Sunday, September 21, 2008

ခွေးမြီးကောက် ကျည်တောက်စွပ်ခြင်း နှင့် ပေါက်ကရ ၈၀များ...။

ခေါင်းစဉ်ကို ကြည့်ပြီး ဘွိုင်းတစ်ယောက် သုနက္ခ ဖြစ်သွားပြီလို့ အထင်တော် မရှိလိုက်ပါနဲ့...။
ခေါင်းစဉ်အတိုင်းပဲ ဖြစ်တုန်းခဏသာ နည်းနည်းပါးပါး နောင်တရသလို ဖြစ်ပြိး နောက်ပိုင်းလဲ ဒုံရင်းဒုံရင်း ဖြစ်သွားတတ်လို့ပါ...။

ဖြစ်ပုံကတော့ဗျာ...။ မောင်ဘွိုင်းတို့ ဘုရားမကြိုက်တဲ့ သူရာရည်နဲ့ လားလားမှ မတည့်ပါဘူးဗျာ...။
သောက်လိုက်ရင် ချို
မျိုလိုက်ရင်ခါး
ကိုကြီးကျော် ပလီလွန်းတယ်
ဆေးစိုက်တဲ့ကျွန်း... (နောက်ထ ဆိုင်း ၀င်လာစေ....။)

အာ...။ ဘာမှလဲ မဆိုင်ဘူး...။ မူးမူးနဲ့ ဘာတွေရေးမိမှန်း မသိဘူး...။

ဒီလိုဗျာ...။ အဲဗာတန်လေး တိုက်တဲ့ ဘီယာတောင် တစ်ငုံ ငုံတာနဲ့တင် လက်တွေ ရင်ဘတ်တွေ မျက်နှာတွေ ရဲတက်လာသဗျား...။
ဆိုတော့ကာ... သူရာရည်ဆိုရင် ပြောမနေနဲ့တော့ဗျာ...။ အဲလောက်ကို သူရာနဲ့ တည့်တာ... အဲအဲ အယ်လာဂျစ် ဖြစ်နေတာ..။ ဒါကို အမှတ်သည်းခြေ မရှိပဲ ခဏခဏ သွားသွားသောက်နေတာ...

ကျွတ်စ်.....။ ရှည်နေလိုက်တာ... ပြော စရာရှိ ပြောတာ မဟုတ်ဘူး....။
ဒီလိုဗျာ...။ သောက်လိုက်တိုင်း မူးလဲမူး နံလဲနံ မနက်တိုင်း ခေါင်းမူးခေါင်းကိုက်တတ်တဲ့... ဒီသူရာရည်ကို သောက်ပြီးတိုင်း တွေးမိတယ်...။
သောက်ပြီးတဲ့ နောက်တစ်နေ့ မနက်တိုင်းမှာ ခေါင်းကိုက်တဲ့ဲ့ အရသာကို ခံစားရင်းနဲ့ နောက် မသောက်တော့ဘူးကွာလို့ နောင်တရမိတာ အကြိမ်ကြိမ် အခါခါ....။
ဒါပေမေ့လဲ... အဲဒီ နောင်တက လေထဲက ပူစီဖေါင်းလောက်တောင် သက်ဆိုး မရှည်ရှာဘူး...။
ဘော်ဘော်တွေနဲ့တွေ့ရင်ကို ဖေါက်ကနဲ ဖေါက်ကနဲ ကွဲသွားတာပဲ...။
မနေ့ည စနေနေ့ညက အိစ်ကုတ်မှာ ဘော်ဘော်တွေနဲ့ သောက်ပြီး ကွန်ဖေါ့ဒ်တက်စီနဲ့ ပြန်လာတာ... ကားပေါ်မှာ ဂီတာ တစ်လုံး ကျန်ခဲ့တယ်...။ ဒီမနက် ၆ နာရီလောက်ပေါ့...။ ၁၁း၃၀ လောက် နိုးလာတော့ သတိရပြီး ဘော်ဘော်တွေ ဖုန်းဆက်တော့ တစ်ယောက်မှ ယူမသွား... ကိုယ်ကတော့ ဆတ်ဆော့ပြီး မူးမူးနဲ့ သယ်လာတာတဲ့...။ ကားပေါ်မှာ ပါသွားတာ...။ ပျောက်ပြီးပြန်တွေ့ ဒီပါမဲန့် ကို ဖုန်းဆက်တော့ ဟိုက ၀တ်ကျေတန်းကျေနဲ့ ပြန်ရှာပေးပါ့မယ်..။ ဖုန်းနံပါတ် ပေးထားခဲ့ဆိုတော့ ဖိုးဖိုးအိပ်ဖွားဖွားအိပ် နံပါတ်ပေးလိုက်တာ... ကျွန်တော် မေ့လောက်ပြီ ထင်တဲ့ ၁၅ မိနစ်လောက်လဲကြာရော... လူကြီးမင်း စီးလာတဲ့ ကားကို ချက်ကင်လိုက်ပြီးပါပြီ... ဘာမှ မကျန်ပါဘူး.. ဘာညာနဲ့ ဖုန်းပြန်ဆက်လာတယ်...။ ဘယ်သူက တစ်ကူးတစ်က ကျန်ခဲ့တယ်...။ လာပို့ပါမယ် ပြောမှာလဲနော့...။ မူးပြီး မေ့ကျန်ခဲ့တာ နည်းတောင်နည်းသေးတယ် လို့ ပြောမသွားတာ ကံကောင်း...။

