ အောက်က လိုဂိုလေးကို နှိပ်ပေးလိုက်ပါ။

9 comments:

  1. ကျေးဇူးပါ koboyz iphone နဲ့ ပတ်သတ်ပြီးမျှဝေတာ အ၇င်ပို့ က ပြထားတဲ့ ဟာတွေတော့ itunes store က၇ပါပြီ

    ReplyDelete
  2. မ I နိုင်သေးလို့ စမ်းမကြည့်နိုင်သေးဘူး :(

    ReplyDelete
  3. မ I လဲ စမ်းလို့ရတယ်လေ။
    အခု မီးဘိုက ဖုန်းတွေ အကုန်နီးပါး သုံးလို့ရတယ်။
    အိုင်ဖုန်းသုံးလက်စ ဖြစ်နေလို့ အိုင်ဖုန်းကို နမူနာပြလိုက်တာပါ။

    ReplyDelete
  4. ရပြီ ko boyz. ထပ်တင်ပါအုံးဗျ

    ReplyDelete
  5. ကျေးဇူး ကိုဘ
    JB လုပ်ချင်တာ ကိုဘ ပြောလို့ မလုပ်ရဲတော့ဘူး
    တခြား နည်းလမ်းတွေ ရှိရင်လည်း ရေးပေးပါဦး
    thanks a million

    ReplyDelete
  6. အလျဉ်းသင့်ရင် သင့်သလို ကျွန်တော် သိရှိတာလေးတွေ တင်ပေးပါမယ်။
    ကိုအောင်သာငယ်ဖုန်းက Boot Rom Version အဟောင်းဆို JB လုပ်လို့ရတယ်။ ပါဝါပိတ်သွားတိုင်း ပြန်ဖွင့်ချင်ရင် BlackRa1n run ပေးစရာ မလိုပါဘူး။ ကျွန်တော်တို့ သြဂုတ်-အောက်တိုဘာ ၀၉ နောက်ပိုင်းထုတ်တဲ့ ဖုန်းတွေက Boot Rom အသစ်ဆိုတော့ ပါဝါပိတ်တိုင်း ပြန်ဖွင့်ရင် အဲဒီ မိုးမည်းကို ခဏခဏ ပြန်ရွာပေးနေတော့ ကျွန်တော့်လို ရုံးနဲ့ အဲဗား ကွန်တက်လုပ်နေရသူတွေအတွက် အဆင်မပြေဘူးဗျ။
    မတော် နိုင်ငံရပ်ခြား ရောက်နေလို့ ချာဂျင်မသွင်းမိတုန်း ဖုန်းက ဘက်ထရီကုန်သွားရင် မိုးမည်း မရွာမချင်း သုံးလို့ရမှာ မဟုတ်တဲ့ အတွက် အချုပ်မဖောက်ဖြစ်တာပါ။ အချုပ်မဖောက်လဲ ဖုန်းကို အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ သုံးလို့ရပါတယ်။ အဲ.. ဇော်ဂျီတွေ ဘာတွေတော့ ဖတ်လို့ မရဘူးပေါ့ဗျာ။ :D

    အချုပ်ဖောက် = Jail Break.
    တစ်ချို့က ထောင်ဖောက်တယ် သုံးတယ်။ ထောင်က Prison လို့ပဲ နားလည်ထားလို့ အချုပ်ဖောက်တယ်ပဲ သုံးလိုက်တယ်။

    ReplyDelete
  7. စိတ်ငြိမ်မှ စမ်းကြည့်ဦးမယ်ကျေးဇူး. ..

    ReplyDelete
  8. nokia phone e71 also can install or not

    ReplyDelete
  9. So far, meebo application creates were for iPhone and Android phone only.
    But for winmo, blackberry,Symbian OS run mobile, you can go to this meebo mobile webpage from your mobile and use the meebo mobile version.
    The link is http://www.meebo.com/mobileweb/

    ReplyDelete