- Apple က အရာရှိကြီး Steve Jobs တစ်ယောက် အသည်းအစားထိုး ကုသမှုနဲ့ ဆေးခွင့် ၆လ နားရာကနေ ဒီတနင်္လာနေ့က စပြီး လုပ်ငန်းခွင်ကို ပြန်လည် ၀င်ရောက်လာပါပြီ။ စတိ တစ်ယောက် ဖျားနာနေတုန်းက အကြောင်းရင်း အမှန်ကို ရှယ်ယာဝင်များထံ တရားဝင်အကြောင်း ပြန်ကြားမှုတွေ မလုပ်ခဲ့လို့ Apple ကို အပြစ်တင်နေကြပါတယ်။ စတိရဲ့ ကျန်းမာရေးဆိုင်ရာ ကုသချက်တွေကို ဖုံးကွယ်ပေးခဲ့တဲ့ ဆေးရုံကိုလဲ မီဒီယာက အပြစ်ဖို့ကြပါတယ်။
- ဒုတိယမျိုးဆက် iPhone မှာ အရင်တုန်းက ဓါတ်ပုံ၊ ဗွီဒီယိုများ ပေးပို့နိုင်တဲ့ MMS မပါပါဘူး။ Apple က OS3.0 ဆိုတဲ့ ဆော့ဖ်ဝဲကို လွင့်တင်လိုက်တဲ့ အခါမှာ Hacker များက JailBreak လုပ်ဖို့ ကြိုးစားရင်းနဲ့ အဆိုပါ ဒုတိယ မျိုးဆက် iPhone 3G မှာ MMS ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ Apple အရင်က ပြောခဲ့တဲ့ MMS ကို Hardware Radio Function ကြောင့် ထည့်လို့ မဖြစ်ဘူးဆိုတာ စားသုံးသူကို လိမ်ညာတာလားလို့ မေးခွန်း အထုတ်ခံနေရပါတယ်။
- ဈေးကွက်ထဲကို ရောက်ရှိပြီး တစ်ပတ်တောင် မကြာသေးခင်မှာပဲ တတိယ မျိုးဆက်သစ် iPhone 3GS ဟာ Overheat လို့ ဆိုရမယ့် အပူချိန် လွန်ကဲမှု ပြဿနာကို ကြုံတွေ့နေရပါတယ်။ ပထမဆုံး သတိပြုမိတာကတော့ PCWorld က IT Journalist တစ်ယောက်ပါပဲ။ သူက သာမာန် သီချင်းနားထောင်တာနဲ့ အင်တာနက်ကို သုံးနေတုန်းမှာ ဖုန်းက ပူခြစ်လာတာကို သတိပြုမိတာပါ။ အခု နောက်ဆုံးကတော့ ပြင်သစ်မှာ အဲဒီဖုန်းကို သုံးနေတဲ့ သူတစ်ယောက်က ခေါင်းအုံးအောက်မှာ ထားပြီး သီချင်းနားထောင်နေတုန်းမှာ ပုခုံးကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရလို့ သတိပြုမိတာပါ။ ဖုန်းအဖြူရောင်ဟာ လွန်ကဲတဲ့ အပူရှိန်ကြောင့် ပန်းရောင်ဖျော့ဖျော့နဲ့ လိမ္မော်ရောင် အဖြစ်ကို ပြောင်းသွားပါတယ်။ iPhone 3GS မော်ဒယ် အသစ်ကို သုံးစွဲသူများ သတိချပ်သင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Apple က အခုထိ တစ်စုံတစ်ရာသော ဖြေရှင်းချက်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စားသုံးသူ တစ်ချို့ကတော့ အဆိုပါ ပြစ်ချက်များပါတဲ့ ဖုန်းကို ဈေးကွက်ထဲက ပြန်ရုပ်သိမ်းလေမလား လို့ စောင့်မျှော်နေကြပါတယ်။
- iPhone 3GS မှာအရင် မော်ဒယ်အဟောင်းက ပြဿနာတွေ ပြေလည်ခြင်း မရှိသေးပါဘူး။ ဖုန်းပြောပြီးနောက်ပိုင်း ဖုန်းကြောင်လို့ စက်ကို ပိတ်မရတာတို့၊ ဖုန်းချလို့ မရတာတို့ ခုထိ မပြေလည်သေးပါဘူး။ အကောင်းဆုံး အကြံပြုချက်ကတော့ ဖုန်းကို Reset ချလိုက်ဖို့ပါပဲ။ နောက်ပြစ်ချက်တစ်ခုကတော့ Apple က မိတ်ဆက်ပေးခဲ့တဲ့ OS 3.0 ဆော့ဖ်ဝဲကို ဆွဲချ အသုံးပြုခဲ့တဲ့ မျိုးဆက်ဟောင်း ဒုတိယ မျိုးဆက် iPhone 3G တွေမှာ ဘက်ထရီတွေ သိသိသာသာ အကုန်မြန်တာကို တွေ့နေရပါတယ်။
- PSP ဂိမ်းကိရိယာကို ထုတ်လုပ်တဲ့ ဆိုနီအနေနဲ့ အဆိုပါ PSP များကို ဖုန်းအနေနဲ့ ထုတ်လုပ်နိုင်ခြေ ရှိတယ်လို့ ကောလဟလများ ထွက်ရှိနေပါတယ်။ ဆိုနီက အဲရစ်ဆန် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆိုနီအဲရစ်ဆန် ဖုန်းများ ထုတ်လုပ်ရာမှာ Display ကို အကြီးဆုံး ၂.၈ လက်မ သာ ထုတ်လုပ်ခဲ့ပါတယ်။ ဆိုနီ ပရိသတ်များအနေနဲ့ အိုင်ဖုန်းလို မျက်နှာပြင် အကြီးစား (320 x 240) ဖုန်းများကို ဆိုနီကနေ ထုတ်လုပ်ပေးဖို့ အာသီသ ရှိတာ မဆန်းပါဘူး။ အခု PSP များဟာ (480x272) အရွယ်အစား မျက်နှာပြင် ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
- ဥရောပ ဘုံဈေးများ နိုင်ငံတွေက Universal Phone Charger Standard ကို သဘောတူညီလိုက်ပါပြီ။ ဒီ သဘောတူညီချက်ကြောင့် နောင် ၂၀၁၁ မှာ ထုတ်လုပ်တဲ့ ဖုန်းအားလုံးသည် Charger တစ်ခုထဲနဲ့ အသုံးပြုနိုင်ပါပြီ။ အခု လောလောဆယ်မှာတော့ ဆိုနီ ချာဂျာကို နိုကီယာမှာ မသုံးနိုင်သလို ဆမ်ဆောင်းဖုန်းကို အယ်လ်ဂျီ ချာဂျာနဲ့ အားသွင်းနိုင်ခြင်း မရှိသေးပါဘူး။ နောင်ထုတ်လုပ်မယ့် ဖုန်းတွေမှာ ချာဂျင်လုပ်ဖို့ Port ကို အားလုံးက တစ်မျိုးတစ်စားတည်း ထုတ်လုပ်တော့မယ်လို့ သဘောတူညီလိုက်တာပါ။ ဖုန်းကုမ္ပဏီများက ပူးပေါင်း ပါဝင်ဖို့ပဲ လိုတော့တယ်။
- မကြာတော့တဲ့ အချိန်မှာ ဈေးကွက်ထဲ ဖြန့်ချိမယ့် Windows 7 OS နဲ့ ပတ်သက်ပြီး အငြင်းပွားနေကြပါတယ်။ မိုက်ခရိုဆော့ဖ်က အဆိုပါ ဆော့ဖ်ဝဲကို ဈေးနှုန်းသတ်မှတ်ရာမှာ မြင့်မားလွန်းတယ်လို့ ဝေဖန်သံတွေ ထွက်နေပါတယ်။
- ဂျပန်နိုင်ငံ တိုယာတာ သုတေသန ဌာနကနေပြီးတော့ ဘီးတပ်ကုလားထိုင်ကို လူ့ဦးနှောက်ရဲ့ အတွေးနဲ့ စေစားခိုင်းစေနိုင်မယ့် စံနစ်ကို အောင်မြင်စွာ တီထွင်လိုက်နိုင်ပြီလို့ သတင်းများက ဆိုပါတယ်။
- မြောက်ကိုးရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး ကုမ္ပဏီက ဝန်ဆောင်မှုပေးနေတဲ့ 3G GSM ဖုန်းလုပ်ငန်းဟာ ယခုအခါ သုံးစွဲသူပေါင်း ၁၉၀၀၀ ကျော် ရှိသွားပါပြီ။ ပထမ သုံးလပတ်မှာ အမြတ်ငွေ အမေရိကန် ဒေါ်လာ ၃၂၁,၀၀၀ ရရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
- Palm Pre ရဲ့ အွန်လိုင်းဆိုင်က ဆော့ဖ်ဝဲကို Download လုပ်သူ လူဦးရေ တစ်မီလီယံ ကျော်သွားပါပြီ။
Tuesday, June 30, 2009
IT News (300609)
ရေးသားသူ Ko Boyz at 10:11 AM 11 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Monday, June 29, 2009
ကမ္ဘာတစ်လွား သတင်းတိုထွာများ (News in Brief 290609)
- America က ကော်လိုရာဒို အခြေစိုက် အမဲသား ထုတ်လုပ်ရေး ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ အမဲသား စားသုံးမိပြီး ၁၈ ယောက် ဖျားနာနေပါတယ်။ E.coli O157:H7 bacteria နဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆပြီး အဆိုပါ အမဲသားတွေ ဈေးကွက်က ပြန်လည်ရုပ်သိမ်းနေပါတယ်။ အမရိကန်နိုင်ငံမှာ နေထိုင်သူများ သတိထားကြပါ။ အကျယ်ကို ဒီမှာ ရှုပါ။
- ဗုဒ္ဓဟူးနေ့မှာ ရုံတင်ခဲ့တဲ့ Transformer 2 ဇာတ်ကားဟာ ပြီးခဲ့တနင်္ဂနွေနေ့ညမှာ စုစုပေါင်း ငါးရက်စာ ရုံဝင်ခ ဒေါ်လာ ၂၀၁.၈ မီလီယံနဲ့ ငါးရက်တာ ၀င်ငွေ အကောင်းဆုံး ဒုတိယဆုကို ပထမနေရာက Dark Knights ရုပ်ရှင်နောက်မှာ ရပ်တည်နေပါတယ်။ ဆက်လက်ပြီးတော့ ရုံဝင်ငွေတွေ သဲ့ယူနေလိမ့်မယ်လို့ ယူဆရပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
- အစိုးရက အပြင်းအထန် ဖိနှိပ်နေတဲ့ အီရန် ဆန္ဒပြပွဲ ဒုတိယအကျော့ အပြီးမှာ တီဟီရန်က ဗြိတိသျှ သံရုံးမှာ အလုပ်လုပ်နေတဲ့ ဒေသဆိုင်ရာ ၀န်ထမ်းများ ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်ကနေပြီးတော့ အဆိုပါ ဖမ်းဆီးထားခြင်းကို ချက်ခြင်း ရှုတ်ချလိုက်ပြီး အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ကို တောင်းဆိုလိုက်ပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
- ရင်းနှီးမြုပ်နှံသူများရဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ သန်းကြွယ်သူဌေး Bernard Madoff ရဲ့ အမှုကို စစ်ဆေးနေပါတယ်။ သူကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
- ကမ္ဘောဒီးယား ပြည်တွင်းစစ်တုန်းက ခမာနီ အစိုးရဲ့ S21 လို့ သိကြတဲ့ အကျဉ်းစခန်းမှာ လူပေါင်း ၁၅၀၀၀ ကျော်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီထဲကမှ ၇ ယောက်လောက်သာ သက်ရှိထင်ရှား ကျန်နေပါတယ်။ သူကတော့ ထိန်းသိမ်းရေး စခန်းက အရာရှိ ဖြစ်ပါတယ်။ သူ့အနေနဲ့ အပြစ်မရှိကြောင်း လျှောက်လဲချက်ကို စတင်ပါတော့မယ်။ အကျယ်ကို ဒီမှာ ရှုပါ။
- ဘရာဇီးလ်နိုင်ငံမှာ ပထမဦးဆုံးသော ၀က်တုပ်ကွေး လူနာသေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။ ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့ သောကြာနေ့က ပထမဦးဆုံးသော ၀က်တုပ်ကွေးဆိုင်ရာ ဖိတ်စင်မှု ဖြစ်ခဲ့ပါသေးတယ်။