အဲဒါ.... အဲဒါ... ပြောချင်တာ...။
သောက်စားမူးယစ်တယ်ဆိုတာ ဘာမှကို မကောင်းတာ...။
ဆိုတော့ နောက်ကို မသောက်တော့ဘူးလားဆိုတော့.... အဖေါ်ကောင်းရင် ငရဲပြည်ကို လိုက်.... ဦး.... မှာ....။
အဲ... ဖုန်းလာနေတယ်...။ အဲဗာတန်နဲ့ သွားတွေ့မယ်ဆိုပဲ...။

ဘီယာချမ်း... ဘီယာချမ်း...
ဘီယာဆိုတာ အရက်မဟုတ်ပါ...။ သောက်ပြီးရင် တစ်ငွေ့ငွေ့နဲ့လာတာ....
ဂုဏ်...ဂုဏ်.. ဂုဏ်...
ဂုဏ် ဆိုတာ ရုပ်ရှင်ရုံကို ခေါ်တယ်... အဲ...အဲ...
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်...
ငွေကိုသာ ရေလိုသုံးရင်..
တစ်ပြည်လုံးမှာ လုပ်သမျှ တင့်တယ်
(ယောက္ခမကြီးက မျက်နှာချိုတယ်...
ကိုယ့်မယားက စေနတာပိုတယ်...။)၂
အော်.... လောကကြီးမှာလေ...
သောက်မယ် စားမယ်...ပျော်မယ်ပါးမယ်...။

သွားလိုက်ဦးမှ....
နောက်မှ အဲဒီ ခွေးမြီးကောက်ကို ဖြောင့်သွားအောင် ကိုကိုနဲ့ညီညီမှာ ဖြောင့်ဆေးနဲ့ သွားဖြောင့်မယ်...
ဖြောင့်ဆေး မပြယ်မချင်းတော့ မကောက်ဘူးပေါ့ဗျာ...။

အိမ်ပြောင်းဖို့ အိမ်ရှာလိုက်ဦးမယ်ဗျာ...။
အိမ်ကလဲ တစ်ရက်လောက်ပဲ ဖုန်း မဆက်လိုက်တာ... သူများ ငှားသွားပြီတဲ့...။
အစိမ်းလိုင်း လာဗဲန်ဒါးကနေ တဲန်းမနစ် တစ်လျှောက် ဖလက်တစ်ခုလုံး သို့မဟုတ် ၃ ယောက်စာ ကွန်မွန်းရွမ်း ရှိရင် လက်တို့လိုက်ပါဗျို့...။
အတူနေ အစ်ကိုက အဲဒီလိုင်းနားတစ်ဝိုက်မှာ အလုပ်ပြောင်းသွားတော့ အဲဒီကို ပြောင်းသွားချင်လို့...။
နို့မို့ မနက် မနက် ၆နာရီ ၇နာရီလောက် စောစော ထ နေရတာ မနှိပ်ဘူးဗျို့...။
ခုတော့ နှပ်လိုက်ဦးမယ်ဗျာ...။

