Monday, April 6, 2009

စုံစီနဖာ ကမ္ဘာတစ်လွှား သတင်းတိုထွာ။ 060409

ဧပြီလ ၆ ရက် တနင်္လာနေ့။
  • အီတလီမှာ မနက်တုန်းက မြေငလျင်လှုပ်သွားတာ အနည်းဆုံး ၂၇ ယောက် အသက်ဆုံးရှုံးတယ်လို့ သိရတယ်။ အင်ဒိုနီးရှားမြောက်ပိုင်းမှာ မြေငလျင် လှုပ်တာ ညဦးပိုင်းက ဆိုပေမယ့် ဒဏ်ရာရသတင်းတွေ မသိရသေးလို့ ဆိုပါတယ်။
  • အိုဘားမားတစ်ယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အဖြစ် ရာထူးခံယူပြီးနောက်ပိုင်း ယခုအခါ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ပထမဆုံး အကြိမ် အဖြစ် ခရီးလှည့်လည် သွားလာနေပါတယ်။ G20 ထိပ်သီးဆွေးနွေးပွဲကိုလဲ တက်ရောက်ခဲ့ပါတယ်။
  • နယူးယောက်မှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ လ၀က ရုံးတွင်း ပစ်ခတ်မှုမှာ သေနတ်သမားဟာ ၀န်ထမ်များ အပါအ၀င် နိုင်ငံသား ခံယူဖို့ စောင့်ဆိုင်းနေသူ ၁၂ ယောက်ကို ပြောင်းတို သေနတ် ၂လက်နဲ့ ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တယ်။ သေနတ်သမားဟာ ဗီယက်နမ်ကနေ ရွှေ့ပြောင်းရောက်ရှိလာတဲ့ တရုတ်လူမျိုး ဖြစ်ပါတယ်။ အလုပ်ထုတ်ခံရတာရယ်၊ အင်္ဂလိပ် စကားပြောပိုင်းဆိုင်ရာ အားနည်းမှုကြောင့် အနှိမ်ခံရတာက စတင်ခဲ့တာ ဖြစ်တယ်လို့ ရဲက ကောက်ချက်ချပါတယ်။
  • အိုဘားမားဟာ တူရကီမှာ တူရကီ ထိပ်တန်းအရာရှိများနဲ့ နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးများဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမယ်လို့ သိရပါတယ်။
  • စင်ကာပူ အသက်၁၆ နှစ်အောက် ယောကျာ်းလေးများနဲ့ လိင်ဆက်ဆံမှု ပြုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ဖေဖေါ်ဝါရီလက ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရတဲ့ ကျောင်းဆရာမကို ၁၅ နှစ်အရွယ် ကျောင်းသားလေးနဲ့ လိင်ဆက်ဆံမှုကြောင့် ပြစ်ဒဏ်များ ချမှတ်တော့မှာ ဖြစ်ပါတယ်။
  • ဂေးလမ်းနားက စားသောက်ဆိုင်တစ်ခုမှာ Rojak စားမိခဲ့သူထဲက အယောက်တစ်ရာကျော်လောက်ဟာ ၀မ်းဗိုက်ပိုင်းဆိုင်ရာ နာကျင်မှု ဝေဒနာများ၊ အော့အန်ခြင်း၊ မူးဝေခြင်း စတဲ့ ဝေဒနာများနဲ့ ဆေးရုံတင်ထားရပါတယ်။ အဲဒီထဲက ကိုမာ ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက် ဒီမနက်ကပဲ ဆုံးပါးသွားပါတယ်။ Food Poison ဖြစ်နိုင်ချေ ရှိတယ်လို့ သံသယ ဖြစ်နေကြပါတယ်။
