Tuesday, April 21, 2009

Susan Boyle ကို ယှဉ်မည့်သူလော။

ဒီဂိုလာကတော့ ဆူဆန်ဘွိုက်ဇ် ဆိုပြီး လုပ်စားသွားတယ်။
ဘလော့ပို့စ် အသက် တစ်မနက် တောင် မခံဘူး။ တစ်ညတောင် မခံဘူးပဲ...။
တာရှည် မခံဘူးပေါ့လေ...။ ချက်ချင်းကို သူ့ကိုယှဉ်နိုင်တဲ့သူ ပေါ်လာတော့တာပဲ...။
ရေပွက်ပမာ ဆိုတာ ဒါကို ခေါ်လေသလားလို့ မှားတောင် ထင်မိတယ်။
ရေပွက်ပမာ ဘလော့ဂ်ပို့စ်စာ ဆိုပြီး စကားပုံထွင်မိရင် အပြစ်တင်ကြမလားကွယ်...။
သိကြတဲ့ အတိုင်းပဲ Susan Boyle ဆိုတာ အသက် ၄၇ နှစ်အရွယ် အပျိုကြီး။
Britain Got Talent 2009 မှာ ပရိတ်သတ်ကြီးတွေကို မထင်မှတ်လောက်အောင် ဖမ်းစားနိုင်ခဲ့တဲ့သူ။
ဂန္တ၀င် သီချင်းခန့်ကြီးတွေကို ဆိုပြီး ပရိတ်သတ်ကို မှင်သက်စေခဲ့သူ။
ဒိုင်လူကြီး အမေရိကန်လူမျိုး အင်္ဂလန်နိုင်ငံသား ဆိုင်မွန်ကောင်းဝဲလ်ကတောင် သဘောကျလွန်းလို့ သူ့ကိုယ်ပိုင် ဓါတ်ပြားတိုက်ကနေ ဓါတ်ပြားထုတ်ရန် ကမ်းလှမ်းခံရသူ...။
စသဖြင့် စသဖြင့် ပေါ့လေ...။

ခုတော့ “ဗြိတိန်မှာ လူတော်တွေ ရှိတယ်။” မှာ ဆူဆန်ကို ယှဉ်နိုင်မယ့် သူ ထပ်ပေါ်လာပါပြီ။
အံ့သြစရာကောင်းတာကတော့ ဆူဆန်ပြိုင်ဖက်က ဆူဆန်နဲ့ အသက်ချင်း ယှဉ်လိုက်ရင် အတော့်ကို ကွာလှပါတယ်။
အခုမှ ၁၂ နှစ်သာ ရှိသေးတဲ့ Shaheen Jafargholi အမည်ရ ကလေးလေးပဲ ဖြစ်ပါတယ်။
မိုက်ကယ် ဂျက်ဆင် သီချင်းနဲ့ ၀င်ရောက် ဖျော်ဖြေသွားတာပါ။
အစပိုင်း သူရွေးချယ် သီဆိုတဲ့ Amy WineHouse ရဲ့ သီချင်း ဖြစ်တဲ့ "Valerie" ကို သီဆိုနေတုန်း တန်းလန်းမှာ ရုတ်တရက် ထပြီး ပြောလိုက်တဲ့ ဆိုင်မွန့်ကော်မန့်ကြောင့် ကောင်လေး ပြိုင်ပွဲက ထွက်လုနီးပါး ဖြစ်သွားတယ်။
(ထပ်ဖြည့်။ ။ ဆိုင်မွန်က ကောင်လေး ပထမသီချင်း ဆိုတာမှာ သူ့ရဲ့ ပင်ကိုယ် အရည်အချင်၊ အသံ မပေါ်လို့ နောက်တစ်ခြား သီချင်း တစ်ပုဒ် ပြောင်းဆိုခိုင်းတယ်လို့ ကော်မန့်မှာ second home က ရေးသားသွားပါတယ်။)
သို့ပေမယ့် ကောင်လေးက ချက်ချင်းပဲ မိုက်ကယ်ဂျက်ဆင် ငယ်စဉ်ကလေး ဘ၀က Jackson Five အဖွဲ့မှာ သီဆိုဖူးတဲ့ Smokey Robison ရေးစပ်သီကုံးတဲ့ "Who's Loving You" သီချင်းနဲ့ ဆက်လက် ယှဉ်ပြိုင်သီဆိုသွားပါတယ်။ ဆက်ပြီး ယှဉ်ပြိုင်ရာမှာ ကောင်းလွန်းလို့ ဒိုင်လူကြီး ၃ ယောက်စလုံး ထိုင်ရာကနေ မတ်တပ်ရပ် ဂုဏ်ပြု ချီးကျူးရတဲ့အထိ အဆိုကောင်းခဲ့ပါတယ်။