- Confederation Cup မှာ ဖိုင်နယ် တက်သွားတဲ့ အသင်းနှစ်သင်းကတော့ ဘရာဇီး နဲ့ USA အသင်း ဖြစ်ပါတယ်။ အမေရိကန်တွေဟာ ဘောလုံး အားကစားမှာ သိပ်ပြီးတော့ ထွန်းထွန်းတောက်တောက် မရှိပါဘူး။ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ Rugby လိုမျိုး အမေရိကန်ဘော်လုံး အားကစားနည်းမှာသာ သူတို့ စိတ်ဝင်စားကြတာပါ။ အခုတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ တစ်ခြားသော နာမည်ကြီး အသင်းများကို ကျော်ဖြတ်က ဖိုင်နယ်သို့ တက်လှမ်းခဲ့ပါတယ်။ နာမည်ကြီး ဘရာဇီး အသင်းနဲ့ ကစားရမှာပါ။ အကျယ်ကို ဒီမှာ ရှုပါ။ (America က ဂိုးသမားကတော့ အင်္ဂလိပ် ပရီမီယားလိဂ်မှာ ကစားဖူးတဲ့ နာမည်ကြီး Tim Howard ဖြစ်ပါတယ်။)
- အိုင်ဖုန်း ချစ်သူများ ကသိကအောက် ဖြစ်နိုင်တဲ့ သတင်း တစ်ပုဒ်ပါ။ လက်ရှိရောင်းချနေတဲ့ မော်ဒယ် အသစ် ဖြစ်တဲ့ iPhone 3GS ဟာ အခုအခါ ဈေးကွက်ထဲက ပြတ်လုနီးပါး ဖြစ်နေပါတယ်။ တစ်ချို့ကတော့ ဒါဟာ Apple ရဲ့ ဈေးကွက်ပိုင်းဆိုင်ရာ လှည့်ကွက် ဗျူဟာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပစ္စည်းတွေ ပြတ်နေတော့ ရောင်းအားကောင်းနေတယ်။ လူတွေကို အမြန်အဆန် ၀ယ်ချင်စိတ် တိုးလာအောင် ဆွပေးနေတယ်လို့ ယူဆကြပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
- ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် သေဆုံးရခြင်း ရဲ့ အကြောင်းရင်းကို ခုထိ ကောက်ချက် မချရသေးပါဘူး။ ဆရာဝန်ရဲ့ရှေ့နေပြောကြားတာကတော့ သူ့ဆရာဝန်သည် မိုက်ကယ်ကို Demerol ဆိုတဲ့ ဆေး မပေးခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
- ဟွန်ဒူးရပ်စ်နိုင်ငံမှာ သမ္မတကို လူထုအားနဲ့ ဖြုတ်ချခဲ့ပြီးနောက် အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်နေပါတယ်။ သမ္မတကတော့ သူ့ကို ဖမ်းဆီးပြီး ဖြုတ်ချတာ ဖြစ်လို့ သမ္မတ အဖြစ်ကနေ နှုတ်ထွက်မပေးနိုင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ ဟွန်ဒူးရပ်စ်မှာ အခုအခါ ကာဖျူး အမိန့် ထုတ်ပြန်ထားပါတယ်။ အကျယ်ကို ဒီမှာ ရှုပါ။
ရေးသားသူ Ko Boyz at 11:04 AM 17 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: news
စားဖြစ်တဲ့ ညနေစာလေး။
သေးငယ်တဲ့ ကမ္ဘာပိုင်ရှင်က ပြုစုလို့ ဒီနေ့ ညနေစာ ဟန်ကျသွားတယ်။
Golden Miles က Din Deang Lea Lurk ဆိုလား။ စားနေကျ ဆိုင်လေးပါ။
ဗိုက်ကို ဖေါင်းကားသွားတာပဲ။
စားဖြစ်တာလေးတွေကတော့ အောက်မှာ ပုံလေးတွေနဲ့...။
၁။ ကိုက်လန် ၀က်ခေါက်ကြော်
၂။ မပါမဖြစ် ပင်လယ်စာ တုံယမ်း
၃။ သဘောင်္သီးထောင်း (လယ်ပုစွန်လုံး)
၎။ ကြက်အရေခွံကြော်
၅။ ဖားကြက်သွန်ကြော်
၆။ ၀က်သားပြုတ်သုပ် (ဆန်လှော်ထည့်) (ဒါ့ပုံ ရှာမတွေ့လို့ မထည့်လိုက်ရတော့ဘူး)
၇။ ပုဇွန်အစိမ်းသုပ်
သရက်သီး ဖျော်ရည် နှစ်ခွက်ဆင့် သောက်ခဲ့တယ်။ စပ်လွန်းလို့...
(ပို့စ်အသစ် မတင်ဖြစ်၊ ပုံတွေနဲ့ ဆားချက်တယ်။)
ရေးသားသူ Ko Boyz at 12:54 AM 22 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Friday, June 26, 2009
ကြွေလွင့်သွားတဲ့ ကြယ်နှစ်ပွင့်
မနေ့က ကြာသပတေးနေ့ (၂၀၀၉ ဇွန်လ ၂၅ ရက်) မှာ ကမ္ဘာကျော် လူသိထင်ရှားတဲ့ အနုပညာရှင်နှစ်ဦး ကွယ်လွန်သွားပါတယ်။
မရှေးမနှောင်း တစ်ရက်ထဲမှာပဲ နောက်တစ်ယောက် လူသိများတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါးပြန်ပါတယ်။ နှလုံးရောဂါကြောင့်လို့ ဆိုပါတယ်။ ပေါ့ပ်အဆိုတော့ မိုက်ကယ်ဂျက်ဆင်ပါ။ မိုက်ကယ်ဟာ ကျန်းမာရေး အခြေအနေကြောင့် တစ်ချို့သော concert များကို တင်ကြို အကြောင်းကြားခြင်း မရှိပဲ ဖျက်လိုက်လို့ သူနဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ အမှု ဖြစ်လိုက်သေးတယ်။ မိုက်ကယ်ဟာ အသားအရေ လှပစေချင်လွန်းလို့ ခွဲစိတ်မှုတွေ အလီလီ လုပ်ခဲ့သလို Treatment အမျိုးမျိုးကိုလဲ လုပ်ခဲ့ပါသေးတယ်။ ကလေးတွေကို ချစ်တတ်တယ်လို့ နာမည်ကြီးသလို ကလေးတွေကို မတော်တရား ကျင့်တယ်ဆိုပြီး အမှုအခင်းတွေလဲ ဖြစ်ခဲ့ပါသေးတယ်။ ကွယ်လွန်သူ နာမည်ကြီး အဆိုတော့ အဲလ်ဗစ် ပရက်စလေရဲ့ သမီး လီဆာ ပရက်စလေနဲ့ လက်ထပ်ခဲ့သေးသော်လည်း လမ်းခွဲခဲ့ကြပါတယ်။ နောက်တော့ နပ်စ်မ တစ်ယောက်နဲ့ ကလေးမွေးတယ်လို့ ဆိုပြန်တယ်။ မွေးကာစကလေးလေးကို ပြတင်းပေါက်ကနေ တိုက်အောက်က ပရိတ်သတ်ကို လက်တစ်ဖက်တည်းနဲ့ ကိုင်မြောက်ပြလို့ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေး အဖွဲ့က တရားစွဲတာလဲ ခံရပါတယ်။ သူ့ဘ၀မှာ သူတစ်ခုခု လုပ်လိုက်တိုင်း ဟိုးလေးတစ်ကြော် ဖြစ်သွားတာချည်းပါပဲ။ ကလေးတွေ အတွက် နဲဗားလဲန်းကို သူ့ခြံထဲမှာ ဆောက်ပေးတယ်။ ကလေးတွေကို ဖိတ်ပြီး သူကိုယ်တိုင် လိုက်ကစားတယ်။ ကမ္ဘာကြီးအတွက် ကောင်းကျိုးကိုလဲ သူလုပ်ပေးခဲ့သေးတယ်။ သူသီဆိုခဲ့တဲ့ သီချင်းတွေထဲက အာဖရိက အငတ်ဘေးကို ကူညီဖို့အတွက် နိုင်ငံတစ်ကာက အဆိုတော်တွေ ပါတဲ့ We are the World ဆိုတဲ့ သီချင်း၊ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုပြီး ဆိုတဲ့ Heal The World ဆိုတဲ့ သီချင်းတွေဟာ အခုထိ လူသိများနေတုန်းပါပဲ။
သူဟာ Moon Walk အက ကို Thriller အခွေထဲမှာ စတင် မိတ်ဆက်ပေးပြီး ကမ္ဘာ့လူငယ်ထုကို ဘရိတ်ဒန့်စ် ဆိုတဲ့ အကကို မိတ်ဆက်ပေးခဲ့တယ်။ သီချင်းတွေ ထုတ်လုပ် သီဆိုခဲ့ပြီး ပလက်တီနမ် ဓါတ်ပြားဆု ပေါင်းများစွာကို ဆွတ်ခူးခဲ့ပါတယ်။
သူ့ရဲ့ အထင်ကရ အရှိဆုံး ကမ္ဘာလှည့် စတိတ်ရှိုးကတော့ Dangerous World Tour အမည်ရတဲ့ ခရီးစဉ် ဖြစ်ပါတယ် ၁၉၉၂ ၀န်းကျင်က လှည့်လည် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
မနေ့က သူငှားရမ်းနေတထိုင်တဲ့ Bel Air မှာ သူ့ကို သတိလစ်နေတာ တွေ့ရပါတယ်။ ၆ မိနစ်သာ မောင်းရတဲ့ ဆေးရုံကို သယ်သွားပြီး လိုအပ်တဲ့ CPR စတာတွေကို လုပ်အပြီးမှာ သူ့ကို ကယ်တင်နိုင်ခြင်း မရှိပဲ ဆုံးပါးသွားပြီလို့ ကြေငြာလိုက်ရပါတယ်။ အကျယ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ Wiki မှာတော့ သူ့ရဲ့ အကြောင်းကို ဒီလို ရေးထားပါတယ်။
ရေးသားသူ Ko Boyz at 11:09 AM 9 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: condolence, Miscellaneous
Thursday, June 25, 2009
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၄)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၃)
အဲဒီ ရန်ကင်းတောင်ကွေ့နား ရောက်တယ် ဆိုရင်ပဲ လူတွေ တော်တော် စည်ကားနေတာ တွေ့ရတယ်။ လိုင်းကားတွေလဲ အဲဒီမှာ ဂိတ်ထိုးထားတာ တွေ့တယ်။ မန်းလေးထဲ ပြန်သွားမယ့်ကားနဲ့၊ ရေကြည်ဘက်ကို သွားမယ့် ကားနဲ့၊ ဘုရားဖူးလာတဲ့ ကိုယ်ပိုင်ကားတွေနဲ့ စည်ကားနေပါကလား။ စီနီယာက ကားကို ခဏရပ်ခိုင်းပြီး ခရီးဆောင်သေတ္တာထဲက Sprite ဘူး တစ်လုံးကို ထုတ်လိုက်တယ်။ အဲဒီနောက် ထောင့်နားက စားသောက်ဆိုင်ကို ၀င်သွားတယ်။ သူဝင်တာနဲ့ ဆိုင်ထဲက “ဟေး” ကနဲ အော်သံတွေ ထွက်လာတယ်။ (နောက်မှ သိရတာက အဲဒီ Sprite ဘူးထဲမှာ ကျွန်တော်တို့ မြို့က ထွက်တဲ့ စပါး အရက် ပါတယ် ဆိုတာပဲ။ လေယာဉ်နဲ့ သယ်လို့ရလားဆိုတော့ လေဆိပ်က ကာစတန်တွေကို ဆရာတွေ ကန်တော့ရအောင် သယ်သွားမယ့် Sprite ဘူးတွေ ဆိုပြီး ပြောသယ်လာတာတဲ့။ အတုမြင် အတတ်သင် ဆိုတဲ့ အတိုင်း နောင်တော့ ကျွန်တော်လဲ စီနီယာ ခြေရာအတိုင်း ထပ်တူ နင်းနိုင်ခဲ့ပါတယ်။ တစ်ချို့နေရာဆို သူတို့ကိုတောင် ကျော်တက်သေးတာပေါ့) ဘူးကို ပေးပြီးတော့ သူ ပြန်ထွက်လာတယ်။ သူ့နောက်က သူ့သူငယ်ချင်း တစ်ယောက် လိုက်လာတယ်။ မိတ်ဆက်ပေးတယ်။ စီနီယာပါပဲ။ တစ်နယ်တစ်ကျေးမှာ အနေကြာတဲ့ တစ်မြို့တည်းသားချင်းပဲ။ ကျွန်တော့် အစ်ကိုနဲ့ ဘော်ဒါတွေ။
