Monday, November 3, 2008

ရပ်ကွက်ထဲမှာဗျာ...။

အေးဗျာ...။
ခင်ဗျားတို့ပြောတော့ ကျွန်တော်တို့ မြို့ကလေးမှာတုန်းက အရူးတွေကြားမှာ နေရတာကို ပြန်သတိရမိသေး...။
အဲဒီအရူးဟာဖြင့် ကျွန်တော်ငယ်ငယ်လေးကတည်းက လမ်းသလားနေတာ ခုထိ မာမာချာချာ ရှိတုန်း...။
ပါးစပ်ကလဲ ပွစိပွစိနဲ့ ...။ သူစိတ်တိုလာပြီဆို (မရိုမသေဗျာ) မလုံမလဲဝတ်ထားတဲ့ ထမီကို လှန်ပြီး ပုတ် ပုတ်ပြတယ်...။ ပါးစပ်ကလဲ ပတ်... ပိန် ဆိုပြိး အော်...။
ဘာအဓိပါယ်လဲ ဆိုတာတော့ သူမှ သိတာဗျ...။
သူ့ကို ပတ်ပိန် အရူးမလို့ ခေါ်တယ်...။
ရေဆို တစ်ခါမှ မချိုးဘူး...။ သူ့အနား ရောက်သွားရင် နံသလား မမေးနဲ့...။
တစ်ခါသားမယ် သူ့ကို ဘယ်က အဖွဲ့ကလဲ မသိဘူး... ဖမ်းချုပ်ပြီး ရေချိုးပေးတာ တွေ့ဖူးတယ်...။
ကျွန်တော်တို့ အိမ်ရဲ့ မျက်နှာချင်းဆိုင်မှာ စတည်းချလေ့ရှိတယ်...။
အတော့ကို ချမ်းတဲ့ ကျွန်တော်တို့ မြို့ကလေးမှာ သူနှစ်စဉ်နှစ်တိုင်း အချမ်းဒဏ်ကို တွန်းလှန်ခဲ့သလဲ ဘယ်သူမှ မသိဘူး...။

သူရူးရတဲ့ အကြောင်းရင်းကို ဘယ်သူမှ ဂဃနဏ မသိကြဘူး...။
မွေးခါစ ကလေး သေသွားလို့ သွေးနုနု သားနုနုနဲ့ စိတ်ချောက်ချားသွားμ ရူးတယ် ပြောလိုပြောရဲ့...။
သူဌေးသမီးတဲ့... သူ့ယောက်ျား ကားမှောက်သေသွားလို့ ရူးသွားတာတဲ့...။
သူ့မိသားစုက အရူးဆိုပြီး ကြဉ်ထားတာတဲ့...။ သို့ပေမဲ့ စားစရာ သောက်စရာလေးများ လာလာပေးတတ်တယ်တဲ့...။

မြို့ကလေးကို ဗွီအိုင်ပီတွေ လာပြီဆို ရှိရှိသမျှ အရူးတွေက ဆိုင်ရာက လိုက်ဖမ်းပြီး အချုပ်ထဲ ထည့်သိပ်ကြတယ်...။
အဲဒီအချိန်ဆို ခွေးတွေက တစ်စီစီ၊ အရူးတွေက ထွက်ပြေး၊ လိုက်ဖမ်းတဲ့သူကလိုက်ဖမ်းနဲ့... လမ်းပေါ်မှာ ဆူညံပွက်လောရိုက်လို့ပေါ့...။
နောက်တစ်ပါတ်လောက် ကြာရင် ပြန်လွှတ်ပေးတယ်...။ ဆံပင်တွေ ကိုက်ပေးတာပေါ့...။ ညှပ်ပေးတာ မဟုတ်ဘူးနော်...။
ကတ်ကြေးနဲ့ ကိုက်ပေးတာ...။
ပုံမကျ ပန်းမကျနဲ့...။

သူလဲ တစ်ခါတစ်လေ မြို့ကလေး ဘေးပတ်လည်က အမူးသမား များနဲ့ တိုးမိရင် မချောင်ချေဘူး...။
လူစိတ်မရှိဘူး ပြောရမယ်...။
အရူးတောင် မရှောင် အုပ်စုလိုက် မုဒိမ်းကျင့်ကြတယ်...။
မိုးလင်းတော့ အဲဒီ အရူးမက ဈေးရှေ့မှာ ငိုပြီးတော့ အမူးသမားတွေကို ထိုင်ဆဲနေတာ ပက်ပက်စက်စက်ပဲ...။
သူပြောတာတွေကို ကြားမိမှ လူတွေက သွားတိုင်ကြတာ...။
အကုန်မိကုန်ရောတဲ့...။
၇ နှစ်ယောက်တောင် လို့ ကြားတယ်...။ (အဲဒီနောက်ပိုင်း အစိမ်းရောင် ၀တ်တဲ့သူတွေမြင်ရင် သူဆဲပြီး ထွက်ပြေးနေတော့တာပဲ...။)

