Monday, September 8, 2008

Another WeekEnds ...


မင်္ဂလာပါဗျို့...။
နေကောင်းကြပါရဲ့လားဗျာ...။
ပြီးခဲ့တဲ့ သောကြာနေ့ညက အိပ်ရာဝင်တာ နောက်ကျသွားတယ်...။
မနက် စနေလဲ နှိုးရော အပြင်လောကကို ဆန်းစစ်လိုက်တာ (မျက်ချေးလက်လေးသစ်နဲ့ အပြည့်...)
မိုးလေးက နည်းနည်းအုံ့မှိုင်းမှိုင်း ဖြစ်နေတယ်...။
ကြည်နေတဲ့ စိတ်လေးတောင် ညစ်ကျူသွားရော့...။ ခြသေ့င်္ကျွန်းမှာ မိုးတွေက ရွာလိုက်ရင် ခွေးနဲ့ ကြောင် နောင်ဂျိန်ပလေးသလို ရွာနေကျဆိုတော့... ဒီတစ်နေ့တော့ သွားစရာရှိတာတော့ သွားဖြစ်မှာ မဟုတ်တော့ဘူးလို့ တွေးမိတယ်...။
ထင်တဲ့ အတိုင်းပါပဲ...။ တစ်နေ့လုံးမိုးက အားရပါးရ ရွာချနေလိုက်တာ.... ညနေစောင်းမှာပဲ ကိုယ်တော်က ရပ်တော်မူတော့တယ်...။
မိုးစဲတာနဲ့ သစ်တောမြေက ဘူတာကို ပြေး... ရထားစောင့်စီး... ကျွန်းဆွယ်ကုန်တိုက်ကိုသွား... ငွေလွဲစရာရှိတာ သွားလွဲ ... စားစရာ အခြောက်အခြမ်းများ ပြေးပြီး ၀ယ်.... မြေအောက်မှာ ကြွက်များနဲ့တူတူ ငါးခူကြော်နဲ့ ထမင်းစား... နေရပ် အသိုက်မမြုံကို ပြန်လာ...။

ညဘက် ခေါင်းချ အိပ်မယ်လို့ ကြိုးစားတဲ့ ၉ နာရီလောက်မှာ ရေကန်နားမှာ နေတဲ့ ဘော်ဘော်ဆီက အကြွေးရစရာရှိလို့ ဖုန်းဆက်တော့ ဗျစ်ရည်များ သောက်မလားတဲ့...။ အမြည်းဖိုး နင်စိုက်တဲ့...။
ဒါမျိုးဆို နတ်ပြည်လာခေါ်တာတောင် မလဲနိုင်တဲ့ မောင်ဘွိုင်းဇ်တစ်ယောက် ငေါက်ကနဲ လိုက်သွားတာပေါ့...။ ဒီလိုနဲ့ သူပျော်စံရာ ရေကန်နားက ဘူတာမှာ နာရီဝက်လောက် သူ့ကို စောင့်ပြီး သကာလ ဗျစ်ရည်ဆိုင်ဆီ ချီတက်တော့တယ်...။

ဗျစ်ရည်ဆိုင်မယ် လူတွေ တော်တော်စုံနေကြပြီ...။ တစ်ချို့များဆို ဆန်ပြုတ်တောင် ရောင်းပြီးနေကြရော့...။ ဗျစ်ရည်ရောင်းသမများကလဲ သူ့ထက်ကဲ ရွှေပြည်စိုး အပြိုင်အဆိုင် အရောင်းမြင့်တင်ရေး လာလုပ်နေကြလေရဲ့...။
အဖြူကတစ်မျိုး၊ အနီကတစ်မျိုး၊ အ၀ါကတစ်မျိုး၊ အပြာက တစ်မျိုး၊ အစိမ်းက တစ်မျိုး...။

အဖြူက ကျောက်ဆူး...။
အနီက မသိလိုက်ဘူး...။
အ၀ါက အဲဗာတန် အသင်းအကျီင်္နဲ့ ဆင်းဂါးတဲ့...။
အပြာက ကျား...။
အစိမ်းက ဘီယာချမ်း...။ (မဆီမဆိုင် မီးယပ်ချမ်း မီးယပ်ချမ်းဆိုပြီး ထထ ဆိုတဲ့ စည်သူလွင်ကို သတိရသေးတယ်...)

