Monday, February 25, 2008

မာကိုပိုလိုနဲ့ ပျော်ပျော်ပါးပါးကြီး ခရီးသွားရအောင်...။

မင်္ဂလာပါ... ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်း...။ ကျန်းခန့်သာလို့ မာပါစ...။ ကျွန်တော်တော့ သာလဲသာ မာလဲမာပါကြောင်း နှုတ်ခွန်းဆက်သလိုက်ပါရစေ...။ ဘာရယ်မဟုတ်...။ ခုတစ်လော နည်းနည်း ပေါက်နေလို့ ရယ်စရာ မောစရာများကို ဆက်တိုက်ဆိုသလို တင်ဖြစ်နေတော့တယ်...။

ခုတစ်ခေါက်တော့ ကျွန်တော့်အသည်းကျော်ကြီး နိပွန်ကိုပဲ တင်ဆက်လိုက်ပါ့မယ်...။ မောင်နိပွန်ကို ၁ ကနေ ၁၀၀ အထိ ရေတွက်ခိုင်းပြီးတဲ့နောက် ဒီတစ်ခေါက်တော့ သူ့ကို စာဖတ်သူနဲ့အတူ မာကိုပိုလိုနဲ့ ခရီးသွားခိုင်းလိုက်ပါမယ်...။ ထုံးစံအတိုင်းပဲပေါ့...။ သူ့ကို မာကိုပိုလို ခရီးထွက်တဲ့အကြောင်းကို ဖေါ်ညွှန်းထားတဲ့ အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ကို ဖတ်ခိုင်းပါမယ်...။ အဲဒါကို ကြည့်ပြီး ရယ်မောခြင်း မပြုမိအောင် နေရပါမယ်...။ ရယ်မောမိရင်တော့ တင်းနစ်ရိုက်တံနဲ့ ဆော်ပလော်တီးခံရမှာ ဖြစ်ပါတယ်...။

ကဲ...။ ဘယ်သူက ကျန်ခဲ့ပြီး ဘယ်သူက အရှိုးရာ ထင်သွားအောင် ရိုက်ခံထိမလဲဆိုတာ ရှု့စားကြပါစို့လား...။

ဟီဟိ...။

1 comment:

  1. မရတော့ဘူး။ ဟို ten ten ten ten ဆိုတာ ပြီးကတည်းက အဲဒီလူ ဘာမှ မပြောလဲ သူ့ပုံမြင်ရင်ကို အရမ်းရီချင်နေပြီ။ :D

    ReplyDelete