နန္ဒါအတွက် ခက်ဆစ်။
ပျောက်ပြီးပြန်တွေ့ ဒီပါမဲန့် = lost and found department
ခွေးမြီးကောက် ကျည်တောက်စွပ် = တစ်ခုခုကို လုပ်လိုက်လို့ မှားမှန်း သိသော်လဲ သိပြီးခဏသာ နောင်တရပြီး နောက် အဖန်တလဲလဲ ထပ်တူ အမှားကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်း...။ (အမြဲတမ်း ကောက်နေတတ်တဲ့ ခွေးအမြီးကို ဖြောင့်အောင် ဆိုပြီး... ၀ါးကျည်တောက်ထဲ ထည့်တုန်းခဏမှာသာ ဖြောင့်ပေမဲ့ ကျည်တောက်ထဲက ပြန်ထုတ်လိုက်ရင် နဂိုကောက်မြဲအတိုင်း ပြန်ကောက်သွားခြင်းနဲ့ တင်စားခေါ်ဝေါ်တာ ဖြစ်တယ်...။)

- သိတယ်မဟုတ်လား... သူက ကိုယ့်လိုပဲ.. ဘေ့စစ်က နည်းရှာတော့ သူလာမမေးခင် ကြိုဖြေထားလိုက်တာ....။
-စီဗုံးမှာ အမ်းမား kom ကော်မန့်တွေ တိုစိတိုစိ လာရေးထားဦးမှာ စိုးလို့ ကြိုရေးထားပေးတာ...။ ဟီဟိ...။
- အမ်းမား ဆိုတာကို မသိမမှီလိုက်သူများ ဒီစီဘောက်စ်ရယ်၊
ဒီကိုလာ စီဘောက်စ်ရယ်...၊ kom စီဘောက်စ်ရယ်ကို ဆက်စပ် ဖတ်ကြည့်မှ သဘောပေါက်မှာ ဖြစ်ပါကြောင်...။
- လောလောဆယ် Kom ရဲ့ ဘလော့ဂ်ကော်မဲန့်မှာတော့ အမ်းမား နဲ့ပါတ်သက်ပြီး တစ်ယောက်ကတော့ ခေါင်းစားနေလေရဲ့...။ ဟီဟိ ပျော်တာ...။

8 comments:

  1. ၁။ သုန= dog… what I guess
    ၂။ တက်စီ ကဘယ်လောက် ကျ သလဲ သိချင်ပါတယ်။ နှမြော လို.ပါ။ ပိုက်ဆံ ရှာ ရတာ ဘယ် လောက် ခက် သလဲ ဆိုတာ သိရဲ.လား။ လေ ထဲ ကလာ တာမဟုတ်. ချွေးနဲ သွေးနဲ. မျက် ရည် နဲ.ရှာထားရတာ။
    တို.လဲ pulse လေး ပေါင်ပေါ် ကနေ လျောကနဲ ကျကျန် ခဲ.ဘူးတယ်။ ကားထွက်သွားတာနဲ. သီလိုက်တယ်။ နံပါတ် မှတ် ပြီး ချက်ချင်းဖုံးဆက် တာ မတွေ.ပါဘူး။ အဲဒီ ကား အဲဒီ နေရာ မသွားပါဘူးလို. အဖြေရပါတယ်။ ဟို ၁၀ နှစ် ကပေါ.။ စလုံး ၁၅၀ ပါပါတယ်။ မောင်လေး သဘော်သား ကို မုန်.ဘိုးပေး မလို.ထုတ်ထားတာ။
    ၃။ ကိုယ်ငှားမယ် ကြံတဲ.အိမ်လဲ သူများဆီ ပါသွား။ ဝီရီယကလည်းနဲ. ဒါကြောင်.မို.ရှိပြီးသား ရည်းစားသူ များဆီ ပါ ( အရှိုက်ထိသွား)
    ၄။ စည်းကမ်းကလည်း မရှိ
    ၅။ မိုးလင်းမှ အိပ်
    ၆။ နေလွဲ မှ ထ
    ၇။ ဘီယာလည်းသောက်
    ၈။ ဗိုက်ကလည်းပူ.
    ၉။ ကိုဘွိုက်စ် လိုလူ.
    ၁၀။ တို.တူမနဲ. မပေးစားလိုဘူး။.
    ပုံ. အမ်းမား။

    ReplyDelete
  2. ekke... အရှိုက်ကို အဟုတ် ထိသွားသဗျာ....။ အီးမေးလ် ပို့ထားတယ်...။

