Wednesday, April 29, 2009

Swine Flu Outbreak

အခု စလုံး အစိုးရက ၀က်တုပ်ကွေးနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့ အဆင့် Yellow Alert အဆင့်အထိ သတ်မှတ်လိုက်ပါတယ်။ အစိမ်းကနေ အ၀ါရောင်ပေါ့နော်...။ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ လူနာ မရှိသေးပေမယ့် ကာကွယ်ထားတာပါတဲ့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မက်ကဆီကိုမှာ ဆယ်မီနာ တက်ပြီး ပြန်လာတဲ့ အမျိုးသမီး တစ်ယောက်ကို တုပ်ကွေး ကူးစက်ခံရတယ် သံသယ ဖြစ်ပြီး သီးသန့်ခန်းထဲ ပြုစုထားပါတယ်...။
နယူးဇီလန်မှာ စပြန့်နေပါပြီ။ သြစတေးလျလဲ ပါနေပါပြီ...။
စင်ကာပူလဲ လူဝင်လူထွက်များတော့ သတိထားနေကြပါ။ အအိပ်မှန် အစားမှန်အောင် လုပ်ကြပါ...။ ကိုယ်ခံအား ကောင်းအောင်နေကြပါလို့...။
သတင်း အကျယ်ကို ဒီမှာ နဲ့ ဒီမှာ သွားဖတ်ကြပါ...။

Update :
(SG STD 8:30 pm 290409)
အမေရိကားမှာ ပထမဆုံးသော ၀က်တုပ်ကွေး ကူးစက်ခံရတဲ့ ကလေး အသက်ဆုံးရှုံးသွားပါပြီ။ တက်ဆပ်စ် ပြည်နယ်က အသက် တစ်နှစ်နဲ့ ၁၁လ အရွယ် ကလေးတစ်ယောက် ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ ၆၄ ယောက် ရှိပါတယ်။ နယူးယောက်က ၄၅ ယောက် အပါအ၀င် ဖြစ်ပါတယ်။ မက္ကဆီကိုမှာတော့ လူပေါင်း ၁၅၉ ယောက်ကို ဇီဝန်ခြွေသွားပါပြီ။ နယူးယောက် မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ ရာပေါင်းများစွာသော ကလေးငယ်များဟာ ၀က်တုပ်ကွေးရောဂါ ကူးစက်မှုနဲ့ ဆေးရုံမှာ ကုသမှု ခံယူနေကြပါတယ်။ လက်ရှိ ရောဂါပိုး ကူးစက်မှု ရှိတယ်လို့ တရားဝင် သတင်း ထုတ်ပြန်တဲ့ နိုင်ငံများကတော့
၁။ အမေရိကား
၂။ မက္ကဆီကို
၃။ ကနေဒါ
၃။ အစ္စရေး
၎။ နယူးဇီလန်
၅။ စပိန်

စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အာရှမှာ အကူးစက်နိုင်ဆုံးက နိုင်ငံခြားသား ခရီးသည် အ၀င်အထွက်များတဲ့ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။

သတင်း အကျယ်ကို ဒီမှာ နဲ့ ဒီမှာ ဖတ်ကြပါ။

8 comments:

  1. ရှိရဲ့သားနဲ့ အကြောင်းမပြန်ဘူး။ မီးမြင့်နေပုံဘဲ။

    အအိပ်မှန်အစားမှန်အောင်ကတော့ကိုယ်ပြောသလိုသာ ကိုယ်ဖြစ်အောင်လုပ်ပါ။သူများကိုမပြောခင်။

    အကျယ်တော့မဖတ်တော့ဘူး.အကျဉ်းဘဲ။တော်ပြီ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ကိုဘ။ ဒီညကစပြီးစောစော အိပ်တော့မယ်။ ဘလော့မလည်တော့ဘူး။

    ReplyDelete
  3. ၀က်သားကို မစားရ မနေနိုင်၊ ကြံဖန်ပြီး အစားငန်းတဲ့ အန်ကယ်ဘွိုင်းဇ်တို့ပဲ သတိထားပါ။ သားတို့လို ဘီယာကို ခြိုးခြိုးခြံခြံ ကဇွန်းပလိန်းနဲ့ မြည်းပြီး သောက်တဲ့ သတ်သတ်လွတ် သူတော်ကောင်းတွေအတွက် ပူစရာမလို။ အားလုံး အေးဆေးပဲ။

    ReplyDelete
  4. SG STD 8:30 pm 290409
    အသက် တစ်နှစ်နဲ့ ၁၁လ
    ရောဂါကူးစက်ခံရသူ ၆၄ ယောက်
    နယူးယောက်က ၄၅ ယောက်
    မက္ကဆီကိုမှာတော့ လူပေါင်း ၁၅၉ ယောက
    ၁။ အမေရိကား
    ၂။ မက္ကဆီကို
    ၃။ ကနေဒါ
    ၃။ အစ္စရေး
    ၄။ နယူးဇီလန်
    ၅။ စပိန်

    ပြောချင်တာကတော့ သချာင်္သမားဘဲ။ ဂဏန်းသုံးတာ သိတ်များတယ်။ ဒေတာတွေ သုံးတတ်တယ်။ ဖဲမရိုက်တတ်ဘူးဆိုရင်တော့အံသြမိမှာဘဲ။

    ReplyDelete
  5. ဆက်ပြီး အံ့သြလိုက်ပါ...။
    ရှမ်းကိုးမီးတောင် အနိုင်နိုင်၊ တွမ်တီဝမ်းဆိုတာ ခုထိ သင်နေရတုန်း...။

    ReplyDelete
  6. တို့ ကဘယ်လိုသင် သင် မတတ်တာ။ အကန့်ပျက်နေတာတဲ့

    ReplyDelete
  7. အိမ်က မိန်းမက ဝက်သားဖြတ်ထားတယ်

    ReplyDelete
  8. အပြင်မှာဝက်သား ဝယ်စားပေါ့ကလူထွေး။
    ဟမ်.မိန်းမရှိသလား။

    စတိကတော့ အကန့်တင်မက..အားလုံးပျက်နေတာထင်တာဘဲ။

    ReplyDelete