အဲဒီ အမူးသမားတွေကတော့ နယ်ခံ မဟုတ်တာသေချာတယ်...။
ဘာလို့လဲဆိုတော့ ဒီဒေသ နယ်ခံကလူတွေက ဒီအရူးနဲ့ နေ့တိုင်း တွေ့နေတော့ တစ်နည်းမဟုတ် တစ်နည်း သံယောဇဉ် ဖြစ်ကြတယ်...။
အရူးမ နေမကောင်းဖြစ်ရင် ဆေးတွေ ၀ယ်ပေး၊ အစားအသောက်တွေ ၀ယ်ပေးနဲ့...။
အရူးမကလဲ သူ့ကို သနားတဲ့သူတွေက အိမ်ခေါ်ထားရင် ဘယ်တော့မှ တစ်ရက်ထက်ပို မနေဘူး...။
ထွက်ပြေးတယ်...။
လမ်းပေါ်မှာပဲ ပြန်နေတယ်...။

နောက်တော့လဲ ကိုဂျေ့ အရူးမလိုပဲ သားကြောဖြတ်ပေးလိုက်ရတယ်...။
တစ်လောက မြို့က ပြန်လာတဲ့ အသိတစ်ယောက်ကို ဘာရယ် မဟုတ် စကားစပ်လို့ မေးကြည့်တော့ ခုထိ မာမာချာချာ ရှိတုန်းပဲတဲ့...။
တစ်ခါက ရပ်ကွက်ထဲမှာပေါ့ဗျာ...။

5 comments:

  1. နားထောင်သွားပါသည်။

    (လက်ရည်ပိုတက်လာသည် ။ နေ့တိုင်းသွေးရွေ့ဖြစ်မည်။)

    ReplyDelete
  2. အမှားပြင်ဆင်ချက်။ ။

    အထက်ပါကော်မန့်မှ ရွေ့ အစား ၍ ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် အန်တီဂွိ ခေါ် အမ်းမား ခေါ် ဆားပုလင်းနှင်းမယ် ကိုယ်စား တောင်းပန်လိုက်ရပါသည်။

    --
    နေပါအုန်း၊ အဲဒီအရူးမ သားကြောဖြတ်တာတော့ မကြားဖူးပါဘူး၊ ကိုဘွိုက်ဇ် သတင်းစုံတယ်၊ ဆလု။

    အထက်ပါ ကော်မန့်မှာ ကျွန်ုပ်၏ကိုယ်ပိုင်ကော်မန့်ဖြစ်ပြီး တိုက်ပို မပါရှိကြောင်း အာမခံပါသည်။

    ReplyDelete
  3. သနားစရာအရူးမလေးပါလားကွယ်..(အတည်ပြောတာနော်..)
    ထောင် ၇ နှစ်ကျတဲ့ အမူးသမားနဲ့..အရူးမက အစိမ်းဝတ်မြင်ရင်ဆဲပြီး ထွက်ပြေးတာနဲ့ ဘယ်လိုပတ်သက်ပါသနည်း။(ဒါလည်းအတည် မသိတာပဲ..ဖြေဆို၍ မရသောမေးခွန်းဖြစ်ပါက မဖြေပါနှင့်)..
    ဖတ်လို့ကောင်းသော်လည်းစိတ်မကောင်းပါ....

    ReplyDelete
  4. - အမ်းမား ကျေးဇူးတင်ပါသည်။
    - မကြည့်ရက်သူများက ဖြတ်ပေးလိုက်ပါသည်ဟု ဆိုပါသည် ကိုတီဇက်အေ...။ (နို့မို့ တောင်းနဲ့ လိုက်ကောက်နေရမှာ...။)
    - ဆင်ဒဏ်လား - ဖြေဆို၍ မရသော မေးခွန်းဖြစ်ပါသဖြင့် စာမေးပွဲ ကျသွားပါသည်...။

    ReplyDelete
  5. တီဇက်အေ….. မှားတယ်။ ဆယ်ပြားပြန်လျော်။ “နေပါအုန်း” လို့မရေးရ။ “နေပါဦး” ဟု ရေးရမည်။ ရေးတော့အမှန်၊ ဖတ်တော့အသံ။ ညှင်းညှင်းညှင်းညှင်း….

    ပုံ-မှော်ပီဆရာပေါ။

    ReplyDelete