Wednesday, April 8, 2009

စင်ကာပူတွင် လတ်တလော ဖြစ်ပွားနေသော ကာလ၀မ်းရောဂါပိုး Update 1

အခုလတ်တလော ဖြစ်ပွားခဲ့တဲ့ စင်ကာပူနိုင်ငံ ဂေးလန်းအရပ်က အိန္ဒိယ စားသောက်ဆိုင်တစ်ခုက Rojak အစာ အဆိပ်သင့်မှုနဲ့ ပတ်သက်လို့ စင်ကာပူ ကျန်းမာရေး ၀န်ကြီးဌာနမှ ကြေငြာချက်တစ်ရပ် ကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ကနဦး စုံစမ်း တွေ့ရှိချက်များအရ လူနာဖြစ်စဉ် ၂ ခုမှာ ကာလ၀မ်းရောဂါကို ဖြစ်ပွားစေတဲ့ ပိုးတစ်မျိုးကို တွေ့ရပါတယ်။ အဆိုပါ ကာလ၀မ်းရောဂါပိုးဟာ Vibrio Parahaemolyticus လို့ ခေါ်ပါတယ်။

အဆိုပါ ပိုးဟာ အဏုကြည့် မှန်ဘီလူးနဲ့ ကြည့်ရင် အောက်ကပုံအတိုင်း ပြောင်းရှည်သဏ္ဍာန် တွေ့ရပါတယ်။ ဆားငန်ရည်ကဲ့သို့ ဂုဏ်သတ္ထိရှိသော အရည် (ဥပမာ - ပင်လယ်ရေ) များထဲမှာ ပေါက်ဖွားနိုင်ပါတယ်။ အဆိုပါ ရောဂါပိုး ကူးစက်မိရင် ၀မ်းဗိုက်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုကို ခံစားရပါမယ်။

ကူးစက်နိုင်တဲ့ လမ်းကြောင်းကတော့ မသန့်တဲ့ အစာများ၊ သားစိမ်းငါးစိမ်း ပင်လယ်စာ (ဥပမာ - မချက်ရသေးသော ပင်လယ်စာ အစိမ်းများ၊ ဆူရှီ စသည်များ၊ ကမာကောင်များ) စားသုံးခြင်း၊ ဒဏ်ရာ အနာတရ ဖြစ်ပွားသော နေရာမှ ရောဂါပိုးများ ၀င်ရောက်ခြင်း (ဖြစ်နိုင်ခြေ နည်းပါး)၊ စသည်တို့ ဖြစ်ပါတယ်။




Vibrio Parahaemolyticus ရောဂါပိုး ကို အဏုကြည့် မှန်ပြောင်းနဲ့ မြင်ရစဉ်။
(Photo Credit to : Wikipedia)

ပင်လယ်ကမ်းရိုးတန်း တစ်ဝိုက်မှာ ရေရဲ့ အပူချိန် မြင့်မားတဲ့ နွေရာသီနဲ့ မိုးဦးကျ ရာသီတို့ဟာ အဆိုပါ ပိုးများ ပေါက်ဖွားဖို့ လွယ်ကူတဲ့ အတွက် အဲဒီဒေသတွေမှာ အဲဒီအချိန်တွေမှာ ကာလ၀မ်းရောဂါပိုးများ ဖြစ်နိုင်ချေ များပြားပါတယ်။ အဓိက ကူးစက်တတ်တဲ့ ပင်လယ်စာများကတော့ ပြည်ကြီးငါး၊ Mackerel ငါးများ၊ တူနာငါး၊ ဆာဒင်းငါး၊ ဂဏန်းနဲ့ ပုဇွန် အစရှိတာတွေ ဖြစ်ပါတယ်။

ရောဂါကူးစက်လာရင် ဖြစ်ပွားတတ်တဲ့ လက္ခဏာများကတော့ ၀မ်းသွားခြင်း၊ ကိုယ်တွင်း ရေဓါတ် ခန်းခြောက်ခြင်း၊ အော့အန်ခြင်း၊ အဖျားကြီးခြင်း စတာတွေ ဖြစ်ပါတယ်။ အထက်လှန် အောက်လျှော ဖြစ်တာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာရင် ပေါ့ပေါ့ဆဆ မနေကြဖို့ အရေးကြီးပါတယ်။ နီးရာ ဆေးခန်း ပြကြပါ။

