Sunday, August 8, 2010

Renewal of Myanmar Passport (ကိုယ်တွေ့)

Photo Credit : ShweDarling.com

ပြီးခဲ့တဲ့ အပတ်က မြန်မာသံရုံးနဲ့ ပတ်သက်ရပြန်ပါတယ်။
ဒီတစ်ခေါက်တော့ တတိယ အကြိမ်မြောက် ပတ်သက်ခြင်းပါ။ မသွားဖြစ်တာ ၂နှစ်လောက်တောင် ရှိတော့မယ် ထင်ပါရ့။
ဒီကြားထဲတော့ ဟိုကြက်ခြေခတ်တာ ဘာညာ မဲသွားပေးဖြစ်သေးတယ်။
အခုတစ်ခေါက် သွားရတာက
၁- မြန်မာပတ်စ်ပို့ သက်တမ်းကုန်သွားလို့ (၄လပဲ ကျန်တော့လို့)။
၂- ဗီဇာတုံးထုစရာ စာရွက်မကျန်လို့ စာအုပ်အသစ်လဲမလို့။
၃- အထက်ပါ အကြောင်းအချက်တွေကြောင့် အခွန်က မဆောင်မနေရ ဆောင်ရတော့မှာမို့လို့....

မြန်မာသံရုံးနဲ့ ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုး ကြားနေတော့ မသွားခင်ကတည်း ရတတ်သမျှ အင်ဖော်မေးရှင်းလေးတွေ စနည်းနာရတယ်။

- ပုံမှန်ဆောင်တာ
- ပုံမမှန်ဆောင်တာ
- ကျူယူတာ
- ကြာမယ့် ရက် စသဖြင့်ပေါ့လေ။

နောက်ဆုံးသတင်းပဲ တင်ပါတော့မယ်။

လိုအပ်ချက်။
- မိမိ ပတ်စ်ပို့ မူရင်း
- လတ်တလော ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ
- ယခုလ မတိုင်မီ ရှေ့သုံးလအထိ အခွန်ဆောင်ရန် လုံလောက်သော ငွေကြေးပမာဏ
- စာအုပ် အသစ်ကြေး စလုံး ၁၅၀ဒေါ်လာ
- ပွဲစားခ စင်ကာပူ ဒေါ်လာ ၅၀ (ပုံမှန်နှုန်းပဲ။ ပင်နီစူလား လေးထပ်က မိုးမှာ သွားလုပ်ပါတယ်။ နေနေညွှန်းလို့)
- ယခင်ဆောင်ထားဖူးသော အခွန်ပြေစာ မူရင်း၊အပေါင်း မိတ္တူ
- သံရုံးတွင် ကော်ပီကူးရန် အကြွေစေ့များ။ (ကော်ပီတစ်ခါဆွဲ ပြား၂၀ ပါ။)
- ရေသန့်ဗူး ၂ လီတာ နှင့် စားစရာ အလုံအလောက်။ (ဒါက လက်ဗွေသွားနှိပ်တဲ့ နေ့မှာ)
- မည်သည့်အချိန်တွင် ခရီးသွားမည် ဆိုသည်ကို ရုံးက ထောက်ခံချက် ထုတ်ပေးထားသော ထောက်ခံစာ။

