Friday, March 19, 2010

Warning : Health Care Issue Alert (သတိ - နှလုံးသား ဖျားနာလွယ်သည်။)

ယုန်ကလေးတွေ ကိုင်ကြည့်ဖူးလား။
ကိုယ့်လက်ထဲမှာ ပွေ့ဖူးလား။
ခိုတွေ ငှက်တွေ လက်နဲ့ ဖမ်းကိုင်ထားဖူးလား။

ဖမ်းဆုပ်ဖြစ်တယ်ဆိုရင် သူတို့ ခန္ဓာကိုယ်တွေ တစ်ဆတ်ဆတ် တုန်နေတာ သတိထားမိလား။
နှလုံးခုန်သံတွေဟာ ပုံမှန်ထက် မြန်နေတယ် ဆိုတာ ခံစားဖူးလား။
အဲဒါ သူတို့ ကြောက်နေလို့ပေါ့။
ကြောက်တော့ စိတ်လှုပ်ရှားရော။
စိတ်လှုပ်ရှားတော့ ဦးနှောက်က ပုံမှန်ထက် အလုပ်လုပ်တော့ သွေးတွေ လိုတယ်။
သွေးလိုတော့ နှလုံးက ဦးနှောက်ဆီကို လိုအပ်တဲ့ သွေးပမာဏ ရောက်အောင် သွေးတွေညှစ်ပေး သန့်ပေးရသတဲ့။
အဲဒီမှာ နှလုံးက ခါတိုင်း ပုံမှန်ခုန်နေကျထက် ပိုပိုခုန်ပေးရတယ်တဲ့။

ဒီလို ပိုပိုခုန်ပေးရတော့ နှလုံးအလုပ်လုပ်ရတာ များလာရင် နှလုံးဒဏ်ပိပြီးတော့ နှလုံးရောဂါ ဖြစ်တတ်တယ်တဲ့။
အဟိတ်တိရစ္ဆာန်မှာတောင် စိတ်လှုပ်ရှားမှု များရင် နှလုံးရောဂါ ဖြစ်နိုင်တာနော်။

လူတွေမှာဆိုလဲ ဖြစ်မှာပေါ့။ လူတွေက Emotional Creature တဲ့။ စာတွေ ကဗျာတွေ ဖွဲ့တတ်တယ်။ စိတ်ကူးယဉ်တတ်ကြတယ်။ ကွန့်မြူးတတ်တဲ့ အတွေးတွေ ရှိတယ်။ ဆိုလိုချင်တာကတော့ စိတ်ခံစားချက်တွေကို ဦးစားပေးတတ်လွန်းကြတော့ နှလုံးရောဂါ ဖြစ်နိုင်ဖို့ လမ်းစဟာ တိရစ္ဆာန်တွေထက် အဆပေါင်း ၈၅.၃ ဆ ရှိတယ် ပြောပါတယ်။ တရားဝင်မဟုတ်တဲ့ သုတေသနလို့ ဆိုပါတယ်။

ဒီထဲမှာမှ အနုပညာရှင်တွေဟာ လူသာမာန်တွေထက် နှလုံးရောဂါ အဖြစ်များတာကို တွေ့ရတယ်တဲ့။ သူတို့က ကိုယ်မဟုတ်တဲ့ ဇာတ်ရုပ်တစ်ခုကို ကိုယ်ရော စိတ်ပါ နှစ်ပြီး ခံစားပြီး သဏ္ဍာန်လုပ် သရုပ်တူအောင် အလုပ်လုပ်ရတဲ့အတွက် စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုတွေ များရာကနေ ဖြစ်တာလို့ ပြောပါတယ်။ ထက်ထက်မိုးဦး နှလုံးရောဂါရှိတယ်ဆိုတာ ဒါမျိုးတွေကြောင့် ဖြစ်မှာ။ မို့မို့မြင့်အောင်လဲ တစ်ခါပြောဖူးသလား မသိဘူး။ သူတစ်ခါလောက် သရုပ်ဆောင်လိုက်ရင် လူတစ်ကိုယ်လုံး ပစ်လဲချင်လောက်အောင် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရတယ်တဲ့။

ကိုယ်လဲ အနုပညာသမား မဟုတ်ပေမယ့် စိတ်လှုပ်ရှားလွယ်၊ ထိခိုက်လွယ်၊ ခံစားလွယ်သပ။
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က စပြီး သတိထားမိတာ ညညဆို နိုးလာရင် နှလုံးခုန်တာ တစ်အားမြန်ပြီး ရင်ညွှန့်ထဲက အောင့်နာလာသလိုပဲ။ သတိထားဦးမှ။ လူတစ်ယောက် မသေမချင်း နားချိန် မရှိပဲ အလုပ်ဆက်တိုက် လုပ်နေရတဲ့ သေးကွေးနုနယ် ငယ်ရွယ်တဲ့ နှလုံးသားလေးကို ဒဏ်မပိပါစေနဲ့။