    ReplyDelete
  3. ကိုဘွိုင်းရေ
    တော်သလင်းမင်းသားကို
    သုနက္ခ လို့ သိထားပါတယ်။
    သုန လို့ခေါ်တာတော့ ခုမှ သိရပါတယ်။

    မေတ္တာဖြင့်

    ReplyDelete
  4. ကိုတောင်ငူရေ...။ အတိုကောက် သုံးလိုက်တာပါ...။ အစ်ကို ပြောဲ့အတိုင်း သုနက္ခကမှ အမှန်ပါ...။ ပါဌ်ဆင့်တွေ ရိုက်ရမှာ ပျင်းသွားလို့ပါ...။ သိုင်းကျူး...။

    ReplyDelete
  5. အင်း ပြောရင်လဲ ခံမှာပဲ။

    Generally ဖတ်ရတာ နားလည်ပါတယ်။

    စဉ်းစားစရာ ဖြစ်စေတာက ''ဒုံရင်းဒုံရင်း., ပလီလွန်းတယ်., ဖိုးဖိုးအိပ၊်ဖွားဖွားအိပ် နံပါတ်'' ပဲ။

    ကရင်ဒုံရင်း အက ဆိုတာတော့ ကြားဖူးတယ်။

    ဂရုတစိုက်ဖြေပြ၊ ရှင်းပြတာ ကျေးဇူးပါ Boyz ရေ။

    Tips: မူးပြီး ခေါင်းကိုက်တဲ့ဲ့ အရသာကို ခံစားရရင် အိပ်ရာထထခြင်း Hot Shower လုပ်၊ ပြီးရင် Black Coffee ခါးခါးထဲ Fresh Lime squeeze လုပ်ပြီးသောက် ပြီးရင် ဘာမှမလုပ်ပဲ တနေ့လုံး Relax လုပ်..

    သက်သာ/ပျောက်သွားမယ် :))

    နန္ဒာတော့ Hangover ဖြစ်ရင် အဲလိုလုပ်တာ သက်သာ၏။ မယုံ စမ်းကြည့်။

    SMNTL

    ReplyDelete
  6. ဒုံရင်း၊ ဒုံရင်းဆိုတာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားတာကို ပြောတာပါ...။
    ပလီတယ် ဆိုတာ မဟုတ်တာကို အဟုတ်ပါလို့ ညာညာပြောတာကို ပြောတာ...။
    ဖိုးဖိုးအိပ် ဆိုတာ Four Four Eight ကို မြန်မာလို ဖလှယ်သံးပြီး နောက်ရေးထားတာ...။

    Hangover ပျောက်နည်း ပေးတဲ့ အတွေက် ကျေးဇူးပါ...။ လောလောဆယ်တော့ ပါးစပ်ထဲမှာ ခါးသက်သက် ဖြစ်နေတယ်...။

    ReplyDelete
  7. ၁။ ပါးစပ်ထဲ ခါ်း သက် သက်ဖြစ် နေရင် ရေမျောရေနဲ. လိုက်ပါလား။
    (ထပ်သောက်ပါလားဟုဆိုလိုသည်)
    (ဟိုနှစ်ယောက် လာ မမေးခင် ဖြေထား၏)
    ၂။ မောနင်းပက်လေး မှ မချလိုက်ဘဲကိုး။
    (မနက်ပိုင်း တစ်ပက် ထပ်သောက်ပါလားဟုဆို လိုသည်.)
    ၃။ ဟင်း…..ခက်သေးသည်။ (ညည်းညူခြင်း)
    ၄။ ခန်.မှန်းချက် …Boyz အိမ်တွင် သံပရာ သီးမရှိပါ။ မယုံ လျှင် Boyz အား မေးမြန်း နိုင်
    ပါသည်။

    ReplyDelete
  8. ကောင်လေး… တီဇက်အေနဲ့ပေါင်းပြီး မြန်မာ ကဗျာတွေကို မဖျက်ဆီးပါနဲ့။ ဂလိုလေးဆို တော်သေးတယ်။

    သောက်လိုက်ရင်ချို
    မျိုလိုက်ရင်ခါး
    ညအခါကိုယ်တော်သုံးတယ်
    ဖော်ကွဲတဲ့ငါး။

    ReplyDelete