ဘွိုင်းဇ်။ ။ ပျင်းလိုက်တာဗျာ...။ ဒီနေ့ ဂျာကြီးလဲ မလာ... ဂျာလေးလဲမလာ... လုပ်စရာအလုပ်လဲ မရှိတော့ ဖိုရမ်ဖတ် သီချင်းလေး နားထောင်လုပ်နေတာဗျ...။
ကျွန်တော်။ ။ အော်... ဇိမ်ကျနေတာပေါ့...ကောင်းတယ်...။ ဒါနဲ့ ဒီနေ့ တက်စီဖိုး ၄၀ ကျော် ကျသွားတယ်ဆို...။ မင်းလဲ အိပ်ရာက စောစောထတဲ့ အကျင့်လေး လုပ်ဦးမှပေါ့...။
ဘွိုင်းဇ်။ ။ နိုးတယ် အစ်ကိုရ...။ နိုးစက်ကတော့ အဲဗားနှိုးတယ်...။ ထပိတ်ပြီး ပြန် ပြန် အိပ်နေတာကိုက ကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်ဗျ...။ အဲဒါနဲ့ ရှာလို့ရတာနဲ့ တက်စီဖိုးနဲ့ မွဲတော့မှာပဲ...။
ကျွန်တော်။ ။ ဒါဆိုလဲ နိုးနိုးချင်း အိပ်ရာကထပေါ့...။ ဇွတ်ပေပြီးထကွာ...။ အဲဒါဆို လန်းသွားလိမ့်မယ်...။ ငေါက်ကနဲတော့ မထလိုက်နဲ့...။ အခန့်မသင့်ရင် ဦးနှောက် သွေးကြော ပြတ်သွားမယ်လို့ စူလာနဖာ သာဂဒိုးကတော့ ဆိုထားလေရဲ့...။
ဘွိုင်းဇ်။ ။ ကိုကြီးက အဲဒီစာရေးဆရာ သာဂဒိုးရဲ့ ဘယ်က ထောက်ခံချက်မှ မရတဲ့ ဆေးနည်းကို ယုံနေ...။ ကျွန်တော်ကတော့ မယုံဘူးရယ်...။
ကျွန်တော်။ ။ ဟကောင်ရ...။ ဟိုက နှစ်လေးဆယ်မက ငါးဆယ်လဲမကတော့တဲ့ အတွေ့အကြုံနဲ့ ရေးတာကွ...။ မင်းက ခုမှ လူဖြစ်တုန်းပဲ ရှိသေးတယ်...။ အေး.. မယုံလဲ နေကွာ...။ ဖြစ်လာရင်တော့ မင်းထိုက်နဲ့ မင်းကံပေါ့...။
ဘွိုင်းဇ်။ ။ ဟုတ်ပါဘူး ကိုကြီးရာ...။ ဒေါနချည်းပဲ...။ သပြေလေး ဘာလေး လုပ်ဦး...။ ကျွန်တော်သူ့ကို မယုံဘူးဆိုတာက နည်းနည်း တရားလွန်သွားလို့ပါ...။ တစ်ကမ္ဘာလုံးက အေအိုင်ဒီအက်စ် ရောဂါ ပပျောက်ရေး အတွက် ဆေးနည်းတွေ ရှာတာ ခုထိ မတွေ့သေးချိန်မှာ သူက ပဲပိစပ်နဲ့ဆိုလား...။ အဲဒီမြန်မာ့ဆေးစွမ်းနဲ့ ပျောက်အောင် ကုပေးနိုင်တယ်ဆိုလို့ မဂ္ဂဇင်း တစ်ခုမှာ ရေးထားတာ ဖတ်လိုက်ရကတည်းက နည်းနည်း ခပ်ချဉ်ချဉ် ဖြစ်နေတာ...။ ဒီလောက်ထိတောင် အောင်မြင်နေရင် နိုင်ငံကျော်သွားအောင် ဖေါ်ထုတ်ပြီး ရောင်းစားပါတော့လား...။ မီလျံနာဖြစ်သွားပါလိမ့်မယ်...။
ကျွန်တော်။ ။ မင်းမသိပဲနဲ့ လျှောက်လျှောက် မပြောပါနဲ့...။ သူ့မှာလဲ အကြံအစည် တစ်ခုခု ရှိပါလိမ့်မယ်...။ အချိန်တစ်ခုခု စောင့်ဆိုင်းနေတာကော မဖြစ်နိုင်ဘူးလား...။ မပြီးခင် xxxx မမြင်စေနဲ့ ဆိုတဲ့ စကားပုံ အလကား ထားခဲ့တာ မဟုတ်ဘူး...။
