Thursday, August 26, 2010

Google Voice OR Call phone from Gmail






အံမယ်... ခုနလေးတင် ဒီညနေပိုင်းကမှ ဂျီမေလ်း ဖွင့်လိုက်တာ... ဗြုန်းဆို တက်လာပါရောလား...။
ဘာတက်လာတာတုန်း...
သြော်.. ဂျီမေးလ်ကနေ လိုင်းဖုန်းတွေကို ဖုန်းခေါ်လို့ရပြီ ဆိုတဲ့ မက်ဆေ့ခ်ျလေးပါ။
လောလောဆယ်တော့ အမေရိကားနဲ့ ကနေဒါနိုင်ငံကို ၂၀၁၀ ဒီဇင်ဘာလကုန်အထိ အခမဲ့ ခေါ်လို့ရပါတယ်တဲ့...။ နှစ်ကုန်သွားရင်တော့ အခကြေးငွေ တွေ ဘာတွေနဲ့ လာတော့မှာပေါ့လေ။
တစ်ခြားနိုင်ငံတွေကတော့ အခကြေးငွေနဲ့ စတင် ကောက်ခံမှာပါ..။
စစချင်း ပရိုမိုးရှင်းအနေနဲ့သုံးတဲ့ စာသားလေးက သင်းတယ်ဗျား...။ နိုင်ငံတကာကို ခေါ်ဆိုခသည် Insanely Rate တဲ့....။

ပထမဦးဆုံး မိမိ ဂျီမေးလ်ကို ဖွင့်လိုက်တာနဲ့ အထက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်။ အဲဒါကို ကလစ်လုပ်လိုက်ရင် ဂူဂယ် ရ့ Terms & Conditions ဘာညာ သာရကာတွေကို သဘောတူမတူ မေးတဲ့ Pop Up Box တစ်ခု ပေါ်လာမယ်။ အဲဒီမှာ Try now ကို ကလစ်နိုပ်လိုက်ရင် အောက်က ပုံအတိုင်း မိမိ ဂျီမေးလ်ဖွင့်ထားတဲ့ ဘရောက်ဇာရဲ့ ညာဘက်အောက်ခြေမှာ ဖုန်းနံပါတ်နှိပ်ဖို့ အကွက် ပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်ပြီး မိမိ အလိုရှိရာ နိုင်ငံဒေသအသီးသီးကို ဆက်သွယ်နိုင်ပါပြီ။


မြန်မာပြည်ကို ဖုန်းခေါ်ချင်ရင် တစ်မိနစ်ကို အမေရိကန် ဒေါ်လာ $0.35 / minutes နှုန်း ကျသင့်ပါလိမ့်မယ်။ skype နဲ့ သိပ်မကွာသလိုပဲ...။ ဂူဂယ်က မဆိုစလောက်လေး သက်သာပါတယ်။



တစ်ခုကောင်းတာကတော့ စကိုက်ပ် လို ဆော့ဖ်ဝဲသတ်သတ် သွင်းစရာ မလိုပဲ မိမိရဲ့ ဂျီမေးလ်ကနေ တစ်ဆင့် ခေါ်ဆိုမှု ပြုလိုက်နိုင်ခြင်းပါပဲ...။

(ဂူဂယ်က Gizmo5 ကို ဝယ်လိုက်ကတည်းက VoIP နည်းပညာကို သူတို့ လမ်းထပ်ချဲ့လိုက်တယ် ဆိုတာ အဲ့ကတည်းက တွေးမိတာ မှန်မှန်း ခုတော့ သိတယ်...။)

အကျယ်သိချင်ရင် Google Mail ရဲ့ Official Website ကို သွားကြည့်ပါလား...။

ထပ်ဖြည့်။ ။ ပိုက်ဆံထည့်ဖို့နေရာ ရှိပါတယ်။ ကိုယ့်အကောင့်ထဲက ကျန်နေတဲ့ ပမာဏကို ဖော်ပြတဲ့ နေရာနားက Down arrow key ကို နှိပ်လိုက်ရင် နောက်ဘရောက်ဇာတစ်ခုမှာ ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ ဖြည့်ဖို့ ပုံစံထွက်လာပါလိမ့်မယ်။ အဲဒီမှာ Billing Tab အောက်နားမှာ Add $10 ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး လိုအပ်တဲ့ ခရဒ်ဒစ် အချက်အလက်တွေကို ဖြည့်လိုက်ရုံနဲ့ ကိုယ့်အကောင့်ကို ကိုယ် top up လုပ်နိုင်ပါပြီ။

5 comments:

  1. ကြည့်ပြီးပြီ..မနက်က

    ReplyDelete
  2. ဂျီမေးလ်ဖွင့်ကြည့်အုန်းမှပဲ..
    သူပြောမှ......

    ReplyDelete
  3. လိုက်လို့ မမီတဲ့ တက်ကနိုလော်ဂျီတွေ :(

    ReplyDelete
  4. ပိုက်ဆံဘယ်ကဘယ်လိုပေ့းရမယ်ဆိုတာထည့်လဲမရေးဘူး။

    ReplyDelete
  5. ပိုက်ဆံထည့်ဖို့နေရာ ရှိပါတယ်။ ကိုယ့်အကောင့်ထဲက ကျန်နေတဲ့ ပမာဏကို ဖော်ပြတဲ့ နေရာနားက Down arrow key ကို နှိပ်လိုက်ရင် နောက်ဘရောက်ဇာတစ်ခုမှာ ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ ဖြည့်ဖို့ ပုံစံထွက်လာပါလိမ့်မယ်။ အဲဒီမှာ Billing Tab အောက်နားမှာ Add $10 ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး လိုအပ်တဲ့ ခရဒ်ဒစ် အချက်အလက်တွေကို ဖြည့်လိုက်ရုံနဲ့ ကိုယ့်အကောင့်ကို ကိုယ် top up လုပ်နိုင်ပါပြီ။

    ReplyDelete