အဆိုပါပိုးဟာ မိမိကိုယ်မှာ ရရှိထားတဲ့ ဒဏ်ရာများ၊ အနာများကနေတစ်ဆင့်လဲ ကူးစက်နိုင်တဲ့ အတွက် ပင်လယ်နားနီး နေထိုင်သူများ၊ ရောဂါပိုး ကူးစက်ရာ နေရာ ဒေသတစ်ဝိုက် နေထိုင်သူများဟာ ရေကူးခြင်း၊ အလုပ်လုပ်ခြင်းများ ကို သတိပြု လုပ်ဆောင်ကြရပါမယ်။ အမေရိကားမှာ လွန်ခဲ့သော နှစ်က ကက်သရင်း အမည်ရှိတဲ့ ဟာရီကိန်း မုန်တိုင်း တိုက်ခတ်ပြီးစမှာ အဆိုပါ ဒဏ်ရာကနေ ၀မ်းကိုက် ရောဂါကူးစက်သူ ၂၂ ယောက်ထဲက ၃ ယောက် အဖိတ်အစင် ရှိခဲ့တာမို့ ပေါ့ဆခြင်း မပြုပဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းပါတယ်။

(စာအရေးအသား၊ ဘာသာပြန်ညံ့ဖျင်းပါတယ်။ ပေးချင်တဲ့ မက်ဆေ့ခ်ျကို သဘောမပေါက်ရင်တော့ အောက်က ၀ီကီပီဒီးယား လင့်ခ်မှာ ဖတ်ပေးပါ။)

အဆိုပါ ရောဂါပိုးအကြောင်းကို အကျယ် သိလိုပါက ဒီက Wikipedia မှာ သွားဖတ်နိုင်ပါတယ်။

(စင်ကာပူမှာ ဒီရောဂါ စဖြစ်ပြီး ပထမဦးဆုံး လူနာ ဆုံးပါးသွားတဲ့ တနင်္လာနေ့မှာပဲ တစ်ချို့သော Food Court, Hawker Center တွေကို ချက်ချင်း Temporary ပိတ်လိုက်ပြီး သန့်ရှင်းရေးတွေကို အပူတပြင်း လုပ်နေတာတွေ့ခဲ့ပါတယ်။ ပြည်သူများကိုလဲ အချိန်နဲ့ တစ်ပြေးညီ update သတင်းများကို ထုတ်ပြန်ပေးပါတယ်။)

Singpore နိုင်ငံရဲ့ လတ်တလော Breaking News, Updates များကို Channel News Asia ၀ဘ်က်ဆိုက်ဒ်ကနေ တင်ပေးနေပါတယ်။ ၀င်ရောက် ဖတ်ရှုလိုသူများ အောက်က လင့်ခ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
Singapore Breaking News


**Update*** : (စင်ကာပူ စံတော်ချိန် - နေ့လည် ၁၂း၀၀ နာရီ)
အခုလောလောဆယ်တော့ ဗုဒ္ဓဟူးနေ့ ဒီကနေ့ မနက် ၁၀ နာရီမှာပဲ ၀မ်းရောဂါပိုးကြောင့် အသက်59 နှစ်အရွယ် အမျိုးသမီး တစ်ဦး ဆုံးပါးသွားပြန်ပါပြီ။ အစာအဆိပ်သင့်မှုနဲ့ စနေနေ့မှာ ဆေးရုံ တင်ထားတာပါ။ ၀မ်းရောဂါကြောင့် အသက်ဆုံးပါးသွားတဲ့ ဒုတိယမြောက် လူနာဖြစ်ပါတယ်။ သတင်းကို ဒီက ရပါတယ်။

18 comments:

  1. ဟယ်..
    ဆိုးဝါးလိုက်တာနော်..
    မမ...မြိုး..ဆင်ဆင်..သစ်..ကို.ဘ..
    ခုတလော အိမ်မှာပဲ ချက်စားကြပေါ့..ထမင်းဘူးယူ

