Sunday, November 16, 2008

လူ့၊ လူ၊ လူး....။

ရင်ကို ခွဲကြည့်ပါ...။
ကိုယ့်နှလုံးသား တစ်ဆတ်ဆတ် တုန်နေတယ်...။
ကိုယ့်နေရာမှာ ၀င်ပြီး ခံစားကြည့်ပါ...။
ကိုယ့်နှလုံးသား တစ်ဆတ်ဆတ် တုန်နေတယ်...။
ကိုယ်တွေးသလို တစ်ချက်လောက် တွေးပေးပါ...။
ကိုယ့်နှလုံးသား တစ်ဆတ်ဆတ် တုန်နေတယ်...။

တစ်ဆိတ်လောက် နားလည်ပေးပါ...။
ကိုယ်သည် ကိုယ်သာ ဖြစ်သည်...။
ဘယ်သူနဲ့မှ မတူချင်ပါ...။
ကိုယ်ကိုယ်တိုင် ဖြစ်သော ကိုယ်သာ ဖြစ်ပါသည်...။

ကျေးဇူးပြုပြီးတော့ အိုင်းစတိုင်းနဲ့ မနှိုင်းပါနဲ့...။
အပြင်စာများ မစားရလို့ တားမြစ်ထားတဲ့ ရုပ်ရှင်ရုံထဲမှာ ပါးစပ်ထဲ အစာတွေ ပလုတ်ပလောင်းနဲ့ ခေတ္တ နားနေချိန်မှာ မိတ်ဆွေတွေကို လိုက်နူတ်ဆက်တတ်တဲ့ အကျင့် မရှိပါဘူး...။

ကျေးဇူးပြုပြီးတော့ အက်ဒီဆင်နဲ့ မနှိုင်းပါနဲ့...။
အမှားပေါင်း တစ်သောင်းကို လုပ်ပြီးမှ အမှန်တရား တစ်ခုတစ်လေကို တွေ့တတ်တဲ့၊ နုံချာတဲ့ အသိညဏ် ကိုယ်မရှိပါဘူး...။

တစ်ကယ်တော့ ကိုယ်ဟာကိုယ်ပါ...။
လူဆန်ဆန် နေတတ်တယ်...။
လူဆန်ဆန် ပြောတတ်တယ်...။
လူပီသစွာ အတ္တ ကြီးတယ်...။
လူပီသစွာ လောဘရှိတယ်...။
လူပီသစွာ မာနရှိတယ်...။
လူပီသစွာ ဒေါသ ရှိတယ်...။
လူပီသစွာ မောဟ ရှိတယ်...။
လူပီသစွာ လိမ်ညာတတ်တယ်...။
လးပီသစွာ ပီယ၀ါစာ၊ မုသာဝါသာ များကို ရေလဲသုံးတတ်တယ်...။
လူပီသစွာ (ပုထုဇဉ် ပီသစွာ) တဏှာပေမ၊ ရာဂတွေနဲ့ ဖုံးလွမ်းနေတဲ့ အတ္တဘောနဲ့ ခန္ဓာကိုယ်ရှိတယ်...။
လူထဲက လူသားဆန်တဲ့ လူတစ်ယောက်ပါပဲ...။

ကျေးဇူးပြုပြီးတော့ ကိုယ့်ကို လူသာမာန်နဲ့ မတူဘူးဆိုတဲ့ အတွေးအမြင်ကို စွန့်လွှတ်ပေးပါ...။
တစ်ကယ်တော့ ကိုယ်ဟာ လူတွေထဲက သာမာန် လူတစ်ယောက်ပါ...။


12 comments:

  1. kom: မနာလိုဖြစ်ရပြန်ပါပြီ။

    ReplyDelete
  2. ဘာကို မနာလိုပါသနည်း...။ ရှင်းပြပါ...။

    ReplyDelete
  3. http://wesheme.blogspot.com/2008/11/swan.html
    Ko Paw - 11/14/08 2:06 PM

    ကိုအင်ဒီ့ပို့စ်ကို ဖတ်ပြီး ကိုအင်ဒီ့ကိုဘဲ အစမ်း မနာလိုကြည့်လိုက်မှ။ အဂယ်ဟုတ်ဘူးနှော်။ အစမ်း…အစမ်း။

