Friday, April 24, 2009

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။


အခု သုံးလေးရက်အတွင်း သီရိလင်္ကာမှာ အစိုးရ စစ်တပ်နဲ့ တမီးလ် ကျားသူပုန်များ အပြင်းအထန် တိုက်ပွဲ ဖြစ်နေတာကို သတင်းမှာ တွေ့ဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ စစ်တပ်က သူပုန်တွေကို ဒီတစ်ခါတော့ အချီကြီး ဆော်ဖြစ်မယ်လို့ ထင်ပါတယ်။

ဖြစ်တဲ့ နေရာက သူပုန်တွေ ထိန်းချူပ်ထားတဲ့ နေရာ ဖြစ်ပါတယ်။ အခုတော့ စစ်ဆင်ရေး အကြီးအကျယ်နဲ့ လုပ်လိုက်တော့ သူပုန်တွေ လဲ ချောင်ပိတ်မိနေပါတယ်။ ချောင်ပိတ်မိရင် ခွေးတောင် ပြန်ခံ ကိုက်တယ်ဆိုတော့ သူပုန်တွေလဲ ရှိသမျှ လက်နက် အင်အားနဲ့ အသေအကျေ ခုခံမယ်ဆိုတာ မလွဲပါဘူး...။

Credit to : Aljazeera

ဒါပေမဲ့ အဲဒီအရပ်မာ နေထိုင်တဲ့ အရပ်သားများဟာ ကြားက မြေဇာပင်တွေ ဖြစ်ပြီး ခုတော့ စစ်ဘေးလွှတ်ရာကို ပြောင်းရွှေ့ ပြေးလွှားနေရတယ်. တီဗွီ သတင်း ကြည့်လိုက်ရင် ပြေးနေသူတွေ လွှားနေသူတွေ တစ်ပုံကြီးပါပဲ။

ဒီနေ့မနက် ရုံးက အလုပ်ကြမ်းသမား သီရိလကာင်္သားတစ်ယောက် မတက်စဖူး အပေါ်ကို တက်လာပါတယ်။ အရင်က အောက်ထပ်မှာ တုန်းက သူနဲ့ နောက်နောက်ပြောင်ပြောင် နေနေကျပါ။ အခု အပေါ်ထပ်ပို ပြောင်းလာတော့ အောက်ထပ်က သူနဲ့ သိပ်မတွေ့ဖြစ်ဘူး။ အိတ်ခ်ျအာနဲ့၊ သူဌေးနဲ့၊ တွေ့ချင်ကြတော့မှ သူတို့တစ်တွေ အပေါ်ထပ်တက်လာတာပါ။

မျက်စိမျက်နှာ မကောင်းလို့ မေးကြည့်တော့မှ အိမ်ပြန်ဖို့ သူဌေးကို ခွင့်လာတောင်းတာတဲ့။ သူတို့ နေတဲ့ အရပ်မှာ စစ်ဖြစ်နေတယ်တဲ့..။ ပြောရင်းနဲ့ ယောကျာ်းကြီးတန်မဲ့ မျက်ရည်တွေ ကျလာလို့ ဘာဖြစ်တာလဲ မေးလိုက်တော့ သူ့ညီငယ်တစ်ယောက် စစ်တိုက်တဲ့အထဲ ရှေ့တန်းပို့တာ ပါသွားတယ်။ မနေ့ညက သေနတ်မှန်လို့ ဆုံးသွားရှာပြီ။ အဲဒါ ပြန်မလို့ ဆိုပြီး ငိုပါလေရော...။

ရင်ထဲ တော်တော် ဆို့သွားတယ်။ ဘာမှ မပြောတတ်တော့ဘူး။ တတ်သလောက် မှတ်သလောက် သူ့ကို နှစ်သိမ့်ပေးလိုက်တယ်။ သူ့ညီအတွက် အလှူငွေ ထည့်မလို့ဟာ အိတ်ထဲမှာ ၅၀ ပဲ ကျန်တော့တာနဲ့ အဲဒီ ၅၀ နဲ့ပဲ ကူလိုက်တယ်...။

စစ်ဆိုတာ ဘာမှ မကောင်းပါဘူး...။


Latest News on Sri Lankar : Click Here and Here.

9 comments:

  1. ဟုတ်တယ် စစ်ဆိုတာ ဘာမှ မကောင်းပါဘူး။
    ဘွိုက်ဇ် ရဲ့ အလှူအတွက် သာဓုခေါ်လိုက်ပါတယ်။
    ကမ္ဘာကြီး အေးချမ်းပါစေ...........

    ReplyDelete
  2. အရပ်မာ???
    စစ်ဘေးလွှတ်ရာ???

    မျက်နှာလာသစ်ပေးသွားတယ်။ အချိန်မရလို့ ဒီလောက်ပဲ ဟဲဟဲ

    ReplyDelete
  3. ယူအန်ကလဲ ၀င်မညှိဘူး။ လက်နက်ချခိုင်းတယ် ။
    စစ်ဆိုတာ မြင်ရပေမယ့် စစ်မတိုက်ပဲ လူမျိုးတုန်းနေအောင် လုပ်တာတော့ မမြင်ကြဘူးပေါ့။

    ReplyDelete
  4. ဘာသာရေး အကြောင်းပြလိုက်...
    နိုင်ငံရေး အကြောင်းပြလိုက်...
    လူမျိုးရေး အကြောင်းပြလိုက်နဲ့ ...
    နောက်ဆုံးတော့ ကလေးသူငယ်တွေနဲ့  မိခင်တွေပဲ တစာခံဖြစ်ကြရတာမဟုတ်လား...

    ReplyDelete
  5. တယ် သွေးဆာတာကိုး။ ကျုပ်တို့ တိုင်းပြည်မှာလည်း ဒီ့ တိုင်းပါပဲ။ အတူတူနဲ့ အနူနူ အရာကြီးနဲ့ ဘာဘူ။

    ReplyDelete
  6. တရားနဲ့ ဓား
    အား နှစ်အားတွင်
    တရားကို ချစ်
    ဓားကို ပစ်အံ့
    စစ်ကို ငါတို့ မုန်းပါသည်။

    အမ အဖေရေးတဲ့ ကဗျာလေး လာမျှတာပါ။

    ReplyDelete
  7. ဟုတ်တယ် စစ် ဆိုတာမကောင်းလို့ ရေတောင် စစ်မသောက်ဘူး ဆရာရေ ယုံလားတော့မသိဘူး :P

    ReplyDelete
  8. ... ....
    ပန်းပွင့်တွေ ဆုတောင်းနေ
    ... ....
    ကျေးငှက်တို့ တေးဆိုနေ

    ဟေးလား မိတ်ဆွေတို့ ရေ
    ကလေးငယ်များ ပျော်ပါစေ

    ဟေးလား မိတ်ဆွေတို့ ရေ
    မိခင်များ ပျော်ပါစေ

    တို့ ချစ်တဲ့ ကမ္ဘာကြီး ကျမ်းမာပါစေ

    ReplyDelete
  9. ကိုဘွိုဇ် စေတနာကို လေးစားပါတယ်။

    ReplyDelete