Thursday, October 21, 2010

"New ButterFly Dream " : Justic Pao's Movies Theme Song (ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်ဝင်သီချင်း)



တစ်ခေတ်တစ်ခါက မြဝတီ ရုပ်မြင်သံကြားမှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ထုတ်လွှင့်ပြသသွားတဲ့ ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်သီချင်းပါ။
ဒီသီချင်းသံကြားရင် အိပ်ချိန်တန်ပြီဆိုတာ အလိုလို သိတယ်။ အဲဒီတုန်းက အဖေက ဆေးရုံတက်နေတုန်း။
ဆေးရုံမှာ အဖေ့ကို စောင့်အိပ်ရင်းနဲ့ စစ်စတာတွေ အခန်းထဲ တီဗွီ သွားကြည့်ကြတယ်။ နာတာရှည် လူနာတွေနဲ့ အတူတူ ကြည့်ကြတာပေါ့။ ပေါင်ချိန် လာချိန်ဆို ဆရာမတွေလဲ ဝတ်ကျေတန်းကျေပဲ ရောင်းလှည့်တော့တယ်။ ဘယ်လှည့်မှာလဲ။ လူနာခန်းထဲက လူနာတွေ အကုန်လုံး လူနာရော လူနာရှင်ရော တီဗွီခန်း ရောက်နေတာကိုး။
ဒီသီချင်းနဲ့ ဇာတ်လမ်းပိတ်ချိန်ဆို အပြီးထိ ကြည့်ကြတာ များတယ်။ သီချင်းကလဲ ကောင်းတာကိုးဗျ...။
ဒီသီချင်းလေးကို အင်တာနက်ပေါ်မှာ တွေ့မိလို့ ထပ်လိုက်ရှာလိုက်တာ စာသားတွေပါ ရလာတယ်။ သီဆိုသူကတော့ Huang An လို့ သိရပါတယ်။ သီချင်းနာမည်ကတော့ အင်္ဂလိပ်လိုဆို New Butterfly Dream လို့ မှည့်ထားတယ်။ တရုတ်လိုကတော့ Xin Yuan Yang Hu Die meng လို့ ခေါ်ပါသတဲ့။


ဖိုးဆိုချင် မယ်ဆိုချင်များ လိုက်ဆိုလို့ရနိုင်အောင် အသံထွက်တွေကို အနီးစပ်ဆုံး ပေါ်ဖော်မော်ဖော် နဲ့ ရေးထားတယ်။


Huang An - Xin Yuan Yang Hu Die Meng


新鸳鸯蝴蝶梦 - 黄安

昨日像那东流水
Zuo Ri Xiang Na Dong Liu Shui
离我远去不可留
Li Wo Yuan Qu Bu Ke Liu
今日乱我心多烦忧
Jin Ri Luan Wo Xin Duo Fan You
抽刀断水水更流
Chou Dao Duan Shui Shui Geng Liu
举杯消愁愁更愁
Ju Bei Xiao Chou Chou Geng Chou
明朝清风四飘流
Ming Chao Qing Feng Si Piao Liu
由来只有新人笑
You Lai Zhi You Xin Ren Xiao
有谁听到旧人哭
You Shui Ting Dao Jiu Ren Ku
爱情两个字好辛苦
Ai Qing Liang Ge Zi Hao Xin Ku
是要问一个明白
Shi Yao Wen Yi Ge Ming Bai
还是要装作糊涂
Hai Shi Yao Zhuang Zuo Hu Tu
知多知少难知足
Zhi Duo Zhi Shao Nan Zhi Zu
看似个鸳鸯蝴蝶
Kan Shi Ge Yuan Yang Hu Die
不应该的年代
Bu Ying Gai De Nian Dai
可是谁又能摆脱人世间的悲哀
Ke Shi Shui You Neng Bai Tuo Ren Shi Jian De Bei Ai
花花世界
Hua Hua Shi Jie
鸳鸯蝴蝶
Yuan Yang Hu Die
在人间已是癫
Zai Ren Jian Yi Shi Dian
何苦要上青天
He Ku Yao Shang Qing Tian
不如温柔同眠
Bu Ru Wen Rou Tong Mian