    (ပထမဆုံး ဘလော့ဂ်ညာဘက်ထိပ်က ဟစ်တ်ကောင်တာကို မျက်စောင်းတချက် ပင့်ကြည့်လိုက်ပြီး ကြည့်လိုက်ပြီး)
    “အင်း….ဘာလိုလိုနဲ့ ဒီငနဲဘလော့ဂ်မှာ ဟစ်တ်တွေက နှစ်သိန်းတောင်နီးတော့မှာပါလား။ ငါ့ဘလော့မှာတော့ ငါတယောက်တည်း တနေ့တနေ့ ၀င်လိုက်ထွက်လိုက် အကြိမ်တရာလောက် လုပ်နေတာတောင် ဟစ်တ်က ခြောက်သောင်းလောက်ဘဲ ရှိသေးတယ်။ အို….ဒါကတော့…. သူက ငါ့ထက် အများကြီးစောပြီး ဘလော့ဂ်ရေးတာကိုး။ နောက်ပြီး ပုဂ္ဂိုလ်က လူတိုင်းနဲ့ အလွမ်းသင့်အောင်ပေါင်းတယ်။ ဟင်း…ငါက သူလိုတော့ လူတိုင်းနဲ့ လိုက်မပေါင်းဘူး….ဝေးသေး။ ဟွန်း” (ဤကဲ့သို့ အောင်မြင်စွာ မနာလိုပြရန်မှာ ထိုတခဏ၌ ကိုအင်ဒီ၏ အရေးအသားသွက်လက်ခြင်း၊ ဟာသဉာဏ်ရွှင်ခြင်း၊ ရိုးသားခြင်းများကို မေ့ပျောက်ထားရန်နှင့် မိမိကိုယ်တိုင်၏ ညံ့ဖျင်းခြင်းများကို စိတ်ထဲတွင် လက်မခံဘဲ မျက်ကွယ်ပြုထားရသည်။)

    (ဒုတိယ… စားစရာသောက်စရာပို့စ်များကို တချက်မျက်စောင်းထိုး ကြည့်လိုက်ပြီး) “နောက်ပြီး…ပုဂ္ဂိုလ်က ဟင်းတွေဘာတွေကလည်း ချက်လိုက်ရသေးတယ်။ သူ့ကိုယ်သူ မိန်းမပရိတ်သတ် အသဲစွဲကြီးပေါ့လေ။ ဟွန့်” (ဤကဲ့သို့ အောင်မြင်စွာ မနာလိုတတ်ရန်အတွက်မူကား မိမိကိုယ်တိုင်၏ ဟင်းမချက်တတ်ခြင်းကို မေ့ပျောက်ထားရမည်။)

    (တတိယ…. ဂရပ်တွေကိန်းဂဏန်းတွေဇယားတွေကို ကြည့်လိုက်ပြန်ကာ)
    “အံမယ်….ဂရပ်တွေ မျဉ်းတွေကလည်း ပါလိုက်သေးတယ်။ လူတတ်ကြီးတဆူလုပ်နေလိုက်တာများ။ ဒါများ ဘာခက်လို့လဲ။ သူမှ လုပ်တတ်တာလား။ ဒီကနေ့ခေတ်ကြီးမှာ အလယ်တန်းကျောင်းသားတောင် လုပ်တတ်တယ်။” (ဤနေရာတွင် မိမိကိုယ်တိုင် ဂရပ်မဆွဲတတ်တာ၊ ကောင်းကောင်းမကြည့်တတ်တာ၊ နော်မယ်ဒစ်စတြီဗျူးရှင်းအကြောင်းကောင်းကောင်းသဘောမပေါက်တာတွေကို မေ့ထားရမည်။)