ကျွန်တော်ကတော့ ကိုယ်ဆောင်ရမယ့် အခွန်ကို အေးဂျင့်အပ်လိုက်တယ်။
သူတို့ဆောင်ပြီးပြီဆို လက်ဗွေ နှိပ်ရမယ့်နေ့ ညနေပိုင်း ၃း၃၀-၅း၀၀ နာရီအတွင်း လာပါဆိုပြီး ဖုန်းဆက်တယ်။
အဲဒီအချိန်ကျမှ ကိုယ်က အေးဆေး သွားတန်းစီရုံပဲ။
အခုအပတ်မှ သံရုံးက ပေါ်လစီနည်းနည်းပြောင်းသွားတယ်။
ပတ်စ်ပို့ထဲ ထည့်မယ့် ပုံကို သံရုံးမှာပဲ ရိုက်ခိုင်းတော့တယ်။
ဆိုတော့ လက်ဗွေမနှိပ်ခင်
  • ဓါတ်ပုံရိုက်ဖို့ အရင်တန်းစီ၊
  • ဓါတ်ပုံရိုက်၊ (အကောင်းစား WebCam နဲ့ လက်ပတုတ်ကြီးနဲ့ ရိုက်ပေးနေတာဗျ... ဟိဟိ။ ဒီအက်စ်အယ်လ်အာတွေ နားထား.. ညောင်း...။)
  • ပြေစာမှာ ကိုယ့်နာမည်နဲ့ ပါတ်စ်စပို့နံပါတ် ရေးမှတ်ပေးလိုက်တာ မှန်မမှန် စစ်၊
  • လက်ဗွေနှိပ်မယ့် အတန်းမှာ ပြန်တန်းစီ။ (အေးဂျင့်က လိုအပ်တဲ့ အခွန်ဆောင် မိတ္တူပြေစာ အသစ်ရော အဟောင်းရော၊ နောက် ကိုယ်ဖြည့်ထားတဲ့ ကိုယ်ရေးရာဇဝင်ရောကို မိတ္တူတွေ တစ်ထပ်ကြီး ကိုယ့် ပတ်စ်ပို့နဲ့ဖိုင်တစ်ဖိုင် လာပေးမယ်။ ကိုယ်က အဲဒီဖိုင်နဲ့ တန်းစီရုံပဲ)
  • ဓါတ်ပုံရိုက်ထားတဲ့ ပြေစာကို ဖိုင်တွဲနဲ့ တစ်ခါတည်း ပေးဖို့ရာ မမေ့ပါနဲ့။
  • ကိုယ့်အလှည့် ရောက်လာရင် ဖိုင်တွဲ ထိုးအပ်။ စာရေးမလေးက လိုတာ စစ်ဆေးလိမ့်မယ်။
  • စာရေးမလေးက ပတ်စ်ပို့ ရမယ့် အချိန်ကို တစ်လတန်သည် နှစ်လတန်သည် ခွာချိန်းလိမ့်မယ်။
  • ကိုယ်က အရေးကြီးရင် ကြီးတဲ့အကြောင်းကို သက်သေ အထောက်အထားနဲ့ ပြောပြီး ညှိလိုက်ပါ။(ကျွန်တော်ကတော့ ရုံးက ဘယ်ရက်မှာ ခရီးထွက်ခိုင်းလို့ ဆောလျင်စွာ ထုတ်ပေးပါ ဆိုတဲ့ ထောက်ခံစာ တောင်းသွားပေးလိုက်တယ်။) ကိုယ်တိုင် ပြောမှ ရပါမယ်။ အေးဂျင့်က ဝင်ပြောပေးလို့ မရပါ။
  • စာရေးမလေးက အဆင်ပြေတဲ့ တစ်ရက်ကို လက်ခံဖြတ်ပိုင်းပေါ် ရေးပေးလိမ့်မယ်။
  • လက်ခံဖြတ်ပိုင်းနဲ့ ပတ်စ်ပို့ စာအုပ် အဟောင်းကို ပြန်ပေးလိမ့်မယ်။
  • အဲဒီစာရွက်ကို အေးဂျင့် ပြန်ပေးလိုက်။
  • ရွေးရမယ့်နေ့မှာ သူတို့ရွေးပေးလိမ့်မယ်။ ကိုယ်က အေးဂျင့်ဆီ သွားယူရုံပဲ။
  • ကပ်ရပ်မှာပဲ လက်ဗွေနှိပ်/ဖတ်စက် မှာ ကိုယ့် ဘယ်နဲ့ ညာ လက်မလက်ဗွေကို နှိပ်လိုက်ပါ။
ကျွန်တော်ကတော့ အေးဂျင့်နဲ့ လုပ်လိုက်လို့ လက်ဗွေနှိပ်တဲ့ ညနေခင်း တစ်ခုစာပဲ ခွင့်ယူလိုက်ရတယ်။ အဆင်ပြေပါတယ်။ အော်ငေါက်ခံရတာ၊ တန်းစီရတာ၊ ခွင့်တွေ သုံးလေးရက် ယူရတာ စတဲ့ ဒဏ်တွေ မခံရတော့ဘူးပေါ့။