အားလုံးထဲမှာ အချောဆုံးလို့ ထင်ရတဲ့ တစ်ယောက်ကို ကျွန်တော့်သူငယ်ချင်းက ရွေးတယ်...။
အဲဗာတန်နဲ့ အ၀ါလေးကို ...။ စင်းဂါးတဲ့...။
ကိုယ်က ဟိုက်နီကဲန်သောက်ချင်တာ...။ တူရို့က အဲဗာတန်ဆိုလဲ အဲဗာတန်လိုက်ရတယ်...။
စိနလိုပဲ ပြောတတ်တယ်...။ ဒုက္ခ.. လက်ဟန်ခြေဟန်နဲ့ ၃ ပုလင်း ဆိုပြီး မှာလိုက်ရတယ်...။
ပုလင်းဖုံးဖွင့်တော့ အဖုံးအပေါ်က စတစ်ကာမှာ ကံစမ်းမဲပါတယ်တဲ့...။ ၅ ကျပ်ဖိုး ပေါက်တယ်...။ တိုတယ်ကျတဲ့အထဲက ၅ ကျပ် နှုတ်ပြီးပေး....။

အမြည်း.. အမြည်း..။ ဘယ်မှာလဲ...။ ဆီးဖုဒ်ကောင်းတယ်တဲ့...။ သွားမှာမယ်လေ...။ ငါးတစ်ကောင် ၁၆ ကျပ်တဲ့...။ အလိုလေး...။ ရိတ်လိုက်တာ...။ ဘာမှလဲ မရှိပဲနဲ့...။ ဟေ စားချင်တယ်...။ အေးလေ.. ငါက အမြည်းစိုက်ဆိုတော့ စိုက်ရမှာပေါ့လေ...။ ဘာ... ဒီကနုကမာလဲစားချင်သေးတယ်...။ How Much
多少 ...။
ဘယ်ဘက် လက်ညိုးတစ်ချောင်းနဲ့ ညာဘက်က လက်သန်း တစ်ချောင်းထောင်ပြတယ်...။ ပါစးစပ်ကလဲ... စူလျူ့ခွဲ့ တဲ့...။ အင်း... ပေါင်း ၃၂ ကျပ် ....။

လာလာ.. ကမ်ပိန်...။ ချီးစ်ယား...။ အဲဗာတန်က ဟိုဘက်က ကွန်မြူနီကိတ် လုပ်လို့ ပိုကောင်းတဲ့ ၀ိုင်းမှာ တစ်ပြုံးပြုံးနဲ့...။ ဟဲ့ ဒီကိုလာ...။ (Degolar ကိုခေါ်တာ မဟုတ်... ခေါ်လိုက်တိုင်း မအားတဲ့ နင့်ကိုမခေါ်ဘူး...။) အဲဗာတန်လေးကို ခေါ်တာ...။ လိုင်လိုင်... ဝေါ်ယောက် ဖီကျို... ဆမ်ပိန်...။ မီးကျိုး မောင်းပျက် စိန ဘာသာများ ... မူးရင် ထွက်လာပြီ...။ အဲဗာတန်တော့ နားလည် မလည် မသိ...။ ပြုံးစိစိနဲ့ ထွက်သွား...။ ပြန်လာတော့ ဗျစ်ရည် ၃ ပုလင်း ပြန်ပါလာတယ်...။ အဖုံးဖွင့် ... ပြီးတော့ ပုလင်းလည်ပင်းကို လက်နဲ့ သပ်ချ...။ ဘာအကျင့်လဲ မသိ...။ နောက် စတစ်ကာခွာ...။ အဖုံးပေါ်က စာကို ကြည့်ပြီး တစ်ခုခုပြော...။ သူငယ်တန်းတုန်းက ကဗျာတစ်ပုဒ် ပြန်သတိရသွားတယ်...။

ပါပီကလေး ပုတုတု
သူ့စကားက ၀ုဝု၀ု
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ...။

