Friday, December 19, 2008

FireFox Update 3.05

အထူး အရေးကြီး သတင်း

အခုတစ်လော ထိပ်တန်း Internet Browser ကုမ္ပဏီ နှစ်ခု ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်နဲ့ Firefox Mozilla တို့က သူတို့ ထုတ်ကုန် ဖြစ်တဲ့ IE နဲ့ FireFox Browser အတွက် တွေ့ရှိနေတဲ့ ဟာကွက်တွေကို ဖာထေးဖို့ အဆင့်မြှင့် Update Patch များကို ဖြန့်ချိလိုက်ပါတယ်။

ညီမလေး နေနေနိုင်က သူ့ဘလော့ဂ်မှာ မိုက်ခရိုဆော့ဖ်ရဲ့ IE အတွက် update patch များကို တင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ Firefox အတွက် တင်ထားတာ မတွေ့ရပါဘူး။ မြေခွေးမီးလျှံ ဘရောက်ဇာ သုံးသူများ အခု ဒီလင့်ခ်မှာ နောက်ဆုံး ဗားရှင်း ဖြစ်တဲ့ Firefox 3.05 Version ကို Download လုပ်ပြီး အဆင့်မြှင့် upgrade လုပ်နိုကပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် မိမိတို့ ကွန်ပြူတာတွင်းရှိ အဖိုးတန်၊ အရေးကြီး အချက်အလက်များကို မသမာသူ အွန်လိုင်းဖေါက်ထွင်းသမား Hackers များ လက်ကနေ ကာကွယ်နိုင်ပါတယ်။ တတ်နိုင်ပါက Anti Virus Program, Internet Security Program များ တပ်ဆင် သုံးစွဲဖို့ အကြံပေးလိုပါတယ်။

Download here for Firefox 3.05

3 comments:

  1. ကျေးဇူးတင်ပါတယ်။ (အတည်ပြောနေတာနော်)

    ReplyDelete
  2. Update Patch ဆိုတာကြီး ထည့်လိုက်တော့မှ စက်ပါ Hang သွားရော့လား။ ကယ်ကြပါဦးဗျို့။

    ReplyDelete
  3. အန်.. ကျွန်တော့်မှာတော့ ပိုတောင် မြန်လာတယ်...။ ဘယ်လို ဖြစ်တာလဲ..။
    ဒါဆို အန်အင်စတောလ် လုပ်ပြီး ဗားရှင်းအဟောင်းကို ပြန်အင်စတောလ် လုပ်လိုက်ပါလား...။

    ReplyDelete