  • မြောက်ကိုးရီယားဟာ အများက ၀ိုင်းဝန်း တားဆီးနေတဲ့ကြားကပဲ ဆက်သွယ်ရေး ဂြိုဟ်တု သယ်ဆောင်သွားတယ်လို့ အကြောင်းပြခဲ့တဲ့ ဒုံးပျံ ပစ်လွှတ်မှုကို တနင်္ဂနွေနေ့က ပစ်လွှတ်ခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် ဆက်သွယ်ရေး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ဆောင်နိုင်ဖို့ လို့ မြောက်ကိုးရီးယားက ပြောကြားခဲ့ပေမယ့် နိုင်ငံတစ်ကာက ယုံကြည်မှု မရှိခဲ့ပါဘူး။ ခု ပစ်လွှတ်လိုက်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်ကို ရောက်ရှိသွားပြီး သတင်း အချက်အလက်များနဲ့ သမ္မတကင်မ်ကျုံအီးလ်ကို ချီးကျူးတဲ့ သီချင်းများ ထုတ်လွင့်နေတယ်လို့ မြောက်ကိုရီးယားက သတင်းထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရကတော့ စောင့်ကြည့်ထောက်လှမ်းချက်များအရ အောင်မြင်တဲ့ လွှတ်တင်မှု မဟုတ်ဘူး။ ဒုံးပျံ အလွတ်သာ ပါသွားပြီး ဂျပန်နိုင်ငံကို ဖြတ်ကျော်ကာ ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျသွားတယ်လို့ အစီရင်ခံပါတယ်။ တစ်ဆက်တည်းမှာပဲ ဂျပန်နိုင်ငံက ဒုံးပျံ အပိုင်းအစများ မိမိနိုင်ငံအပေါ် ကျလာမယ်ဆိုရင် ပစ်ခတ် ဖျက်ဆီးဖို့ တပ်လှန့်ခဲ့ပေမယ့် တစ်စုံတစ်ရာ ကျရောက်ခဲ့ခြင်း မရှိလို့ ပြောကြားပါတယ်။ မြောက်ကိုရိးယားကတော့ ဂျပန်သာ ပစ်ချခဲ့မယ်ဆိုရင် စစ်ကြေငြာတာ ဖြစ်တယ်လို့ ယူဆမှာ ဖြစ်ကြောင်း အစောပိုင်းကတည်းက ရာဇသံ ထုတ်ထားခဲ့ပါတယ်။ ပစ်လွတ်ချိန်မှာ ဂျပန်နိုင်ငံက ပြည်သူပြည်သားများဟာ ချယ်ရီပန်းများ စတင်ပွင့်တဲ့ ပွဲတော်ကို ဆင်နွဲနေကြတဲ့ အချိန် ဖြစ်ပါတယ်။ ကံကောင်းသွားတာကတော့ အပျက်အစီး အစိတ်အပိုင်းများ ကျရောက်ခဲ့ခြင်း မရှိပါဘူး။ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းကတော့ အဆိုပါ လုပ်ရပ်ကို မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်လို့ ကြေငြာလိုက်ပြီး နောက်နောင် မပြုရန် အပြင်းအထန် သတိပေးလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ လုံခြုံရေး ကောင်စီမှာ ဒီအရေးကို အပြင်းအထန် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပဲ လိပ်ခဲတည်းလည်းနဲ့ ပြီးသွားပါတယ်။ မြောက်ကိုးရီးယားနိုင်ငံရဲ့ မဟာမိတ်နိုင်ငံ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်နှစ်နိုင်ငံဟာ လုံခြုံရေး ကောင်စီထဲက ကြီးငါးကြီးမှာ အပါအ၀င် ဖြစ်တဲ့အတွက် ပြင်းထန်တဲ့ အရေးယူမှုများကို နှစ်နိုင်ငံစလုံးက ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပါတယ်...။
ထပ်ဖြည့် - (April 07, '09, 3:33 pm SG standard time)
  1. စင်ကာပူက Rojak စားမိပြီး ပထမဦးဆုံး ဆုံးပါးသွားသူက ကင်တင်းကို Operate လုပ်နေတဲ့ Operator ဖြစ်ပါတယ်။
  2. အီတလီက ငလျင်ကြောင့် သေဆုံးသူ ဦးရေ 179 ယောက် ကျော်သွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၁,၅၀၀ ကျော်သွားပါပြီ။ (နှစ် ၃၀ အတွင်း အဆိုးရွားဆုံးသော ငလျင် လှုပ်မှု ဖြစ်ပါတယ်။)