    (ပြီးလျှင် သားနဲ့ သမီး ပုံကလေးများ၊ မိသားစုဓါတ်ပုံကလေးများကို သွားကြည့်ကာ) “ဟင်း….ကြည့်ပါဦး။ သူ့ကိုယ်သူတော့ အဖေကောင်းပီသတဲ့ လူကြီးပေါ့လေ။ လင်ဝတ္တရား ကျေပွန်သူကြီးပေါ့လေ။ မယားချစ်သူကြီးပေါ့လေ။” (ဤမနာလိုမှုမျိုးကို အောင်မြင်စွာမနာလိုတတ်ရန်မူကား ကိုယ့်ကလေးကိုယ် အချိန်မပေးနိုင်တာ၊ အတ္တကြီးတာတွေကို ပြန်မစဉ်းစားကြည့်မိဘို့လိုသည်။)

    ဟဲ….ဟဲ…. ဒါက အစမ်းမနာလိုပြတာ၊ အကင်းဘဲရှိသေးတယ်။ ကိုယ်လူကလည်း ဘလော့ဂါအချင်းချင်းတောင် နေရင်းထိုင်ရင်း မနာလိုချင်စရာတွေ အများကြီးရှိနေပါတယ်ဗျာ။ ဟော….ပြောရင်းဆိုရင်း မနာလိုနေပြန်ပါပြီ…ဒုက္ခပါဘဲ။

    ကဲ….အတည်ပြောတော့မယ်။ မနာလိုတာ တကယ်မကောင်းဘူးဆိုတာ လက်ခံပါသဗျိုး။ ကိုယ်ကိုယ်တိုင်လည်း မနာလိုစိတ် အနည်းနဲ့ အများတော့ရှိတယ်။ မကောင်းမှန်းသိတော့ ကြိုးစားပြီး ဖျောက်ဘို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ချစ်သူခင်သူတွေ၊ မေတ္တာသက်ဝင်သူတွေအပေါ်မှာဆိုရင် မနာလိုစိတ်က ပေါ်ခဲတယ်ဆိုတာကို သတိထားမိတယ်။ ဒါကြောင့် ချစ်တတ်ခင်တတ်ဘို့ကို အရင်ကြိုးစားရမယ်ထင်ပါရဲ့။ အထူးသဖြင့် ကိုအင်ဒီပြောသလိုဘဲ၊ ကိုယ်နဲ့အတူတူဘဲလို့ နှိုင်းယှဉ်ပြီးတော့ မနာလိုတာမျိုးက တကယ်ပူလောင်ပါပေတယ်။ လူအချင်းချင်း မနာလိုစိတ်ကင်းအောင် ကြိုးစားနိုင်ကြပါစေ။

    သဘောတရားခြုံပြောတာပါ။ ကိုဘွါိုက်ပိုစ် က ၂ ပုဒ်လုံးကောင်းနေတော့ ကိုယ့်ပိုစ် ထမင်းကြော် အိုးလေးပြန်ကြည့်ပြီးအားငယ်မိတယ် သူ့ပိုစ် ကဘာလို့ကောင်းနေရတာလဲ။ ငါကကော ဘာလို့များအဲလို မရေးနိုင်တာလဲ လို့ကိုယ့်ကိုယ်ကိုစဉ်းစားပြီးမနာလို ဖြစ်တယ် လိဲု့ပြောတာပါ.
    (တကယ် မဖြစ်ပါဘူး ဘာဖြစ်မရာ မှတ် လို့ တို့က နာမည် ပိုကြီးတာဘဲဥစ္စာ)

    ReplyDelete
  4. သဘောတရားခြုံပြောတာပါ။ ကိုဘွါိုက်ပိုစ် က ၂ ပုဒ်လုံးကောင်းနေတော့ ကိုယ့်ပိုစ် ထမင်းကြော် အိုးလေးပြန်ကြည့်ပြီးအားငယ်မိတယ် သူ့ပိုစ် ကဘာလို့ကောင်းနေရတာလဲ။ ငါကကော ဘာလို့များအဲလို မရေးနိုင်တာလဲ လို့ကိုယ့်ကိုယ်ကိုစဉ်းစားပြီးမနာလို ဖြစ်တယ် လိဲု့ပြောတာပါ.
    (တကယ် မဖြစ်ပါဘူး ဘာဖြစ်မရာ မှတ် လို့ တို့က နာမည် ပိုကြီးတာဘဲဥစ္စာ)