ကားကို ဆက်မောင်းခိုင်းတယ်။ ရန်ကင်းတောင်ကနေ ညာဘက်ကို ကွေ့သွားတဲ့ လမ်းအတိုင်း ချိုးသွားတာ။ ဟိုဘက် ဘယ်ဘက်ခြမ်းက တော့ တစ်ခြားရွာကို ရောက်တဲ့ လမ်း...။ ဘုရားရေ.. ခရီးက မဆုံးနိုင်သေးဘူး။ စားသောက်ဆိုင်တန်းတွေ ကျော်လာတော့ သိမ်တစ်ခုကို တွေ့တယ်။ သိမ်လား ဘာလားတော့ မသိဘူး။ အထဲမှာ ဇာတ်တိုက်နေတာ တွေ့ရတယ်။ ဆိုင်းတွေ နှဲတွေ ပုလွေတွေနဲ့။ လမ်းလေးက ကားတစ်စီးသာသာပဲ...။ ညာဘက်မှာတော့ ရန်ကင်းတောင်နဲ့ အပင်တွေ အုပ်ဆိုင်းနေတယ်။ ဘယ်ဘက်ကတော့သီးပင်စားပင်၊ ပန်းပင်များ ဝေေ၀ဆာဆာ စိုက်ထားတဲ့ ခြံတွေ...။ နွေနှောင်းရာသီမှာ ဒီလမ်းကို ဖြတ်သွားမိတိုင်း အေးစိမ့်နေတာပဲ။ အပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း ဆိုတော့ အေးစိမ့်တာ...။ ခဏနေတော့ ဘယ်ဘက်ကို ရုတ်တရက် ချိုးသွားတယ်။ ဒီအချိုးလေးက အတော် သတိထားရတယ်။ နောက်ပိုင်း မြို့ထဲ အသွားအပြန် လုပ်တိုင်း ဒီနေရာမှာ ဆိုင်ကယ်ကို မနည်း အရှိန်လျော့ရတယ်။ စပိဒ်နဲ့ မောင်းလာပြီး ဒီနေရာကျမှ ရုတ်တရက် ချိုးကွေ့သွားတာ။ အဲဒီ အကွေ့ကို လွန်တာနဲ့ ဆိတ်အုပ်တွေ၊ ဆိတ်ချေးနံ့၊ နွားချေးနံ့တွေ သင်းနေပါပြီ။ လမ်းပေါ်မှာ ဆိတ်နွား မစင်တွေ မနည်း ရှောင်ကွင်း သွားရတယ်။
အဲဒီရွာကလေးကို ကျော်လိုက်ရင် အထင်ကရ အပင်ကြီးကြီး သုံးလေးပင် တွေ့ရမယ်။ စီတန်းနေတာပဲ သိသာတယ်။ အဲဒီ အပင်နားမှာ ၉၇ တစ်ဝိုက်လောက်က ကျောင်းသားတွေကို ပစ္စည်းလုတာ ပြန်ခုခံလို့ လက်လွန်ရာက ကျောင်းသားတစ်ယောက် အသက် ဆုံးသွားတယ်။ အဲဒီ ကျောင်းသားကို အပင်ပေါ်ကနေ ကြိုးနဲ့ ဆွဲချိတ်ထားခဲ့တယ်လို့ ပါးစပ်ပြော ပုံပြင်တွေ ကြားဖူးခဲ့တယ်။ အရင်က အဲဒီနေရာတွေဟာ အလွန် အေးချမ်းပါတယ်။ မူးလို့ ပြန်လာလို့ လမ်းပေါ်မှာ မှောက်အိပ်လဲ ဘယ်သူက ဘာမှ လုပ်မသွားဘူး။ လမ်းနဲ့ မလွတ်လို့ လမ်းဘေးကို ရွှေ့တာလောက်ပဲ ရှိမယ်။
အဲဒီနေရာလေး မတိုင်ခင်မှာ ကျွန်တော် ပြောတဲ့ မြသီဒါ ပဲလှော်ဖိုနဲ့ ကျောင်းသားတွေ လာကွန်းခိုလေ့ရှိတဲ့ အိမ်ရှေ့မင်း ထန်းတောဆိုတာ ရှိတယ်။ ကျွန်တော်တို့ဆို ညနေတိုင်း လာလာသောက်နေကျ။ ကြွက်ကြော် နဲ့ ပဲလှော်ဝါးလိုက်... ထန်းရည်လေးကို အဖတ်လေးပါအောင် အုန်းမှုတ်ခွက်လေးနဲ့ ခပ်သောက်လိုက်၊ တစ်ကျိုက်ကျိုက်လိုက်နဲ့ ဇရက်မင်း၊ နတ်မင်း စည်းစိမ်များ အတော် ခံစားခဲ့တာကလား။ (ဂလု.. ရေးရင်းနဲ့ ပြန်သတိရလာပြီ....။) ကံကောင်းရင် ယုန်သား ဆီပြန်၊ မြွေသားဆီပြန်များ ရတတ်သဗျ။ လင်းမြွေသားဆို နူးအိနေတာ ကြက်သားနဲ့ မလဲနိုင်ဘူး။ ယုန်သားကျတော့ ချိုတာများ...။
အဲဒီကနေ နောက်ဆက်သွားတော့ တစ်ခေါ်သာသာလောက်မှာ ကျောင်းအ၀င်ဂိတ်ဝနားက တံတားကို ရောက်ပါတယ်။ အဲဒီ တံတားလေးက ရေနီမြောင်းလေးကို ဖြတ်ဆောက်ထားတာပါ။ အဲဒီနားမှာ ကုန်စုံဆိုင်လေးတွေ ရှိပါတယ်။ မန်းချယ်ရီသူလေးများ အပ်က အစ၊ သနပ်ခါးအလယ်၊ ငပိ အဆုံး လာဝယ်ကြတဲ့ ရိုးရာ ကုန်စုံဆိုင်လေးများ ပေါ့ဗျာ။ ကိုကိုကျောင်းသားများကလဲ အဲဒီ တံတားဘောင်ပေါ်မှာ ထိုင်ပြီး ဟန်ရေးပြကြတာပေါ့။ (နွားတွေ စားကျက်ထဲကနေ ရွာပြန်သွင်းတော့ ဖုန်တစ်လုံးလုံးထ၊ လောလောလတ်လတ် စွန့်သွားတဲ့ နွားချေးနံ့က တစ်သင်းသင်းနဲ့ ဘယ်လိုထိုင်နိုင်ကြတယ် ဆိုတာ အံ့သြ ကုန်နိုင်ဖွယ်ပဲ။ ကျွန်တော် အကောင်းစားလေးလဲ ပါတာပေါ့။) ရေတွေ ချိုးလာပြီး ဟန်ရေးပြသလောက် အပြန်ကျတော့လဲ နောက်တစ်ခါကို ပြန်ချိုးကြရတယ်။ ခေါင်းမှာတော့ ဖုန်တွေ အလိမ်းလိမ်းနဲ့ ပေါ့ဗျာ...။
ကဲ.. အမ်အိုင်တီ ကျောင်းက ဂိတ်ကတော့ ခန့်ခန့်ထည်ထည်ကြီးဗျာ...။ ကားလမ်းကို ပိတ်ထားတဲ့ “ရပ်” ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတဲ့ ဖြူနီဆေးချယ် ၀ါးလုံးတန်းက မိန့်မိန့်ကြီး တားထားတယ်။ အင်း... ကျောင်းသားမှန်း သိအောင် ဘာနဲ့ သက်သေပြမှာပါလိမ့်..။ အို မှတ်ပုံတင် ထုတ်ပြရမယ် ထင်တာပဲ ဆိုပြီး ကားရပ်တာနဲ့ အိတ်ထဲက မှတ်ပုံတင် ကို အဆင်သင့် ထုတ်ထားလိုက်တယ်။ စီနီယာ(၂) က ကားပေါ်က ဆင်းပြီး ဂိတ်က မှန်တံခါးကို တစ်ဘုန်းဘုန်း သွားထုနေတယ်။ ဒုက္ခပဲ မူးမူးနဲ့ ဘာတွေ သွားလုပ်တာလဲ မသိဘူး။ အဲဒီအချိန်မှာ ဂိတ်နောက်က တစ်ကုန်းကုန်းနဲ့ အသားညိုညို လူတစ်ယောက် ထွက်လာတယ်။ အိန္ဒိယသွေးနွယ်တယ် ထင်ပါရဲ့။ ကွမ်းတွေဝါးလို့ သွားတွေက ရဲနေတာပဲ။ “ဟာ ကိုစိုင်း ဘယ်တုန်းက ရောက်တာလဲ” ဆိုပြီး မေးတယ်။ စီနီယာ (၂) က “ဘာလဲဗျာ..။ ဘာလို့ ၀ါးလုံးတားထားတာလဲ မြန်မြန်ဖယ် အချိန်မရှိဘူး။ ” ဘာညာနဲ့ သဟောက်သဟမ်း လုပ်နေတယ်။ သူက ပြုံးဖြဲဖြဲနဲ့ ဘယ်က မောင်ကျောင်းသားတွေ လာနောက်တာလဲ မသိဘူး။ ၀ါးလုံးနား ခဲဆွဲထားတာ ဖြုတ်သွားတယ်ဗျာ ဆိုပြီး ၀ါးလုံးတန်းကို အပေါ်တင်လိုက်တယ်။ ကားက အဲဒီကနေ တစ်ဆင့် ကျောင်းထဲကို ၀င်လာပါတယ်။
ဟော... ကျောင်းကို ရောက်လာပါပြီဗျာ...။ လမ်းက ဖြူးနေတာပဲ။ ပြေပြေလေးနဲ့ အရှေ့ဘက်ကို တက်သွားတယ်။ ဂိတ်အ၀င်လမ်းအတိုင်း ဖြောင့်ဖြောင့်ဖြူးဖြူး တက်လိုက်ရင် မန်းချယ်ရီ အဆောင်ကို တန်းတန်းမတ်မတ် ရောက်တယ်။ လမ်းကတော့ ကျောက်နဲ့ ကတ္တရာနဲ့ ရောခင်းထားတာ။ ဘေးနား တစ်ဘက်တစ်ချက်ကတော့ အပင်သေးသေးလေးတွေ နဲ့ တစ်မျှော်တစ်ခေါ်ကြီးပေါ့လေ....။ တမာပင်တွေတဲ့...။ အဲဒီတုန်းက ကျောင်းတက်တဲ့သူတွေများ တမာရိပ်မှာ သွားခိုမယ် မကြံလေနဲ့...။ တမာပင်တွေက လူခါးတစ်ရပ်တောင် မရှိသေးဘူး။ ( ၂၀၀၂ နောက်ပိုင်း ကျောင်းရောက်သွားတော့ တမာတောအုပ်ကြီးကို ဖြစ်လို့။ လူဝင်သွားရင် မမြင်ရတော့ဘူး။ အတွဲတွေ သွားချိန်းလို့ အလွန်ကောင်းဆိုပဲ။ ဘာသွားလုပ်ကြတာလဲ မသိဘူး။ ကြည့်ရတာ ၀က်ခြံသွားညှစ်ပေးကြတယ် ထင်တာပဲ။ :P )
ကားလေး က တည့်တည့် ဆက်သွားပြီးနောက် ညာဘက်လမ်းလေးအတိုင်း ချိုးသွားပါတယ်။ ဒီလမ်းကတော့ ကတ္တရာလမ်း မဟုတ်ပဲ.. ကျောက်တွေ ခင်းထားတဲ့ လမ်းပါ။ ဒီလမ်းအတိုင်း စက်ဘီးနဲ့ ဖြတ်စီးလေတိုင်း ဘီးခဏခဏ ပေါက်တာပေါ့။ ပထမဆုံး T3-T4 ဆိုတဲ့ စာတမ်း ထိုးထားတဲ့ အဆောက်အအုံကို တွေ့ပါတယ်။ တတိယနှစ်နဲ့ စတုတ္ထနှစ် အတန်းများ စာသင်ကြားရာ အဆောင်လို့ ဆိုပါတယ်။ ရုပ်ရှင်ရုံ တည်ဆောက်ပံအတိုင်း အနောက်ဘက်က မြင့်ပြီး အရှေ့ဘက် ဆရာ စာသင်ရာ ကျောက်သင်ပုန်းကို တစ်တန်းခြင်း တစ်ဆင့်ခြင်း နိမ့်သွားတဲ့ စတိုင်ပါ။ T3-T4 ကို ကျော်ပြန်တော့ ပုံစံတူ အဆောက်အအုံကို တွေ့ရတယ်။ T1-T2 တဲ့။ သူက ပထမနှစ်နဲ့ ဒုတိယနှစ်တွေကို စာသင်ကြားပေးရာ နေရာပေါ့။ ကိုကိုစီနီယာတွေက ညီမလေး ဂျူနီယာတွေ ကို လာလာပြီး ကသိုဏ်းရှုတတ်တဲ့ လူအစည်ကားဆုံး စာသင်ဆောင် ဆိုလဲ မမှားပါဘူ...။
ဒီလိုနဲ့ ကျွန်တော်တို့ ကားလေးဟာ ကျောင်းသားရေးရာ ရှိရာကို ဦးတည် သွားနေပါတယ်...။ နေလုံးကတော့ အနောက်ဘက်မှာ သာလို့ ကောင်းတုန်း...။ လေပူကလဲ တစ်ချက် တစ်ချက် ဝေ့လာလေရဲ့...။ အရှေ့ဘက်မှာတော့ ရှမ်းရိုးမ တောင်တန်းက တောင်မြောက် သွယ်တန်းနေတာပေါ့...။
ရေးသားသူ Ko Boyz at 8:30 PM 8 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Wednesday, June 24, 2009
ွှTRANSFORMER II : REVENGE OF THE FALLEN
မင်းသမီးက ပိုပြီး ဆက်ဆီ ဖြစ်လာတယ်။ မင်းသားက ရုပ်ကျသွားတယ်။ ငယ်နုတဲ့ ရုပ်မပေါ်တော့ဘူး...။ ကားတွေကနေ စက်ရုပ် အသွင်ပြောင်းတာ အတော့်ကို ချောချောမွေ့မွေ့ ဖြစ်လာတယ်။ ကြည့်ရတာ အားရတယ်။ စပါယ်ရှယ် အက်ဖ်ဖက်တွေ သုံးတာ မျက်စိပသာဒ ဖြစ်တယ်။
ရေးသားသူ Ko Boyz at 11:38 PM 6 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: movie
IRC Chat မှ ဟာသများ (၁)
အခု ဝေမျှချင်တာလေးကတော့ ချက်တင်ထဲမှ ကြုံတွေ့ရတဲ့ ဟာသများ ဖြစ်ပါတယ်။ အဲဒီထဲက ကျွန်တော် သဘောကျ နှစ်ခြိုက်မိတဲ့ ကောင်းနိုးရာရာ ဟာသ လေးများကို ရွေးချယ် တင်ပြ သွားမှာ ဖြစ်ပါတယ်။ ဒီဟာသများကို လုံးစေ့ပတ်စေ့ နားလည်ဖို့ကတော့ irc Chat Room ဝေါဟာရများနဲ့ အနည်းငယ် အကျွမ်းတစ်ဝင် ရှိဖို့ လိုအပ်ပါလိမ့်မယ်။ အတတ်နိုင်ဆုံး အများနားလည်နိုင်တာလေးတွေ တင်ပြသွားပါမယ်...။
Cthon98> hey, if you type in your pw, it will show as stars
Cthon98> ********* see!