သူက ပါပီလား ..ကိုယ်က အယ်လ်ဇေးရှင်းလား...။ နားမလည်တော့ ဒုက္ခပဲ လို့ ကိုယ့်ဘာသာစကားနဲ့ လွတ်ကနဲ ပြောမိ...။ အဲဗာတန် နှုတ်ခမ်းလေး ၀ိုင်းသွား....။ ဟယ်... သူဒီစကားတတ်တာလား၊ ဘယ်မှာနေတာလဲ၊ ဘာလုပ်တာလဲ... လဲ... လဲ....@#$%^ ။ ကရားရေယို လား ကရားရေလွတ်လား မသိသိ.. အဲဒီထဲက တစ်ခုခုနဲ့ တစ်တွတ်တွတ် ပြော...။ ဘော်ဘော်နှစ်ယောက် နားမလည်...။ အော်...ဆင်းဂါးကလဲ ပရိုမိုးရှင်းကို သူ့လူတွေနဲ့ ဒီစလုံးအထိ နယ်ချဲ့တာကိုး...။

ဘော်ဘော်တစ်ယောက် ခုနက ကဲန်တင်းက ဖြတ်လာတုန်း အီကြာကွေး သုပ် တွေ့ခဲ့တယ်တဲ့...။ ဘယ်ကဒါ ဒီမှာ အီကြာကွေး သုပ် ရှိရမှာတုန်း...။ သွားကြည့်တော့ တိုဟူးကြော်ကို သုပ်ထားတာ ဖြစ်နေတယ်...။ ဒီတစ်ယောက်ကတော့ မူးနေပြီ ထင်ပါ့...။ ခုနက ကိုသန့်စင်နဲ့ သွားတွေ့မယ်... ကျားသွားကြည့်မယ် တုန်းက မှာပြီး အမျိုးသမီးခန်းထဲ ၀င်လာတဲ့တစ်ယောက်....။ အင်း.... တိုဟူးသုပ်ကိုပဲ အီကြာကွေး ဆိုပြီး ညာကျွေးလိုက်ရတယ်...။ သူလဲ မူးမူးနဲ့ ဒီအီကြာကွေးသုပ် ကောင်းတယ်ဆိုပြီး နောက်နှစ်ပွဲ ထပ်မှာ ပေးလိုက်ရတယ်...။ အီကြာကွေးဆိုလို့ ဒီမှာ တီဇက်အေရဲ့ တောင်ထိပ်ကို စွပ်သွားတဲ့ အီကြာကွေးလေးများ အကြောင်း သွားဖတ်လိုက်ဦး...။

အီကြာကွေးစားလို့မှ မပြီးသေးဘူး.... နောက်တစ်ယောက် တုံတုံနဲ့ ယမ်းနေတဲ့ တုံယမ်းစားချင်တယ်တဲ့...။ ဘာမှ မဟုတ်ဖူး...။ ခုနက အဲဗာတန်ကြောင့် သူချက်ချင်း ဒီရောဂါ ထသွားတာ...။ အဲဗာတန်က သူ့ကို အဲဒီ သူတို့ရိုးရာ အစားအသောက်နာမည် ပြောပြသွားတာကို သူက စမ်းကြည့်ချင်တာ...။ ဒီဖုဒ်ကုတ်မှာ ရတယ်တဲ့...။ သူသွားမှာမယ်ဆိုတော့ သွားပေါ့...။ တစ်အောင့်နေတော့ သူမှာထားတဲ့ တုံယမ်း ရောက်လာတယ်...။ ကြည့်လိုက်တော့ ကြာဇံတွေနဲ့ ...။ ဒုက္ခ တုံယမ်းပါဆိုနေ ဘယ်က ကြာဇံတွေကပါ ရောပါလာတာတုန်း...။ မင်္သကာလို့ လာပို့တဲ့ ဆိုင်က ကောင်မလေးကို မေးတော့ .... ဘီးဟွန်းတုံယမ်း...။ ပေါက်တတ်ရယ်မှ ကရ တွေ ဖြစ်ကုန်ပါပြီ...။ ဒီစလုံးကလဲ ထွင်သလား မမေးနဲ့...။ ကဲ... မှာပြီးမှတော့ မထူးတော့ဘူး...။ နင်မှာတာဆိုတော့ နင်က ကြာဇံတွေ ကုန်အောင်စား.. ငါတော့ ပုဇွန်နဲ့ ငါးနဲ့ အရည်တွေပဲ သောက်တော့မယ်ဆိုပြီး ၀ိုင်းပြီး ပွဲတော်တည်ကြတယ်...။

