Tuesday, August 31, 2010

Dental Health

သွားကျန်းမာရေးအတွက် အောက်က ပစ္စည်းလေးတွေ ဝယ်လာတယ်။

၁။ အော်တို သွားတိုက်တံ...
ဂျာမဏီက လုပ်တာ။ ၁၂ လ အာမခံ ပေးထားတယ်။ သွားပွတ်တံကို အရောင်ပြောင်းသွားရင် ဖြစ်ဖြစ် သုံးလတစ်ခါဖြစ်ဖြစ် whichever comes first လဲပေးပါတဲ့။ အရင်က ဟာလို ဓါတ်ခဲထည့်စရာမလို။ ချာဂျင်သွင်းထားရင် သုံးလို့ရတယ်။ ၁၆ နာရီသွင်းမှ မိနစ် ၂၀ သုံးလို့ရတယ် ဆိုလား...။
တံဆိပ်က Oral-B မော်ဒယ်က vitality precision clean.... အကျယ် ဖတ်ချင်ရင် ဒီမှာ သွားဖတ်ပါလေ...။ ဈေးနှုန်းကတော့ S$ 43.00 ကျပ် ပေးရတယ်။

၂။ သွားကြားထိုးတံ


သူက သွားကြားညှပ်တာကို ရှယ်ကလော်ထုတ်ပေးတယ်။ နန်းကြိုးမျှင်တွေနဲ့ ထိပ်မှာ ဖွာဖွာလေး လုပ်ထားတာ။
အရင်က ဝယ်ထားတာ ရှိဖူးတယ်။ ခုတော့ သွားကြားညှပ်လို့ သုံးမလို့ လိုက်ရှာတာ မတွေ့တော့ ထပ်သွားဝယ်လာလိုက်တယ်။ ၉ ကျပ်ပေးရတယ်....။ Systema တံဆိပ်.. သူလဲ ဂျပန် တံဆိပ်ပဲ...။

ကုန်ပေါက်တွေချည်းပဲ....။ လောလောဆယ် သွားကြားညှပ်လို့ သွားဖုံးတွေ ယောင်နေတာ....

6 comments:

  1. ငယ်ငယ်တုန်းက ညစ်ပတ်ခဲ့တဲ့လူတွေ ကြီးတော့ အဲလိုဖြစ်ရော။ ကြီးတဲ့ထိ စိတ်မပုတ်နဲ့ပေါ့။ စိတ်ကောင်းကောင်းထား။

    ReplyDelete
  2. ဒါသွားဂရုစိုက်ဘို့လိုပြီဆိုတာသတိပေးတာဘဲ၊ မှန်မှန်သန့်ရှင်းရေးလုပ်ပေးပါ၊အကျိုးရှိတာတွေ့ရပါမယ်၊ ၆လတခါသွားဆရာဝန် ဆီမှာ cleaning သွားလုပ်ပါ။ ကျွန်တော်ဆိုရင် ၃လတခါလုပ်နေရပြီ။ ဒါတောင် ၁ချောင်းနှုပ်လိုက်ရပြီ။

    ReplyDelete
  3. နာ ငယ်ငယ်က ထန်းလျက် ငုံ အိပ်တာ...
    ငယ်ငယ်က ခဏခဏ သွားကိုက်တယ်..
    ကြီးတော့ မဖြစ်သလောက်ပဲ