ကောင်လေး Vote ၃ ခုနဲ့ YES သုံးခုစလုံး ရသွားပြီး နောက်တစ်ဆင့် တက်လှမ်းသွားပါပြီ။
ကျန်တာကို ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားရအောင်လားဗျာ...။
သတင်းဌာနကနေ လွှင့်ထုတ်သွားတဲ့ အပိုင်းလေးကို အောက်မှာ ကြည့်ရှုကြပါ။



ယူထုမှာတော့ တိုက်ရိုက် Embedded လုပ်တာကို ပိတ်ထားတော့ ပြလို့ မရ ဖြစ်သွားတယ်။
သီချင်း အပြည့်အစုံ ဆိုထားတာကိုတော့ အောက်ကလင့်ခ်ကနေ သွားရောက် ကြည့်ရှုခံစားကြပါ။

http://www.youtube.com/watch?v=yVU4IkzMNIo

ကဲ.. ကောင်လေး တော်သလား.. မတော်ဘူးလား.. ဖြေဇမ်းဘာ........။

ထပ်ဖြည့် ။ ။ မ Second Home နဲ့ ကိုစတိဗ် တို့ရဲ့ Correction အရ ကိုဆိုင်မွန် အင်္ဂလန်နိုင်ငံသား ဖြစ်သွားပါပြီ။ ကျေးဇူးတင်ပါတယ်။

6 comments:

  1. တော်တယ်.. ဒါပေမဲ့ ပါးချိုင့်က ကိုဘလောက်မနက်ဘူး၊ ဒီတချက်နဲ့ပဲ ကိုဘကိုရှုံးတယ်။

    ReplyDelete
  2. နည်းနည်းလေး ၀င်ရှည်ပါရစေ။ ဆိုင်မွန်ကော်ဝဲလ်က အင်္ဂလိပ်လူမျိုး၊ အင်္ဂလန်ဇာတိပါ။ အမေရိက၊ အင်္ဂလန်နှစ်နေရာလုံးမှာ အလုပ်လုပ်နေတာပါ။
    ကောင်လေးက တော်ပါတယ်။ ဆိုင်မွန်က ပိုတော်တယ်။ သူ သီချင်း ပြောင်းဆိုခိုင်းလိုက်လို့  ကောင်လေးက နောက်တပုဒ်ပြောင်းဆိုတော့မှ အဆိုကောင်းမှန်း ပေါ်လာတာ။ ဆူဇန်ကိုတော့ ယှဉ်လို့  မရဘူးလို့  ထင်ပါတယ်။

    ReplyDelete
  3. Yes ,Simon is British. it's claimed that most powerful person in music industry while obama is most powerful person in politics.

    once simon shows green light, that singer will become millionaire.

    I still remember one time he said he never wears belt for good blood flow to lower part of body.

    ReplyDelete
  4. ဆိုင်မွန်က အလယ်မှာ ဘာထပြောလိုက်တာလဲဟင်... နားမလည်လိုက်လို့

    ReplyDelete
  5. **TZA** - မှန်တာတွေ မပြောရဘူးလေ။ တို့က ရှက်တတ်တယ်။

    **Second Home** - ဟုတ်..။ အစက သူ့ကို အမေရိကန်လို့ ထင်နေတာ။ ဗြိတိန်ကို ဧည့်သည် ဒိုင်အနေနဲ့ပဲ သွားတယ် ထင်နေတာ။ အမှန်ပြင်ပေးတဲ့ အတွက် ကျေးဇူးပါ။

    **Steve** - ကိုစတိဗ်ရေ။ ဆိုင်မွန်ကတော့ တစ်ခွန်းဆို တစ်ခွန်းပါပဲ။ သူကောင်းတယ် ပြောတဲ့သူသည် အနည်းနဲ့အများတော့ ပရိသတ်ဆီက မဲတွေ တော်တော်ရတယ်...။

    **သဉ္ဇာ** - Second Home ပြောသွားသလိုပဲ သူသီချင်းဆိုတာ သိပ်မပေါ်လို့ ဆိုင်မွန်က နောက်တစ်ပုဒ် ပြောင်းဆိုခိုင်းတာပါ။ အဲဒီမှာ ကောင်လေးရဲ့ အရည်အချင်း အစစ်အမှန်ကို သိမြင်ကြရတာပါ။ စက်ကဲန်းဟုမ်း ပြောသလို ဆိုင်မွန်တော်ပါတယ်။

    ReplyDelete
  6. TZA က ကိုဘ ပါးချိုင့်လေးကို ကြိတ်ကြွေနေတာကိုး.. ခွိ

    ReplyDelete