Sunday, April 19, 2009

တွေးမိတာလေးတွေ (၃)

  • မြင်းထိန်း ငတာသည် သူ့အရှင် ယောအတွင်းဝန် ဦးဘိုးလှိုင် စီရင် ရေးသားအပ်သော ဥဘောဇနကျမ်းကို တိတိပပ မသိသော်ငြားလဲ အရှင်သခင်က ရေးသော ကျမ်းဖြစ်သည့်အတွက် အဆိုပါ ကျမ်းသည် ကျမ်းကောင်းကျမ်းမြတ် တစ်ဆူ ဖြစ်ကြောင်း လှည့်လည် ချီးကျူးလေ၏။ ဦးဘိုးလှိုင်ကြားလေသော် ရှက်စနိုးတော်မူ၍ ငတာအား ခါသာပိတ် တစ်အုပ်ပေး၍ နောင်မပြောရန် နှုတ်ပိတ်ရသည် ဟူ၏။ အကျွန်ုပ်သာ ငတာ ဖြစ်ခဲ့ပါမူ ခါသာပိတ်များ ဈေးချိုသွင်းရန် အကြိမ်ကြိမ် ချီးကျူးမိလေမည်လား မပြောတတ်။

  • အမြီးအမောက် မတည့်သော ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် ကြိုးစားနေထိုင်ရင်း အသားကျလောက်ပြီ ဟု ထင်မြင်မိသော တစ်ရက်တွင် မိမိကိုယ်ကို မိမိ ပြန်လှည့်ကြည့်လေသော် မိမိကိုယ်တိုင် မဟုတ်သော တစ်ခြားသူတစ်ယောက်ကို ထိတ်လန့်တကြား မြင်လိုက်ရလေ၏။ ထိုနေ့က မိုးများ ညို့နေခဲ့၏။

  • အရင်က မှင်စာ ဆိုတာ ၁။ မှင်အိုးထဲက မှင်ရည်နဲ့ ရေးလို့ မှင်စာ လို့ ခေါ်တာလား..။ ၂။ Elf တွေကို မှင်စာလို့ ခေါ်တာလားလို့ ခပ်ဝါးဝါးတွေးခဲ့ဖူးတာ...။ ဆိုးဝါးလိုက်တာများ...။ နောက်မှ ကျောင်းစာထဲက သဒ္ဒါ သင်ခန်းစာတွေမှာ မှင်စာ ဆိုတာကို သင်လိုက်ရမှ သိတော့တယ်။ ခုတော့လဲ မေ့သွားပြီကွယ်...။ ဘာလဲ လာမမေးနဲ့တော့။

  • ငယ်ငယ်က ရေဒီယိုက လာတတ်တဲ့ ကြော်ငြာ နားထောင်ဖူးတယ်။ “အားကုန်ရင် ပျားအုံဆေးကို စားပါ”တဲ့။ ဘယ်သူက ဘယ်လောက်တောင် အလုပ်တွေ နင်းကန် လုပ်နေလို့ အားကုန်တာလဲ လို့ ကလေးတွေး တွေးနေမိခဲ့တယ်။ ခုလဲ လူကြီးတွေး တွေးနေလား ဆိုတော့ လာမမေးနဲ့ကွယ်...။

5 comments:

  1. မမှီဘူး..
    အရမ်းမြင့်တာပဲ..
    မော်ဒန်တွေ..မော်ဒတ်တွေ..မော်ဒယ်တွေ..
    အာာာားးးးး
    ဘာမှမသိတော့ဘူး..

    ReplyDelete
  2. မှင်စာဆိုတာ မည်းမည်း သေးသေးကောင်လေး တွေ ပြောတာထင်တယ်။ သိဘူးလေ။

    ReplyDelete
  3. ၁)လျှော့ဈေးနဲ့ဆိုတော့ ဈေးချိုကနေ စောင့်ပြီး ပစ္စည်းကောက်မယ်။
    ၂)ကိုယ့်ကိုယ်ကို ကိုယ်မဟုတ်မှန်း သိသွားတယ်ပေါ့။ ခုရော?
    ၃) မှင်စာဆိုမှတော့ ကွန်ပျူတာနဲ့တော့ ပတ်သက်စရာမရှိတော့ဘူး။ ဘာမှန်းသိတော့ဘူး။
    ၄) အားကုန်ရင် ပျားအုံကို တုတ်နဲ့ထိုးလိုက်ပါလို့တော့ လိုက်အော်ဖူးတယ်။
    (ဟီး။ စိတ်ဆိုးနဲ့နော်။ ရေးချင်စိတ်ပေါ်တာတွေ လာရေးသွားတာ :D )

    ReplyDelete
  4. ခါသာပိတ်ကြောင့် ငတာတွေ များလာပြီ။
    ကို Boyz ဈေးချိုသွားရင် ငတာတွေကို ထပ် ချီးမွမ်းရအုန်းမှာ။
    ဒါမှ အကွက် ပြကြမှာ။
    ဒါနဲ့ စကားမစပ် ကို Boyz က သိတ် တော်တာပဲ လို့  ချီးမွမ်းပါရစေ။

    ReplyDelete
  5. **ပေါက်** - ဆက်ဖတ်ပါ။ ပေါက်ရင် ပေါက်.. မပေါက်ရင် ပေါက်သွားပါလိမ့်မယ်...။

    **ဖြိုးမော်** - မှင်စာ ဆိုတဲ့ အကောင်ကို မမြင်ဖူးတော့ ပုသလား ရှည်သလား မည်းသလား ဖြူသလား ဆိုတာ မသိဘူးကွယ်..။ တွေ့ဖြစ်ရင် လာပြောပြပါနော...။

    **Uranus** နာမည်ကို တစ်လုံးချင်း ခွဲဖတ်လိုက်တော့ နာ့များ လာဆဲတာလားလို့ ထင်နေတာ..။ U r anus ဆိုပြီးတော့ ခွဲဖတ်မိတာ...။ တော်သေးတာပေါ့. ပေးထားတဲ့ လင့်ခ်အတိုင်း ပြန်သွားကြည့်မှ ယူရေးနပ်စ်အကွာရီယပ်စ်ဆိုတာ သိတော့တယ်...။ ကျေးဇူးပါ။ ပို့စ်တစ်ပို့စ်စာတောင် ထပ်ရသွားသေးတယ်...။ ကောင်းလိုက်တဲ့ အိုင်ဒီယာ...။

    **ဂျူနို** - မအယ်ရေ...။ ပေးဖို့ ပိတ်အုပ် ခါသာအုပ်များ မရှိပါဗျာ...။

    ReplyDelete