    ReplyDelete
  2. ပင်လယ်စာ အစိမ်းစားတာတွေ ဥပမာ - ဂျပန်ဆူရှီဆိုင် သွားစားတာတို့ ခဏလောက် ရပ်ပေါ့။ ပိုးသေအောင် ချက်ပြီးသား ဟင်းတွေပဲ စားပေါ့...။ လောလောဆယ်တော့ ဆေးရုံမှာ အဲဒီရော၈ွနဲ့ ပတ်သက်လို့ ကူးစက်သူပေါင်း ၁၁၁ ယောက် ရောက်နေတယ်လို့ ကြားရတယ်။

    ReplyDelete
  3. ကိုဘ အတော်စိတ်ပူနေပုံရတယ်။

    ReplyDelete
  4. တို့အတွက် မပူနဲ့။ မီးလွတ်စားနေတယ်။

    ReplyDelete
  5. နီးရာ ဆေးခန်း ပြကြပါ။

    ReplyDelete
  6. မီးလွတ်စားတာကို ပြောနေတာ။ အသားငါးများကို မီးလွတ်စားတော့ ရောဂါပိုးတွေ မသေဘူးပေါ့။

    နို့ သူပြောချင်တဲ့ မီးလွတ်ဆိုတာက အသီးတွေ ဆိုရင်တော့ ရေစင်အောင် ဆေးဖို့ ထပ်လောင်းပြောကြားချင်ပါတယ်။

    ReplyDelete
  7. စင်ကာပူကပြန်လာတဲ့ လူတွေကို ရန်ကုန်လေဆိပ်မှာ ဆေးအရင်စစ်ပြီးမှ Arrival တုံး ထုပေးမယ်တဲ့ဗျး)

    ReplyDelete
  8. အစားတလုတ်အတွက်စဉ်းစားစရာဖြစ်ပြီ...စင်ကာပူမှာနေသူတွေဂရုစိုက်ကြပါ။ အရင်ပိုစ်ထဲမှာ Rojak စားမိသူထဲက ကိုမာ ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက် က စားပြီးပြီးချင်းဖြစ်တာလား။အဲဒါလဲစိတ်ဝင်စားလို့ပါ။

    ReplyDelete
  9. “ကြည်” - ကိုမာ ဖြစ်သွားတဲ့ သတင်း ပြန်မတွေ့တော့ပါ။ ပြန်စုစည်းရသလောက် အဲဒီ ဆုံးပါးသွားတဲ့ လူနာနဲ့ ပတ်သက်တဲ့လင့်ခ်တွေ ပေးလိုက်ပါတယ်။ အဲဒီလင့်ခ်တွေထဲမှာတော့ unconcious လို့ပဲ ရေးထားတာ တွေ့လိုက်တယ်။ စစချင်း ကျွန်တော် ဖတ်လိုက်ရတဲ့ လင့်ခ်က ကိုမာ လို့ ရေးထားတယ်။ အခု ပြန်ရှာတော့ အဲဒီလင့်ခ် ပြန်မရတော့ပါ။

    http://www.channelnewsasia.com/stories/singaporelocalnews/view/420588/1/.html

    http://www.channelnewsasia.com/stories/singaporelocalnews/view/420416/1/.html

    http://www.channelnewsasia.com/stories/singaporelocalnews/view/420381/1/.html

    http://www.channelnewsasia.com/stories/singaporelocalnews/view/420766/1/.html

    ReplyDelete
  10. များက အပြင်စာတွေ သိပ်မကြိုက်တတ်လို့ တော်ပါသေးသည်။

    ReplyDelete
  11. ဂရုစိုက်ကြပါ - သတိပိုသည်မရှိပါဘူး၊ မမဂွိ ရှက်ပြာရှက်ပြာနဲ့ ဟိုစား ဒီစားတွေ့ရာ စား မလုပ်ပါနဲ့.. ဘာမှ မလုပ်တတ်ရင် အိမ်မှာ ကြက်ဥပြုတ်စားပါ.. ကျက်ပလေ့စေနော်
    (ဆရာလုပ်သွားသည်)

    ReplyDelete
  12. ဘာမှမစားတော့ဘူး။ ပိုက်ပိုက်ကုန်လဲသက်သာတာပေါ့ :)

    ReplyDelete
  13. Ko Boyz, Thanks for sharing the updates.
    Cheers,

    ReplyDelete
  14. စလုံးလာမလား စဉ်းစားနေတာ ခုတော့ မလာသေးဘူး ရောဂါကင်းသွားမှပဲ လာတော့မယ် ဟိဟိ( လူရှိန်အောင် ရေးသွားတာ)

    ReplyDelete
  15. ၁၂ round ပိုစ်ကွန်မက်ထဲမှာသိမ်းထားတယ်။

    khin oo may said...