8 comments:

  1. လောလောဆယ်... ကိုယ့်ကိုယ်မှာ ပေါင်ချိန်တွေ တက်နေတာပဲ သိတယ်။း-)

    ReplyDelete
  2. နေ့တိုင်း ချိန်တယ်။

    ReplyDelete
  3. traditional chineseစာသားနဲ့တင်ပေးပါ..။
    simple chinese မကြိုက်ဘူး.။
    ကိုဘကောင်းမှု့ကြောင့် သီချင်းဟောင်းတွေ နားထောင်ဖြစ်သွားတယ်။
    ကျေးဇူး.။
    အခုတင်တဲ့သီချင်းကြီးတော့ ကြိုက်ဘူး။
    ဒီအဆိုတော်က ထဝ အဆိုတော်..။
    အခုတော့ ပြည်မကြီးမှာ ။

    ReplyDelete
  4. ပေါင်ချိန်(အကြီး) ဇာတ်လမ်းတွေ တတွဲမှ အစ/အဆုံး မကြည့်ဖူးဘူး ဆို ယုံလား။

    "လူငယ်ပေါင်ချိန်" (နဲနဲပဲ လာဖူးတာ) တော့ ကြည့်ဖြစ်တယ်။ သူက စုံထောက်ပိုဆန်လို့။

    ReplyDelete
  5. သီချင်းက တီးလုံးပဲပါတယ် လိုက်ဆိုကြည့်ချင်လို့ကို အသံကမကြားရဘူးဖြစ်နေတယ်း)

    ReplyDelete
  6. ကျေးဇူးပဲဗျာ.. ငယ်ငယ်က ပေါင်ချိန်ကားကြည့်ခဲ့တာကို သတိရပြီး အိမ်ကို လွမ်းသွားပြီ..

    လိုက်ဆိုကြည့်တော့မှပဲ ငယ်ငယ်က ရမ်းသမ်းဆိုနေတာ တချို့စာလုံးတွေ မှားဆိုနေမှန်း သိတော့တယ်။ ရန်ကုန်ကို မဆီမဆိုင် သတိရတယ်ဗျာ

    ReplyDelete
  7. ကိုပေါ - သင့်ကျန်းမာရေးကို ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် ဂရုစိုက်ပါ။
    ခင်ဦးမေ - နေ့တိုင်းချိန်တာ ကောင်းပါတယ်။
    ပေါက် - ထရိတ်ဒီးရှင်းနယ်တွေ စင်းမ်ပဲလ်တွေ မသိပါ။ တွေ့တာ တင်ပေးလိုက်တာပါ။ နောက်ပြီးသူက အစုံဆုံးထင်လို့ပါ။ သွေ့ပုချိ...။
    ရီတာ - ယုံပါတယ်။ သူများလုပ်သမျှ ကန့်လန့်တိုက်တတ်တဲ့ ဉာဉ်ရှိသလားလို့...။ အကြီးက ပိုကောင်းပါတယ်။

    Waing - သီချင်းက အဆိုရော အတီးရောပါပါတယ်။ ဘယ်ဘက်စပီကာကို အသံထပ်ချဲ့လိုက်ပါ။

    ReplyDelete
  8. ငယ်ငယ်တုန်းက အဲဒီသီချင်းကိုလိုက်နားထောင်ရတာအမော..။
    ကျွန်တော်ကအောက်ကသီချင်းကို ပိုကြိုက်တယ်..တစ်ချို့အပိုင်းတွေမှာဘဲ ဒီသီချင်းကအပြီးသီချင်း..။
    http://www.youtube.com/watch?v=PH4R5o0a-jw

    ReplyDelete