ကုန်သဗျား...။ ဘီးဟွန်းတုံယမ်းက ၁၀ တဲ့...။ ကြာဇံတွေက လူငါးယောက်စာ အေးဆေး စားလို့ရတယ်...။ သကောင့်သားတွေခမျာ ညစာ မစားရသေးလို့ဆိုပြီး တွယ်လိုက်ကြတာ... တုံယမ်းဇလုံ ဆေးစရာ မလိုတော့ဘူး...။

ဗျစ်ရည်တွေလဲ မှာသောက်လိုက်ကြတာ...
အဲဗာတန်ကလဲ ခွက်ထဲက အရည်တွေ တစ်လက်မ မလျော့လိုက်နဲ့ ... လာလာဖြည့်သွားတယ်...။
ဗျစ်ရည်က လေနဲ့ထိတာ ကြာရင် ခါးတတ်တဲ့ အမျိုးဆိုတော့ ခွက်အောက်က စခါးပြီပေါ့...။ နောက်ထပ် လာမဖြည့်ခင် တစ်ခွက်လုံးကုန်အောင် ကျိုက်လိုက်ရတယ်...။ ဂလု.. အင့်...။ ဗိုက်တော့ အတော် ကယ်သွားတယ်...။
ကိုသန့်စင်နဲ့ နှစ်ပါးသွားရတယ်...။
အပေါ်က ဖြည့်လိုက်... အောက်ကနေ လျော့သွားလိုက်နဲ့...

မနက် ၁နာရီခွဲမှ ဘော်ဘော် အခန်းကို ပြန်ရောက်တော့တယ်...။
ပူလွန်းလို့ ဆိုပြီး ၁၂ ထပ်က ဘော်ဘော်အခန်းကို ပြတင်းပေါက်ဖွင့်ပြီး အိပ်ကြတယ်...။ ကျွန်တော်ကတော့ အိပ်ချင်လို့ ကုတင်ပေါ် တက်ကွေးတယ်...။ ဟိုနှစ်ယောက်ကတော့ တစ်ယောက်က ချက်ဦးမယ်ဆိုပြီး ကြမ်းပြင်မှာ ၀မ်းလျားမှောက် ဂျီတော့ခ်... တစ်ယောက်ကတော့ အမေ့အိမ်ကို ဂစ်နဲ့ လွမ်း...။ (နားညည်းလိုက်တာ.. အိပ်မရလို့ လှမ်းငေါက်မလို့ဟာကို အိပ်ပျော်သွားတယ်...။)

မနက်လဲလင်းရော ကုတင်ပေါ်မှာ ၃ ယောက်သား ပုဆိုးတွေ ခြုံပြီး ကွေးလိုက်ကြတာ...။
မနက်လင်းခါနီးတုန်းက မိုးတွေရွာတော့ ကြမ်းခင်းကို မိုးတွေပက်...။
လပ်ပ်တော့ပ်တွေ ရေစို...။
ယာမဟာ ဂီတာလေးက ရေဆင်းသောက်နဲ့...။
အတော့်ကို ကြည့်လို့ကောင်းတဲ့ ပွဲလေး တစ်ပွဲ ဖြစ်သွားတယ်...။

ဆက်ရန်...။

6 comments:

  1. ဘီဟွန်းတုန့်ယမ်း အရမ်းကြိုက်ပါသည်။

    ReplyDelete
  2. သဘောက ထိုင်းလိုလဲ တတ်တယ်ပေါ့လေ ဟဟ/
    တုန့်ယမ်းဆိုလို့ကတော့ ဘာတုန့်ယမ်းဖြစ်ဖြစ် ကြိုက်တယ်။

    ReplyDelete
  3. ကျွန်တော်က တုံ့ယမ်း အစစ်မှ ...။ နည်းနည်းတော့ ဂျီးများတယ်...။

    ReplyDelete
  4. ဆက်ရန် ဆိုပြီး ကြာနေပြီ။

    ReplyDelete
  5. "ပုလင်းလည်ပင်းကို လက်နဲ့ သပ်ချ....."
    hummmm... eeee yehhhh....
    အမငီး....
    မိုက်တယ်နော်....
    ပုလင်းကို မလုပ်ခိုင်းနဲ့လေ.. တခြားဟာ ကို လက်နဲ့ သပ်ချခိုင်းလိုက်.... :P

    ReplyDelete
  6. ဆြာကီး.... နိုင်ငံရေးတွေ မပါဝူးလေ...။ :P

    ReplyDelete