ဘွိုင်းဇ်။ ။ ဟာဗျာ...။ ဘယ်တော့လောက် စောင့်ရမှာလဲ...။ သူရေးထားတာ ၄ နှစ်လောက် ရှိတော့မယ်ထင်တာပဲ...။ ပြောရင်းနဲ့ စကားတွေတောင် ဘယ်ရောက်သွားလဲ မသိဘူး...။ ပြန်ကောက်လိုက်ဦးမှ...။ ဒီလိုဗျ...။ ဟိုဘက်တော့ပစ်က်ထဲမယ် စလုံးမှာ ကုန်ဈေးနှုံးတွေ တက်လာတဲ့ အကြောင်း ပြောနေကြသဗျ...။ ဟုတ်လဲ ဟုတ်တယ်...။ စရောက်ရောက်ချင်း ကြုံရတာက ဂျီအက်စ်တီ ၇ % တက်တာဗျ...။ သူရို့ နိုင်ငံသားတွေအတွက် သူရို့က တစ်ယောက်ကို ရီဘိတ် ဘယ်လောက်ဖိုးဆိုလား မသိဘူး ထည့်ပေးတယ်...။ နိုင်ငံခြားသားတွေတော့ ခံပေရော့ပေါ့...။
ကျွန်တော်။ ။ အဲဒါက နိုင်ငံယန္တရား လည်ပတ်စရိတ်လေကွာ...။ အစိုးရက ဒီပိုက်ဆံမှ မရရင် ဘယ်က ပိုက်ဆံနဲ့ သွားသုံးရမှာလဲ..။ သူ့ဝန်ထမ်းတွေကို ဘယ်က ငွေနဲ့ လစာ ပေးနိုင်မှာလဲ...။ အခုကုန်ဈေးနှုံးတွေ တက်တာကျတော့ ဒီတစ်နိုင်ငံထဲ မဟုတ်လောက်တော့ဘူးထင်တယ်...။ ရေနံစိမ်းဈေးတွေက တစ်ရာထိတောင် စံချိန်တင်သွားတာပ...။ အဲဒါကြောင့် ဓါတ်ဆီတွေ ဒီဇယ်ဆီတွေ အပေါ် မှီခိုနေရတဲ့ ထုတ်ကုန်တွေ ဈေးမြှောက်ကုန်တာပေါ့...။
ဘွိုင်းဇ်။ ။ ဟမ်...။ အဲလိုလား...။ ဒါဆို ဓါတ်ငွေ့အလကားထွက်တဲ့ နိုင်ငံက ဓါတ်ငွေ့ဈေးတွေ တက်သွားတာကျတော့...
ကျွန်တော်။ ။ အဲ.. အဲ..ဒါတော့ ငါလဲ သေချာမသိ...။ ဒါပေမဲ့ အဲဒီ ထွက်လာတဲ့ ဓါတ်ငွေ့တွေက တစ်ခါတည်း သုံးလို့ ရလို့လား...။ နည်းနည်းပါးပါး ပြုပြင်ရသေးတယ် ထင်တာပဲ...။ အဲဒီ ပြုပြင်ရတဲ့ စရိတ်တွေ တက်သွားလို့ ဓါတ်ငွေ့ဈေး တက်တာ နေမှာပေါ့...။
ဘွိုင်းဇ်။ ။ အော် ဝေးပ... ကိုကြီးရယ်...။ လှိုင်သာယာမှာ နေတာကျနေတာပဲ...။ အတွေးအခေါ်လေး ပြောင်းလဲစမ်းပါဦး...။ မီးဖိုမှာ သုံးတဲ့ ဂက်စ်တွေကိုသာ သဘာဝအတိုင်းထွက်တဲ့ဟာနဲ့ သုံးလို့မရတာ...။ ကားတွေဘာတွေမျာ သုံးဖို့အတွက်က ဒီအတိုင်း တန်းသုံးလို့ရတယ်တဲ့ဗျား...။ (သူမသိလေတော့ ကိုယ်ကတော့ ရွှီးလို့ရတာပ...။)
ကျွန်တော်။ ။ အဲလိုလား...။ မသိဘူးရယ်...။ ငါလဲ အပြင်စာတွေ မဖတ်ဖြစ်တာ တော်တော်ကြာရော့...။