AzureDiamond> hunter2
AzureDiamond> doesnt look like stars to me
Cthon98>
Cthon98> thats what I see
AzureDiamond> oh, really?
Cthon98> Absolutely
AzureDiamond> you can go hunter2 my hunter2-ing hunter2
AzureDiamond> haha, does that look funny to you?
Cthon98> lol, yes. See, when YOU type hunter2, it shows to us as *******
AzureDiamond> thats neat, I didnt know IRC did that
Cthon98> yep, no matter how many times you type hunter2, it will show to us as *******
AzureDiamond> awesome!
AzureDiamond> wait, how do you know my pw?
Cthon98> er, I just copy pasted YOUR ******'s and it appears to YOU as hunter2 cause its your pw
AzureDiamond> oh, ok.
t0rbad> so there i was in this hallway right
BlackAdder> i believe i speak for all of us when i say...
BlackAdder> WRONG BTICH
BlackAdder> IM SICK OF YOU
BlackAdder> AND YOUR LAME STORIES
BlackAdder> NOBODY HERE THINKS YOURE FUNNY
BlackAdder> NOBODY HERE WANTS TO HEAR YOUR STORIES
BlackAdder> IN FACT
BlackAdder> IF YOU DIED RIGHT NOW
BlackAdder> I DON"T THINK NOBODY WOULD CARE
BlackAdder> SO WHAT DO YOU SAY TO THAT FAG
*** t0rbad sets mode: +b BlackAdder*!*@*.*
*** BlackAdder has been kicked my t0rbad ( )
t0rbad> so there i was in this hallway right
CRCError> right
heartless> Right.
r3v> right
ကြည့်ရတာ t0rbad ဆိုတဲ့ ပုဂ္ဂိုလ်က အဲဒီချက်ရွမ်းထဲက နည်းနည်းပါဝါ ရှိတဲ့ သူ ဖြစ်ပါလိမ့်မယ်။ သူက သူ့အကြောင်းဇာတ်လမ်း ပြောမယ်ကြံတော့ BlackAdder ဆိုတဲ့ တစ်ယောက်က ကဖျက် ယဖျက် လုပ်လုပ်နေတော့ ချက်ရွမ်းထဲကနေ Kick လိုက်တာ။ kick ရုံ Kick ရင် ကိစ္စမရှိဘူး။ ပြန် join လို့ရပါတယ်။ Ban လိုက်ရင်တော့ အဲဒီ ချက်ရွမ်းကို join လို့ မရတော့ပါဘူး။
"*** t0rbad sets mode: +b BlackAdder*!*@*.*"
အဲဒီ စာသားမှာ ပါတဲ့ +b ဆိုတာက ban လိုက်တာပါ။ t0rbad က BlackAdder ကို ဘန်းလိုက်တာ။ အဲလို ဘန်းလိုက်တာကို မြင်ရော ကျန်တဲ့ နားထောင်နေတဲ့သူက အဘန်းခံရမှာ စိုးလို့ t0rbad ပြောသမျှကို "Right", "Right" ဆိုပြီး သံယောင်လိုက်တာ မြင်ရတော့ သဘောကျမိတယ်။
-------------------------------------------------------------------------------------------------
anamexis> oh man
anamexis> I was opening a coke, right
--> Beefpile (~mbeefpile@cloaked.wi.rr.com) has joined #themacmind
anamexis> and it exploded
anamexis> ALMOST all over my keyboard
anamexis> but I got it away just in time
<-- Beefpile has quit (sick fuckers) anamexis> :<
ဒါကတော့ နည်းနည်း လူကြီး ဟာသဆန်သွားပါတယ်။ themacmind ဆိုတဲ့ chat room ထဲမှာ anamexis က သူကုဒ်ဗူး ဖွင့်တဲ့ အကြောင်းကို ပြောနေတုန်း Beefpile က ၀င်လာတယ်။ နောက်မှ ၀င်လာသူဟာ သူဝင်မလာခင် အချိန်မှာ ပြောနေတာ၊ ဆွေးနွေးနေတာကို မမြင်ပါဘူး။ သူစရောက်တဲ့ အချိန်ကမှ စပြီးသာ ဆွေးနွေးတာတွေကို မြင်ရတာပါ။ အဲဒီမှာ anamexis က ဆက်ပြောတာကို Beefpile က တစ်ဝက်တစ်ပျက်သာ မြင်လိုက်တော့ တစ်မျိုး အတွေး ပေါက်သွားပါတယ်။ <-- Beefpile has quit (sick fuckers) ဒီစာသားကတော့ Beefpile က ထွက်သွားတာပါ။ irc chat software မှာ ကိုယ် chatroom ကနေ ထွက်သွားရင် စာသားတစ်ခုခု ချန်ထားခဲ့လို့ ရတဲ့ function ရဂှိပါတယ်။ အဲဒီ ချန်ထားတဲ့ စာသားက ကိုယ် quit လုပ်လိုက်ရင် နောက်မှာ ပေါ်လာတဲ့ စာသားလေးပေါ့။ အခုလဲ Beefpile က ဒီလူတွေ ညစ်တီးညစ်ပတ် ဆွေးနွေးနေတယ် ထင်ပြီး sick fuckers ဆိုတဲ့ မက်ဆေ့ခ်ျ ထားပြီး ထွက်သွားတာ.. anamexis တစ်ယောက် ဘလိုင်းကြီး အဆဲခံလိုက်ရလို့ အီလည်လည် ဖြစ်ကျန်ခဲ့ရော...။
ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့တွေမှ ဆက်တင်ပါမယ်...။
ရေးသားသူ Ko Boyz at 5:36 PM 5 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Search for the unusual
ဒီအောက်က ပို့စ်မှာ ဘာထူးသလဲ။
PC World ကနေ ကူးလာတာပါ။
Keyboard Shortcuts for Shutting Down, Rebooting, and Going to Sleep
Lincoln Spector
Jun 22, 2009 10:34 pm
Now using Vista, Aung Kyaw Moe misses XP's keyboard shortcuts for shutting down, rebooting, and hibernating a computer.
Before I answer the question, let me satisfy any XP users who are wondering "What keyboard shortcuts for shutting down, rebooting, and hibernating my computer?
Actually, before I do that, I'd better explain the Windows Key (referred to later in this tip as WIN). Look at the bottom row of your keyboard. See that key with the Windows logo between CTRL and ALT? That's the WIN key.
So, here are the XP shortcuts:
Shutdown: WIN, U, U
Reboot: WIN, U, R
Stand by: WIN, U, S
Hibernate: WIN, U, H
Okay, I'm done with the digressions. Now on to the original question: What are Vista's equivalents?
As with XP, this is really about manipulating the Start menu with the keyboard. You press the Windows key to bring up the menu. But thanks to Vista's search box, pressing an alphanumeric key won't help here. You need to use arrow keys--at least at first.
Going into Sleep mode is pretty easy: Press WIN, the RIGHT ARROW, then ENTER.
All the other options require you to press WIN, then press the RIGHT ARROW three times. What you press next depends on what you want to do:
Shutdown: ENTER, or U
Reboot: R
Hibernate: H
By the way, once you've pressed WIN, you can use the arrow keys to navigate all over the Start menu. Give it a try.
Here's another option you might like: commands. Press WIN, then type:
Shutdown: shutdown -s t 0 (note the blank spaces before -, t, and 0)
Reboot: shutdown -r t 0
Hibernate: shutdown -h
Then press ENTER.
For more on shortcut keys, see Using Just the Keyboard, How Do I Fill In a Dialog Box?, Use Your Keyboard for Faster Windows Control, and Microsoft's Keyboard shortcut page.
Add your comments to this article below. If you have other tech questions, email them to me at answer@pcworld.com, or post them to a community of helpful folks on the PCW Answer Line forum.
Credit to : PC World
(ဤပို့စ်သည် ကော်ပီကူး၍ ပြန်တင်ခြင်း တစ်နည်း ဆားချက်ခြင်း မည်၏။)
ရေးသားသူ Ko Boyz at 10:44 AM 5 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: windows
Tuesday, June 23, 2009
အနိစ္စ၊ ဒုက္ခ၊ ဒန္တ
ခိုင်သင်းကြည်လေး တစ်ယောက် တောသူမလေး စတိုင်ဖမ်းလို့ ...
ပါးမှာလဲ ပါးကွက်လေး ကွက်လို့...။
လက်ထဲမှာတော့ ဗူးလေး တစ်ဗူး ကိုင်လို့ ဇွန်ဇီကြော်ငြာထဲကလို တင်ကလေးကို လှုပ်ကာ လှုပ်ကာနဲ့ပေါ့...။
“ဟိုင်း.. ဟိုင်း V5 Pepsodent” ဆိုပြီး အိန္ဒိတေးသံအလိုက် ကြော်ငြာနေတုန်း....
