Monday, December 1, 2008

နိယာမ

ကြိုးတစ်ချောင်းသည်
အကြောင်း အမျိုးမျိုးကြောင့်
ပြတ်သွားခဲ့သော်
မူလအတိုင်း တစ်ချောင်း/ကြောင်းတည်း ဖြစ်အောင်
မည်မျှပင် ကြိုးစားဆက်ချည်ဦးတော့ ...
ဆက်ထုံးမှာ
ကျန်နေလေ၏။

7 comments:

  1. khin oo may said...

    ကျော်ကွန့်ဆိုတာ မင်းလူဝတ္ထူထဲ က ဇာတ်လိုက် ။ မှန် တာတွေကိုဘဲ ပြောလွန်းလို့ လန့် ပြီး ဝေးဝေး နေ ကြတဲ့ ဘုဂွစာ. လူမိုက်ပါ။ လှထုံရဲ့ ရည်းစား.။ ရေလည်းထမ်းတယ်။ ပိုက်ပိုက်လဲ မရှိဘူး.. :P
    December 1, 2008 7:38 PM
    Ko Boyz said...

    အမ်းမား
    - ကျော်ကွန့်သည် လှထုံ ရည်းစားမှန်သော်လည်း ရေမထမ်းပါ။ (ရည်းစာတောင် မဟုတ် လင်မယားတောင် ဖြစ်နေပြီ...။)
    - အစိုးရ စက်ရုံတစ်ခုမှ ၀န်ထမ်း တစ်ယောက် ဖြစ်ပါသည်။
    - ရေလဲ မထမ်းပါ။
    - ရေထမ်းသူသည် ရွှေမိ(နာမည် မှားနိုင်သည်)၏ ရည်းစား မောင်ဝ ဖြစ်ပါသည်။
    - မောင်ဝသည် ကျော်ကွန့်၊ လှထုံတို့၏ ရှုမငြီးသောသား ကျော်လှအား ခွေးကိုက်မည့်ရန်၊ ရပ်ကွက်က အလှူခံလူကြီးအား မုန့်ဖိုးကိုဖဲ့၍ နေ့တိုင်း လှူရသော ရန်မှ ကာကွယ်ပေးသော မဟုတ်မခံ စိတ်ရှိသည့် ရေထမ်းသမား ဖြစ်သည်။
    - ရွှေမိနှင့် လက်ထပ်ရန် အားကြိုးမာန်တက် ရေထမ်း ငွေစုသော်လည်း သီတင်းတစ်ခါကျွတ်တိုင်း ကုန်ဈေးနှုန်းက တက်တက်သွားသဖြင့် ရွှေမိအား နောက်နှစ်မှ လက်ထပ်တာပေါ့ ဟူသည့်စကားကို နှစ်တိုင်း ပြောနေရသည့် ဇာတ်ကောင်တစ်ဦး ဖြစ်ပါသည်...။

    ကျော်ကွန့်လို့ ကိုယ့်ကိုယ်ကို ပြောချင်တာက ထုံနေရင် လှထုံလို့ ပြောမလို့ပါပဲ...။ သို့သော် လှထုံသည် အမျိုးသမီး ဖြစ်သဖြင့် လှထုံနှင့် ပတ်သက်နေသော ကျော်ကွန့်ဇာတ်ကောင်ကို ယူလိုက်ရခြင်းပါ...။

    (ဟွန်း... အမ်းမားတို့များ ရမ်းတုတ်တာ များနေပြီ...။)
    December 1, 2008 10:51 PM
    khin oo may said...

    ဟုတ်တယ် ဆောရီး. မွှားသွားလို့ မောင်ဝနဲ့ ရောသွားတယ်။
    ကြာ..ြ့ပီဆိုတော့လည်း..မေ့လောက်ပြါ့ပီ....(သီချင်းဆိုသွားသည်).
    December 2, 2008 12:28 AM

    ReplyDelete
  2. PAUK said...

    ဓါတ်ခဲ တို့ ...ဦးကုလားတို့
    ထည့်ပြောလိုက်ပြီးရော..
    နောက်..အီဘရာဟင်လား..ဘာလား
    ကုလားနာမည်တစ်ခုရှိပါသေးတယ်..
    ရပ်ကွက်..
    ဘောလုံးပွဲအကြောင်းပါထည့်သင့်တယ်..
    December 2, 2008 12:43 AM

    ReplyDelete
  3. ကောမန့်တွေက ပို့စ်နဲ့ ဘာမှလည်းမဆိုင်ဘူး... ဟွန့်....
    ဆက်ထုံးနေရာကတော့ ဘယ်တော့မှ ထပ်မပြတ်နိုင်တော့ဘူး၊ ဖုထုံးကြီးမို့လို့

    ReplyDelete
  4. ကုလားနာမည်က အီဘရာဟင် မဟုတ်ပါ...။
    ဆိပ်စွပ်ဟင်းချက် အလွန်တော်သော “ပတေး” ဖြစ်ပါသည်။
    သူ့မိန်းမမှာ ဘာနူး ဖြစ်ပါသည်။
    ကိုကြီးငွေတို့ မသီးတို့ရော ထည့်ရေးရမလား ဟုတော့ မမေးတော့ပါ...။
    ဆင်ဒဏ်လား ပြောသလိုပင် ပို့စ်နှင့်မဆိုင်တော့သော ကော်မန့်များပါတကား။
    အများညီတော့ summom စာကို သဗ္ဗာန်စာ ဟု ဖတ်ရသလိုပင်...။

    ReplyDelete
  5. ကော်နဲ့ဆက်ရင်ရော.. အာ ရှုပ်ပါတယ်.. ကြိုးသစ်သာ ၀ယ်လိုက်

    ReplyDelete
  6. ကြိုးသစ်က မူလ လက်ဟောင်း ကြိုးဟောင်း မဟုတ်ဘူးလေ...။
    ကြိုးဟောင်းက လက်မပွန်းဘူး...။ ကြိုးသစ်က မာဆတ်ဆတ်နဲ့... နန်းညီရ...။။

    ReplyDelete