တိုးတက်မှုများ။
  • လူသစ်တွေ ဖြစ်သွားတယ်
  • ဗီဇာယူတဲ့ ကောင်တာနဲ့ ပတ်စ်ပို့ဆိုင်ရာ ကောင်တာကို ကန့်လန့်ကာလိုက်တယ်။
  • စပီကာနဲ့ အခွန်ဆောင်ရမယ့်သူ အလှည့်စာရင်းကို အော်ပေးတယ်။
ပြုပြင်ရမည့် အချက်များ။
  • စပီကာ အသံ အလွန်ကျယ်တယ်။ နားတစ်အားစူးတာ။
  • ပြတင်းပေါက်ပိတ်ပြီး အဲယားကွန်း မိုင်ကုန်ဖွင့်သင့်တယ်။ (အဲယားကွန်း အလှူရှင်များ စောင့်နေသလား။)
  • ကျူတန်းစီတဲ့နေရာကို သေချာလေး တိုင်လေးတွေ၊ တားထားတဲ့ အနီပြားလေးတွေနဲ့ လုပ်သင့်တယ်။ ခုတော့ တန်းကြီးက မြွေလိမ်မြွေကောက်တင် မဟုတ်ပဲ ကင်းမြီးကောက်ထောင်ချင် ထောင်နေတာ။ စီလိုက်တာ ထိုင်တဲ့ နေရာကိုတောင် ကျော်ခွသွားထိုင်ရတယ်။
  • စာရေးမလေး ဒီထက် စကားချိုချိုသာသာ ပြောနိုင်ရင် ကောင်းမယ်။ (အရင်ကထက် စာရင် သူက အပုံကြီး သာပါတယ်။ ကိုယ်ချိုရင် သူချိုပါတယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ မပြောပါနဲ့။)
  • ကျွန်တော် စာအုပ်စောရချင်လို့ စောဒကတက်တော့ သူတို့ဆီမှာ ထုတ်ပေးစရာ ကုန်နေတဲ့ အကြောင်းကို ချိုချိုသာသာ ပြန်ပြောပါတယ်။ ချိတ်ချိတ်ခြင်းတော့ ချိတ်မိမှာပဲ ဟုတ်တယ် မဟုတ်လား။
  • ရေအေးစက်မှာ ရေသန့်ဗူး လဲစေချင်တယ်။ (သောက်တဲ့ လူ မရှိလို့ လဲမပေးတာလား မသိဘူး။)
  • သံရုံး ပေါ်လစီကို လူတိုင်းနားလည်အောင် သေချာ လုပ်ပေးသင့်တယ်။ (မနက်ပိုင်းသွားတဲ့ လူတွေ အပြောအရ လက်ဗွေနှိပ်ဖို့အတွက် တန်းစီစရာ မလိုဘူး။ စာရွက်တွေ ထပ်ခဲ့လို့ ပြောတယ်။ ကျွန်တော် ရောက်သွားတဲ့ ညနေပိုင်းမှာတော့ တန်းစီနေတာ တွေ့ပြန်တယ်။ မနက်ပိုင်းက လူတွေက တန်းမစီနဲ့ဆိုလို့ မစီလိုက်ရတော့ ပွစိပွစိ ဖြစ်ကုန်တာပေါ့။)
  • စာအုပ်ထုတ်ပေးမယ့် ရက်ကို ၁၀ ရက် ခွာချိန်းလိုက်တယ်။
ချွေးနည်းစာကို နိုင်ငံကြီးသား ပီသစွာ အခွန်ဆောင်လိုက်ပါတယ်။ အဲဒီ အခွန်ဆောင်ထားတဲ့ ငွေနဲ့ ကားသွင်းလို့ ရမလား မသိဘူး။ ဟိဟိ

စာကြွင်း။ ။ အမျှ အမျှ ယူတော်မူကြပါကုန်။

14 comments:

  1. အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်....

    ကားပါမစ် ချပေးရင် ရရပါစေ့မယ်... ဟမ်

    ReplyDelete
  2. သာဓု သာဓု သာဓု

    ReplyDelete
  3. သာဓု၊ သာဓု၊ သာဓု...

    မောင်ဘွိုင်းဇ်ရဲ့ချွေးနည်းစာအလှူငွေကို အဘမြေးလေး ပညာရေးအတွက် သုံးပေးပါ့မယ်။

    ReplyDelete
  4. တော်သေးတယ်.. Agent ရှိလို့..
    တို့များဘ၀..Agent မရှိ.. (၅) ခေါက်လောက်.. ခေါက်တုန့်ခေါက်ပြန် လှမ်းလိုက်ရတယ်.. အလုပ် (၅)ရက်ပျက်..း(

    ReplyDelete
  5. လာမဲ့တပတ်မှာ မမတို့ ဘလောဂ့်အသံက လွှင့်မဲ့ "အလှူဒါန ပြုကြသူငါ" ကဏ္ဍအတွက် အင်တာဗျူးချင်ပါတယ် ရှန့်....