ဗြုန်းဆို.. ကလေးလေး တစ်ယောက် ခုန်ဝင်လာတယ်။
ပြီးတော့ အာဗြဲကြီးနဲ့ “သွား ဖြူဖွေးခိုင်ခံ့ ပိုးပေါက် မရှိ” ဆိုပြီး အသားကုန်အော်လိုက်တယ်။
အဲဒီအချိန်မှာပဲ ဂျူတီကုတ် အကျီင်္ဖြူရှည် ၀တ်ထားတဲ့ ဆရာဝန်တစ်ယောက်က အံသွားပုံစံ အတု လုပ်ထားတဲ့ မော်ဒယ်သွားရှေ့မှာ ရပ်နေရင်း “ပိုးစားထားတဲ့ သွားကို ခေါက်ကြည့်ရင် နာကျင်မှု ဝေဒနာကို ခံစားရပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် အဲဒီသွားကို သူ့လက်ထဲက ကိရိယာလေးနဲ့ တစ်ဂေါက်ဂေါက် စမ်းခေါက်ပြချိန်မှာ ကျွန်တော် အိပ်ရာက လန့်နိုးလာပါတယ်။ နာလိုက်တာဗျာ။ ကျွန်တော့်အံသွားက ကိုက်နေတာ။ သွေးတစ်ချက်ခုန်လိုက်တိုင်း တစ်စစ်စစ်နဲ့ ကိုက်နေတာ။ သိလိုက်ပါပြီ။ ပိုးစားတဲ့နေရာက သွားအာရုံကြောတွေ infection ၀င်နေပြီဆိုတာ။
အရင်တစ်ခါက ညာဘက်ခြမ်း အပေါ်ဘက် ဒုတိယ အံဆုံးမှာ ဒီလိုပဲ သွားပိုးစားပြီး အခေါင်းပေါက် ဖြစ်ဖူးတယ်။ နောက် အာရုံကြောကို ထိတယ်။ ဒါနဲ့ အာရုံကြောကို ဖြတ်ပြီး ပြန်ဖာလိုက်ရတယ်။ အဲဒါ ဆရာဝန်ဆီ အခေါက်ခေါက် အခါခါ သွားရတယ်။ အာရုံကြောဆိုတာ သွားကို nutrition ပေးနေတဲ့ အရာပေါ့။ သွားကို လိုအပ်တဲ့ အစာ၊ အာဟာရများ ပို့ပေးနေတာ ဆိုလဲ မမှားဘူး။ တော်ရုံတန်ရုံ သွားအက်တာများဆို သူ့အလိုအလျောက် ပြန်ကောင်းတယ်တဲ့။ ခုတော့ အဲလို သွားအာရုံကြောကို ဖြတ်လိုက်တော့ သွားက သေသွားပြီပေါ့။ ကယ်လ်စီယမ် အတုံးတစ်ခုက လွဲလို့ ဘာမှ ထူးထူးခြားခြား စွမ်းဆောင်မှုတွေ မပေးနိုင်တော့ဘူး။ အမာဝါးမိလို့ မတော်တဆ အက်သွားလဲ ပြန်မကောင်းတော့ဘူး။ သွားကျန်းမာရေးများ အရေးကြီးပုံ။
အခုလက်ရှိ ဖြစ်နေတာလေး ပြန်ဆက်မယ်။ အခုလဲ ဘယ်ဘက်အပေါ်ခြမ်း ဒုတိယ အံဆုံးပဲ။ ပထမဟာနဲ့ ဘယ်ညာပဲ လွဲတာ။ ရေအေးအေးသောက်ရင် ကျဉ်ပြီဗျာ။ ညညဆို ကိုက်လို့ အိပ်မရတော့ဘူးဗျာ။ လန့်လန့် နိုးတာ။ ပြီးတော့လဲ အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း မပျောက်ဘူးဗျ။ သွားနာတာ၊ သွားကိုက်တာ အတော့်ကို အခံရခက်တာကလား။ လူကို ပါးချိတ်ကို လက်သီးနဲ့ အသားကုန် လာထိုးစမ်းပါ... အခု သွားနာတာလောက်တောင် မနာဘူး ထင်တာပဲ။ အော်ငိုရအောင်လဲ မဖြစ်။ ကိုက်တာကတော့ တစ်စစ်စစ်နဲ့ဗျာ....။ အခုတစ်ခေါက် ဖြစ်တော့ လူသူမနီး ပင်လယ်ကြီးထဲမှာ...။ Medic တော့ ရှိပါရဲ့။ သူပေးတဲ့ ဆေးတွေက မတိုးဘူးဗျ။ ကောက်ပြန်ရအောင်လည်း အလုပ်က မပြီးပြတ်သေးတာရယ်၊ ပြန်ဖို့ ဟယ်လီကော်ပတာက ရာသီဥတု မကောင်းလို့ လာမကြိုနိုင်တာရယ်ကြောင့် ပင်လယ်ထဲမှာ တစ်ပတ်တိတိ ကြာသွားပါတယ်။ ဒီ ရက်သတ္တပတ် ၇ရက်ဟာ ကျွန်တော့်အတွက် ငရဲပါပဲ။
သွားကိုက်တာနာလွန်းလို့ လူတောင် ဖျားယူရတဲ့ အထိပဲ။ ပင်လယ်ထဲမှာ နေ့လည်ပိုင်း ပလက်ဖေါင်းပေါ် တက်အိပ်မိတာလဲ ပါမှာပေါ့။ လေတွေက တစ်ဟူးဟူး တိုက်နေတာ။ အာသီးရောင်တယ်။ တစ်ကိုယ်လုံး ကိုက်ခဲတယ်။ မျက်လုံးတစ်ဝိုက် အပူကြီးပြီး ကိုက်ခဲတယ်။ အို ခံလိုက်ရတာ ပြောမနေပါနဲ့တော့။ ဆေးတွေ သောက်လိုက်တာ...။ သူတို့ဆီမှာ ပန်နယ်ဒေါလို အစွမ်းထက်တဲ့ ဈေးတွေ မရှိဘူး။ မေပ်ာက္ဘူးေ်ာ။ မပျောက်တော့ လူက ခံနေရတာပေါ့။ (ကျွန်တော်က သာမာန် အာဂန္တုက အဖျားလောက်ဆို ဆေးမသောက်ဘူး။ တစ်ခုခုကို အပြင်းအထန်လုပ်တယ်။ ချွေးများများ ထွက်အောင် လုပ်တယ်။ အော်တို ပျောက်တာပဲ။ အပြင်းအထန် ဖျားရင်တော့ ဆရာဝန်ဆီ ပြေးတာပေါ့။ ဆေး တော်ရုံ မသောက်တော့ ဆေးသောက်ရင် အာနိသင် ထိရောက်တယ်။)
အဲဒါနဲ့ပဲ ပင်လယ်ထဲမှာ သွားနာခြင်း ဒုက္ခ၊ ကိုက်တွေ ကိုက်ခဲခြင်း ဒုက္ခ၊ ခေါင်းကိုက်ခြင်း ဒုက္ခ၊ မျက်စိကိုက်ခြင်း ဒုက္ခ၊ လည်ချောင်းထဲက အာသီးရောင်လို့ နာတဲ့ ဒုက္ခ စသဖြင့် ဒုက္ခပေါင်းစုံကို ခံစားပြီးသကာလ ဒုက္ခသစ္စာကို မသိပါလိုက်ဘူး။ စင်ကာပူ ပြန်ရောက်တော့ NUH လို့ ခေါ်တဲ့ အစိုးရ ဆေးရုံကြီးမှာ တစ်ခါတည်း သွားပြပါတယ်။ Appointment မယူပဲ တစ်ခါတည်း Walk in သွားပြတာပါ။ နည်းနည်းတော့ စောင့်ရတယ်။ အဲဒီမှာ သွားကို ဓါတ်မှန်ရိုက်ကြည့်ပြီးတဲ့နောက် သွားဆရာဝန်က ပြောပြပါတယ်။ သွားနာတာ သက်သာအောင် လုပ်ရမယ့် နည်း နှစ်နည်း ရှိပါတယ်။
၁။ သွားကို နှုတ်ပစ်ဖို့။
၂။ အမြစ်ကို ဖြတ်ပြီး Refill လုပ်ဖို့။
ပထမ တစ်နည်းကို မလုပ်ချင်ဘူးလို့ ပြောတော့ ဒုတိယနည်းမှာ အမြစ်ဖြတ်ရင် ဒေါ်လာ ၉၀၀ ကျသင့်မှာပါတဲ့။ Crown လုပ်ပြီး ပြန်စွပ်တာ ဒေါ်လာ ၇၀၀ ကျပါမယ်တဲ့။ နင်သွားတာပဲ။ ဆရာဝန်လဲ ရိပ်မိတယ် ထင်ပါ့။ လောလောဆယ် သက်သာအောင် အမြစ်ဖြတ်ပြီး Temporary Dressing လုပ်ပေးမယ်။ တစ်နှစ်လောက်တော့ ခံကြတာပါပဲတဲ့။ ရာနှုန်းအနည်းငယ်သော လူနာများကသာ ပြန်နာကြတယ်တဲ့။ ဆိုတော့ အဲဒါလေးက ၁၅၀ ကျော်ကျော် ကျမယ်တဲ့။ လုပ်မယ်လို့ ပြောတော့ ဆရာဝန်များကလဲ လိုအပ်တာလေးတွေကို လုပ်ပေးပါတယ်။ ထုံဆေးပေး၊ အမြစ်ဖြတ်၊ ယာယီ သွားဖါတာ လုပ်ပေးလိုက်ပါတယ်။ စုစုပေါင်း တစ်နာရီကျော်ကြာပါတယ်။ ကျသင့်ငွေကတော့ Consultant fees, Operation Fees အားလုံး စုစုပေါင်း ၁၅၇ ဒေါ်လာပါ။ Pharmacy မှာ ဆေး ၀င်ဝယ်တော့ ၁၇ ကျပ် ထပ်ကုန်ပါတယ်။ ပြန်ကိုက်လာရင် သောက်ဖို့ ဆေးတွေပါ။
စကားမစပ် NUH ကို အခမဲ့ Shuttle Bus ဆွဲပေးပါတယ်။ Dover MRT ကနေ Singpore Polytechnics ရဲ့ ဆန့်ကျင်ဖတ် ကားမှတ်တိုင်နားမှာ ဘတ်စ်ကား စောင့်စီးနိုင်ပါတယ်။ ကားနံပါတ် ၁ ကို စီးပြီး Main Building က Level ၁ ကို သွားပါ။ Dental Center ဆိုတာ ရှိပါတယ်။ ဈေးသက်သာပါတယ်။
ကိုယ်ပိုင်ကား၊ တက္ကစီ၊ အမ်အာတီ နဲ့ ဘယ်လို သွားရမယ် လာရမယ်ဆိုတာ အောက်က လင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
How to get to NUH
ရေးသားသူ Ko Boyz at 12:04 PM 23 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Friday, June 19, 2009
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၃)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)
ပြန်ဆက်မယ်။ ချမ်းအေးသာဇံ ကားကြီးကွင်းကနေ အရှေ့ကို တည့်တည်ချိုးလာတဲ့ ကားလေး ၂၆ ဘီလမ်း တစ်ရိပ်ရိပ် မောင်းနေတယ်။ မှတ်မိနေတဲ့ ကျုံးရေပြင်နဲ့ ပြဿဒ်တွေ၊ ကျုံးရေပြင်ထဲက ကြာပန်းတွေဟာ မျက်စိထဲမှာ လှနေတုန်းပဲ။ မန်းလေးဆိုတဲ့အတိုင်း အညာနေဟာ ပြင်းထန်နေတယ်။ ၇၃ လမ်းကို ကျော်လာတော့ ရင်နည်းနည်း ထိတ်သွားတယ်။ ဘာလို့ တက္ကသိုလ်ကို မသွားတာပါလိမ့်။ ကားလေးက ဆက်သွားနေတုန်းပဲ။ ဒီလိုနဲ့ ကျုံးအရှေ့ဘက်ကို ရောက်ခဲ့တယ်။ အဲဒီမှာ ကားလေးက မြောက်ဘက်ကို ပြန်ချိုးလိုက်ပြီး ကျုံးအရှေ့လမ်းအတိုင်း ဆက်မောင်းပြန်တယ်။ အော်... ငတို့ကျောင်းက မန်းလေး တောင်ခြေမှာကိုး၊ ဘုရားကို အေးဆေး ဖူးလို့ရတာပေါ့လို့ တွေးနေတုန်းမှာပဲ ... ကျုံးအရှေ့မုခ်တည့်တည့်က နန်းရှေ့ကို သွားတဲ့ လမ်းလေးအတိုင်း အရှေ့ဘက်ကို ချိုးပြန်တယ်။ ဘယ့်နှယ် မန်းလေးတောင်ခြေမှာ မဟုတ်ပြန်ဘူးတဲ့လား...။ အင်း.. နားထဲမှာတော့ အိမ်မှာတုန်းက လာနှုတ်ဆက်တဲ့ အဒေါ့်သူငယ်ချင်းတစ်ယောက် ပြောတာ ကြားဖူးတယ်။ နင်တို့ကို တောထုတ်ထားတာ ဆိုတော့ သူကျီစယ်တာ နေမှာပါ ထင်ထားတာ။ မန်းလေးဆိုတာ တော ရှိတဲ့ အရပ်မှ မဟုတ်တာ။ ဘယ်က တောထုတ်ရမှာတုန်းလို့...။
ကားလေးကတော့ သူ့သခင် စေရာ လမ်းအတိုင်း နန်းရှေ့ကနေ တောက်လျှောက် မောင်းနေတုန်းပဲ...။ ဒီလိုနဲ့ တိုက်တာ အိမ်ခြေများကို ကျော်လာပါပြီ။ နန်းရှေ့က နာမည်ကြီး ပိုးထည်တိုက်တွေလဲ ကျော်သွားပါပြီ...။ အိမ်ခြေရာခြေတွေ နည်းပါးသွားပြီး ဘေး တစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ မြင်လာပါတယ်။ ဒီတော့ အတူပါလာတဲ့ စီနီယာ အစ်ကိုကြီးကို မေးမိတယ်။ အခု ဘယ်ကို သွားနေတာလဲ ဆိုတော့ ကိုယ်တော်ချောက မိန့်မိန့်ကြီး ပြုံးပြီးတော့ Welcome To MIT, the jungle ဆိုပြီး ကျောင်းကို သွားနေတာလေ လို့ ပြန်ဖြေတယ်။ မရောက်သေးဘူးလား ဆိုတော့ ရောက်တော့မှာပါတဲ့...။ တစ်ပြ နှစ်ပြ ဆို ရောက်ပါပြီတဲ့။
