Saturday, August 21, 2010

New Myanmar Passport




ဒီနေ့မှပဲ အားလို့ Agent ဆီက သွားယူလာတဲ့ S$ 2,200 တန် မြန်မာ ပတ်စ်ပို့ပါ....။
မမြင်ဖူးသေးသူ မြင်ဖူးသည်ရှိအောင် စေတနာ ဗရပွနဲ့ တင်ပေးလိုက်ပါတယ်။



ဓါတ်ပုံ ကိစ္စ လုံးဝ အစာမကြေပါ။ ကိုယ်ရိုက်သွားပေးတဲ့ ဓါတ်ပုံကို မသုံးပဲ သူတို့သတ်မှတ်ထားတဲ့ ဓါတ်ပုံဆရာနဲ့ ရိုက်ခိုင်းတာ လူပုံက အဆီပြန် မျက်နှာက ဝအစ်.... နေတဲ့ ပုံ ထွက်လာပါတယ်။ (Web Cam နဲ့ လက်ပတုတ်နဲ့ ဓါတ်ပုံရိုက်ပေးတယ်တဲ့.. ကြားလို့ အရပ်ရပ် နေပြည်တော် နားထောင်လို့ ကောင်းကြသေးရဲ့လား ကွယ်ရို့...။) အခုတော့ ရွဲပလဲနေတဲ့ ပုံပါတဲ့ စာအုပ်ကို စာရွက်မကုန်မချင်း သုံးနေရပါတော့မယ်....။ စိတ်လေတယ်။
(အဲဒီနေ့က ပူလဲပူ အဲယားကွန်းလဲ ပိတ်ထားလို့ လှောင်အိုက်နေတော့ ဘယ်ပုံ ထွက်မယ်ဆိုတာ မြင်ယောင်ကြည့်ပါလေ...။)
သဉ္ဇာအေးလို ကင်မလာ အကောင်းစား မရှိတော့ တုန်မှုန်ဝါး ဖုန်းကင်မရာနဲ့ ရိုက်တင်ပေးလိုက်ရတာကို ခွင့်လွှတ်ပါ...။
KOM ကို အားကျလို့တော့ မဟုတ်ပါ....။
စကားမစပ် ပီဂျေးအမ်အမ်အာ ဆိုတာ ဘာလဲဟင်....။
Chip ပြားလေးတော့ စာရွက်ပေါ်မှာ မြုပ်ထားတယ် ပြောတာပဲ။
စင်ကာပူ လေဆိပ်ကို စာအုပ်အသစ်နဲ့ ပြန်ဝင်လာတဲ့ သူငယ်ချင်း တစ်ယောက် ပြောပြတာကတော့ လဝက ဆီမှာ တန်းစီစရာ မလိုပဲ စင်ကာပိုးရီးယန်းများ စက်နဲ့ စကန်ဖတ်တဲ့နေရာကနေ ဖြတ်လာလို့ရတယ် ပြောတယ်။
ဒါလေးတော့ အဆင်ပြေသားပဲ။
(စလုံးမှာ နေထိုင် အလုပ်လုပ်သူများအတွက်သာ အကျုံးဝင်သည် ထင်တာပဲ...။)

စာကြွင်း ။ ။ ပြောဖို့ မေ့သွားလို့... ကွန်ပြူတာ စကရင်ကို စောင်းရင်ပဲ ဖြစ်ဖြစ် ကိုယ့်ခေါင်းကို နည်းနည်းလေး ငဲ့စောင်းလိုက်လို့ပဲ ဖြစ်ဖြစ် ဒီပို့စ်ကို ဖတ်ပေးပါ။ ပုံတွေက ရိုက်တုန်းက အတည့်ကို ဘယ်လို ဘေးတိုက် ဖြစ်သွားလဲ မသိဘူး...။ ဟိဟိ..။

11 comments:

  1. web cam နဲ့ ရိုက်တာတော့ ဆိုးချက်
    တခါတခါကျ အိုင်ဒီယာတွေ လိုက်ကို မမီဘူး

    သိန်း ၃၆၀ တန်ဖုန်းအကြောင်း ကြွားထားတာ... ဒါမျိုးကျ ရုံးကို ဘယ်လိုပြောရပါ့

    ReplyDelete
  2. PJ က ပီတော့ သိဘူး၊ ဂျေ ကတော့ Job နဲ့ တဲ့၊ မေးလိုက်တော့ သံရုံးကပြောပြတာ၊ တို့ ပတ်စ်ပို့လုပ်တာ ပြောရရင် တော်တော်မကောင်းဘူးဖြစ်တော့မယ်၊ တိုးတိုးတိတ်တိတ်မေးရင်တော့ ပြောပြမယ် :D

    ReplyDelete
  3. ကိုဘွိုင်းဇ်.... ဘာလို့ ကိုယ့်မျက်နှာကိုယ်အိုးမဲသုတ်ရသလဲ။ ဝက်ဘ်ကင်မ်နဲ့ ရိုက်ရင် ဘယ်လို ပုံလဲဆိုတာ စာဖတ်သူ သိရအောင် အသစ်ပြန်တင်ပေးပါ။

    ReplyDelete
  4. P ဆိုတာ paw များလား... :P
    (ကိုပေါကိုပြောတာမဟုတ်)

    ReplyDelete
  5. ကိုပေါ.. ဒီတိုင်းပိုကြည့်ကောင်းတယ်ဗျ၊ မပြင်ခိုင်းပါနဲ့ :p

    ReplyDelete
  6. လူချောလေးတစ်ယောက်ပဲ ... ခွိခွိ ။
    ဒါ့ပုံ အံကြိတ်ပြီး အရိုက်ခံသလား ၊ ခေါင်းစောင်းပြီးကြည့်လိုက်တာ မာန်တင်းပြီး အံကြိတ်ထားသလိုပဲ ။

    ReplyDelete
  7. ဟို ကိုယ်ရေးကိုယ်တာ page နဲ့  chip ထည့် တာပဲ ပြောင်းတာပေါ့နော် ရှေ့ စာမျက် နာ နှင့်  အနီရောင် ကတော့ အတူတူပဲနော်

    ReplyDelete
  8. မင်္ဂလာပါ...အေးချမ်းသာယာရှိပါစေ...ဆမ်

    ReplyDelete
  9. ဖြစ်ရမယ် ကဘွတ်နှယ် ... ဒါ့ပုံက ဘယ်လိုမကောင်းတဲ့ဒါ့ပုံယူသွားလဲမှမသိတာ။ ကျွန်တော်သွားလဲတုန်းကတော့ ကိုယ်ယူသွားတဲ့ ဒါ့ပုံနဲ့ပဲ အလုပ်ဖြစ်ခဲ့တာပဲ။ ပြန်ရိုက်စရာမလိုဘူး။

    ReplyDelete
  10. @AMK ... ဘာ chip မှ မပါဘူးခင်ည။
    ဓါတ်ပုံ page ရဲ့ အောက်ဆုံးလိုင်း၂လိုင်းက စက်နဲ့ ဖတ်လို့ရတဲ့ OCR code တွေ။ လေဆိပ်ကောင်တာမှာ စက်ပေါ်တင်လိုက်တာနဲ့ နာမည် မှတ်ပုံတင်နံပါတ်(အဲလေ) passport no. တွေ ရိုက်ထည့်စရာမလိုပဲ ပေါ်လာအောင် လုပ်ပေးထားတာ။

    ReplyDelete
  11. With new policy effective on that day, everyone must retake photo with embassy's appointed so called photographer. This has to be done regardless of whether you provide them with yr own photo or not.

    ReplyDelete