    ReplyDelete
  4. သွားဖုံးယောင်တာကို မပေါ့ဆစေချင်ပါ။ သွားကြားညှပ်လို့
    သွားဖုံးယောင်တာ ဖြစ်နိုင်သလို သွားဖုံးနဲ့သွားကြားထဲမှာ ဖယ်ထုတ်ဖို့ခက်တဲ့ ကျောက်(သွားဂျိုး) ကပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သွားဘက်ဆိုင်ရာ ဆရာဝန်ထံမှာ စစ်ဆေးကြည့်ပြီး လိုအပ်ရင် သွားဂျိုး(ကျောက်)တွေကို ဖယ်ထုတ်သန့်ရှင်းတာ လုပ်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။ သွားဖုံးပျက်စီးမှုဖြစ်ရင် ပြန်လည် အစားထိုး ကုသလို့ မရနိုင်တာမို့ သွားမှာရောဂါဖြစ်တာထက် ပိုဂရုစိုက်သင့်ပါတယ်။
    ပုံထဲမှာပြထားတဲ့ Interdental toothbrush က သွားအရမ်းကျဲနေတဲ့ နေရာဆိုရင် သုံးရတာကောင်းပေမဲ့ စိကပ်နေတဲ့သွားတွေကို သန့်ရှင်းရေး ကောင်းကောင်းမလုပ်နိုင်ပါဘူး။ သွားဆရာဝန်တွေကတော့ သွားပွတ်ကြိုး Dental floss ကိုသုံးဖို့ ပိုအားပေးကြပါတယ်။ Dental floss နဲ့ပတ်သက်လို့ ဖြစ်ဖြစ် သွားဘက်ဆိုင်ရာ ဗဟုသုတတွေသိဖို့ ဖြစ်ဖြစ် “ မြင့်မိုရ်ဦး ” ဘလော့ ကို ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။
    http://myin-mo-oo.blogspot.com/

    ReplyDelete
  5. @Rita - စိတ်ကောင်းကောင်း ထားပါတယ်။ တတ်နိုင်သလောက်ပေါ့လေ။ တစ်ခါတစ်လေ လူဆိုတော့လဲ စိတ်ပုတ်တွေ စိတ်ယုတ်မာတွေ မွေးမိတာ မတတ်နိုင်ဘူးလေ။

    @maung - ကျွန်တော့်သွားတွေက ပျက်စီးနေတာ နှစ်ဆယ်ကျော်ကတည်းကပဲ။ ငယ်ငယ်က ဂရုမစိုက်လို့ ပိုးစားပြီး အကြောနှုတ်ရ..၊ နောက် အကြောနှုတ်ရာကနေ ဖာထား.. ဖာတာကနေ တစ်ချောင်းလုံး နှုတ်လိုက်ရ..နဲ့ အခု ဆို နှစ်ချောင်းတိတိ နှုတ်လိုက်ရပြီး... အကြောနှုတ်ထားတာ နှစ်ချောင်း တိတိ ရှိနေပါပြီ။ အကုန်လုံးက အပေါ် အံသွားတွေ ဖြစ်ပါတယ်။

    @ Dr. Nay Oo - ကျွန်တော် ကျောက်ခြစ်ဖူးပါတယ်။ အခုဖြစ်တာက သွားကြားညှပ်လို့ သွားဖုံးရောင်တာမျိုးပါ။ Interdental tooth brush ကို ကျွန်တော့်ရဲ့ တစ်ချို့ကျဲနေတဲ့ သွားများကြားထဲမှာ အသုံးပြုဖြစ်ပါတယ်။ Dental Floss ကတော့ သုံးလိုက်တိုင်း ကြိုးက သွားနဲ့ညှပ်ပြီး ပြတ်ပြတ် ကျန်ခဲ့လို့ သိပ်မသုံးဖြစ်တော့ဘူး။ တတ်နိုင်သလောက် အစာမညှပ်အောင်ပဲ သတိထားနေတော့တယ်။
    ညွှန်းလိုက်တဲ့ ဝက်ဘ်ဆိုဒ်ကို အရင်က ဖတ်မိတယ်။ ပေါ့ပေါ့ပဲ ထားလိုက်တယ်။ အခုတော့ သွားနာနေတာနဲ့.. သွားအသစ် ပြန်စိုက်ဖို့ လိုနေတာနဲ့ပဲ အသင့် ဖြစ်သွားတာပေါ့ဗျာ။
    ညွှန်းပေးတဲ့ အတွက် ကျေးဇူးတင်ပါသည်...။ :)

    ReplyDelete
  6. ဆင်ဆင်က ငယ်ငယ်က သွားနာပြီး ကြီးတော့မှ မနာတာက သွားပိုးမစားတော့လို့နေမှာပေါ့...။ ကောင်းပါတယ်။ ဒီအတိုင်း ဆက်ပြီး သွားကို ထိန်းသိမ်းပါ။ သွားကိုက်တာ အလွန်ဆိုးပါသည်။
    သွားနှုတ်တာ ပိုပြီးတော့ ဆိုးပါသည်။

    ReplyDelete