လယ်ကွင်းတွေလဲ ဖြတ်လိုက်ရတာ မနားပဲ...။ အဲဒီနောက် လမ်းမှာ လမ်းဖြတ်ခ ကောက်တဲ့ဂိတ်တစ်ခုကို ရောက်လာတယ်။ ဂိတ်နဲ့ ဟိုရှေ့မလှမ်းမကမ်းမှာ ဘယ်ဘက်ကနေ မြောက်ဘက်ကို တူရူ ခွဲထွက်သွားတဲ့ လမ်းလေးကို တွေ့နေရတယ်။ အဲဒီမှာ အိမ်တန်းတွေ စုစုနဲ့ မြင်နေရတာ မေးကြည့်တော့ ပုသိမ်ကြီး မြို့နယ်ကို သွားတဲ့လမ်းတဲ့။ ဟင်.. ဒါဆို မန်းလေးမြို့ထဲက ထွက်လာပြီပေါ့...။ ကျောင်းရောက်ခါနီးပြီလား ဆိုတော့ နီးပါပြီ တစ်ပြပေါ့တဲ့။
ကားဂိတ်မှာ ဂိတ်ကြေးတွေ ပေးပြီးပြန်တော့ ဆက်မောင်းလာတယ်။ ပုသိမ်ကြီးလမ်းခွဲလေးကတော့ ကျန်နေခဲ့တယ်။ ဒီလမ်းလေးလဲ နောက်ကို ချောင်းပေါက်မတတ်လာခဲ့ရတဲ့ လမ်းလေး တစ်ခု ဖြစ်ပြန်တယ်။ ဆက်ထွက်လာတော့ လမ်းရဲ့ မြောက်ဘက်ခြမ်းက လယ်ကွင်းထဲမှာ အဆောက်အအုံ ဖြူဖြူလေးတွေ အများကြီးနဲ့ တွေ့တော့ ၀မ်းသာအားရနဲ့ ကျောင်းရောက်ပြီးလား မေးမလို့ ရှိတုန်း ဘွားကနဲ ပေါ်လာတဲ့ ဆိုင်းဘုတ်ကြောင့် မေးမယ့် စကားလုံးတွေ မျိုချလိုက်ရတယ်။ “ပုသိမ်ကြီး အဆုတ်ရောဂါ ကုသရေး ဆေးရုံ” တဲ့။ စာရေးဆရာမ ခင်နှင်းယုရဲ့ “ရင်နင့်အောင်မွေး” ဆိုတဲ့ ၀တ္ထုထဲက ဇာတ်ကောင် ဆေးလာကုတယ် ဆိုတာ ဒီဆေးရုံ ဖြစ်မယ်။ ပြောရဦးမယ်။ ပုသိမ်ကြီး၊ ရေကြည် အဲဒီနားတစ်ဝိုက်က ရေတွေဟာ ထုံးဓါတ်ကြွယ်ဝ လို့ ဆိုလား မသိဘူး။ အဆုတ်နာနဲ့ တည့်တယ်တဲ့။ ဒါ့ကြောင့် အဲဒီနားမှာ အဆုတ်ဆေးရုံ လာတည်ကြတာ။ အဲဒီကနေ နည်းနည်း ထပ်သွားလိုက်ရင် ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်။ အဲဒီနားက ကျောင်းက ရေတွင်းက ရေဟာ PH7 အဆင့် ရှိတယ်တဲ့။ သဘာဝ သောက်ရေသန့်လို့ ဆိုရမယ်။ အဲဒီနား နေထိုင်သူ တွေဟာ ဘုန်းဘုန်းဆီကနေ ခွင့်တောင်းပြီး သောက်ရေလာယူကြတယ်။ ပြင်သစ်က ရေသန့်ပညာရှင်တွေကိုယ်တိုင် လာစစ်ဆေးပြီးတော့ လူတွေ သောက်နိုင်တဲ့ PH လယ်ဗယ် အဆင့်မှီတယ်လို့လဲ ထောက်ခံသွားတယ်တဲ့။ (နက္ခတ္တ ရောင်ခြည် မဂ္ဂဇင်းထဲမှာတော့ အဲလို ရေးထားတာပဲ။) ဘာပဲပြောပြော ထုံးရေကြောင့် ရေကို ကျိုချက်နေရတဲ့သူတွေ အတွက် ထင်းဖိုး မီးဖိုး သက်သာတာပေါ့။ တစ်ချို့မန်းလေး မြို့တွင်းက သူတွေဆို ကားနဲ့ တစ်ကူးတစ်က လာယူကြတယ် ပြောတယ်။ နာမည်ကြီး သောက်ရေသန့် လုပ်ငန်းရှင် တစ်ယောက်က ဘုန်းဘုန်းကို ချဉ်းကပ်ပြီး ရေသန့် ထုတ်ရောင်းမယ် ဆိုတာကို ဘုန်းဘုန်းက လက်မခံပဲ အများဝေနေယျကို အခမဲ့သာ ဖြန့်ဝေမယ်လို့ ပြောတယ်တဲ့။ သာဓု သာဓု သာဓု။
ဒီလိုနဲ့ ကားနဲ့ ခရီး ဆက်ပြန်တယ်။ ခဏနေတော့ အရှေ့ဆီမှာ ထီးထီးတည်း ရှိနေတဲ့ တောင်တစ်လုံးကို တွေ့ပြန်တယ်။ အမ်အိုင်တီ ကျောင်းသားများ ဦးခိုက်ရာ ရန်ကင်းတောင် ဆိုပဲ။
ဆက်ရန်....။
ရေးသားသူ Ko Boyz at 8:46 AM 15 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ
Sunday, June 14, 2009
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)။
အရှေ့ဆီမှာ မြူတွေဆိုင်းနေတတ်တဲ့ ရိုးမတောင်တန်းကြီးဟာ ကျွန်တော့အတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ သဘာဝ ပန်းချီကား တစ်ချပ်ပါ။ လပြည့်ညများမှာဆို ရိုးမပေါ်ကနေ ကျော်ပြီး တစ်ဖြည်းဖြည်း တက်လာတဲ့ ငွေလ၀န်းကြီးကို တိတ်တဆိတ် ငေးကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါ။ လပြည့်ည ရောက်တိုင်း ကျွန်တော် လုပ်တတ်တာကတော့ ကျောင်းရဲ့ အရှေ့ဘက် လူတွေ သိပ်မလာတတ်တဲ့ ၀န်ထမ်း အိမ်ရာတွေနားက ကွင်းပြင်ကို ဖြတ်ထားတဲ့ လမ်းလေးနားက အုတ်ခုံလေးမှာ သွားထိုင်လေ့ ရှိတယ်။ ရိုးမတောင်စွယ်ပေါ်ကနေ ပြူတစ်ပြူတစ်နဲ့ မျက်စပစ်တတ်တဲ့ ကြယ်ကလေးတွေ ကြားကနေ တက်လာတတ်တဲ့ လပြည့်ဝန်းကို ငေးကြည့်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး။ သူငယ်ချင်းတွေကတော့ အရူးလို့ ထောမနာ ပြုကြတာပေါ့။
ကျောင်းတော်မဟာကြီးကို စရောက်ရောက်ခြင်း နေရတဲ့ အခြမ်းက H1 အဆောင်လို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင် နံပါတ် (၁) ပါ။ အဆောင်မှာ အရှေ့ဘက် တန်းလျားနဲ့ အနောက်ဘက် တန်းလျား ရှိပါတယ်။ ကြားမှာ ကော်ရစ်ဒါလေး ခြားတာပေါ့။ ရောက်ရောက်ခြင်း ပထမနှစ်မှာတော့ အနောက်ဘက်ခြမ်းကို ရတယ်။ ကျောင်းဆောင်က မြောက်ဘက်ကို မျက်နှာမူထားတဲ့ အခြမ်းလေ။ ဆိုတော့ ကျွန်တော် နေရတဲ့ အခြမ်းက တောင်ဘက်ကို မျက်နှာမူတဲ့ အခြမ်းပေါ့။
ကျွန်တော့်အခန်း ၀ရန်တာကနေ ထွက်လိုက်ရင် ရှမ်းရိုးမကြီးကို တန်းမြင်နေရတယ်။ တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်း ကျောင်းလာတက်တော့ စိတ်ထဲမှာ အိမ်လွမ်းနာက အတောမသတ်နိုင်ဘူး။ မိုးတွေ ညို့လာပြီဆို ရိုးမကြီးကို ဖုံးလွမ်းနေတတ်တဲ့ တိမ်တွေကို ငေးပြီး အိမ်ကို လွမ်းလိုက်တာလေ။ အဖေါ်အပေါင်းများကလဲ အဲလောက် မရှိတတ်သေး။ ကျောင်းက ဖွင့်စ ဆိုတော့ သူ့နယ်ကိုယ့်နယ်က လူတွေလောက်ပဲ စုစု စုစု ရှိသေးတယ်။ ဆိုတော့ သင်းကွဲပြီးတော့ မန်းလေးကို ရောက်လာတဲ့ ခြင်္သေ့ကျွန်တော် တစ်ယောက် တောင်ကြီး တက္ကသိုလ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့် ဘော်ဒါတွေကို သတိတရ ဖြစ်မိသေးတယ်။
ကျွန်တော်တို့ ရှမ်းပြည်က တက္ကသိုလ်တက်သူများအတွက် ရိုးရိုး ၀ိဇ္ဇာ၊သိပ္ပံတွေဆို တောင်ကြီးမှာ တက်ရတယ်။ အထူးပြု ဘာသာများ ဆို မန်းလေး တက္ကသိုလ်မှာ လာတက်ရတယ်။ ၉၀ မတိုင်မီ နှစ်များဆီက စက်မှု တက်ခွင့်ရသူများဆို ရန်ကုန်မှာ လာတက်ရတယ်။ နောက်ပိုင်း မြန်မာပြည် အထက်ပိုင်း ကျောင်းသားများ အတွက် မန်းလေးစက်မှု တက္ကသိုလ်ကို ၁၉၉၀ မှာ ဖွင့်ပေးလိုက်တော့ ကျွန်တော်တို့ ရှမ်းပြည်က စက်မှုကျောင်းသားများသည် ရန်ကုန်မှာ လာမတက်ရတော့ပဲ မန်းလေးမှာ တက်ရတော့တာပေါ့။ ကျွန်တော် စက်မှုတက်တဲ့ နှစ်မှာ ကျွန်တော်တစ်ယောက်တည်းပဲ စက်မှု ရောက်ခဲ့တယ်။ ကျန်တဲ့ သူငယ်ချင်းများကတော့ တောင်ကြီးမှာ ၀ိဇ္ဇာ၊ သိပ္ပံတွဲတွေနဲ့ ကျန်ခဲ့တယ်။ သက်ထွန်းတို့၊ ၀င်းစိန်တို့ပေါ့။ တောင်ကြီးမှာ သူတို့ ရှိနေတော့ အလည်ရောက်တိုင်း သူတို့ဆီပဲ ၀င်လည်/အိပ်နေတော့တာပဲ။ (သက်ထွန်းတို့က နိုင်းနိုင်းစနေတို့နဲ့ တစ်နှစ်ထဲ။ ဟဲဟဲ... ခွန်ကျော်လှိုင့် သူငယ်ချင်းဆိုလားပဲ။ )
စကားတွေ ပြန်ကောက်မယ်။ ကိုယ်နေတဲ့ အဆောင်ရဲ့ ၀ရန်တာကနေ ဟိုးတောင်ဘက်ကို ခပ်လှမ်းလှမ်း ကြည့်လိုက်ရင် ရေတံခွန်တောင်ကို မြင်နေရတယ်။ ရေတံခွန်တောင်လို့ နာမည်ပေးထားပေမယ့် သုံးရာသီပတ်လုံး ရေတံခွန်ရှိတာ မဟုတ်။ မိုးရာသီရောက်လို့ တောင်ပေါ်ရေများ ကျလာရင် ရေတံခွန်သဖွယ် စီးလာတာ ဖြစ်တယ်။ တောင်မြင်ရင် ဘုရားတည်တတ်တဲ့ ဗုဒ္ဓဘာသာ မြန်မာများကြောင့် အဲဒီ ရေတံခွန်တောင်မှာ စေတီ ဘုရား တစ်ဆူ ရှိတယ်။ အမ်အိုင်တီ ကျောင်းသားများ ကိုယ်ကြိုက်တဲ့ ကောင်မလေးများကို မျက်နှာလို မျက်နှာရ ဘုရားဖူး လိုက်ပို့လို့ ကောင်းတဲ့ ဒုတိယနေရာပေါ့ဗျာ။ (ပထမကတော့ ဘုရားကြီးပေါ့။ မြို့ထဲ သွားလို့ မလွယ်ရင်တော့ ရေတံခွန်တောင် ဘုရားကို လိုက်ပို့တာ များတယ်။)
ကျောင်းတော်ကြီးက တောကြိုအုံကြားထဲမှာ ဆိုပေမယ့် ကျောင်းတော်သူ/သား အများစုက ညည်းညူ မနေကြပါဘူး။ ရောက်တဲ့ အရပ်မှာ ပျော်အောင် နေကြတာပါပဲ။ ကျောင်းဆောင်မှာ နေသူအများစုက နယ်ကနေ လာတာဆိုတော့ တောမှာ နေနေ မြို့မှာနေနေ အိမ် မဟုတ်တဲ့ အတွက် ထူးပြီး ဆန်း မနေတော့ပါဘူး။ ရောက်စကသာ အားငယ်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ယောက်ကို တစ်ယောက် အားပေးကြရင်းနဲ့ တောကြိုအုံကြား အရပ်မှာ ချေးကျရာ ပျော်တဲ့ လောက်လို နေတတ်ခဲ့ကြတယ်။ (ဟုတ်တယ်နော် စုဇုစိန်။)
