Monday, April 27, 2009
စုံစီနဖာ ကမ္ဘာတစ်လွှား သတင်းတိုထွာ 270409
  • အမေရိကန်နိုင်ငံမှာ ကျောင်းသားတစ်ယောက် ကျောင်းဘော်ဒါဆောင်ထဲကို ၀င်လာပြီး သေနတ်တဲ့ ပစ်ခတ်တံ အမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို သေနတ်နဲ့ ပစ်ခတ်ပြီိးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတယ်တယ် လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ အရပ်ဟာ ဗာဂျီးနီးယား ပြည်နယ်၊ Hampton အရပ် ဖြစ်ပါတယ်။ ဟမ်တန် တက္ကသိုလ် အတွင်းက ကျောင်းဆောင်မှာ တနင်္ဂနွေနေ့ မနက်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် လူသုံးယောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ကျောင်းအုပ်ချုပ်ရေးမှူး ဒေါက်တာ ၀ီလီယံရဲ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရ အဆိုပါ ကျောင်းသားဟောင်းဟာ ပီဇာ လာပို့သူ နောက်ကနေ ကျောင်းဆောင်ထဲကို မနက် ၁ နာရီလောက်က ၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ပီဇာပို့တဲ့သူနဲ့ ကျောင်းဆောင် ညပိုင်း မန်နေဂျာ အရာရှိကို ပစ်ခတ်ပြီး မိမိကိုယ်ကို ပြန်လည် ပစ်ခဲ့တယ်။ လူအသေအပျောက် မရှိခဲ့ပေမယ့် အဲဒီအဆောင်ကို ချက်ချင်းပဲ ရှိတဲ့လူတွေကို ဖယ်ရှားခိုင်းလိုက်ပြီး လုံခြုံရေး ဆိုင်ရာ အစီအမံများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားခြင်းမှာပဲ သက်ဆိုရာ သတိပေးချက် စံနစ်ကနေ ကျောင်းသားများထံ သတိပေးချက်များကို SMS, Email များကနေ တစ်ဆင့် အဆောတလျင် ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်သူကို ရဲ အဖွဲ့မှ ထိန်းသိမ်းထားကြောင်း သတင်းရရှိပါတယ်။ ဟမ်တန်ဟာ ရစ်ခ်ျမွန်ရဲ့ အရှေ့တောင်အရပ် မိုင် ၇၀ အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။
  • လူ ၈၁ ဦး သေဆုံးခဲ့ရတဲ့ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 အမျိုးအစား Swind Flu တုပ်ကွေးရောဂါ (၀က်ကနေ ကူးစက်တာ ဖြစ်ပါတယ်) နဲ့ ပါတ်သက်ပြီး မက္ကဆီကို ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ သက်ဆိုင်ရာများက ဈေးတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သတင်းရရှိပါတယ်။ လူအများ သွားလာလေ့ရှိတဲ့ ဘားများ၊ ကလပ်များ၊ ရုပ်ရှင်ရုံများကို ခဏတစ်ဖြုတ် ပိတ်ခိုင်းပေမယ့် ကုန်ထုတ် လုပ်ငန်းများ ထိခိုက်မှာစိုးလို့ တစ်ချို့နေရာက စက်ရုံများကို ဆက်လက် ဖွင့်ပေးမယ်လို့ အစိုးရ အရာရှိများက ပြောကြားပါတယ်။ အခု လောလောဆယ်မှာတော့ မက္ကဆီကို နိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်း စတင် ထိခိုက်နေပါပြီ။ နိုင်ငံအ၀ှမ်းမှာလဲ အဆိုပါ Influenza Virus ကူးစက်မှုမှ ကာကွယ်ရန် မျက်နှာဖုံးများ တပ်ဆင်နေကြသလို ကုန်တိုက်များမှာလဲ လူသူ ကင်းမဲ့လျက် ရှိနေတယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါလိုပဲ ကူးစက်နှုန်းနဲ့ အသေအပျောက်များ များပြား ပြင်းထန်တဲ့အတွက် နိုင်ငံတကာက စောင့်ကြည့်နေရမယ့် အနေအထားလို့ ဆိုပါတယ်။ သတိထားကြပါ။ မက္ကဆီကိုက စပြီး ဖြစ်ပွားတာ နီးစပ်ရာ အမေရိကန်နိုင်ငံက ပြည်နယ်များ ဖြစ်တဲ့ ကဲန်ဆပ်၊ ကယ်လီဖိုးနီးယား၊ တက်က်ဆပ်နဲ့ နယူယောက်တွေမှာ ဒီရောဂါ ကူးစက်သူတွေ စတင် တွေ့ရှိနေရပါပြီ။ အဆိုပါ ရောဂါ ကူးစက်ခံရတယ်လို့ သံသယ ရှိတဲ့ လူနာပေါင်း ၁၃၂၄ ယောက်ကို ဆေးရုံတင် ကုသပေးခဲ့ပြီး ၉၂၉ ယောက် ပျောက်ကင်းသွားတယ်လို့ သိရပါတယ်။ မက္ကဆီကို အစိုးရကတော့ အဆိုပါ ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း ပြောကြားသွားပါတယ်။ ကမ္ဘာ့ဘဏ်ကလဲ မက္ကဆီကို အစိုးရကို ရောဂါတိုက်ဖျက်ရေးအတွက် ကူငွေ ဒေါ်လာသန်း ၂၀၅ သန်းတိတိ ကူညီသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ (ဘယ်လို ကူးစက်တတ်တယ်၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ကြပါတယ်။) Source : Bloomberg