    ReplyDelete
  6. ပါစ်ပို.အသစ်က စလုံး ၁၅၀လား အရင်က ၃၀၀ ဆိုတော့ အကောင်းဘက်ကတွေးရင် 50% discount ပေါ့

    အလှူပေးသူဌေးဖြစ်မဟုတ်ပဲ အလှူပေးပြီး ဆင်းရဲသွားတယ် အခွန် ၁၀% ကတော့များလွန်းပါတယ်

    ReplyDelete
  7. မသက်ဝေ - ချပေးမယ့် ကားပါမစ်ကို မျှော်နေပါဒယ်။
    ကလူသစ် - အတော်ကို ဝမ်းသာအားရနဲ့ သာဓုခေါ်နေတာ မြင်ရဖတ်ရတော့ စိတ်ချမ်းသာပါတယ်။
    ကိုပေါ - အဲဂလိုလားဟင်။
    စန္ဒကူး - ဘယ်တုန်းက သွားဆောင်တာလဲဟင်။ အေးဂျင့်တွေက ရှိတာ တစ်နှစ်မကတော့ဘူး ထင်တယ်။
    မချစ်ကြည်အေး - လောလောဆယ်တော့ စီဘောက်မှာ ထောပနာပြုသွားလို့ အင်တာဗျူး ရက်ရွှေ့ပေးလိုက်ပါဦး။ :P
    ကိုကိုစန်း - ပတ်စ်ပို့ အသစ် နှုန်းထားက ၁၅၀ ပါ။ စာအုပ်အသစ် မိတ်ဆက်မို့ ပရိုမိုးရှင်းအနေနဲ့ ၅၀ရာခိုင်နှုန်း ဒစ်စကောင့်ပေးတာပါ။ (နောက်တာပါ။) အခု ပုံမှန်အားလုံး ၁၅၀ ဖြစ်ကုန်ပါပြီ။ အခွန်၁၀%ကတော့ လူတိုင်းပေးရတဲ့ နှုန်းပါပဲလေ...။

    ReplyDelete
  8. ဒီမှာ နေရတာ စိတ်ချမ်းသာတဲ့ အကြောင်းတွေထဲမှာ စကာင်္ပူက သံရုံးနဲ့ ဝေးသွားတာလဲ ပါတယ်

    ReplyDelete
  9. ko boyz... ကူးကူး က ပူပူ မှာ ဟုတ်ဘူး...လေ..
    မြန်မာလဲ လက်ချိုးရေလို့ရတဲ့နေရာမှာဆိုတော့ agent ရှိဝူးလေ...

    ReplyDelete
  10. ရန်ကုန်က လာတဲ့အသိတစ်ယောက်ရဲ့ ပတ်စ်ပို.အသစ်ကို ယူကြည့်မိတယ် အထဲက စာရွက်တွေက ပိုကောင်းလာသလိုပဲ နှောင်နှစ်အနည်းငယ်အတွင်း အရှေ.တောင်အာရှမှာ မြန်မာ ပတ်စ်ပို.က ဗီဇာမလိုပဲ ခရီးသွားလို.ရရင်ကောင်းမယ်

    လိုအပ်တဲ့သတင်းအချက်အလက်တွေကို စိတ်ရှည်လက်ရှည်ရှင်းပြတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်မိပါတယ်

    အားလုံးအဆင်ပြေကြပါစေလို. ဆုတောင်းအပ်ပါတယ်

    ReplyDelete
  11. အတွေ့အကြုံလေးပြောပြတာ ကျေးဇူးပဲ Ko boyz ...
    အိမ်မှာလဲ ၃ယောက်စာလုပ်ရဦးမယ် ... Ko boyz လိုပဲ အေးဂျင့်အပ်တာ အကောင်းဆုံးလို့တော့ ပြောနေကြတယ်။

    သာဓု ၃ကြိမ်လဲခေါ်သွားပါတယ်။ များတို့အလှူကျလဲ လာခေါ်ဥင်္ီးနော် ...

    ReplyDelete
  12. HI Ko Boyz,

    forward mail ထဲကနေ Avoidance of Double Taxation အကြောင်းဖတ်လိုက်ရတယ်၊
    ပေးစရာမလိုပဲ မပေးချင်ပဲပေးနေရတဲ့  အခွန်နဲ့ ပတ်သက်ပြီး KO Boyz အမြင်လေး သိပါရစေ
    စာဖတ်သူ


    http://www.iras.gov.sg/irasHome/page.aspx?id=812

    ReplyDelete
  13. Hi,
    I can't read this post because the words are jumbled up. But some post I can read. Can you advise what to do? I used Window Vista Pro. When I installed ZawGyi font, I couldn't see true type font. You can e mail to me at shweyoe@gmail.com
    Thanks

    ReplyDelete
  14. @Azure, we got no choice.... !_!
    @ShweYow, alternately you can use firefox browser to read the blog. Less hassle than IE. :)

    ReplyDelete