    ReplyDelete
  5. ရင်ကိုလည်း ခွဲမကြည့်ရဲပါ။ အမူးသမားများလည်း ကြောက်တတ်ပါသည်။ နားလည်သလောက်ပြောရရင်ဖြင့် အိုင်းစတိုင်းနှင့် လုံးဝဆိုလုံးဝ မတူ။ အက်ဒီဆင်လိုလည်း ဘယ်သောဘယ်အခါမှ ဖြစ်လာမှာမဟုတ်။ လူသာမာန်ဟု အတိအလင်း ကြေညာသည့်အတွက်သာ တစ်ခွက်တစ်ဖလားတိုက်ရင်း မူးရတဲ့ဒုတ်ခကို အမှတ်ရစေချင်ကြောင်း အသိပေးရင်း . . . ။

    ခေတ်မကောင်း စလုံးရေးစ -ORC-

    ReplyDelete
  6. ဟားဟား.. အမ်းမားက ပိုပြီး ယေဘုယျ ကျကျ၊ ယထာဘူတကျကျနဲ့ ဆင်ဖြင် သုံးသပ်ပြီး ပို့စ်တွေ တင်တာပါ...။
    ကျွန်တော်ကတော့ လောလောဆယ် ကိုယ် အာရုံကျတာကို တင်ဖြစ်တာပါ...။
    ခံယူပုံချင်း ကွာလို့ပါ...။ ကျွန်တော်က အမ်းမားလို့ ခပ်တည်တည်နဲ့တော့ satire ဆန်ဆန် မရေးတတ်ဘူးဗျ...။
    ကိုယ်ရေးနေတာ ဟာသတစ်ပုဒ်ဆိုတာ စာဖတ်သူကို ဟီးဟီးဟားဟားတွေ ထည့်ပြီး အသိပေးနေရတဲ့... ကွေးလေးငှက်င်ယ သနားစဖွယ် အဆင့်ပါဗျာ...။
    လာနောက်နေတယ်...။
    အဟက်...။

    ReplyDelete
  7. ksancuang ရေ...။ အဟက်...။ ကျွန်တော်ပြောချင်တာကို ဆုပ်မိတဲ့အတွက် ကျေးဇူးပါ...။
    ကျွန်တော်က တုံးခုလို့ လှမ်းမမှီတဲ့ စပျစ်သီးကို ချဉ်တယ်လို့ စွပ်စွဲပြီး မစားလိုက်ရတဲ့ အမဲခြောက်ကို သဲနဲ့ လိုက်ပက်နေတဲ့... အရူး တစ်ယောက်ပါဗျာ...။
    အဟက်...။
    သံပုရာသီးတစ်ပိုင်း/ ပါပီတစ်ပိုင်းပါဗျာ... ကြီးလေချဉ်လေ၊ ရုပ်ဆိုးလေတဲ့ အမျိုး...။

    ReplyDelete
  8. ကဘွိုင်းဇ်.....
    ယူ့...ယူ....ယူးကို
    (သာမန်လူနဲ့)
    မတု....မတူ....မတူးလို့
    ဘယ်သူ့...ဘယ်သူ...ဘယ်သူးတွေက ပြောလိုက်ပြန်ပလဲ။

    ReplyDelete
  9. ဗျို့ကိုပေါ....
    ကိုပေါ့ကိုပေါ်ကိုပေါရဲ့.....
    လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သိမ်းထားတဲ့ draft ကို ပြန်လည် ဝေငှတာပါ...။

    ReplyDelete
  10. ဟယ်....
    ကိုBoyz နဲ့ မမKOM..ကိုင်းညွတ်နေသော စပါးနှံ ၂ ခုပါတကားးးးး

    ReplyDelete
  11. ဆင်ဒဏ်လားရယ်...။ မြန်မြန် အရိတ်ခံရတာပေါ့.. ဟတ်လား...။ :D

    ReplyDelete
  12. ကိုယ်သည် ကိုယ်သာ ဖြစ်သည်...။
    ဘယ်သူနဲ့မှ မတူချင်ပါ...။
    ကိုယ်ကိုယ်တိုင် ဖြစ်သော ကိုယ်သာ ဖြစ်ပါသည်...။

    မိုက်တယ်ကွာ.. ခိုက်သွားပြီ

    ReplyDelete