ကျောင်းတော်ကို စလာခဲ့တဲ့ နေ့ကဆို ရီရတယ်။ တောင်ကြီးကနေ မနက်လင်းအားကြီး ငါးနာရီလောက် ကျားခေါင်းကားနဲ့ ဆင်းလာတာ။ တောင်တက်တောင်ဆင်း လမ်းများကို ကိုယ်က စီးနေကျ မဟုတ်တော့ ကားမူးနေတာ။ အဲဒီတုန်းက မန်းလေးမှာ ကားကြီးကွင်းက ချမ်းအေးသာဇံ ကွင်းမှာ ရှိနေတုန်း။ အခုလို ကျွဲဆည်ကန် မရောက်သေးဘူး။ မန်းသီရိ တေးသံသွင်းဆိုင်နားက အ၀င်လေးမှာ။ မှတ်မိသေးတယ်။ တောင်ပေါ်က ဆင်းလာတာ။ အဲဒီတုန်းက မေလဆိုပေမယ့် တောင်ကြီးမှာ မိုးတွေ ရွာလို့ ချမ်းနေတုန်း။ အနွေးထည်၊ ဂျင်းဘောင်းဘီ၊ ဝေါ့ကနဲရှုးများနဲ့...။ ကားက ဒတ်ဆန်းကားကို ခုံတွေ အတန်းလိုက် စီထားတာလေ။ တောင်ပေါ်မှာတုန်းက မိုးကောင်းနေတော့ ကားဘေးနားက တာလပတ်တွေ အကုန်အုပ်တာ။ အတော့်ကို ချမ်းတာကလား။ ခိုက်ခိုက်တုန်တာပ။
မိတ္ထီလာလဲ နီးရော မြေပြန့်ဆိုတဲ့ အရသာကို ခံစားရပါလေရော...။ ပူလာပြီလေ။ ဆိတ်ချေးနံ့များလဲ သင်းလာပြီ။ ရထားသံလမ်းများလဲ ကားလမ်းနဲ့ အပြိုင် မြင်လာပါပြီ။ အနွေးထည်များလဲ ချွတ်လိုက်ရပြီ။ ကန္တာရ ဆူးပင်များလဲ ဟိုတစ်ပင် ဒီတစ်ပင် တွေ့ရာကနေ ခပ်စိတ်စိတ် တွေ့လာရတယ်။ ကြခတ်ဝါးကျဲကျဲ ခြံခတ်ထားတဲ့ ဓနိမိုး အိမ်များကို ဟိုစုစု ဒီစုစု တွေ့လာရတယ်။ စိုစိစိုစိ အနေအထားကနေ ခြောက်သွေ့ ပူလောင်လာတယ်။ အဲဒီနောက် သဲတော ၀မ်းတွင်း စတာတွေ ဖြတ်ပြီး ညနေ သုံးနာရီလောက်မှာ မန်းလေး ရွှေနေပြည်တော်ကို ရောက်ခဲ့လေရော။
မြင်းလှည်းသံ တစ်ဒေါက်ဒေါက်၊ စက်ဘီးနင်းသံ၊ ဆိုင်ကယ်သံတွေ ညံလာပြီ။ မုန့်လက်ကောက်လောက် ထူတဲ့ ရွှေခြေကျင်းကို ၀တ်ထားတဲ့ စကားပြောရင် ကျွန်တော် ကျွန်တော်လို့ ပြောတတ်တဲ့ မန်းသူများကိုတော့ မတွေ့ရပါဘူး။ ပါးကွက်တွေ ပိန်းပိတ်နေအောင် ကွက်ထားတဲ့ ရေသန့်ဗူးရောင်းနေတဲ့ ဈေးသည်များကိုသာ ကားဂိတ်မှာ တွေ့ရတယ်။
ကားပေါ်က ဆင်းလိုက်တာနဲ့ လေပူပူကို ရှိုက်သွင်းမိပါတယ်။ ၀တ်တာစားတာက သူများနဲ့ မတူ တစ်မူ ထူးနေတော့ ကားသမားတွေ၊ ဆိုက်ကားသမားတွေ ၀ိုင်းအုံလာပါတယ်။ (တို့တော့မယ်ဟဲ့ ဆိတ်တော့မယ်။ လာထား တောင်ပေါ်သား အချဉ်တွေ ဆိုတဲ့ အထာနဲ့ပါ)။ ဘယ်သွားမလဲ။ မိန်းထဲလား။ အောင်မင်္ဂလာလား၊ ရွှေမန်းလား ဆိုတဲ့ အသံတွေ၊ ဆိုက်ကားလား၊ မြင်းလှည်းလား ဆိုတဲ့ အသံတွေ ကြွက်စီ ညံသွားပါတယ်။ ကိုယ်က ဘာမှ မသိတော့ အတူပါလာတဲ့ စီနီယာ အစ်ကိုကိုပဲ မေးငေါ့ပြလိုက်ပြီး ဘေးထွက်ထိုင်တယ်။ စီနီယာက ပုသိမ်ကြီး ရေကြည် အမ်အိုင်တီ လို့ ပြောတော့ ရှဲသွားကြတယ်။ ဟင်.. ခုနကကတော့ အမဲ ဖျက်မတတ် ၀ိုင်းလာကြပြီး ခုတော့ ရှောင်ကုန်တာပဲ...။ နောက်တော့ တစ်ယောက်ဝင်လာတယ်။ ညီလေးတို့ သွားမှာက အဝေးကြီးပဲ။ ဘာနဲ့သွားချင်လဲတဲ့။ ကားနဲ့ပေါ့။ အိုကေ.. ဒီဈေး ဒီဈေး ရှိတယ်ဆိုတော့ စီနီယာ အစ်ကိုကြီး သုံးချိုး တစ်ချိုး ဆစ်လိုက်တာ နောက်ဆုံး ဈေးတည့်သွားတယ်။ ကျွန်တော်သာဆို တစ်ဝက်လောက်တောင် ဆစ်ရဲမှာ မဟုတ်ဘူး။ မှတ်မှတ်ရရ ၁၅၀ ကျပ် ထင်တယ်။ (၁၉၉၄ တုန်းက ကားငှားခ ဈေးနှုန်းပါ။ ဒေါ်လာဈေးက တစ်ဒေါ်လာကို ၇၅ ကျပ် ၀န်းကျင် ထင်ပါ့)။ အဲဒါနဲ့ ဈေးတည့်ပြီး ပါလာတဲ့ အထုပ်များကို ကားပေါ်တင်ဖို့ လုပ်တော့ လားလား။ ကားက သုံးဘီးကား သေးသေးလေးပါလား။ ပါလာတဲ့ ပစ္စည်းတွေလဲ ကြည့်ပါဦး။ သံသေတ္တာက နှစ်လုံး၊ ဘေးကျားအိတ်လို့ ခေါ်တဲ့ မြွေရေခွံအိတ် အကြီးစားက သုံးလုံး။ ဒါတောင် လက်ဆွဲ တိုလီမိုလီက မပါသေးဘူး။ ပစ္စည်းနဲ့ တင် ကားက ပြည့်နေပြီ။ လူက ဘယ်နား တက်ထိုင်မလဲ။ ရှေ့ခန်းက ဒရိုင်ဘာပဲ ထိုင်တာ။ နောက်တော့ သံသေတ္တာကို ကားခေါင်မိုးပေါ်မှာ တင်၊ ကြိုးနဲ့တုပ်မှ လူထိုင်ဖို့ နေရာ ရှိတော့တယ်။
အဲဒီနောက် ကျောင်းတော်မဟာကို ယွန်းကြပါတော့တယ်။ ချမ်းအေးသာဇံ ကားကြီးကွင်းကနေ မန်းသီရိ တေးသံသွင်း ဘေးနားက လမ်းလေးအတိုင်း ထွက်လာပြီးနောက် ၂၆ဘီလမ်းပေါ်ကို ရောက်ပါတယ်။ အဲဒီနောက် အရှေ့ဘက်ကို ချိုးပြီး ကျုံးလမ်းအတိုင်း တောက်လျှောက် မောင်းပါတယ်။ မန်းလေးကို ၈၃-၈၄ ခုနှစ်များဆီက ရောက်ဖူးတော့ ကျုံးရေပြင်ကြီးကို မှတ်မိပါတယ်။ ကျုံးဘေးနားက တစ်ရိပ်ရိပ် ကျန်နေခဲ့တဲ့ အပင်များကို ငေးကြည့်ရင်း ၀င်လုဆဲ နေလုံးကြီးကို ကျောပေးပြီး အရှေ့ဘက်ကို တစ်ချက်ချက် မောင်းနေတဲ့သုံးဘီးကား ခေါ်ဆောင်ရာနောက်ကို ငြိမ်ငြိမ်ဆိတ်ဆိတ်လေး လိုက်ပါမိပါတော့တယ်။
နောင်တစ်ချိန်မှာ အဲဒီ ၂၆ ဘီလမ်းလေးဟာ ကျွန်တော်နဲ့ အတော့်ကို ရင်းနှီးလာမယ့် လမ်းဆိုတာ အဲဒီတုန်း တွေးမထင်ခဲ့မိပါဘူး။
ရေးသားသူ Ko Boyz at 8:30 PM 15 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)
အဲဒီ ဘာသာပြန်စာအုပ်ထဲမှာ Princeton တက္ကသိုလ်က ကျောင်းတော်သူ/သား များရဲ့ အကြောင်းကို ရေးထားတာ ဖတ်ရတယ်။ အခုလဲ ကျွန်တော် ကျောင်းတက်တုန်းက အတွေ့အကြုံ ပျော်စရာ အဖုံဖုံလေးများကို ပြောပြချင်တော့ ကိုက်နေတာနဲ့ ဒီခေါင်းစဉ်လေး ယူသုံးလိုက်တာပါ။
ကျွန်တော်တက်ခဲ့တဲ့ ကျောင်းကတော့ ပရင်စတန် ယူနီဗာစီတီကြီးတော့ မဟုတ်ဘူးပေါ့ဗျာ...။ ငြိမ်ဆိတ် အေးသက်တဲ့ တမာရိပ်မှာ ထီးထီးတည်း ရှိနေတဲ့ ကျောင်းတော်မဟာကြီးပေါ့။ အရှေ့သို့လားသော် ရှမ်းရိုးမ၊ အနောက်ဘက်မှာတော့ ရေနီမြောင်း၊ မြောက်ဘက်မှာတော့ သမ၀ါယမတက္ကသိုလ်၊ တောင်ဘက်မှာတော့ စစ်တပ် စသဖြင့် ခြံရံလျက်ရှိတဲ့၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး တောထုတ်ခံရတဲ့ ကျောင်းလေးပေါ့ဗျာ။
မန်းလေးရဲ့ အရှေ့ဘက် နန်းရှေ့ကနေ တည့်တည့် ထွက်လာရင် ပုသိမ်ကြီး မြို့နယ် ဆိုတာကို ရောက်လိမ့်မယ်။ တည့်တည့် ထပ်လာခဲ့ရင် ရန်ကင်းတောင် ဆိုတာကို ဦးခိုက်လိမ့်မယ်။ အဲဒီ ရန်ကင်းတောင် ဆိုတာက နှယ်နှယ်ရရ မဟုတ်။ ဘုရားလောင်း ငါးရံ့မင်း ဖြစ်စဉ်အခါက နေခဲ့တဲ့ နေရာဖြစ်တယ်လို့ အဆိုရှိတဲ့ နေရာဗျ။ သမီးရည်းစား စုံတွဲများ တောင်ပေါ် မတက်ကောင်း၊ တက်တာနဲ့ ကွဲတာပဲတဲ့။ မန်းလေး တစ်ဝိုက်က ယာဉ်ကား အသစ်စက်စက်များ ၀ယ်ရင် ဒီတောင်ကို လာပြီး နတ်ပြကြ၊ ဦးခိုက်ကြတယ်။ တောင်ခြေနားမှာတော့ ဘုရားဖူးတွေ အမောပြေ အဆာပြေ ၀ယ်ခြမ်းစားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေ အသီးသီး ရှိတယ်။ အဲဒီ စားသောက်ဆိုင်တွေနားက ထောင့်နားက စားသောက်ဆိုင်ဟာဖြင့် သူတို့ ၀ယ်ထားတဲ့ ကားမှာ ဘီးတစ်ဘက်စာ ကျွန်တော် ရှယ်ယာ ၀င်ထားတာ။ (ရှယ်ယာပါဆို ကျောင်းတက်နေတုန်း ကာလများက ဆိုရင်ဖြင့် နေညိုလို့ လေပြိုရင် လေသက်အောင် လေချဆေး သွားသွားမှီဝဲနေကျ နေရာကိုးဗျ။)
အဲဒီတောင်ခြေမှာ ဘယ်ညာ လမ်းနှစ်သွယ် ကွဲသွားတယ်။ ဘယ်ဘက်လမ်းက ရေကြည် ကိုသွားတဲ့ လမ်း၊ ညာဘက်လမ်းကတော့ ရေနီမြောင်းကို သွားတဲ့လမ်း။ ဆိုတော့ ညာဘက်လမ်းကို လိုက်ရင် ကျွန်တော်တို့ ကျောင်းရှိရာကို ရောက်တယ်။ ရန်ကင်းတောင်ကို တစ်ကွေ့တစ်ပတ်ကြီး ပါတ်ရတယ်။ တောင်ရဲ့ ဟိုဘက် အစွန်းမှာ အိမ်ရှေ့မင်း ထန်းတောလို့ ကျောင်းသားများ နာမည်ပေးထားတဲ့ ထန်းတော အသေးစားလေး ရှိတယ်။ အဲဒီနားမှာ မြန်မာ့အသံ ကြော်ငြာခေတ်ကောင်းတုန်းက ထက်ထက်မိုးဦးနဲ့ ကြော်ငြာတဲ့ မြသီဒါ ပဲလှော်ဖို ဆိုတာ ရှိတယ်။ စက်ဘီးလေးများ စီးလာရင် အဲဒီ ပဲလှော်ဖိုကနေ လေအဝှေ့နဲ့ ပါလာတဲ့ ပဲလှော်နံ့လေးများ သတိရမိသေး။
ပြန်ဆက်မယ်။ အဲဒီကနေ အရှေ့ဖက်ကို တည့်တည့်ဆက်စီးသွားရင် တောင်ဘက်မှာက လယ်ကွင်းတွေ တွေ့လိမ့်မယ်။ ကောက်စိုက်ချိန် ဆို ကောက်သမများက ရှက်တတ်တဲ့ ကိုကိုကာလသားများ စက်ဘီးပေါ်ကနေ ဆင်းပြီး ထွက်ပြေးချင်လောက်အောင်ကို စနောက်တာတွေ့ပါလိမ့်မယ်။ (ကိုပေါများ ဒီလမ်းက ပြိုင်ဘီးနဲ့ ဖြတ်ဖူးတာလား မသိဘူး။)