13 comments:

  1. 6 Apr 09, 17:34
    myo: ဤတွင် သတင်းများကိုကြေငြာလို့ပြီးပါပြီရှင်....
    6 Apr 09, 17:36
    Boyz: တစ်ဆက်တည်းမှာပဲ ဂျပန်နိုင်ငံက ဒုံးပျံ အပိုင်းအစများ မိမိနိုင်ငံအပေါ် ကျလာမယ်ဆိုရင် ပစ်ခတ်ဖေါက်ဆီးဖို့ တပ်လှန့်ခဲ့ပေမယ့် တစ်စုံတစ်ရာ ကျရောက်ခဲ့ခြင်း မရှိလို့ ပြောကြားပါတယ်။
    myo: ဤတွင် သတင်းများကိုကြေငြာလို့ပြီးပါပြီရှင်.... ဒုတိယအကြိမ်
    6 Apr 09, 17:36
    Boyz: မြောက်ကိုရိးယားကတော့ ဂျပန်သာ ပစ်ချခဲ့မယ်ဆိုရင် စစ်ကြေငြာတာ ဖြစ်တယ်လို့ ယူဆမှာ ဖြစ်ကြောင်း အစောပိုင်းကတည်းက ရာဇသံ ထုတ်ထားပါတယ်။
    myo: ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...
    Boyz: ဤတွင် ညနေခင်း သတင်းများကို ကြေငြာလို့ ပြီးပါပြီ...။ (သာသနာဖျက် မြိုး တစ်ယောက် ၀မ်းသာပါလေတော့)
    myo: ၀မ်းသာလိုက်ထှာ..
    myo: မသိသေးတာတွေသိရတဲ့အတွက် ကိုဘွိုင်းကိုအထူးပဲ ကျေးဇွန်းတင်ရှိကြောင်းပြောလိုပါတယ်..

    ReplyDelete
  2. ကိုဘွတ်ဇ်..ဒါမျိုးလေးတွေ ရေးပေးပါ။ နို့မို့ရင် သတင်းလဲ မဖတ်ဖြစ်၊ သတင်းလဲ မကြည့်ဖြစ်ဘူး။

    ReplyDelete
  3. ပန်းဇွယ်ပြောတာ ချင့်ယုံပါလေ။

    ReplyDelete
  4. သတင်းများလာဖတ်သွားပါတယ်။ Rojak စားမိခဲ့သူများကိုစိတ်ဝင်စားပါတယ်။

    ReplyDelete
  5. ဒါလဲ ဝေမျှခြင်း တမျိုးပဲ။ သတင်းတွေ စိတ်ဝင်စားတယ်။ MCT ပြောတာ ချင့်ယုံပါလေ လို့ မမ ပြောတော့မယ် ထင်တယ်..ပြေးပြီ။

    ထပ်ဖြည့် ။ ။ သတင်းစိတ်ဝင်စားတယ်ဆိုတာ တကယ်ကြီးပါ။ စကားအဖြစ် ပြောသွားတာ မဟုတ်။

    ReplyDelete
  6. ဟုတ်လို့လား. မိုးချိုသင်း...

    ReplyDelete
  7. myo: ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...ပြီးပါပြီရှင်...

    (သိတ်ကြိုက်တယ။် မျိုးစာသားလေးတွေ သိတ်မိုက်တယ။် )

    ReplyDelete
  8. သတင်းက တော့ ဆက်ကြေငြာလို့ရပါတယ။် နားထောင်နေပါတယ။်

    ReplyDelete
  9. တို့လဲ အကြံရသွားပြီ။ စောင့်ကြည့်လိုက်ဦး။ ဒါပေမဲ့ဖြည်းဖြည်း လုပ်ချင်တာတွေ များနေသေးတယ။်

    ReplyDelete
  10. မီယာ ကသတင်း မကြိုက်ဘူးထင်တယ။်

    ReplyDelete
  11. “မြိုး” - ကျေးဇူးပါ။
    “ပန်းနွယ်” - အလျဉ်းသင့်သလို တင်ပေးသွားပါမယ်။ အခုတော့ စင်ကာပူမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလ၀မ်းရောဂါပိုး အကြောင်း တင်ထားပါတယ်။
    “မိုးချိုသင်း” - အစ်မကြီး စိတ်ဝင်စားတယ်ဆိုလို့ ၀မ်းသာပါတယ်။
    “ကြည်” - Rojak သတင်းအတွက် ပို့စ်သေးသေးလေး တစ်ခု တင်ထားပါတယ်။
    “အန်တီ” - ဧည့်ခံထားပေးတဲ့ အတွက် ကျေးဇူးပါ။

    ReplyDelete