Monday, September 29, 2008

ပြန်လမ်းမဲ့

နတ်ဆိုးတစ်ပါး ရင်ထဲမှာ ကခုန်နေတယ်...။
စီဆီးဖတ်စ်ကိုတော့ တံတိုင်းအလွန်မှာ စောင့်ခိုင်းကြတာပေါ့..။
ဝင်လာမိမှတော့ တစ်ခုခု ပြန်ယူသွားပါလား...။

ကိုယ်ချိုးထားတဲ့ ဖဲကို ကိုယ်ပြန်မမှတ်မိတာ ဆိုးပါတယ်..။
အခုဆို အဲဒီကလေးမလေးတောင် အပျိုကြီး ဖါးဖါး ဖြစ်လို့ နေရော့...။
ကိုယ့်ရာဇ၀င်ကို ကိုယ်ရေးနေကြတယ်...။

ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်နေတယ်...။
ငါ့အရိပ်က ငါ့နောက်ကို လိုက်နေတယ်...။
ငါ့ကိုယ်စောင့်နတ်ကတော့ နတ်သဘင် အစည်းအဝေးမှာ အိပ်ငိုက်နေလေရဲ့...။

ဝမ်းစာမပြည့်လို့ စခန်းသာကို မလှမ်းနိုင်တာ ငါ့အပြစ်မဟုတ်...။
လောလောဆယ်တော့ အထုပ်ပိုက်ပြီး ပြန်သွားလေရဲ့...။
သတင်းထူးရင် ပြောပြပါ...။

မိုးလေ၀သ ထူးကဲဒီရေ လှိုင်းကြီးနိုင်...။
လောကကြီး ကြည်လင်နေပါသည်...။

3 comments:

  1. အတော်ကောင်းတယ်။ နောက်ဆုံး သုံးကြောင်း ကတော. နဲနဲ ကာရန်မဲံ့သွားတယ်။ ခွဲထုတ်လိုက်ရင် ကောင်းမယ်။ but ကြိုက် သလို လုပ်ပါ။

    ReplyDelete
  2. တော်တော်ကောင်းတယ်။ တကယ် ပြောတာပါ။။

    ReplyDelete
  3. အရမ်းကောင်းပါတယ်...

    ကိုနေ

    ReplyDelete