  • သီရိလကာင်္မှာ လတ်တလော ဖြစ်ပွားနေတဲ့ တမီးလ်ကျား သူပုန်အဖွဲ့နဲ့ အစိုးရ စစ်တပ်အကြား စစ်ပွဲဖြစ်ပွားပြီး ရက်သတ္တပတ် တစ်ပတ်အကြာမှာ တမီးလ်ကျားသူပုန်များက အပစ်အခတ် ရပ်စဲရေးကို စတင် ပြောဆိုလာပါတယ်။ ဒါပေမဲ့ အစိုးရ စစ်တပ်ကတော့ တမီးလ်ကျားများကို လက်နက်ချရန် တောင်းဆိုနေပါတယ်။ ကြားက မြေဇာပင် ပြည်သူ တစ်သန်းကျော်ကတော့ အစာရေစာ ပြတ်လပ်မှု ဒဏ်ကို ခံရေတယ်လို့ ကုလသမဂ္ဂ မှ ပြောကြားလိုက်ပါတယ်။
  • မန်ချက်စတာ ယူနိုက်တက်က ကစားသမား ရိုင်ယန်ဂစ်စ်ဟာ PFA က ချီးမြင့်တဲ့ တစ်နှစ်အတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပါတယ်။ အကောင်းဆုံး လူငယ် အားကစား သမားဆုကိုတော့ အက်စ်တန်ဗွီလာက Ashley Young က ရရှိသွားပါတယ်။
  • ရ၀မ်ဒါနိုင်ငံ အစိုးရကနေ ဘီဘီစီ သတင်းထုတ်လွှင့်မှုများကို ပိတ်ပင်လိုက်ပါတယ်။ ရ၀မ်ဒါနိုင်ငံရဲ့ လူမျိုးတုံး သတ်ဖြတ်မှုများ ပါဝင်တဲ့ အဆိုပါ အစီအစဉ်ကို ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
  • အစ္စရေးနိုင်ငံက ထွက်ရှိတဲ့ နာမည်ကျော် Jaffa လိမ္မော်သီးများကို အီရန်နိုင်ငံက ဈေးများမှာ ရောင်းချနေတာ တွေ့ခဲ့တဲ့အတွက် ပွက်လောရိုက်သွားပါတယ်။ တစောင်းစေးနဲ့ မျက်ချေးလို့ ဖြစ်နေတဲ့ ကမ္ဘာ့ရန်နိုင်ငံ နှစ်ခုအနေနဲ့ ဘယ်လို ဖြေရှင်းလိုက်သလဲ။ စုံစမ်းစစ်ဆေးမှုများအရ တရုတ်ပြည်က ၀င်လာတဲ့ Jaffa လိမ္မော်သီး အတုတွေ ဖြစ်နေတဲ့ အတွက် ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
  • ငွေရေးကြေးရေး အခက်အခဲများကြောင့် မိမိတို့ရဲ့ ကလေး ၃ ယောက်ကို အီတလီနိုင်ငံက စားသောက်ဆိုင် တစ်ခုမှာ စွန့်ပစ်ခဲ့တဲ့ မိဘထဲက ဖခင် ဖြစ်သူဟာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ ရဲအရာရှိက ပြောကြားခဲ့ပါတယ်။
  • နိုင်ငံရေး တင်းမာမှုများ ဖြစ်ပွားနေတဲ့ ဂျော်ဂျီယာနိုင်ငံမှာ အတိုက်အခံများက မြို့တော်ကို သိမ်းပိုက်လိုက်တယ်လို့ သတင်းများက ဆိုပါတယ်။
နောက်ဆက်တွဲ။
- (270409 12:30 pm GST+8 hrs) အမေရိကားမှာ ၀က်တုပ်ကွေးကူးစက်ခံရတဲ့ case ၂၀ confrim ဖြစ်လို့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံချက် ဥပဒေ ထုတ်လိုက်ပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပါ။
8 comments:
  1. ခေါင်းစဉ်က ၂၇၀၄၀၉ ကို စဉ်းစားလိုက်ရတာ ဟယ်.....
    ReplyDelete
  2. ဆင်ဆင် ကိုဘွိုင်းဘလော့ မလာတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒီခေါင်းစဉ်နဲ့ အဲဒီလို ဂဏန်းတွေ တင်လာတာ ကြာရော့...။
    ReplyDelete
  3. ဟယ် နုနေပြန်ပါပြီ.. (ရုပ်ကြမ်းကြီးနဲ့)
    အရင်ထက်ပိုပြီး အခုလို စုံစုံလင်လင် တင်ပြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်..
    ReplyDelete
  4. ဒီခေါင်းစဉ်မြင်တိုင်း နာဖာချေး ကလော်ဖို့ သတိရမိတယ်။ ကျေးဇူး။
    ReplyDelete
  5. သတင်းအစုံအလင်ဖတ်ပြီးသွားပြီ..
    ReplyDelete
  6. သတင်းတွေလာဖတ်သွားပါတယ်။ swine flu ကိုတော့စိတ်အ၀င်စားဆုံးပါ။
    ReplyDelete
  7. သတင်းလာဖတ်သွားတာ ကျေးဇူးတင်ပါတယ်။
    ကိုပေါ.. Things to do today list မှာ နဖါချေးကော်ရန်ဆိုတာကို ထိပ်တန်း ဦးစားပေး အဆင့် ထားပါ။
    ကြည် ၀မ်းသာစရက စလုံးက ၀က်သားတွေသည် ယူအက်စ်ကနေ အများစု တင်သွင်းတယ်လို့ သိရတယ်...။ တိန်....။ တေရော...။
    ReplyDelete
  8. တိရိစ္ဆန်တွေရဲ့ အသားတွေက တနေ့ တခြား အန္တရာယ်တွေများလာတော့
ူ.....
    ....
    ....
    ....
    ....
    ....
    လူသားပြောင်းစားရင် ကောင်းမလား စဉ်းစားမိတယ်
    ReplyDelete