    7 Apr 09, 21:21
    sin dan lar: တောက်.. ကိုဒီဘီ.. ကိုဘ.. အသက်ကို ဖက်နဲ့ ထုတ်ထားပါ... :furious: :furious: :furious: :furious: :furious: :furious: :furious: :furious: :furious:
    7 Apr 09, 21:19

    Boyz: ဟင်.. သူ့ဘလော့မှာ အေဗေတာတွေရှပြီးသား မဟုတ်လား.. ကိုဒီဘီပြတာနဲ့ ခပ်ဆင်ဆင်...။

    7 Apr 09, 21:03
    ကိုကိုဒီဘီ: သူ့ဘလော့မှာ Avartar လုပ်မလို့ဆိုလားဘဲဗျ

    7 Apr 09, 21:03
    ကိုကိုဒီဘီ: သူကဲထားတာတွေပေါ့

    7 Apr 09, 21:02
    ကိုကိုဒီဘီ: အေးလေ

    7 Apr 09, 21:01
    Boyz: ကိုဒီဘီတို့ ဒီညတော့ ရှောင်လေတော့... အဝေးကို

    7 Apr 09, 20:59
    Boyz: ဟင်.. နာမည်နဲ့ကို အတိအကျပါလား ကိုဒီဘီ

    7 Apr 09, 20:59
    ကိုကိုဒီဘီ: တင်ပြဆိုလို့ ဆင်ဆင်တင်ပြနေပုံလေး သူမရှိတုန်း ပြလိုက်ဦးမယ် http://img150.imageshack.us/img150/3430/sindanlar.jpg

    7 Apr 09, 20:57
    Boyz: သိပ်လှ... စိတ်မချ၊

    7 Apr 09, 20:56
    ကိုကိုဒီဘီ: နိပ်ဟ

    7 Apr 09, 20:56
    Boyz: ရင်တစ်မမ နဲ့ ရှင်က ဘာလို့ နှင်ချရတာလဲ မေးလာရင် မရွှင်မပျ ဖြစ်မှာစိုးလို့ ဒီလောက်ပဲ တင်ပြလိုက်ရပါတယ် ကိုဒီဘီ... ဟိ

    7 Apr 09, 20:49
    ကိုကိုဒီဘီ: ဟိ

    7 Apr 09, 20:49
    ကိုကိုဒီဘီ: ဆက်စပ်ဗျာ ကိုဘွိုက်

    7 Apr 09, 20:49
    ကိုကိုဒီဘီ: ဖင်ကြွလို့ရပုံမပေါ်ဘူး

    7 Apr 09, 20:48
    ကိုကိုဒီဘီ: လင်ကထဟောက်တယ်ထင်ပ

    7 Apr 09, 20:48
    ကိုကိုဒီဘီ: ဒီည ဆင်မပျောက်နေတယ်
    April 8, 2009 12:15 AM
    April 8, 2009 4:08 PM

    ReplyDelete
  16. ကိုဘွိုက်ဇ် (ဟူး...စာလုံးပေါင်းရခက်လိုက်တာ :)
    ဒီပိုစ့်ကို မြန်မာကျူးပစ်မှာ ပြန်လည်ဖော်ပြထားတာဖတ်မိလိုက်တယ်။
    ပိုပြီး လူတွေ သတိထားမိသွားတာပေါ့။ အစားအသောက်စားတဲ့အခါ သတိပြုနိုင်တာပေါ့။
    Cheers..

    ReplyDelete
  17. အစားအသောက်ကို ဆင်ခြင်ပြီးစားဖြစ်ကြတာပေါ့... ကောင်းလေစွ... ကောင်းလေစွ... ကောင်းလေစွ

    ReplyDelete