Sunday, April 5, 2009

Secret

အကြင်သူသည် အကြင်သူအား သနားသက်ညှာသောအားဖြင့် အကြောင်းခြင်းရာ တစ်ရပ်ကို ဖွင့်ဟပြောဆို၏။
အဆိုပါ အကြောင်းခြင်းရာသည် အချိန်အတိုင်းအတာ တစ်ခုထိ လျို့ဝှက်အပ်သော အမှု ဖြစ်ချေရာ သတ်မှတ်ထားသည့် အချိန်မတိုင်မချင်း ပေါက်ကြားမှု မဖြစ်စေရန် လျို့ဝှက်ချက်ကို ထိန်းသိမ်းထားရာ၏။

13 comments:

  1. ဒါကြောင့်မို့လည်း သုခမိန်ဘွိုင်း လို့ အမည်ရတာကိုး။

    ReplyDelete
  2. 5 Apr 09, 03:38
    kom: တို့အသည်းအသန်စဉ်းစားနေတာကတော့ ဘွိုက်စ မူးနေသလား မမူးနေသလားဆိုတာကိုဘဲ။

    ReplyDelete
  3. မလွယ်ဘူး အဲသလို ရေးတတ်ဘို့။ ငါးခါ ဖတ်ပြီး စဉ်းစားသွားရတယ။် ဒါတောင် ရေးတေးတေးဘဲ။

    ReplyDelete
  4. လျှို့ဝှက်အပ်သော အရာအား မည်သူကိုမှ မပြောရာ။ (မဟောသဓ၊ ရှစ်တန်းဖတ်စာအုပ်)

    [ဟုတ်လားတော့ မသိဘူး။ မမှန်ရင်တော့ မှားလို့ပဲ..:D]

    ReplyDelete
  5. ဟယ်..ပလုတ်တုတ်..ငါ့ကို စောင်းရေးတာလားမသိ။
    အဟိ မပြောပါဘူး ကိုဘွိုင်းရဲ့။ စိတ်ချပါ။ အဟိ

    ReplyDelete
  6. ကိုဘ... တို့လေ.. နှုတ်လုံပါတယ်..။ ဘာမှ မစိုးရိမ်နဲ့နော်...။ :P

    ReplyDelete
  7. ဟိုစောင်းပြော ဒီစောင်းပြော မလုပ်နဲ့နော်။ တော်ကြာ ခေါင်းကြီးစောင်းနေမယ် :)

    ReplyDelete
  8. နိုင်းနိုင်းဆီကနေလာပါတယ။် ၅၆ ကလစ်က တို့ပါ။

    ReplyDelete
  9. မဟောသဓာဖတ်ရသလိုပဲ၊ ကူးချထားတာလား?

    ReplyDelete
  10. “အန်တီ” - သုခမိန်လှိုင် ကြားရင် ကော်ပီရိုက်မှုနဲ့ လာ တရားစွဲ နေပါဦးမယ်...။ သေချာတာကတော့ အဲဒီပို့စ် တင်နေတုန်းမှာ မမူးတာပါပဲ။ ငါးခါဖတ်လို့ စဉ်းစားပြီး ရေးတေးတေးပဲ ရှိနေသေးရင် ခြောက်ခါမြောက် ထပ်ဖတ်ပါ။ မပေါက်သေးရင် ခုနှစ်ခါမြောက် ဖတ်ပေးပါ။
    အယ်ဒီဆင်တောင် အကြိမ်တစ်သောင်းမြောက်မှာ အခုလူတွေ သုံးနေတဲ့ ဘတ်သီး ထွင်ခဲ့နိုင်တာပဲဟာ။

    “ပန်းနွယ်” - မဟော်သဓါကတော့ အဲလို ပြောခဲ့တာပဲ။ သူက ပါစင်နယ် ပိုဆန်တယ်။ ကျွန်တော်ရေးတဲ့ လျို့ဝှက်ချက်ကတော့ နှစ်ကိုယ်ကြား လျို့ဝှက်ချက်လို သဘောရပါတယ်။

    “သုနှင်းဆီ” - စိတ်ချ၊ မမွန်ကို ရေးတာလို့ ဘယ်တော့မှ မပြောဘူး။ :D

    “ဆင်ဆင်” - ဆင်ဆင် နှုတ်လုံတယ်ဆိုတာ တို့သိတယ် ဆိုတာ ဘယ်သူမှ မပြောနဲ့.. အဲဒါ လျို့ဝှက်ချက်။

    “ကလူသစ်” - ကြည့်မှန်လေး ပြန်စောင်းပေးလိုက်။ ခေါင်းဖြီးတာ ပိုအဆင်ပြေသွားလိမ့်မယ်...။ ဟဲဟဲ

    “ဇင်းမယ်” - မဟော်သဓါ ပြောတာနဲ့ ကျွန်တော်ပြောတာ တူသလိုလိုနဲ့ ကွဲနေတယ်။ မပန်းနွယ် အပေါ်မှာ ပြောထားတယ်လေ...။

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. အပေါ်မှာဖျက်ပြီး ဒီမှာပြန်ရေးထားတယ်...

    "အကျွန်ုပ်သည် အဆွေတော့်အတွက် ကော်မင့်တစ်ခု ရေး၍သွားချင်၏... ထိုကောင်မင့်သည် အချိန်အတိုင်းအတာတစ်ခုအထိ လျှို့ ဝှက်အပ်သော အကြောင်းဖြစ်လေရာ အချိန်အကန့် အသတ်မရှိ ထိုကောင်မင့်ကို ထိန်းသိမ်းထားရတော့အံ့..."

    ဟဲဟဲ... ကလဲ့စားချေခဲ့ပြီ...

    ReplyDelete
  13. ဟင်.. ကိုလူထွေး ရေးပြီးတော့ ပြန်ဖျက်သွားတယ်....။
    ဧကန္တတော့ တစ်ခုခုတော့ တစ်ခုခုပဲ...။

    ReplyDelete