တော်ရုံဆို ခံစားတတ်တဲ့ စိတ်ကို ပြင်တော့မယ်။ ဥပေက္ခာ ဆိုတဲ့ စကားလုံးကို နားလည်အောင် လုပ်တော့မယ်။ မောင်ဘွိုင်းကို စိတ်လှုပ်ရှားအောင် လာမလုပ်ကြနဲ့နော်။ နှလုံးရောဂါဖြစ်သွားရင် တရားခံ ဖြစ်သွားမယ်။ :)

(၂၀၀၉ နှစ်ဦးပိုင်းတုန်းက ရေးထားတဲ့ Personal Draft Post ပါ။ ခုမှ publish လုပ်ဖြစ်တော့တယ်။ အကြွေးတွေ ရှင်းနေတာ။ ဒါဆားချက်တာ မဟုတ်ဝူး...။ )

22 comments:

  1. အမယ် ..ဟိုအရည်ဒွေသောက်လွန်းလို့ မကျန်းမာတော့တာကိုများ
    ကောင်မလေးတွေသနားအောင် လာနိုပြမနေနဲ့ 
    ကိုဘ ..ဟက်ဟက်.. ခင်ဗျာ့ညီမလေးတွေပဲ သနားချင်သနားမယ်
    အကြောင်းသိဒွေ မသနားဘူးဆရာ...

    ReplyDelete
  2. ဒေါက်တို စတိနဲ့ ကုပါလားအင် ..သူက ၇၂ပေါင်ဒွေရသလောက် စုနေတာ ရွက်လှေဝယ်မို့ ဆိုလား ဟိဟိ

    ReplyDelete
  3. အသက်ကြီးလာတာပါ ဟာ။

    ReplyDelete
  4. ထထမဥ က စကတည်းက နှလုံးရောဂါ ရှိတာ မဟုတ်ဘူးလား။
    သရုပ်ဆောင်တာနဲ့ နှလုံးရောဂါ ရရအောင် သူလုပ်ပြတဲ့ထဲ ဟုတ်ဟုတ်ညားညားလဲ တခါမှ မတွေ့ဖူးပါဘူး။ အိစိအိစိနဲ့ ပြီးနေတာပဲ။

    မို့မို့မြင့်အောင် ပင်ပန်းတယ်ဆိုတာကို နဲနဲ လက်ခံလို့ရသေးတယ်။ သူက အိုဗာဖြစ်တာကိုး။ ပင်ပန်းမှာပေါ့။

    ReplyDelete
  5. ဟုတ်ရယ်
    အသက်ကြီးလာတာ
    ဘဘဘိုက်တောင် ဖြစ်နေမှ

    ဟိဟိ
    nn

    ReplyDelete
  6. ဖျားနာလွယ်တယ်ဆိုတာ ကိုယ်ခံအားလျော့နေလို့။
    အားဆေးဖိတိုက်ပါလေ..

    ~~~~ကြင်နာသူရေ မကျီစားနဲ့ ~~~ နှလုံးသားလေးက အကြမ်းမခံဘူးကွယ် ~~~~ သီချင်းတောင်ဆိုမိသွားဒယ်...

    ReplyDelete
  7. ယုန်တွေ..ကြောင်တွေ..
    ကြက်တွေ..ငှက်တွေ...မကိုင်ဖူး..မထိဖူးပါဘူး။
    အဲ့တာကြောင့်...
    မသိဘူး...နားမလည်ဘူး။
    ဒါပေမယ့်...
    မသိလို့မေးပါရစေ...
    ကြောက်ရွံ့ခြင်း=အချစ်လားငှင်....
    မသိလို့နော်..
    မသိလို့..မသိလို့....။

    ReplyDelete
  8. ပြောဖူးသားပဲ...

    အချစ်က မုန်းဖို့ကောင်းပါတယ်ဆို..။

    ReplyDelete
  9. အကောင်တွေတော့ မကိုင်ဖူးဘူး
    လူတော့ဖက် ဖူးတယ်
    ဒုတ်ဒုတ် ဒုတ်ဒုတ် ဆိုမလား
    ကြောက်လို့တော့ရယ် မထင်မိဘူး =P

    ReplyDelete
  10. ပျိုးနေလိုက်တာ.............

    ReplyDelete
  11. ချစ်တတ်လို့လား..........

    ReplyDelete
  12. just remember a song "Fragile heart" by jewel :)

    ReplyDelete
  13. ဒါ...ဒါဟာ ဘွိုင်းzz အတုကြီးပဲ...သိတ်နူးညံ့နေတယ်...

    ReplyDelete
  14. အလျူလုပ်မယ်ဆိုရင် အသိပေးပါ
    ပန်ကရိယ ကျောက်ကပ် ကလီစာ အလျူခံသည်။

    ReplyDelete
  15. kwi kwi..
    read the post.
    btw, who sang 'Love Me'?

    ReplyDelete
  16. And what is 'ခသမဟ' ?????

    ReplyDelete
  17. I mean .. THE ONE on ur sidebar!!!!

    ReplyDelete
  18. ခသမဟ ??
    Better ask kom. lolz

    ReplyDelete
  19. Hey.......!
    Reply me on here right now!!!!!! :(((

    ReplyDelete
  20. want to know much!!!!
    :waa.....

    ReplyDelete
  21. I got it!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    No, thank you! hoooooon

    ReplyDelete