ဘွိုင်းဇ်။ ။ ဒါကြောင့် ကိုကြီးကို ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု အတွက် အမှတ်ပေးရင် ဇီးရိုးပဲ ရမှာလို့ ပြောပြန်တော့လဲ မကြိုက်...။ ကဲ အခု အပြင်မှာ ဘာတွေ ဖြစ်နေလဲ သိလား...။ ၁၀ သိန်းလား...။ ၆ သောင်းလား...။ ဒီနေ့ထုတ် ဂျာနယ်မှာ ပါတယ်ဆို...။ ဖြုတ်ရင် ကောင်းမလား... ဒီအတိုင်းဆက်ထားရင် ကောင်းမလား...။
ကျွန်တော်။ ။ ဘာတုန်း...။ ဘာတွေဒုန်း...။ အရင်းမရှိ အဖျားမရှိ...။
ဘွိုင်းဇ်။ ။ ဟာဗျာ...ဟာဗျာ...။ အိုင်ကျူလယ်ဗယ်ချင်း မတူတဲ့ သူနဲ့ စကားပြောရတာ အတော်ပင်ပန်းတာပဲ...။ တော်ပြီဗျာ...။ ကိုယ့်ဟာကို ရုံးက စာရေးတွေကိုပဲ လက်ဘက်ရည်သွားတိုက်လိုက်ရင် သိချင်တာ ရဦးမယ်...။ ခင်ဗျားနဲ့ ပြောရင် လေကုန်တယ်...။ အချိန်ကုန်တယ်...။ အလကား... ဘာမှ မသိတဲ့ လူကြီး...။
ကျွန်တော်။ ။ ဟကောင်ရ...။ ယုန်နှာစေးနေတယ်ကွ...။ ဒါမျိုးက ဂဃနဏ မသိရင် ဘာမှ မပြောနဲ့ကွ...။ ဖြုတ်လဲ မဖြုတ်ဘူး...။ တပ်လဲမတပ်ဘူး...။ ငါ့မှာမှ မရှိတာ...။ စိုးရိမ်စရာ မလိုဘူးကွ...။ ဦးနှောက်စားစရာ မလိုဘူးကွ...။
ဘွိုင်းဇ်။ ။ ခင်ညားလို သူတွေ များနေလို့ xxx (ဆင်ဆာ) xxxx...။ ဟင်း.... ဟင်း...။ (အရသာ ရှိလိုက်တာ...)
ကျွန်တော်။ ။ ဟေ...။ တိုင်မင်ဆိုတာ လိုတယ်...။ အခြေအနေ အချိန်အခါဆိုတာ ရှိရတယ်ကွ...။ တော်ကွာ .. မင်းနဲ့ စကားပြောရတာ ပီကေလက်မှာ ကပ်တယ်...။ ငါ့စကားနွားရများ ပြောတတ်လိုက်တာ...။ မင်းသွားတော့... သွားသွား...။
ဘွိုင်းဇ်။ ။ အင်းပါ...။ အင်းပါ...။ မှန်တိုင်းလဲ မကောင်းပါတဲ့...။ သန်လျင်ဖန်ချက်စက်ရုံမှာ ရေးထားတာဆိုလားပဲ...။ ခင်ဗျားနဲ့ အဲဒီ စကားနဲ့ကိုက်တယ်...။ တော်ပြီ.. မရှိတဲ့ အလုပ် သွားလုပ်လိုက်ဦးမယ်...။
(လွန်ခဲ့သော နှစ်ဦးပိုင်း ဇန်န၀ါရီလခန့်က နေးတစ်ဖိုရမ်တွင် ရေးထားဖူးသော ပို့စ်တစ်ခုကို ပြန်လည် ဆန်းသစ်ထားခြင်း ဖြစ်သည်...။ တစ်နည်း ဆားချက်ခြင်းမည်၏။)
စမ်းသပ်ချက်
1 year ago
ကိုယ်ရေးထားတာ ကိုယ့်ဘာသာကိုယ် ပြန်တင်ရင် ဆားချက်တယ် မထင်မိပါဘူး။ (လုပ်နေကြမို့..လုပ်နေကြမို့..။) ရေးတုန်းက တစ်ခါ အားထုတ်ခဲ့ပြီးပြီလေ။ :-P
ReplyDeleteအဲလို အားပေးစကားပဲ ကြားချင်ပါတယ်ဗျို့...။ ဟုတ်တယ်.. ကိုယ်ရေးထားတာ ပြီးတော့ ဒီမှာလဲ တစ်ခါမှ မတင်ရသေးတာဆိုတော့ ဆားမချက်တစ်ချက်ပေါ့နော...။ :-p
ReplyDelete