တစ်ပြလောက် စီးမိရင် လမ်းက တောင်ဘက်ကို ချိုးသွားပါလိမ့်မယ်။ နောက်ထပ် တစ်ခေါ်သာသာလောက် ဆက်သွားရင် အရှေ့ဘက်ကို ချိုးတဲ့ လမ်းလေးကို ရောက်ပါလိမ့်မယ်။ အဲဒီမှာ ဆိုင်တန်းလေး နောက်ထပ် တွေ့ပါလိမ့်မယ်။ ကျောင်းအ၀င်ဝမှာပေါ့လေ။ လက်ဘက်ရည်ဆိုင် အများစုပါ။ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်နှစ်ဆိုင်နဲ့ ကုန်စုံဆိုင်လေးများ တွေ့နိုင်ပါတယ်။
ဒီဆိုင်တန်းလေးကျော်ရင်တော့ ရေနီမြောင်းလေးကို ကျော်ဖြတ်ခွဆောက်ထားတဲ့ အုတ်ကွန်ကရစ် တံတားလေး ကို တွေ့ရပါလိမ့်မယ်။ ညနေ နေညိုချိန်၊ အကျည်းတန်တွေ လှတဲ့ အချိန်၊ နွားရိုင်းသွင်းချိန်မှာ ဒီတံတားပေါ်မှာ ကိုကိုကာလသား ကျောင်းသားလေးများ တံတားဘောင်ပေါ်မှာ ထိုင်ကာ ကျောင်းသူဆောင် ဖြစ်တဲ့ မန်းချယ်ရီဆောင်က အဆောင်သူလေးများ ကုန်စုံဆိုင်မှာ လိုအပ်တာလေးတွေကို လာဝယ်တာကို မျက်စိစားပွဲ ထိုင်ကြပါတယ်။ ကဗျာဆန်တယ်လို့တော့ မထင်လိုက်ပါနဲ့။ နွားအုပ်တွေ သွင်းလာချိန်ဆိုတော့ ဖုန်အထပ်ထပ်၊ နွားချေးနံ့ တစ်သင်းသင်းနဲ့ပါ.။
မေ့လို့ ကျောင်းတော်မဟာကတော့ မန်းလေး စက်မှုတက္ကသိုလ် ခေါ် MIT တစ်ဖြစ်လဲ MTU ကျောင်းတော် မဟာ ဖြစ်ပါတယ်...။
ရေးသားသူ Ko Boyz at 2:05 AM 9 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ
Korean Movies OST ကြိုက်မိသော ဇာတ်ဝင်သီချင်းများ (၂)
ပထမကားကတော့ The Classic အမည်ရ ကိုရီးယားကားလေး ဖြစ်ပါတယ်။ April Snow ဇာတ်ကားထဲက မင်းသမီးလေး Son Ye Jin ပါဝင် သရုပ်ဆောင် ထားတာပါ။ အဲဒီထဲကမှ နားထောင်ချင်နေတဲ့ သီချင်း နှစ်ပုဒ် ရှိပါတယ်။ ပထမ တစ်ပုဒ်ကတော့ အအေးလေး၊ အလွမ်းအဆွေး အမျိုးအစားလေးပေါ့။ ဒီတစ်ခါလဲ စာသား နားမလည်ပေမယ့် သီချင်းသံစဉ်ကို ခံစားကြည့်လိုက်ပါ။
ဒုတိယ တစ်ပုဒ်ကတော့ အမြူးလေးပါ။ Me To You, You To Me လို့ အမည်ရပါတယ်။ ဗားရှင်းနှစ်မျိုး တင်လိုက်ပါတယ်။
Imeei ကနေ MP3 Version တော့ တွေ့တယ်။ ဒေါင်းလုဒ်လုပ်တာကတော့ ဘယ်လိုမှ မလုပ်တတ်လို့ တစ်ယောက်ယောက်ကို မေးလိုက်ပါ နန်းညီ။
I to you, You to me - THE CLASSIC
ရေးသားသူ Ko Boyz at 1:10 AM 2 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Korean Movies OST ကြိုက်မိတဲ့ ဇာတ်ဝင် သီချင်းလေး
"The One"
Saturday, June 13, 2009
FaceBook With Desired Username
ဘာထူးလဲ ဆိုတော့ လောလောဆယ် ဘာမှ မထူးသေးဘူး။ http://www.facebook.com/username ဆိုပြီး username မှာ ကိုယ်ပေးထားတဲ့ နာမည်နဲ့ လင့်ခ်တစ်ခု ရလာမယ်။ အဲဒီလင်ခ့်ကို သယ်ရင်းတွေကို ပြလို့ရမယ်...။ ဒါပဲ လောလောဆယ် သိသေးတယ်။ ဆက်စမ်းလိုက်ဦးမယ်...။ ကိုယ်ရွေးထားတဲ့ နာမည်ကို confirm လုပ်ပြီးတာနဲ့ ထပ်ပြောင်းခွင့်မရတော့ဘူး။ မနှိပ်လိုက်တာ။ နာမည်ကလဲ အနည်းဆုံး Alphabet ငါးလုံးနဲ့ အထက်တဲ့။ Boyz လို့ယူတာ မရဘူး။ mr.boyz ဆိုတော့လဲ not available ဖြစ်သွားပြီ။ ဘာယူမယ် ထင်လဲ။
ရေးသားသူ Ko Boyz at 11:57 AM 15 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: facebook
Friday, June 12, 2009
10 Cool Things About iPhone 3GS
ဒီလို အခက်အခဲတွေကြားကပဲ Apple ဟာ အခု နောက်ဆုံးမျိုးဆက်သစ် iPhone 3GS ကို ထုတ်လုပ်လိုက်ပါပြီ။ အခုပို့စ်မှာတော့ ဒီမော်ဒယ်မှာ ပါတဲ့ ထူးခြားချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၁။ လုပ်ဆောင်ချက် ပိုမို မြန်ဆန်လာခြင်း။
၂။ မှတ်ညဏ်ပမာဏ ပိုမိုလာခြင်း။
၃။ ဗွီဒီယို ရိုက်ကူးနိုင်သော လုပ်ဆောင်ချက် ပါဝင်လာခြင်း။
၎။ အရည်အသွေး ပိုမိုကောင်းမွန်သော ကင်မရာ။
Apple က Voice Control လို့ခေါ်တဲ့ voice recognition feature တစ်ခုကို ဒီဖုန်း အသစ်မှာ မိတ်ဆက် ပေးထားပါတယ်။ ဖုန်းများ ခေါ်ဆိုမှုနဲ့ သီချင်း ရွေးချယ် ဖွင့်လှစ်မှုကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင်ပါတယ်။ ယင်းအပြင် Voice Control ဟာ မိမိတို့ သွင်းထားတဲ့ contacts list ထဲက entry များကို ရှာဖွေပေးနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ မိမိခေါ်ဆိုလိုသူ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို ရွတ်ပြလိုက်ရုံနဲ့ ဖုန်းက အလိုအလျောက်သဘောပေါက် နားလည်ပြီး ခေါ်ဆိုခြင်း အမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ Music ကဏ္ဍမှာ ဘယ်သီချင်းကို ဖွင့်နေတာလဲ ဆိုတာကို မေးမြန်းနိုင်ပြီး စက်က အလိုအလျောက် တေးဆို၊ သီချင်းနာမည် စတာတွေကို အလိုအလျောက် ပြန်လည်ဖြေကြားပေးပါလိမ့်မယ်။ ကိုယ့်အကြိုက် သီချင်းများ၊ စုစည်းထားတဲ့ အကြိုက်များကို ဖွင့်ခိုင်းခြင်း စတာတွေကို အသံနဲ့ ခိုင်းစေ အမိန့်ပေးနိုင်ပါတယ်။
၆။ လမ်းညွှန် အိမ်မြောင်။
Built-in digital compass တစ်ခု ပါပါတယ်။ ဒီမော်ဒယ်မှာပါတဲ့ feature အသစ်ပါ။ လူတိုင်း အသုံးမပြု ပေမယ့် Google Maps နဲ့ တွဲဖက် အသုံးပြုမယ်ဆိုရင်တော့ Maps ဟာ အမြဲတမ်းလိုလို မြောက်ဘက်ကို လှည့်နေမှာ မဟုတ်ပဲ ကိုယ်မျက်နှာမူရာဘက်ကို ညွှန်ပြနေမယ့် ကြည့်ရလွယ်ကူမယ့် မြေပုံ အဖြစ်သို့ ပြောင်းလဲ ပေးနိုင်မှာပါ။
၇။ Internet tethering
ဒီလုပ်ဆောင်ချက်ကတော့ ဖုန်းကို မိုဒမ်လို အသုံးပြုနိုင်တာပါပဲ။ ကွန်ပြူတာကို အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုချင်ရင် ကြားခံ မိုဒမ် ဆိုတာ လိုပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ iPhone 3GS ဟာ မိုဒမ် တစ်လုံးကဲ့သို့ ပြုမူ ဆောင်ရွက်နိုင်ပါတယ်။ Mac သို့မဟုတ် PC ကို USB or Bluetooth ကနေတစ်ဆင့် ချိတ်ဆက်နိုင်ကာ အင်တာနက်နဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ အမေရိကားကို အိုင်ဖုန်းကို တစ်ဦးတည်း ဖြန့်ချိခွင့်ရထားတဲ့ AT&T ဖုန်းကုမ္ပဏီကတော့ ဒီ featureကို support မလုပ်သေးပေမယ့် သြစတေးလျက Optus ကတော့ ဒီဝန်ဆောင်မှုကို ပေးနိုင်မယ်လို့ ကြေငြာထားပါတယ်။ Telstra နဲ့ Vodafone ကတော့ ကြေငြာချက်များ ထုတ်ပြန်ခြင်း မပြုသေးပါဘူး။
၈။ တစ်ခြားသော လုပ်ဆောင်ချက်များ။
မသန်မစွမ်းသူများ ပါ အသုံးပြုနိုင်အောင် တစ်ခြားသော လုပ်ဆောင်ချက်များကိုလဲ ထည့်သွင်းလာပါတယ်။ VoiceOver function ဖြစ်ပါတယ်။ အသံထွက် ဖတ်ပေးပါတယ်။ Zoom function ကတော့ ငါးဆ အထိ ချဲ့ပေးနိုင်ပါတယ်။ မျက်စိ အမြင်အာရုံ မှုန်ဝါးသူများအတွက် အဆင်ပြေပါတယ်။
၉။ Nike+ iPod integration
အရင်တုန်းကတော့ အချို့သော iPod nano models မှာသာ အသုံးပြနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ အခုတော့ ဒီဖုန်းထဲမှာပါ ထည့်သွင်းလာပါပြီ။ ဒီလုပ်ဆောင်ချက်ကတော့ fitness system တစ်ခု ဖြစ်ပြီး Nike shoe နဲ့ iPod နဲ့ အလိုအလျောက် ဆက်သွယ်ချိတ်ဆက်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ iPhone 3G S နဲ့ Nike ဖိနပ်တို့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး real time walking နဲ့ running statistics တို့ကို ပြသနိုင်မှာ ဖြစ်ပါတယ်။
၁၀။ New headphones
iPhone 3G S မှာ Apple's remote headphones ပါလာပါမယ်။ Multi-button remote and volume control keys၊ voice calls ခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ microphone တို့လဲ ပါလာပါလိမ့်မယ်။
(အသစ်ထပ်တိုးတဲ့ လုပ်ဆောင်ချက်များကိုတော့ အပေါ်က ဗွီဒီယိုမှာ ကြည့်လိုက်ပါ။)
ရေးသားသူ Ko Boyz at 2:31 PM 13 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: iPhone, iPhone 3GS